iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြမွာ ခ်စ္သူေယာကၤ်ားေလးကို ဖြင့္မေျပာေပမယ့္ သိေစခ်င္တဲ့ အခ်က္တစ္ခ်ိဳ႕ရွိပါတယ္။ ဒါေတြကို သိထားမယ္ဆိုရင္ ႏွစ္ဦးသား ဆက္ဆံေရး ပိုမိုခိုင္ျမဲေလးနက္ဖို႔ အသံုး၀င္ႏိုင္မွာပါ။

၁။ ရည္းစားေဟာင္းေတြနဲ႔ မဆက္သြယ္နဲ႔
အေပ်ာ္တြဲတာပဲျဖစ္ျဖစ္၊ တကယ္အတည္တြဲတာပဲျဖစ္ျဖစ္ ေယာကၤ်ားေလးေတြအေနနဲ႔ ရည္းစားေဟာင္းေတြနဲ႔ လံုး၀အဆက္အသြယ္ျဖတ္တာကို လိုခ်င္ၾကပါတယ္။ ေယာကၤ်ားေလးေတြက ဒီအခ်က္ကို သိပ္နားမလည္ၾကပါဘူး။ ေယာကၤ်ားေလးေတြအတြက္ ရည္းစားေဟာင္းဟာ မိတ္ေဆြသူငယ္ခ်င္းအျဖစ္ ဆက္ရွိေနႏိုင္ေပမယ့္ မိန္းကေလးေတြကေတာ့ လံုး၀လက္မခံႏိုင္ပါဘူး။

၂။ တစ္ခါတစ္ေလမွာ Surprise ျဖစ္ေအာင္ လုပ္ေပးပါ
တန္ဖိုးႀကီးပစၥည္းတစ္ခုခု လက္ေဆာင္ေပးမွ မဟုတ္ပါဘူး။ သူတို႔အေၾကာင္း စိတ္ထဲမွာရွိေနတယ္ဆိုတာကို ေဖာ္ျပႏိုင္တာျဖစ္ရင္ လံုေလာက္ပါတယ္။ ဥပမာေျပာရရင္ မနက္အေစာႀကီး(၃)နာရီေလာက္မွာ “အရမ္းခ်စ္ပါတယ္” လို႔ စာပို႔တာမ်ိဳးပါ။

၃။ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ထိန္းသိမ္းပါ
ေယာကၤ်ားေလးေတြအေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ မွန္ထဲမွာေသခ်ာၾကည့္ပါ။ ေတြ႕ကရာအ၀တ္အစား ယူမ၀တ္ပါနဲ႔။ ယုံၾကည္မႈရွိၿပီး ၾကည့္ေကာင္းေအာင္ ျပင္ဆင္ေနထိုင္ပါ။ ဗိုက္ထြက္ေနတာကလည္း ဆြဲေဆာင္မႈမရွိပါဘူး။ အားကစားလုပ္ပါ။

၄။ ပိုၿပီးပြင့္လင္းျမင္သာမႈရွိပါ
မိန္းကေလးေတြက သူတို႔ကို ပြင့္ပြင့္လင္းလင္းဆက္ဆံတာမ်ိဳးကို လိုခ်င္တတ္ပါတယ္။ အေရးမႀကီးဘူးလို႔ ထင္ရတဲ့ သတင္းအခ်က္အလက္တစ္ခ်ိဳ႕ကလည္း သူတို႔အတြက္ သံသယျဖစ္စရာေတြ ျဖစ္လာႏိုင္ပါတယ္။ သူတို႔ကလည္း အျမဲတမ္းအရိပ္တၾကည့္ၾကည့္နဲ႔ ေနရတာမ်ိဳး မလုပ္ခ်င္ၾကပါဘူး။

၅။ ရည္ရြယ္ခ်က္ကို တစ္ခါတည္း ရွင္းေအာင္လုပ္ပါ
ေယာကၤ်ားေလးေတြက Relationship နဲ႔ပတ္သက္ၿပီး ဘယ္အခ်ိန္ထိ၊ ဘယ္အတိုင္းအတာထိ ဆိုတာမ်ိဳးေတြ ေျပာဆိုဖို႔ ဖိအားေပးခံရတာမ်ိဳးေတြကို မႀကိဳက္ၾကပါဘူး။ ဒါေပမယ့္ မိန္းကေလးေတြကေတာ့ သူတို႔ကို ဘယ္အထိ ရည္ရြယ္ထားလဲဆိုတာ သိခ်င္ၾကပါတယ္။

၆။ စကားေျပာရင္ ေသခ်ာနားေထာင္ပါ
မိန္းကေလးေတြက သူတို႔ဘာလိုခ်င္တယ္၊ ဘာလုပ္ခ်င္တယ္ဆိုတာကို သိသာတဲ့အထိ သဲလြန္စေတြ ေပးၿပီး မေျပာခ်င္ပါဘူး။ သူတို႔ေျပာစကားကို ေသခ်ာနားေထာင္ပါ။ ဒီစကားေတြထဲမွာ သူတို႔ျဖစ္ခ်င္တာေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ပါ၀င္ပါတယ္။

