iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းကေတာ့ ခ်စ္သူကို အနားမွာပဲ အၿမဲေနေစခ်င္ၾကမွာပါ။ ဒါ့အျပင္ သူ႕ရဲ႕ အားလပ္ခ်ိန္ေလးေတြကိုလည္း ကိုယ္နဲ႔အတူတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းရင္း ကုန္ဆံုးခ်င္ၾကတာပါပဲ… ဒါေပမဲ့ ကိုယ့္ခ်စ္သူက ကိုယ့္အျပင္ တျခားလူေတြအနားမွာ ေပ်ာ္ေနၿပီဆိုရင္ေတာ့ ေတာ္ေတာ္ေလးနာက်င္စရာေကာင္းလွပါတယ္။ ခ်စ္သူက ေဖာက္ျပန္ေနတာမ်ိဳး မဟုတ္ဘဲ သစၥာရွိတဲ့သူ ျဖစ္ေပမဲ့ အေပါင္းအသင္း သူငယ္ခ်င္းေတြအတြက္ အခ်ိန္ေတြ အမ်ားႀကီးပိုေပးေနတဲ့အခါ…

ဒီလိုမ်ိဳး အေပါင္းအသင္းခံုမင္တဲ့ ခ်စ္သူေကာင္ေလးေတြေၾကာင့္ စိတ္တိုေနရတဲ့သူေတြအတြက္ သတိထားစရာေလးေတြကို ဖတ္ၾကည့္ရေအာင္ေနာ္။

(က) ရိုးရိုးသားသားဆိုတာ သတိရပါ။

ေကာင္ေလးေတြနဲ႔ပဲ တြဲသြားတြဲလာလုပ္ေနလို႔ ကိုယ့္ခ်စ္သူကို တစ္မ်ိဳး အထင္မေစာလုိက္ပါနဲ႔ဦး။ အထူးသျဖင့္ တစ္ဦးတစ္ေယာက္နဲ႔ပဲ အေပါင္းအသင္းလုပ္ေနတာ မဟုတ္ရင္ စိတ္ခ်ထားလို႔ရပါတယ္။ ကိုယ့္ခ်စ္သူက အရမ္းကို အသန္႔အျပန္႕မႀကိဳက္ရင္၊ တစ္ခါတေလ နားလည္ရခက္ၿပီး ထင္ရာစိုင္းေနတတ္ရင္၊ ကိုယ္လစ္ရင္လစ္သလို ေကာင္မေလးေတြကို လိုက္ငမ္းေနရင္ (စိတ္ဆိုးစရာ ျဖစ္ေပမဲ့) စတဲ့အခ်က္ေလးေတြ ရွိေနရင္ သူ႕ကို တျခား ဘာသံသယမွ ျဖစ္ေနစရာ မလိုေတာ့ပါဘူး။ ကိုယ့္ခ်စ္သူအေၾကာင္း ကိုယ္ အသိဆံုးမို႔ ႀကံဖန္ေတြးပူၿပီး စိတ္ညစ္မေနပါနဲ႔…

(ခ)  ကိုယ့္အေပၚေလ်ာ့သြားမွာ မစိုးရိမ္ပါနဲ႕။

ေကာင္ေလးေတြက သူတို႔ကိုယ္ သူတို႕ ေကာင္းေကာင္းႀကီး အကန္႕ခြဲထားနိုင္ပါတယ္။ ဒါေၾကာင့္ အေပါင္းအသင္းေတြနဲ႕ အခ်ိန္ေတြကုန္ေနတိုင္း ကိုယ့္ဘက္မွာ ေလ်ာ့သြားလိမ့္မယ္လို႕ ေတြးမေနသင့္ပါဘူး။ ကိုယ့္ခ်စ္သူကို အခ်ိန္ေပးရမယ္၊ ဂရုစိုက္ရမယ္ဆိုတာ ေကာင္ေလးတိုင္းက ေခါင္းထဲစြဲေနၿပီးသားပါ။ အေပါင္းအသင္းေတြနဲ႕ ရွိေနတဲ့ အခ်ိန္ေတြမွာ ကိုယ့္ဘက္က နားလည္မႈကို ပိုပိုသာသာေလး ေပးလိုက္ရင္ ေနာက္ပိုင္း ကိုယ့္အတြက္လည္း အတိုးနဲ႔ အရင္းပါေပါင္းၿပီး ဂရုစိုက္အခ်ိန္ေပးတတ္ၾကတာမို႔ ဒီအကြက္ေလးကိုလည္း ႀကိဳျမင္ဖို႔ လိုမယ္ေနာ္…

