iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Nanmalgyi
# Unicode Version ဖြင့် ဖတ်ပါ #
ဟိုတစ်လောက ရဲရင့်အောင်ကို အင်တာဗျူး ပြီးပြီဆိုတော့ ဒီတစ်ခေါက် ဧငြိမ်းဖြူ ဘက်ကရော သူတို့အချစ်ရေး နဲ့ပတ်သက်ပြီး ဘယ်လိုရှိတယ်ဆိုတာ ပြောချင်လွန်းလို့ပါ။ ကလေးလို နွဲ့ဆိုး ဆိုးတတ်တဲ့ ဧငြိမ်းဖြူနဲ့ ဒေါသအိုးချစ်သူရဲရင့်အောင်တို့ ရဲ့ အချစ်ရေးက ဘယ်လိုရှိလဲ ဆိုတာ ကြည့်ရအောင်။
“နားလည်မှုကတော့ ညီမတို့က ဒီအလုပ်လုပ်နေတဲ့ အတွက် ပိုပြီး နားလည်မှု ယူရတာပေါ့။ ညီမတို့စပြီးကြိုက်ခဲ့တာထက်ဆိုရင် အခုဆိုရင် အများကြီး နားလည်မှု ပိုရှိလာပါပြီ။ ညီမထက် သူက ၃ နှစ်ပိုကြီးတယ်။ ညီမအတွက် အကိုတစ်ယောက်လို လည်း ဟုတ်တယ် ၊ မိဘတစ်ယောက်လို တစ်ခါတစ်လေကျ ဆုံးမတယ် ၊ သူငယ်ချင်းဆိုလည်း ဟုတ်တယ်။
သူပြောတဲ့ စကားဆိုရင် ညီမက ဘယ်တော့ မှပြန်ခံပြောလေ့မရှိဘူး။ သူပြောတဲ့ စကားတွေက လည်း ညီမ နာခံသင့်တယ်။ ဒါကလူကြီးတစ်ယောက်အနေနဲ့ ဆုံးမတဲ့ အခါကျတော့ ညီမကလေးတစ်ယောက်အနေနဲ့ ပြန်ခံ ပြောရလောက်တဲ့ အကြောင်းအရာတွေတစ်ခုမှ မရှိလို့ နားထောင်ဖြစ်တာပါ။” လို့ဆိုပါတယ်။
ချစ်သူ နှစ်ဦးကြားခုချိန်ထိအဆင်မပြေတာမျိုးရှိလားဆိုတဲ့ မေးခွန်းအပေါ် အဖြေက –
“ညီမက အိမ်မှာ အငယ်ဆုံးဆိုတော့ အရမ်းအလိုလိုက်ခံရတယ်။ သူနဲ့ ညီမက စိတ်ဓာတ် ရော ၊ စိတ်ထားရော အရမ်းတူတယ်။ သူလည်း ဗုဒ္ဓဟူးသား ၊ ညီမကလည်း ဗုဒ္ဓဟူးသမီးဆိုတော့ အရမ်းတူတော့ အရမ်း ညှိယူရတယ်။ ခုနောက်ပိုင်းတော့ သူလည်း လျှော့သင့်တာ လျှော့တယ်။ ညီမလည်း လျှော့သင့်တာ လျှော့တယ်။ အဆင်ပြေပါတယ်။
သူကတစ်ခုခုဆိုရင် ဒေါသအရမ်းထွက်လွယ်တယ်။ တစ်ခုခု ဖြစ်လာပြီဆိုရင် စကားမဆုံးသေးဘူး သူက ဒေါသ အရင်ထွက်သွားတယ်။ စကားလေးတော့ ဆုံးအောင် နားထောင်စေချင်တယ်။ ဒေါသဖြစ်လွယ်တယ်။ အရမ်းလည်း စိတ်ရှုပ်လွယ်တယ်။” ဆိုပြီး ချစ်သူ ရဲရင့်အောင် အကြောင်းပြောသွားပါတယ်။
သရုပ်ဆောင် ဧငြိမ်းဖြူ ပါဝင် ထားတဲ့ “ဘာတွေလည်းဟေ့လာ” ဇာတ်ကား ကြီးကို ရုံတင်တော့ မှာဖြစ်ပြီး ထူးထူးခြားခြားအနေနဲ့ ဒီကားထဲမှာ မြန်မာက ကထား တဲ့ အတွက် ရုံတင်တဲ့ အခါ လာအားပေးကြပါလို့လည်း ဧငြိမ်းဖြူကပြောသွားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Nanmalgyi
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top