iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာအသားအေရကို ေပါင္းတင္တာ၊ေရႊသြင္းတာ၊ အဆိပ္ထုတ္တာ စတာေတြအတြက္ ဆိုင္ေတြခဏခဏ သြားၾကတယ္ဟုတ္။ mask ေလးေတြဝယ္ကပ္၊ emulsion ေလး၊ႏို႔ရည္ေလးဝယ္၊ အစိုဓာတ္ထိန္းဖို႔ moistuirizer ေလးလည္းသံုးရနဲ႔ စံုပလံုစိေနတဲ့ အလွအပနည္းလမ္းေကာင္းေတြနဲ႔ ကြ်န္မတို႔ မိန္းကေလးေတြအလုပ္ရႈပ္ေနက်ပါပဲ။

ဒီေနရာမွာ အမ်ားစုေမ့ေလ်ာ့ထားမိတာက လည္တိုင္ေက်ာ့ရဲ႕ အလွတရားကုိပါ။ မ်က္ႏွာေလးလွေနလ်က္နဲ႔ လည္ပင္းအသားအေရက ညိဳေနတယ္၊ ညစ္ေနတယ္၊ အသားအေရာင္မညီဘူးဆိုရင္ မလိုက္ဖက္လွဘူးေလ။ ဒီလိုေမ့ထားရင္းနဲ႔ပဲ မ်က္ႏွာေလးျဖဴဝင္းလွပလာေလ လည္တိုင္ေလးက ညိဳညစ္ေနေလ ျဖစ္လာနိုင္ပါတယ္။ အသားအေရာင္က ကြာေနျပီကိုး။

မ်က္ႏွာသန္႔စင္တဲ့အခါ ၊ေရခ်ိဳးတဲ့အခါ လည္ပင္းကို ေသခ်ာသန္႔စင္ဖို႔ မလုပ္မိတာမ်ားပါတယ္။ ၾကာလာေတာ့ ကပ္က်န္ေနတဲ့ ေခ်းေညွာ္၊အညစ္အေၾကးေတြကစုမိလာျပီး လည္ပင္းအသားအေရကိုထိခိုက္ေစတာေပါ့။ ကိုယ္က ေရခ်ိဳးဆပ္ျပာနဲ႔ေသခ်ာသန္႔စင္တယ္၊ scrub (ဆဲလ္ေသဖယ္ရွား) လုပ္ေပးတယ္ဆိုရင္ေတာင္မွ အစိုဓာတ္ထိန္း moisturizer သံုးေပးဖို႔ ေမ့ေနနိုင္တယ္ေလ။

လည္ပင္းကမျဖဴေတာ့ အလွျပင္လည္း မိတ္ကပ္လိုက္ျဖည့္ေနရတာနဲ႔၊ လည္တိုင္အလွေပၚလြင္ေစမယ့္ ဂါဝန္ေလးေတြ၊ပြဲတက္ဝတ္စံုေလးေတြနဲ႔ဆိုလည္း အသားအေရာင္မညီမွာစိုးရ၊ ဓာတ္ပံုထဲလည္း သိသာေနမွာစိုးရတာနဲ႔ ကိုယ့္ကိုယ္ကုိယ္ယံုၾကည္မႈေလ်ာ့က်နုိင္ပါတယ္။

ဒီအတြက္ နာမည္ၾကီး အသားအေရထိန္းပစၥည္းေတြေျပးဝယ္ဖို႔ မစဥ္းစားခင္ အိမ္မွာရွိတဲ့သဘာဝပစၥည္းေတြနဲ႔ ကိုယ္တိုင္ skin care လုပ္ဖို႔ ေတြးၾကည့္ဖူးလား။ ေနေလာင္တာေၾကာင့္ အေရာင္မေတာက္တဲ့လည္တိုင္ေလးေတြကို  သဘာဝနည္းနဲ႔ ကုစားရေအာင္ေနာ္။
ရွားေစာင္းလက္ပပ္

    ရွားေစာင္းလက္ပပ္အတြင္းသားအႏွစ္ကိုယူပါ။
    လည္ပင္းမွာ မိနစ္အနည္းငယ္ၾကာ ပြတ္လိမ္းေပးပါ။
    ၁၀ မိနစ္ထားျပီး ေရခ်ိဳးလိုက္ပါ။