(ဂ) အေပါင္းအသင္း မွားသြားမွာ မေၾကာက္ပါနဲ႕။

ေကာင္ေလးတစ္ေယာက္က အေပါင္းအသင္းေတြနဲ႕ ရင္းရင္းနွီးနွီးေနတိုင္း အဲဒီသူေတြဆီကေန အမူအက်င့္ေတြ အားလံုးကူးစက္သြားမယ္လို႕ မေတြးမိပါေစနဲ႔။ ေကာင္ေလးေတြရဲ႕ အေပါင္းအသင္းေတြထဲမွာ အေရာင္အေသြးေပါင္းစံု၊ အဆင့္အတန္းေပါင္းစံုနဲ႕ စရုိက္ေပါင္းစံုရွိေနတာကို အံ့ၾသစရာေကာင္းေလာက္ေအာင္ ေတြ႕နိုင္ပါေသးတယ္။

အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္တစ္ခုကို ခ်မွတ္တဲ့အခ်ိန္မွာ ေကာင္ေလးနဲ႕ေကာင္မေလးေတြရဲ႕ ပံုစံက မတူညီတတ္ပါဘူး။ ေကာင္မေလးေတြက တျခားသူရဲ႕ အႀကံဉာဏ္ အထင္အျမင္ကို တေလးတစားနားမေထာင္တတ္ေပမဲ့ တကယ္တမ္း ဆံုးျဖတ္ခ်က္ခ်တဲ့အခ်ိန္မွာ အဲဒီအႀကံေတြကို ဂရုစိုက္ လိုက္နာသြားမိတတ္ပါတယ္။ ေကာင္ေလးေတြကေတာ့ လံုးဝကို ဆန္႕က်င္ဘက္ပါပဲ။ အေပါင္းအသင္းေတြဆီကေန အႀကံဉာဏ္ေတြ ေတာင္းၾကေပမဲ့ တကယ္တမ္း ဆံုးျဖတ္တဲ့အခ်ိန္မွာ ကိုယ့္သေဘာနဲ႔ကိုယ္ လုပ္ခ်င္တာပဲ လုပ္တတ္ၾကပါတယ္။ ဒါေၾကာင့္ အေပါင္းအသင္းေတြေၾကာင့္ လမ္းမွားသြားမယ္လို႕ တရားေသ စိတ္ထဲစြဲမထားမိပါေစနဲ႕….

(ဃ) ၿပိဳင္ဘက္မဟုတ္တာ သတိရပါ။

အားလံုးၾကားဖူးေနက် စိတ္မေကာင္းစရာ ေကာင္းတဲ့ အမွန္တရားေလးအတိုင္းပါပဲ။ အခ်စ္ဆိုတာ ေကာင္မေလးေတြအတြက္ တဘဝလံုးစာျဖစ္ၿပီး ေကာင္ေလးေတြ အတြက္ေတာ့ ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုသာသာပါတဲ့။ ဒီလိုပါပဲ ခ်စ္သူဆိုတာ ေကာင္မေလးအတြက္ အၿမဲတမ္း ဦးစားေပး နံပါတ္တစ္ျဖစ္ေနတတ္ေပမဲ့ ေကာင္ေလးေတြအတြက္ေတာ့ သူငယ္ခ်င္းေတြနဲ႔ ဘယ္ေတာ့မွ ႏႈိင္းယွဥ္ေလ့ မရွိၾကပါဘူး။ ဒါေၾကာင့္ ဒီလိုမ်ိဳး အေနအထားမွာ ကိုယ့္ဘက္က စၿပီး စစ္မေၾကညာမိဖို႕ အေရးႀကီးပါတယ္။ အခ်ိန္ေတြ ၾကာလာတာနဲ႕အမ်ွ အဲဒီအေပါင္းအသင္းေတြနဲ႕ ေဝးကြာသြားၿပီး ကိုယ္နဲ႔ ပိုမိုနီးကပ္လာမယ္ဆိုတာ သတိရၿပီး အေျမာ္အျမင္ရွိရွိနဲ႔ သည္းခံလုိက္ပါလို႔…

