န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

(၇) ရက္ သားသမီးေလးေတြအတြက္ ဆရာေဗဒင္ရဲ႕ အခ်စ္ေရး ေဗဒင္ေလးကို Marryရဲ႕ ခ်စ္သူေလးေတြအတြက္ ျပန္လည္ ေဝမွ်ေပးလုိက္ရျခင္းပဲ ျဖစ္ပါတယ္ေနာ္။

၇ ရက္သားသမီး အခ်စ္ေဗဒင္ အေၾကာင္းေလးပဲ ျဖစ္ပါတယ္။
တနဂၤေႏြ သားသမီး

အရမ္းခ်စ္တတ္ပါတယ္။ သုိ႔ေသာ္ နွစ္ေယာက္ၿပိဳင္တူ ထားခ်င္တတ္တယ္။ သူတို႔ အေတြးကေတာ့ အခ်စ္ဆိုတာ တစ္ေယာက္ထဲနဲ႔ ၿပီးရမွာလား။ အခ်စ္ဆုိတာ ေပးလုိ႔ ကုန္သြားတဲ့အရာမွ မဟုတ္တာေနာ္လုိ႔ မ်ားေသာအားျဖင့္ ခံယူထားတတ္ၾကတယ္။ အေျခအေနေပးရင္ တစ္ေယာက္ထက္ပုိရတတ္ ယူတတ္ပါတယ္။ သူမ်ား အထင္ႀကီး ေလးစားေအာင္ေျပာဆိုတတ္ၾကပါတယ္။ သူတုိ႕နဲ႕စကားေျပာၿပီးရင္သူတုိ႔ကုိ အထင္ႀကီးေလးစားသြားတတ္ၾကပါတယ္။ တကယ္တမ္းက်ေတာ့ အေျပာတစ္မ်ိဳး အလုပ္တစ္မ်ိဳးျဖစ္တတ္ပါတယ္။ အမ်ိဳးသားမ်ားဆုိ ဇြတ္ အတင္းခ်စ္ေရးဆုိတတ္တယ္။ အမ်ိဳးသမီးမ်ားက်ေတာ့ ပြင့္လင္းတယ္၊ ခ်စ္သူအတြက္ဘာမဆုိ ရင္ဆုိင္ခ်င္တတ္ၾကပါတယ္။ ခ်စ္သူအတြက္ မိသားစုကုိေတာင္ စြန္႕လႊတ္ အဆက္သြယ္ျဖတ္ရဲတာ တနဂၤေႏြသမီးေတြပါပဲ။  တနဂၤေႏြ သမီးမ်ားက်ေတာ့ အစြဲ အလန္းႀကီးတတ္ၾကၿပီး ကုိယ့္ခ်စ္သူရဲ႕စန္းပြင့္မႈေၾကာင့္ စိတ္အေနွာက္အယွက္ျဖစ္ရတတ္ပါတယ္။ တနဂၤေႏြသားမ်ားကေတာ့ အရမ္းဂရုစုိက္တဲ့ စတုိင္ေတြျပတတ္တယ္။ ကြယ္သြားတာနဲ႔ ေမ့ေရာ။ ကြယ္ေမ့ ေတြ႕ေသေအာင္လြမ္းဆုိတာ တနဂၤေႏြ သားေတြပဲ။
တနလၤာ သားသမီး

အခ်စ္အတြက္ေပးဆပ္ရဲတယ္။ တကယ္ခ်စ္လာရင္ဘာမွ မျမင္အားလံုးကုိ စြန္႕လြတ္ရင္ဆုိင္ရဲတယ္။ အဆင့္အတန္းမူလည္း ဂရုမစုိက္ ။ ခ်စ္သူအျပစ္ကုိလဲ ခြင့္လႊတ္တတ္တယ္။ ဒါေပမဲ့ စိတ္မရွည္တတ္ဘူး။ စတ္ဆပ္တတ္ပါတယ္။ စိတ္ေကာက္တတ္ပါတယ္။ အေခ်ာ့ ၾကိဳက္တတ္ပါတယ္။ တနလၤာနဲ႕ ၾကိဳက္ရင္ေတာ့ သူစိတ္ေကာက္တာ ေခ်ာ့ဖုိ႕သာျပင္ထားေတာ့။
အဂၤါ သားသမီး