ပန္းသီးရွာလကာရည္

    ပန္းသီးရွာလကာရည္ (Apple cider vinegar) ႏွစ္ဇြန္းကို ေရ ေလးဇြန္းနဲ႔ေရာပါ။
    ဂြမ္းလံုးေလးနဲ႔ လည္ပင္းမွာသုတ္လိမ္းေပးပါ။
    ၁၀ မိနစ္ထားျပီး ေရခ်ိဳးလိုက္ပါ။

မုန္႔ဖုတ္ဆိုဒါ

    မုန္႔ဖုတ္ဆိုဒါ ၂ဇြန္းကို ေရနည္းနည္းနဲ႔ အႏွစ္ျဖစ္ရံုေဖ်ာ္ပါ။
    လည္ပင္းမွာလိမ္းျပီး ေျခာက္ေအာင္ထားပါ။
    ေျခာက္လာရင္ လက္ကိုေရဆြတ္ျပီး ပြတ္ဖ်က္ပါ။

သံလြင္ဆီနဲ႔သံပရာ

    သံပရာသီးနဲ႔ သံလြင္ဆီကို ဆတူေရာပါ။
    ရလာတဲ့အဆီကို အိပ္ရာမဝင္ခင္ လည္ပင္းမွာလိမ္းပါ။

အာလူး

    အာလူးအရြယ္ေတာ္တစ္လံုးကို ျခစ္ျပီး အရည္ညွစ္ပါ။
    လည္ပင္းမွာလိမ္းျပီး ၁၀ မိနစ္- ၁၅ မိနစ္ေလာက္ ေျခာက္ေအာင္ထားပါ။
    ၾကက္သီးေႏြးေရနဲ႔ ေဆးေၾကာသန္႔စင္ပါ။

အုတ္ဂ်ံဳ

    အုတ္ဂ်ံဳ(ေကြကာအၾကမ္း) စားပြဲတင္ဇြန္း ၂ဇြန္းခန္႔ကို အမႈန္႔ၾကိတ္/ေထာင္းပါ။
    ခရမ္းခ်ဥ္သီးအႏွစ္ရည္(အသီးကိုေခ်ထား) ၁ဇြန္းနဲ႔ Rose water ထည့္ျပီး အႏွစ္ျဖစ္ေအာင္ေဖ်ာ္ပါ။
    လည္ပင္းမွာလိမ္းျပီး မိနစ္ ၂၀ ေလာက္ထားပါ။
    လက္ေခ်ာင္းကိုေရဆြတ္ျပီး အသာအယာ ပြတ္ဖ်က္ပါ။
    ေရေအးနဲ႔သန္႔စင္ပါ။

ဗီတာမင္ E

    ဗီတာမင္ E capsule ၃/၄ ခု ေလာက္ကို ေဖာက္ျပီး လည္ပင္းမွာ မိနစ္အနည္းငယ္ၾကာ စိမ့္ဝင္ေအာင္ လိမ္းေပးပါ။
    ညဘက္ လိမ္းအိပ္တာ ပိုေကာင္းပါတယ္။

ဒိန္ခ်ဥ္

    ဒိန္ခ်ဥ္၂ဇြန္းနဲ႔ သံပရာရည္ ၁ ဇြန္းကိုေရာျပီး လည္ပင္းမွာလိမ္းပါ။
    မိနစ္ ၂၀ ေလာက္ထားျပီး ေရခ်ိဳးလိုက္ပါ။

ဒါေတြအကုန္လံုးထဲမွာ သံလြင္ဆီကလြဲလို႔ က်န္တဲ့နည္းေတြသံုးျပီးတိုင္း moisturizer ျပန္သံုးဖို႔ မေမ့နဲ႔ေနာ္။ အလြယ္ဆံုးနည္းေတြျဖစ္လို႔ ၾကိဳက္တဲ့နည္းကို ေရြးလို႔ရပါတယ္။

ေနာက္ပိုင္း ဂရုစိုက္ရမယ့္အခ်က္ေတြက မ်က္ႏွာသစ္တဲ့အခါတိုင္း လည္ပင္းကိုလည္း သန္႔စင္ပါ။ မ်က္ႏွာအသားအေရကို ေျခာက္ေသြ႕မႈဒဏ္၊ ေနေလာင္ဒဏ္၊ ပတ္ဝန္းက်င္ညစ္ညမ္းမႈဒဏ္ေတြက ကာကြယ္ထိန္းသိမ္းသလိုပဲ လည္ပင္းအသားအေရကိုလည္း ဂရုစိုက္ေပးဖို႔မေမ့ပါနဲ႔။ moisturizer နဲ႔ sunscreen အျမဲလိမ္းေပးပါ။