(င) ကိုယ့္လူေတြ ျဖစ္လာနိုင္တယ္ ဆိုတာလည္း သတိရပါ။

တကယ္ေတာ့ ကိုယ့္ခ်စ္သူရဲ႕ သူငယ္ခ်င္းဆိုတာ ကိုယ္နဲ႔လည္း ပတ္သက္တာပါပဲ။ ကိုယ့္သူငယ္ခ်င္းအထိေတာင္ ျဖစ္သြားနိုင္ပါေသးတယ္။ သူတို႔ သူငယ္ခ်င္းေတြကို ေလးေလးစားစား ေကာင္းေကာင္းမြန္မြန္ ဆက္ဆံတာေလာက္ ေကာင္ေလးေတြကို စိတ္ခ်မ္းသာေစတာ မရွိေတာ့ပါဘူး။ သူငယ္ခ်င္းေတြနဲ႔ အတူတူရွိေနတယ္ဆိုတိုင္း ကိုယ္က စိတ္မဆိုးဘဲ စိတ္ခ်ထားေၾကာင္း အရင္ျပလိုက္ပါ။ ကိုယ့္ခ်စ္သူက သူ႕သူငယ္ခ်င္းေတြကို ေသခ်ာေပါက္ ဒီအေၾကာင္း ျပန္ေျပာပါလိမ့္မယ္။ ဒီအခ်ိန္က်ရင္ အဲဒီသူငယ္ခ်င္းေတြရဲ႕ စိတ္ထဲမွာ ဒီအတိုင္းတကယ္ျဖစ္ေအာင္ ထားဖို႕ တာဝန္ေတြရွိတယ္လို႕ ခံစားသြားတတ္ၾကပါတယ္။ ေနာက္ပိုင္း ကိုယ္နဲ႕သူတို႕နဲ႕ ရင္းနွီးသြားရင္ ကိုယ့္ခ်စ္သူက ေဗြေဖာက္ခ်င္ေနရင္ေတာင္ သူ႕ရဲ႕အေပါင္းအသင္းေတြက အခ်င္းခ်င္း ထိန္းေပးသြားပါလိမ့္မယ္။

တကယ္ေတာ့ ေကာင္ေလးေတြရဲ႕ သူငယ္ခ်င္းေတြက ကိုယ့္လိုမ်ိဳးပဲ တျခားဘာဂုဏ္ေတြ၊ ပကာသနေတြမွ မပါဘဲ ကိုယ့္ခ်စ္သူကို ရိုးရိုးသားသား ေပါင္းသင္းၾကသူေတြပါ။ ဒီလိုမ်ိဳး ဘာမွ မေမ်ွာ္လင့္ဘဲ ေနၾကသူေတြအခ်င္းခ်င္းကိုမွ ကိုယ့္ဘက္ကစၿပီး စိန္မေခၚမိဖို႕ အေရးႀကီးပါတယ္။ ကိုယ့္ဘက္က စၿပီး သေဘာထားႀကီးေပးလိုက္မယ္ဆိုရင္ သူတို႔ဟာလည္း ကိုယ့္ရဲ႕ ခ်စ္ခရီးလမ္းအတြက္ အႀကီးအက်ယ္ ကူညီေပးမယ့္သူေတြ ျဖစ္တာေၾကာင့္ ရန္သူေတြလို သေဘာမထားဘဲ ခ်စ္စရာေကာင္းတဲ့သူေတြလို႕ ျမင္ေပးလိုက္ၾကရေအာင္ေနာ္။

Credit: Luke Kyaw (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
လူတိုင်းကတော့ ချစ်သူကို အနားမှာပဲ အမြဲနေစေချင်ကြမှာပါ။ ဒါ့အပြင် သူ့ရဲ့ အားလပ်ချိန်လေးတွေကိုလည်း ကိုယ်နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်း ကုန်ဆုံးချင်ကြတာပါပဲ… ဒါပေမဲ့ ကိုယ့်ချစ်သူက ကိုယ့်အပြင် တခြားလူတွေအနားမှာ ပျော်နေပြီဆိုရင်တော့ တော်တော်လေးနာကျင်စရာကောင်းလှပါတယ်။ ချစ်သူက ဖောက်ပြန်နေတာမျိုး မဟုတ်ဘဲ သစ္စာရှိတဲ့သူ ဖြစ်ပေမဲ့ အပေါင်းအသင်း သူငယ်ချင်းတွေအတွက် အချိန်တွေ အများကြီးပိုပေးနေတဲ့အခါ…

ဒီလိုမျိုး အပေါင်းအသင်းခုံမင်တဲ့ ချစ်သူကောင်လေးတွေကြောင့် စိတ်တိုနေရတဲ့သူတွေအတွက် သတိထားစရာလေးတွေကို ဖတ်ကြည့်ရအောင်နော်။