စိတ္အေျပာင္းလဲ မ်ားတတ္တယ္။ သူကေတာ့ မ စ ဘူး ။ သူကုိ စ လာရင္ ပါသြားတတ္ပါတယ္။ အရမ္းၾကင္နာတတ္သလုိ တစ္ခါ အလုပ္မ်ား ခ်င္ေယာင္ေဆာင္ၿပီး ဖုန္း မဆက္ပဲ လုပ္ေနတတ္ပါတယ္။ စိတ္ကူးရင္ၿပီး ေလထဲမွာ တုိက္အိမ္ေဆာင္ေနတာ မၿပီးေတာ့ဘူး။ အျပင္မွာ လက္ေတြ႕မွာ မိသားစုကိစၥေတြနဲ႔ပဲ အခ်ိန္ကုန္ေနတယ္။ သူ႔စိတ္ထဲမွာ မိသားစုက ပထမ ။ ခ်စ္သူက ဒုတိယ ပဲ။ သူနဲ႔ ႀကိဳက္မိရင္ေတာ့ သူ႔မိသားစု အေပၚ မျပစ္မေျပာေလနဲ႔။ ေျပာရင္ ကြဲသြားတတ္တယ္။ သူမိသားစု အေပၚ ေဖၚလုိ လုိက္ၿပီး ဆက္ဆံ ႏုိင္ေအာင္သာႀကိဳးစားေတာ့ ။
ဗုဒၵဟူးသားသမီး

အစြဲအလမ္းႀကီးတတ္တယ္။ ဇြတ္တရြတ္လုပ္တတ္တယ္။ မႀကိဳက္ခင္ေတာ့ မခုတ္တတ္တဲ့ ေၾကာင္လုိပဲ ။ ရည္းစားျဖစ္ၿပီးသြားၿပီ ဆုိရင္ ေရွ႕ေနမၾကီး ျဖစ္သြားေတာ့တာပဲ ။ အလို မက် မၾကာခဏ စိတ္တုိ စိတ္ဆတ္ျဖစ္ေန တတ္တယ္။ အခ်စ္ေရးမွာ မ်ားေသာအားျဖင့္ သစၥာရွိတတ္ၿပီ။ သူရဲ႕ အေျပာဆုိ မတတ္မႈေၾကာင့္ မၾကာမၾကာ စကားမ်ားမ်ား ေနရတတ္တယ္။ စိတ္တုိေပမဲ့ ရင္ထဲမွာေတာ့ အားငယ္ေနၾကတတ္ပါတယ္။ သူတုိ႕နဲ႕ ႀကိဳက္မိရင္ေတာ့ သည္းခံျခင္းတရားကုိ လက္ကုိင္ထားၿပီး အလုိုလုိက္ အႀကိဳက္ေဆာင္ေပးဖုိ႔သာ ႀကိဳးစားေတာ့။
ၾကာသပေတး သားသမီး