အလွတရားကိုျမတ္နိုးတဲ့ မယ္မဒီတို႔လည္း လည္တိုင္ေက်ာ့ကို မိတ္ကပ္ဖို႔ရတဲ့အလုပ္ကို ႏႈတ္ဆက္နိုင္ပါေစလို႔။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
မျက်နှာအသားအရေကို ပေါင်းတင်တာ၊ရွှေသွင်းတာ၊ အဆိပ်ထုတ်တာ စတာတွေအတွက် ဆိုင်တွေခဏခဏ သွားကြတယ်ဟုတ်။ mask လေးတွေဝယ်ကပ်၊ emulsion လေး၊နို့ရည်လေးဝယ်၊ အစိုဓာတ်ထိန်းဖို့ moistuirizer လေးလည်းသုံးရနဲ့ စုံပလုံစိနေတဲ့ အလှအပနည်းလမ်းကောင်းတွေနဲ့ ကျွန်မတို့ မိန်းကလေးတွေအလုပ်ရှုပ်နေကျပါပဲ။

ဒီနေရာမှာ အများစုမေ့လျော့ထားမိတာက လည်တိုင်ကျော့ရဲ့ အလှတရားကိုပါ။ မျက်နှာလေးလှနေလျက်နဲ့ လည်ပင်းအသားအရေက ညိုနေတယ်၊ ညစ်နေတယ်၊ အသားအရောင်မညီဘူးဆိုရင် မလိုက်ဖက်လှဘူးလေ။ ဒီလိုမေ့ထားရင်းနဲ့ပဲ မျက်နှာလေးဖြူဝင်းလှပလာလေ လည်တိုင်လေးက ညိုညစ်နေလေ ဖြစ်လာနိုင်ပါတယ်။ အသားအရောင်က ကွာနေပြီကိုး။

မျက်နှာသန့်စင်တဲ့အခါ ၊ရေချိုးတဲ့အခါ လည်ပင်းကို သေချာသန့်စင်ဖို့ မလုပ်မိတာများပါတယ်။ ကြာလာတော့ ကပ်ကျန်နေတဲ့ ချေးညှော်၊အညစ်အကြေးတွေကစုမိလာပြီး လည်ပင်းအသားအရေကိုထိခိုက်စေတာပေါ့။ ကိုယ်က ရေချိုးဆပ်ပြာနဲ့သေချာသန့်စင်တယ်၊ scrub (ဆဲလ်သေဖယ်ရှား) လုပ်ပေးတယ်ဆိုရင်တောင်မှ အစိုဓာတ်ထိန်း moisturizer သုံးပေးဖို့ မေ့နေနိုင်တယ်လေ။

လည်ပင်းကမဖြူတော့ အလှပြင်လည်း မိတ်ကပ်လိုက်ဖြည့်နေရတာနဲ့၊ လည်တိုင်အလှပေါ်လွင်စေမယ့် ဂါဝန်လေးတွေ၊ပွဲတက်ဝတ်စုံလေးတွေနဲ့ဆိုလည်း အသားအရောင်မညီမှာစိုးရ၊ ဓာတ်ပုံထဲလည်း သိသာနေမှာစိုးရတာနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့ကျနိုင်ပါတယ်။

ဒီအတွက် နာမည်ကြီး အသားအရေထိန်းပစ္စည်းတွေပြေးဝယ်ဖို့ မစဉ်းစားခင် အိမ်မှာရှိတဲ့သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင် skin care လုပ်ဖို့ တွေးကြည့်ဖူးလား။ နေလောင်တာကြောင့် အရောင်မတောက်တဲ့လည်တိုင်လေးတွေကို  သဘာဝနည်းနဲ့ ကုစားရအောင်နော်။
ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်အတွင်းသားအနှစ်ကိုယူပါ။
    လည်ပင်းမှာ မိနစ်အနည်းငယ်ကြာ ပွတ်လိမ်းပေးပါ။
    ၁၀ မိနစ်ထားပြီး ရေချိုးလိုက်ပါ။