(က) ရိုးရိုးသားသားဆိုတာ သတိရပါ။

ကောင်လေးတွေနဲ့ပဲ တွဲသွားတွဲလာလုပ်နေလို့ ကိုယ့်ချစ်သူကို တစ်မျိုး အထင်မစောလိုက်ပါနဲ့ဦး။ အထူးသဖြင့် တစ်ဦးတစ်ယောက်နဲ့ပဲ အပေါင်းအသင်းလုပ်နေတာ မဟုတ်ရင် စိတ်ချထားလို့ရပါတယ်။ ကိုယ့်ချစ်သူက အရမ်းကို အသန့်အပြန့်မကြိုက်ရင်၊ တစ်ခါတလေ နားလည်ရခက်ပြီး ထင်ရာစိုင်းနေတတ်ရင်၊ ကိုယ်လစ်ရင်လစ်သလို ကောင်မလေးတွေကို လိုက်ငမ်းနေရင် (စိတ်ဆိုးစရာ ဖြစ်ပေမဲ့) စတဲ့အချက်လေးတွေ ရှိနေရင် သူ့ကို တခြား ဘာသံသယမှ ဖြစ်နေစရာ မလိုတော့ပါဘူး။ ကိုယ့်ချစ်သူအကြောင်း ကိုယ် အသိဆုံးမို့ ကြံဖန်တွေးပူပြီး စိတ်ညစ်မနေပါနဲ့…

(ခ)  ကိုယ့်အပေါ်လျော့သွားမှာ မစိုးရိမ်ပါနဲ့။

ကောင်လေးတွေက သူတို့ကိုယ် သူတို့ ကောင်းကောင်းကြီး အကန့်ခွဲထားနိုင်ပါတယ်။ ဒါကြောင့် အပေါင်းအသင်းတွေနဲ့ အချိန်တွေကုန်နေတိုင်း ကိုယ့်ဘက်မှာ လျော့သွားလိမ့်မယ်လို့ တွေးမနေသင့်ပါဘူး။ ကိုယ့်ချစ်သူကို အချိန်ပေးရမယ်၊ ဂရုစိုက်ရမယ်ဆိုတာ ကောင်လေးတိုင်းက ခေါင်းထဲစွဲနေပြီးသားပါ။ အပေါင်းအသင်းတွေနဲ့ ရှိနေတဲ့ အချိန်တွေမှာ ကိုယ့်ဘက်က နားလည်မှုကို ပိုပိုသာသာလေး ပေးလိုက်ရင် နောက်ပိုင်း ကိုယ့်အတွက်လည်း အတိုးနဲ့ အရင်းပါပေါင်းပြီး ဂရုစိုက်အချိန်ပေးတတ်ကြတာမို့ ဒီအကွက်လေးကိုလည်း ကြိုမြင်ဖို့ လိုမယ်နော်…

(ဂ) အပေါင်းအသင်း မှားသွားမှာ မကြောက်ပါနဲ့။

ကောင်လေးတစ်ယောက်က အပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီးနေတိုင်း အဲဒီသူတွေဆီကနေ အမူအကျင့်တွေ အားလုံးကူးစက်သွားမယ်လို့ မတွေးမိပါစေနဲ့။ ကောင်လေးတွေရဲ့ အပေါင်းအသင်းတွေထဲမှာ အရောင်အသွေးပေါင်းစုံ၊ အဆင့်အတန်းပေါင်းစုံနဲ့ စရိုက်ပေါင်းစုံရှိနေတာကို အံ့သြစရာကောင်းလောက်အောင် တွေ့နိုင်ပါသေးတယ်။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်တဲ့အချိန်မှာ ကောင်လေးနဲ့ကောင်မလေးတွေရဲ့ ပုံစံက မတူညီတတ်ပါဘူး။ ကောင်မလေးတွေက တခြားသူရဲ့ အကြံဉာဏ် အထင်အမြင်ကို တလေးတစားနားမထောင်တတ်ပေမဲ့ တကယ်တမ်း ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ အဲဒီအကြံတွေကို ဂရုစိုက် လိုက်နာသွားမိတတ်ပါတယ်။ ကောင်လေးတွေကတော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။ အပေါင်းအသင်းတွေဆီကနေ အကြံဉာဏ်တွေ တောင်းကြပေမဲ့ တကယ်တမ်း ဆုံးဖြတ်တဲ့အချိန်မှာ ကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်တာပဲ လုပ်တတ်ကြပါတယ်။ ဒါကြောင့် အပေါင်းအသင်းတွေကြောင့် လမ်းမှားသွားမယ်လို့ တရားသေ စိတ်ထဲစွဲမထားမိပါစေနဲ့….