အေျပာေကာင္းတယ္။ ခ်စ္သူအတြက္ ကူညီဖုိ႕ ၀န္မေလးဘူး ။ ဒါေပမဲ့ တစ္ေယာက္ထက္ပုိၿပီး ထားခ်င္တတ္တယ္ ။ မ်ားေသာအားျဖင့္ အခြင့္ေရး ရရင္ အကုန္ယူ အကုန္ေပးခ်င္ တတ္တယ္ ။ အခ်စ္အတြက္ အလုပ္ကုိေတာင္ဖ်က္ၿပီး လုိက္ေလွ်ာတတ္ၾကတယ္ ။ ဒါေပမဲ့ ပတ္၀န္က်င္စကားေၾကာင့္ ကုိယ့္ခ်စ္သူကုိ ျဖတ္ပစ္ခ်င္တာ သူတုိ႕ရဲ႕ စရိုက္ပါ။ ကုိယ့္အေတြးနဲ႕ ကုိယ္ ခ်စ္သူအေပၚ သံသယျဖစ္ေနတတ္တယ္။ ခ်စ္သူအေပၚ အေျပာကေတာ့ ေကာင္းေပမဲ့ တကယ္လက္ေတြ႕မွာ ဘာမွ ျဖစ္ျဖစ္ေျမာက္ေျမာက္မလုပ္ေပးႏုိင္တတ္ၾကပါဘူး။ သူတို႕နဲ႕ႀကိဳက္ရင္ေတာ့ သတိထားပါ။ လက္ထပ္ဖုိ႕ လက္တြန္႕ ရက္ေရႊ႕ဆုိင္းေနတတ္တာ ၾကာသပေတးသားသမီးေတြပါပဲ။
ေသာၾကာ သားသမီး

အခ်စ္ေရးမွာ ကုိယ္က ေပးဆပ္ေသာ္လည္း ေပးတုိင္းျပန္မရတတ္တာ ေသာၾကာ သားသမီးပါ။ ကုိယ္က တကယ္ခ်စ္ေသာလည္း နုတ္ေၾကာင့္ေသ ဆုိသလုိပဲ အေျပာေၾကာင့္ ဒုကၡ ျဖစ္ျဖစ္ေနတတ္တာ သူတုိ႔ ကံေပါ့။ တကယ္ျဖစ္ခ်င္ေနတာက တစ္ခု တကယ္ေျပာ ထြက္သြားတာက တစ္ခု ျဖစ္ေနတတ္ပါတယ္ ။ အခ်စ္ေရးမွာ ေမတၱာ တရားၾကီးတတ္ၿပီး အစြဲအလန္းလည္း ႀကီးတတ္ပါတယ္။ ဒါေပမဲ့ ခံစားလြယ္တတ္ၾကပါတယ္။ သူတုိ႔ကေတာ့ အခ်စ္ေရးမွာ ခ်စ္သူနဲ႕ အဆင္ေျပၿပီ ဆုိရင္ ပတ္၀န္းက်င္ ေႏွာင့္ယွက္မႈ ပေယာဂ မၾကာမၾကာ ေတြ႕ၾကဳံတတ္တာ သူတုိ႔ရဲ႕ ကံပါပဲ ။ မ်ားေသာအားျဖင့္ ေသာၾကာအမ်ားစုဟာ ရည္းစားဦးနဲ႔ လြဲ လြဲ သြားတတ္ၾကပါတယ္။ သူတုိ႔နဲ႔ ႀကိဳက္ရင္ေတာ့ ရည္းစားဦးပါဆုိရင္ေတာ့ သတိထားေတာ့။
စေန သားသမီး

အခ်စ္ႀကီးတယ္။ သံေယာဇဥ္ႀကီး တယ္။ ခ်စ္သူ ေဖါက္ျပန္ရင္ေတာင္ ခြင့္လြတ္ႏုိင္တတ္တယ္။ အေျပာေကာင္းတယ္။ သေဘာေကာင္းတယ္။ သ၀န္တုိတတ္တယ္။ သူမ်ား ထက္ပုိၿပီး သ၀န္တုိ တတ္တယ္။ ကုိယ္ကေတာ့ မစဘူး။ ကုိယ့္ကုိ စ လာရင္ ပါပါ သြားတတ္ပါတယ္။ လက္သာ ရင္ လုိက္တဲ့ကေလး လုိပဲ။ ပုိဂရုစုိက္တဲ့သူေနာက္ ပါ ပါ သြားတတ္ၾကတာ စေနသားသမီးပါပဲ ။ စေနနဲ႔ ႀကိဳက္ရင္ေတာ့ ပုိဂရုစုိက္ႏိုင္ေအာင္သာ ႀကိဳးစားေပေတာ့။ ေနာက္တစ္ခုက စေနသားသမီးက ၾကာရင္ ၿငီးေငြ႕သြားတတ္ၾကတယ္။ စေနသားသမီးနဲ႔ တစ္နွစ္ေက်ာ္ ၂ နွစ္ေလာက္သမီးရည္းစားျဖစ္ၿပီးရင္ ယူခ်င္စိတ္ေလွ်ာ့သြားတတ္ၾကတယ္။ အဲဒီေတာ့ စေနသားသမီး နဲ႔ ႀကိဳက္ရင္ တစ္နွစ္အတြင္းယူဖုိ႔သာလုပ္ နုိ႕မို႕ဆို မယူျဖစ္ပဲ ဇတ္ေမ်ာဖစ္သြားတတ္ပါတယ္။