ပန်းသီးရှာလကာရည်

    ပန်းသီးရှာလကာရည် (Apple cider vinegar) နှစ်ဇွန်းကို ရေ လေးဇွန်းနဲ့ရောပါ။
    ဂွမ်းလုံးလေးနဲ့ လည်ပင်းမှာသုတ်လိမ်းပေးပါ။
    ၁၀ မိနစ်ထားပြီး ရေချိုးလိုက်ပါ။

မုန့်ဖုတ်ဆိုဒါ

    မုန့်ဖုတ်ဆိုဒါ ၂ဇွန်းကို ရေနည်းနည်းနဲ့ အနှစ်ဖြစ်ရုံဖျော်ပါ။
    လည်ပင်းမှာလိမ်းပြီး ခြောက်အောင်ထားပါ။
    ခြောက်လာရင် လက်ကိုရေဆွတ်ပြီး ပွတ်ဖျက်ပါ။

သံလွင်ဆီနဲ့သံပရာ

    သံပရာသီးနဲ့ သံလွင်ဆီကို ဆတူရောပါ။
    ရလာတဲ့အဆီကို အိပ်ရာမဝင်ခင် လည်ပင်းမှာလိမ်းပါ။

အာလူး

    အာလူးအရွယ်တော်တစ်လုံးကို ခြစ်ပြီး အရည်ညှစ်ပါ။
    လည်ပင်းမှာလိမ်းပြီး ၁၀ မိနစ်- ၁၅ မိနစ်လောက် ခြောက်အောင်ထားပါ။
    ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပါ။

အုတ်ဂျုံ

    အုတ်ဂျုံ(ကွေကာအကြမ်း) စားပွဲတင်ဇွန်း ၂ဇွန်းခန့်ကို အမှုန့်ကြိတ်/ထောင်းပါ။
    ခရမ်းချဉ်သီးအနှစ်ရည်(အသီးကိုချေထား) ၁ဇွန်းနဲ့ Rose water ထည့်ပြီး အနှစ်ဖြစ်အောင်ဖျော်ပါ။
    လည်ပင်းမှာလိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။
    လက်ချောင်းကိုရေဆွတ်ပြီး အသာအယာ ပွတ်ဖျက်ပါ။
    ရေအေးနဲ့သန့်စင်ပါ။

ဗီတာမင် E

    ဗီတာမင် E capsule ၃/၄ ခု လောက်ကို ဖောက်ပြီး လည်ပင်းမှာ မိနစ်အနည်းငယ်ကြာ စိမ့်ဝင်အောင် လိမ်းပေးပါ။
    ညဘက် လိမ်းအိပ်တာ ပိုကောင်းပါတယ်။

ဒိန်ချဉ်

    ဒိန်ချဉ်၂ဇွန်းနဲ့ သံပရာရည် ၁ ဇွန်းကိုရောပြီး လည်ပင်းမှာလိမ်းပါ။
    မိနစ် ၂၀ လောက်ထားပြီး ရေချိုးလိုက်ပါ။

ဒါတွေအကုန်လုံးထဲမှာ သံလွင်ဆီကလွဲလို့ ကျန်တဲ့နည်းတွေသုံးပြီးတိုင်း moisturizer ပြန်သုံးဖို့ မမေ့နဲ့နော်။ အလွယ်ဆုံးနည်းတွေဖြစ်လို့ ကြိုက်တဲ့နည်းကို ရွေးလို့ရပါတယ်။

နောက်ပိုင်း ဂရုစိုက်ရမယ့်အချက်တွေက မျက်နှာသစ်တဲ့အခါတိုင်း လည်ပင်းကိုလည်း သန့်စင်ပါ။ မျက်နှာအသားအရေကို ခြောက်သွေ့မှုဒဏ်၊ နေလောင်ဒဏ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်တွေက ကာကွယ်ထိန်းသိမ်းသလိုပဲ လည်ပင်းအသားအရေကိုလည်း ဂရုစိုက်ပေးဖို့မမေ့ပါနဲ့။ moisturizer နဲ့ sunscreen အမြဲလိမ်းပေးပါ။

အလှတရားကိုမြတ်နိုးတဲ့ မယ်မဒီတို့လည်း လည်တိုင်ကျော့ကို မိတ်ကပ်ဖို့ရတဲ့အလုပ်ကို နှုတ်ဆက်နိုင်ပါစေလို့။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top