(ဃ) ပြိုင်ဘက်မဟုတ်တာ သတိရပါ။

အားလုံးကြားဖူးနေကျ စိတ်မကောင်းစရာ ကောင်းတဲ့ အမှန်တရားလေးအတိုင်းပါပဲ။ အချစ်ဆိုတာ ကောင်မလေးတွေအတွက် တဘဝလုံးစာဖြစ်ပြီး ကောင်လေးတွေ အတွက်တော့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုသာသာပါတဲ့။ ဒီလိုပါပဲ ချစ်သူဆိုတာ ကောင်မလေးအတွက် အမြဲတမ်း ဦးစားပေး နံပါတ်တစ်ဖြစ်နေတတ်ပေမဲ့ ကောင်လေးတွေအတွက်တော့ သူငယ်ချင်းတွေနဲ့ ဘယ်တော့မှ နှိုင်းယှဉ်လေ့ မရှိကြပါဘူး။ ဒါကြောင့် ဒီလိုမျိုး အနေအထားမှာ ကိုယ့်ဘက်က စပြီး စစ်မကြေညာမိဖို့ အရေးကြီးပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ အဲဒီအပေါင်းအသင်းတွေနဲ့ ဝေးကွာသွားပြီး ကိုယ်နဲ့ ပိုမိုနီးကပ်လာမယ်ဆိုတာ သတိရပြီး အမြော်အမြင်ရှိရှိနဲ့ သည်းခံလိုက်ပါလို့…

(င) ကိုယ့်လူတွေ ဖြစ်လာနိုင်တယ် ဆိုတာလည်း သတိရပါ။

တကယ်တော့ ကိုယ့်ချစ်သူရဲ့ သူငယ်ချင်းဆိုတာ ကိုယ်နဲ့လည်း ပတ်သက်တာပါပဲ။ ကိုယ့်သူငယ်ချင်းအထိတောင် ဖြစ်သွားနိုင်ပါသေးတယ်။ သူတို့ သူငယ်ချင်းတွေကို လေးလေးစားစား ကောင်းကောင်းမွန်မွန် ဆက်ဆံတာလောက် ကောင်လေးတွေကို စိတ်ချမ်းသာစေတာ မရှိတော့ပါဘူး။ သူငယ်ချင်းတွေနဲ့ အတူတူရှိနေတယ်ဆိုတိုင်း ကိုယ်က စိတ်မဆိုးဘဲ စိတ်ချထားကြောင်း အရင်ပြလိုက်ပါ။ ကိုယ့်ချစ်သူက သူ့သူငယ်ချင်းတွေကို သေချာပေါက် ဒီအကြောင်း ပြန်ပြောပါလိမ့်မယ်။ ဒီအချိန်ကျရင် အဲဒီသူငယ်ချင်းတွေရဲ့ စိတ်ထဲမှာ ဒီအတိုင်းတကယ်ဖြစ်အောင် ထားဖို့ တာဝန်တွေရှိတယ်လို့ ခံစားသွားတတ်ကြပါတယ်။ နောက်ပိုင်း ကိုယ်နဲ့သူတို့နဲ့ ရင်းနှီးသွားရင် ကိုယ့်ချစ်သူက ဗွေဖောက်ချင်နေရင်တောင် သူ့ရဲ့အပေါင်းအသင်းတွေက အချင်းချင်း ထိန်းပေးသွားပါလိမ့်မယ်။

တကယ်တော့ ကောင်လေးတွေရဲ့ သူငယ်ချင်းတွေက ကိုယ့်လိုမျိုးပဲ တခြားဘာဂုဏ်တွေ၊ ပကာသနတွေမှ မပါဘဲ ကိုယ့်ချစ်သူကို ရိုးရိုးသားသား ပေါင်းသင်းကြသူတွေပါ။ ဒီလိုမျိုး ဘာမှ မမျှော်လင့်ဘဲ နေကြသူတွေအချင်းချင်းကိုမှ ကိုယ့်ဘက်ကစပြီး စိန်မခေါ်မိဖို့ အရေးကြီးပါတယ်။ ကိုယ့်ဘက်က စပြီး သဘောထားကြီးပေးလိုက်မယ်ဆိုရင် သူတို့ဟာလည်း ကိုယ့်ရဲ့ ချစ်ခရီးလမ်းအတွက် အကြီးအကျယ် ကူညီပေးမယ့်သူတွေ ဖြစ်တာကြောင့် ရန်သူတွေလို သဘောမထားဘဲ ချစ်စရာကောင်းတဲ့သူတွေလို့ မြင်ပေးလိုက်ကြရအောင်နော်။

Credit: Luke Kyaw (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top