iMyanmarHouse.com - Best Property Website for Myanmar
×

အရင္ကလည္း ေဖာက္ျပန္ဖူးတယ္၊ ခုလည္း ထပ္ေဖာက္ျပန္တယ္ဆုိရင္ေတာ့ သူက ေနာက္ထပ္အႀကိမ္ေပါင္းမ်ားစြာ ေဖာက္ျပန္ေနဦးမွာပါပဲ။

၁။ ေ႐ွ႕ဆက္မလား၊ လမ္းခြဲမလား

တစ္ခုခုကို ဆံုးျဖတ္ဖုိ႔ ေသေသခ်ာခ်ာစဥ္းစားရပါမယ္။ သူနဲ႔အတူေ႐ွ႕ဆက္ခ်င္စိတ္႐ွိေသးလား၊ ေ႐ွ႕ဆက္လက္တြဲရေလာက္ေအာင္ ထိုက္တန္သူလားဆုိတာ စဥ္းစားဖို႔လိုပါမယ္။ တစ္ခါတစ္ရံမွာ သူ႔ဘက္က သစၥာေဖာက္တယ္ဆုိတာ ကိုယ့္ရဲ႕လိုအပ္ခ်က္ေၾကာင့္ ဒါမွမဟုတ္ တစ္ဖက္ကအတင္းကာေရာ ျမဴဆြယ္တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါဆိုရင္ေတာ့ ျပဳျပင္ဖုိ႔အခ်ိန္မီပါေသးတယ္။ ဒီလိုမွမဟုတ္ဘဲ အရင္ကလည္း ေဖာက္ျပန္ဖူးတယ္၊ ခုလည္း ထပ္ေဖာက္ျပန္တယ္ဆုိရင္ေတာ့ သူက ေနာက္ထပ္အႀကိမ္ေပါင္းမ်ားစြာ ေဖာက္ျပန္ေနဦးမွာပါပဲ။

၂။ ထုတ္ေျပာလိုက္ပါ

တစ္ေယာက္တည္းႀကိတ္ၿပီး ခံစားမေနပါနဲ႔။ ကိုယ္သိေနတယ္ဆုိတာကို သူ႔ကိုေျပာျပလိုက္ပါ။ ကိုယ့္ဘက္က ဘာလိုအပ္ခ်က္႐ွိသလဲဆုိတာကို ပြြင့္ပြင့္လင္းလင္းေမးႏိုင္ပါတယ္။ ဘာေၾကာင့္ေဖာက္ျပန္တာလဲ၊ ဘယ္လိုေတြျဖစ္ကုန္တာလဲဲဆုိတာကို သိရတဲ့အခါ ေျဖ႐ွင္းရမယ့္နည္းလမ္းေတြကို ဆက္ၿပီးစဥ္းစားႏိုင္ပါၿပီ။

၃။ ခဏေလာက္ခြဲေနပါ

မ်က္ႏွာခ်င္းဆိုင္ေတြ႔ေနၿပီး ႏွစ္ေယာက္လံုး စိတ္ညစ္ရတာထက္ အခ်ိန္ခဏေလာက္ မေတြ႔ဘဲေနၾကည့္ပါ။ ဒီၾကားထဲမွာ အျပန္အလွန္ သံုးသပ္ၿပီး သူသာကိုယ့္ကိုယ္တကယ္ခ်စ္မယ္ဆိုရင္ ကိုယ့္ဆီ တန္းတန္းမတ္မတ္ ျပန္လာပါလိမ့္မယ္။ ကိုယ္ကလည္း မခြဲႏိုင္ဘူးဆုိရင္ သူ႔ကိုေထြးေပြ႕ထား႐ံုေပါ့။ ဘာေၾကာင့္ပဲျဖစ္ျဖစ္ ကိုယ္က သူ႔ကိုလံုးဝလက္မခံႏိုင္ေတာ့ဘူးဆုိရင္လည္း အျပတ္ျဖတ္ဖုိ႔အတြက္ အေကာင္းဆံုးနည္းလမ္းကို စဥ္းစားမိလာပါလိမ့္မယ္။

၄။ တိုင္ပင္ေဆြးေႏြးပါ

အိမ္ေထာင္ေရးအႀကံေပးေတြ၊ ဒါမွမဟုတ္ သူနဲ႔ကိုယ့္အေပၚ ေစတနာ႐ွိၿပီး သမာသမတ္က်တဲ့ မိတ္ေဆြေကာင္းေတြကို ႏွစ္ေယာက္အတူ တုိင္ပင္ေဆြးေႏြးၾကည့္ပါ။ ေဒါသတႀကီးဆံုးျဖတ္ၿပီးမွ ေနာင္တရတာထက္စာရင္ ေသေသခ်ာခ်ာသိၿပီး ဆံုးျဖတ္ခ်က္အတုိင္းလုပ္ေဆာင္ရတာ ပိုေကာင္းပါတယ္။