[sg_popup id=6]

Credit: Gentleman Magazine
# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးတွေမှာ ချစ်သူယောင်္ကျားလေးကို ဖွင့်မပြောပေမယ့် သိစေချင်တဲ့ အချက်တစ်ချို့ရှိပါတယ်။ ဒါတွေကို သိထားမယ်ဆိုရင် နှစ်ဦးသား ဆက်ဆံရေး ပိုမိုခိုင်မြဲလေးနက်ဖို့ အသုံးဝင်နိုင်မှာပါ။

၁။ ရည်းစားဟောင်းတွေနဲ့ မဆက်သွယ်နဲ့
အပျော်တွဲတာပဲဖြစ်ဖြစ်၊ တကယ်အတည်တွဲတာပဲဖြစ်ဖြစ် ယောင်္ကျားလေးတွေအနေနဲ့ ရည်းစားဟောင်းတွေနဲ့ လုံးဝအဆက်အသွယ်ဖြတ်တာကို လိုချင်ကြပါတယ်။ ယောင်္ကျားလေးတွေက ဒီအချက်ကို သိပ်နားမလည်ကြပါဘူး။ ယောင်္ကျားလေးတွေအတွက် ရည်းစားဟောင်းဟာ မိတ်ဆွေသူငယ်ချင်းအဖြစ် ဆက်ရှိနေနိုင်ပေမယ့် မိန်းကလေးတွေကတော့ လုံးဝလက်မခံနိုင်ပါဘူး။

၂။ တစ်ခါတစ်လေမှာ Surprise ဖြစ်အောင် လုပ်ပေးပါ
တန်ဖိုးကြီးပစ္စည်းတစ်ခုခု လက်ဆောင်ပေးမှ မဟုတ်ပါဘူး။ သူတို့အကြောင်း စိတ်ထဲမှာရှိနေတယ်ဆိုတာကို ဖော်ပြနိုင်တာဖြစ်ရင် လုံလောက်ပါတယ်။ ဥပမာပြောရရင် မနက်အစောကြီး(၃)နာရီလောက်မှာ “အရမ်းချစ်ပါတယ်” လို့ စာပို့တာမျိုးပါ။

၃။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ထိန်းသိမ်းပါ
ယောင်္ကျားလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာသေချာကြည့်ပါ။ တွေ့ကရာအဝတ်အစား ယူမဝတ်ပါနဲ့။ ယုံကြည်မှုရှိပြီး ကြည့်ကောင်းအောင် ပြင်ဆင်နေထိုင်ပါ။ ဗိုက်ထွက်နေတာကလည်း ဆွဲဆောင်မှုမရှိပါဘူး။ အားကစားလုပ်ပါ။

၄။ ပိုပြီးပွင့်လင်းမြင်သာမှုရှိပါ
မိန်းကလေးတွေက သူတို့ကို ပွင့်ပွင့်လင်းလင်းဆက်ဆံတာမျိုးကို လိုချင်တတ်ပါတယ်။ အရေးမကြီးဘူးလို့ ထင်ရတဲ့ သတင်းအချက်အလက်တစ်ချို့ကလည်း သူတို့အတွက် သံသယဖြစ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ သူတို့ကလည်း အမြဲတမ်းအရိပ်တကြည့်ကြည့်နဲ့ နေရတာမျိုး မလုပ်ချင်ကြပါဘူး။

၅။ ရည်ရွယ်ချက်ကို တစ်ခါတည်း ရှင်းအောင်လုပ်ပါ
ယောင်္ကျားလေးတွေက Relationship နဲ့ပတ်သက်ပြီး ဘယ်အချိန်ထိ၊ ဘယ်အတိုင်းအတာထိ ဆိုတာမျိုးတွေ ပြောဆိုဖို့ ဖိအားပေးခံရတာမျိုးတွေကို မကြိုက်ကြပါဘူး။ ဒါပေမယ့် မိန်းကလေးတွေကတော့ သူတို့ကို ဘယ်အထိ ရည်ရွယ်ထားလဲဆိုတာ သိချင်ကြပါတယ်။

၆။ စကားပြောရင် သေချာနားထောင်ပါ
မိန်းကလေးတွေက သူတို့ဘာလိုချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို သိသာတဲ့အထိ သဲလွန်စတွေ ပေးပြီး မပြောချင်ပါဘူး။ သူတို့ပြောစကားကို သေချာနားထောင်ပါ။ ဒီစကားတွေထဲမှာ သူတို့ဖြစ်ချင်တာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

[sg_popup id=6]

Credit: Gentleman Magazine
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top