Credit: ဆရာေဗဒင္
# Unicode Version ျဖင့္ ဖတ္ပါ #
(၇) ရက် သားသမီးလေးတွေအတွက် ဆရာဗေဒင်ရဲ့ အချစ်ရေး ဗေဒင်လေးကို Marryရဲ့ ချစ်သူလေးတွေအတွက် ပြန်လည် ဝေမျှပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်နော်။

၇ ရက်သားသမီး အချစ်ဗေဒင် အကြောင်းလေးပဲ ဖြစ်ပါတယ်။
တနင်္ဂနွေ သားသမီး

အရမ်းချစ်တတ်ပါတယ်။ သို့သော် နှစ်ယောက်ပြိုင်တူ ထားချင်တတ်တယ်။ သူတို့ အတွေးကတော့ အချစ်ဆိုတာ တစ်ယောက်ထဲနဲ့ ပြီးရမှာလား။ အချစ်ဆိုတာ ပေးလို့ ကုန်သွားတဲ့အရာမှ မဟုတ်တာနော်လို့ များသောအားဖြင့် ခံယူထားတတ်ကြတယ်။ အခြေအနေပေးရင် တစ်ယောက်ထက်ပိုရတတ် ယူတတ်ပါတယ်။ သူများ အထင်ကြီး လေးစားအောင်ပြောဆိုတတ်ကြပါတယ်။ သူတို့နဲ့စကားပြောပြီးရင်သူတို့ကို အထင်ကြီးလေးစားသွားတတ်ကြပါတယ်။ တကယ်တမ်းကျတော့ အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်တတ်ပါတယ်။ အမျိုးသားများဆို ဇွတ် အတင်းချစ်ရေးဆိုတတ်တယ်။ အမျိုးသမီးများကျတော့ ပွင့်လင်းတယ်၊ ချစ်သူအတွက်ဘာမဆို ရင်ဆိုင်ချင်တတ်ကြပါတယ်။ ချစ်သူအတွက် မိသားစုကိုတောင် စွန့်လွှတ် အဆက်သွယ်ဖြတ်ရဲတာ တနင်္ဂနွေသမီးတွေပါပဲ။  တနင်္ဂနွေ သမီးများကျတော့ အစွဲ အလန်းကြီးတတ်ကြပြီး ကိုယ့်ချစ်သူရဲ့စန်းပွင့်မှုကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ တနင်္ဂနွေသားများကတော့ အရမ်းဂရုစိုက်တဲ့ စတိုင်တွေပြတတ်တယ်။ ကွယ်သွားတာနဲ့ မေ့ရော။ ကွယ်မေ့ တွေ့သေအောင်လွမ်းဆိုတာ တနင်္ဂနွေ သားတွေပဲ။
တနင်္လာ သားသမီး

အချစ်အတွက်ပေးဆပ်ရဲတယ်။ တကယ်ချစ်လာရင်ဘာမှ မမြင်အားလုံးကို စွန့်လွတ်ရင်ဆိုင်ရဲတယ်။ အဆင့်အတန်းမူလည်း ဂရုမစိုက် ။ ချစ်သူအပြစ်ကိုလဲ ခွင့်လွှတ်တတ်တယ်။ ဒါပေမဲ့ စိတ်မရှည်တတ်ဘူး။ စတ်ဆပ်တတ်ပါတယ်။ စိတ်ကောက်တတ်ပါတယ်။ အချော့ ကြိုက်တတ်ပါတယ်။ တနင်္လာနဲ့ ကြိုက်ရင်တော့ သူစိတ်ကောက်တာ ချော့ဖို့သာပြင်ထားတော့။
အင်္ဂါ သားသမီး

စိတ်အပြောင်းလဲ များတတ်တယ်။ သူကတော့ မ စ ဘူး ။ သူကို စ လာရင် ပါသွားတတ်ပါတယ်။ အရမ်းကြင်နာတတ်သလို တစ်ခါ အလုပ်များ ချင်ယောင်ဆောင်ပြီး ဖုန်း မဆက်ပဲ လုပ်နေတတ်ပါတယ်။ စိတ်ကူးရင်ပြီး လေထဲမှာ တိုက်အိမ်ဆောင်နေတာ မပြီးတော့ဘူး။ အပြင်မှာ လက်တွေ့မှာ မိသားစုကိစ္စတွေနဲ့ပဲ အချိန်ကုန်နေတယ်။ သူ့စိတ်ထဲမှာ မိသားစုက ပထမ ။ ချစ်သူက ဒုတိယ ပဲ။ သူနဲ့ ကြိုက်မိရင်တော့ သူ့မိသားစု အပေါ် မပြစ်မပြောလေနဲ့။ ပြောရင် ကွဲသွားတတ်တယ်။ သူမိသားစု အပေါ် ဖေါ်လို လိုက်ပြီး ဆက်ဆံ နိုင်အောင်သာကြိုးစားတော့ ။
ဗုဒ္ဒဟူးသားသမီး

အစွဲအလမ်းကြီးတတ်တယ်။ ဇွတ်တရွတ်လုပ်တတ်တယ်။ မကြိုက်ခင်တော့ မခုတ်တတ်တဲ့ ကြောင်လိုပဲ ။ ရည်းစားဖြစ်ပြီးသွားပြီ ဆိုရင် ရှေ့နေမကြီး ဖြစ်သွားတော့တာပဲ ။ အလို မကျ မကြာခဏ စိတ်တို စိတ်ဆတ်ဖြစ်နေ တတ်တယ်။ အချစ်ရေးမှာ များသောအားဖြင့် သစ္စာရှိတတ်ပြီ။ သူရဲ့ အပြောဆို မတတ်မှုကြောင့် မကြာမကြာ စကားများများ နေရတတ်တယ်။ စိတ်တိုပေမဲ့ ရင်ထဲမှာတော့ အားငယ်နေကြတတ်ပါတယ်။ သူတို့နဲ့ ကြိုက်မိရင်တော့ သည်းခံခြင်းတရားကို လက်ကိုင်ထားပြီး အလိုလိုက် အကြိုက်ဆောင်ပေးဖို့သာ ကြိုးစားတော့။
ကြာသပတေး သားသမီး

အပြောကောင်းတယ်။ ချစ်သူအတွက် ကူညီဖို့ ဝန်မလေးဘူး ။ ဒါပေမဲ့ တစ်ယောက်ထက်ပိုပြီး ထားချင်တတ်တယ် ။ များသောအားဖြင့် အခွင့်ရေး ရရင် အကုန်ယူ အကုန်ပေးချင် တတ်တယ် ။ အချစ်အတွက် အလုပ်ကိုတောင်ဖျက်ပြီး လိုက်လျှောတတ်ကြတယ် ။ ဒါပေမဲ့ ပတ်ဝန်ကျင်စကားကြောင့် ကိုယ့်ချစ်သူကို ဖြတ်ပစ်ချင်တာ သူတို့ရဲ့ စရိုက်ပါ။ ကိုယ့်အတွေးနဲ့ ကိုယ် ချစ်သူအပေါ် သံသယဖြစ်နေတတ်တယ်။ ချစ်သူအပေါ် အပြောကတော့ ကောင်းပေမဲ့ တကယ်လက်တွေ့မှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်ပေးနိုင်တတ်ကြပါဘူး။ သူတို့နဲ့ကြိုက်ရင်တော့ သတိထားပါ။ လက်ထပ်ဖို့ လက်တွန့် ရက်ရွှေ့ဆိုင်းနေတတ်တာ ကြာသပတေးသားသမီးတွေပါပဲ။
သောကြာ သားသမီး

အချစ်ရေးမှာ ကိုယ်က ပေးဆပ်သော်လည်း ပေးတိုင်းပြန်မရတတ်တာ သောကြာ သားသမီးပါ။ ကိုယ်က တကယ်ချစ်သောလည်း နုတ်ကြောင့်သေ ဆိုသလိုပဲ အပြောကြောင့် ဒုက္ခ ဖြစ်ဖြစ်နေတတ်တာ သူတို့ ကံပေါ့။ တကယ်ဖြစ်ချင်နေတာက တစ်ခု တကယ်ပြော ထွက်သွားတာက တစ်ခု ဖြစ်နေတတ်ပါတယ် ။ အချစ်ရေးမှာ မေတ္တာ တရားကြီးတတ်ပြီး အစွဲအလန်းလည်း ကြီးတတ်ပါတယ်။ ဒါပေမဲ့ ခံစားလွယ်တတ်ကြပါတယ်။ သူတို့ကတော့ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေပြီ ဆိုရင် ပတ်ဝန်းကျင် နှောင့်ယှက်မှု ပယောဂ မကြာမကြာ တွေ့ကြုံတတ်တာ သူတို့ရဲ့ ကံပါပဲ ။ များသောအားဖြင့် သောကြာအများစုဟာ ရည်းစားဦးနဲ့ လွဲ လွဲ သွားတတ်ကြပါတယ်။ သူတို့နဲ့ ကြိုက်ရင်တော့ ရည်းစားဦးပါဆိုရင်တော့ သတိထားတော့။
စနေ သားသမီး

အချစ်ကြီးတယ်။ သံယောဇဉ်ကြီး တယ်။ ချစ်သူ ဖေါက်ပြန်ရင်တောင် ခွင့်လွတ်နိုင်တတ်တယ်။ အပြောကောင်းတယ်။ သဘောကောင်းတယ်။ သဝန်တိုတတ်တယ်။ သူများ ထက်ပိုပြီး သဝန်တို တတ်တယ်။ ကိုယ်ကတော့ မစဘူး။ ကိုယ့်ကို စ လာရင် ပါပါ သွားတတ်ပါတယ်။ လက်သာ ရင် လိုက်တဲ့ကလေး လိုပဲ။ ပိုဂရုစိုက်တဲ့သူနောက် ပါ ပါ သွားတတ်ကြတာ စနေသားသမီးပါပဲ ။ စနေနဲ့ ကြိုက်ရင်တော့ ပိုဂရုစိုက်နိုင်အောင်သာ ကြိုးစားပေတော့။ နောက်တစ်ခုက စနေသားသမီးက ကြာရင် ငြီးငွေ့သွားတတ်ကြတယ်။ စနေသားသမီးနဲ့ တစ်နှစ်ကျော် ၂ နှစ်လောက်သမီးရည်းစားဖြစ်ပြီးရင် ယူချင်စိတ်လျှော့သွားတတ်ကြတယ်။ အဲဒီတော့ စနေသားသမီး နဲ့ ကြိုက်ရင် တစ်နှစ်အတွင်းယူဖို့သာလုပ် နို့မို့ဆို မယူဖြစ်ပဲ ဇတ်မျောဖစ်သွားတတ်ပါတယ်။

Credit: ဆရာဗေဒင်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top