၅။ ျပႆနာရင္းျမစ္ကို႐ွာပါ

ဘာေၾကာင့္ သူေဖာက္ျပန္ရတာလဲဆိုတာ ဇစ္ျမစ္ကို႐ွာေဖြပါ။ ကိုယ္နဲ႔အေနေဝးေနခ်ိန္မွာ သူနဲ႔အေနနီးသူက ေသြးေဆာင္ျဖားေယာင္းတဲ့အခါ စိတ္ယိုင္သြားတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါမွမဟုတ္ ကိုယ့္ဘက္က သူ႔အေပၚ ဘာေတြအမွားလုပ္မိသလဲဆုိတာကို စိစစ္ပါ။ ညႇိႏႈိင္းၾကည့္ပါ။ သူ႔ဆႏၵနဲ႔ ကိုယ့္ဆႏၵကို ေဒါသမပါဘဲ ေျပာျပၿပီး ညႇိရင္ နားလည္မႈလြဲတာေတြေပ်ာက္ၿပီး ျပန္အဆင္ေျပႏိုင္ပါေသးတယ္။

၆။ ခြင့္လႊတ္ၿပီးေ႐ွ႕ဆက္မလား

ကိုယ္က သူ႔ကိုအရမ္းခ်စ္လို႔ မခြဲႏိုင္ဘူးဆုိရင္ ျပစ္ခ်က္ေတြ႐ွိေနတာေတာင္မွ လက္တြဲျဖဳတ္ဖုိ႔ခက္ပါတယ္။ ဒီေတာ့ သူ႔ကိုခြင့္လႊတ္လိုက္ၿပီး ဘာပဲျဖစ္ျဖစ္ ကိုယ့္အနားျပန္လာရင္ၿပီးတာပဲဆုိတဲ့ ခံယူခ်က္နဲ႔ ခ်စ္မယ္ဆုိရင္လည္း ကိုယ့္ဆႏၵပါပဲ။ ဒီလိုစံုတြဲဲေတြလည္း အမ်ားႀကီး႐ွိပါတယ္။ သူ႔အမွားေတြကို ေနာင္တရသြားတဲ့အခါ ကိုယ့္အနားမွာ ပိုၿပီးသစၥာ႐ွိစြာနဲ႔ ခ်စ္သြားတာမ်ိဳးလည္း ႐ွိၾကပါတယ္။

၇။ ေက်ာခိုင္းလိုက္ပါ

အခြင့္အေရးလည္း ေပးၿပီးၿပီ၊ ညႇိႏႈိင္းတာေတြလည္း လုပ္ၿပီးၿပီ ဒါေတာင္မွ အဆင္မေျပဘူးဆုိရင္ ဒီလိုလူမ်ိဳး ေက်ာခိုင္းလိုက္တာပဲေကာင္းပါတယ္။ ကိုယ္ကသူ႔အေပၚ သစၥာ႐ွိ႐ွိခ်စ္ပါလ်က္နဲ႔ ေဖာက္လႊဲေဖာက္ျပန္လုပ္တတ္တဲ့လူမ်ိဳးကို ခ်စ္ရတာ ေျမြေပြးခါးပိုက္ပိုက္သလိုျဖစ္ေနမွာပါပဲ။ ဒီလုိလူမ်ိဳးနဲ႔ ဇာတ္လမ္းတစ္ခန္းရပ္လိုက္ရင္ ကိုယ့္ဘဝက သာယာလွပသြားမွာ ေသခ်ာပါတယ္။ ဘဝထဲမွာ အမႈိက္ေတြကို လက္ခံထားမယ့္အစား ေက်ာခိုင္းထားခဲ့တာဟာ အေကာင္းဆံုးနည္းလမ္းပါ။

Credit: She Know
# Unicode Version ျဖင့္ ဖတ္ပါ #
အရင်ကလည်း ဖောက်ပြန်ဖူးတယ်၊ ခုလည်း ထပ်ဖောက်ပြန်တယ်ဆိုရင်တော့ သူက နောက်ထပ်အကြိမ်ပေါင်းများစွာ ဖောက်ပြန်နေဦးမှာပါပဲ။

၁။ ရှေ့ဆက်မလား၊ လမ်းခွဲမလား

တစ်ခုခုကို ဆုံးဖြတ်ဖို့ သေသေချာချာစဉ်းစားရပါမယ်။ သူနဲ့အတူရှေ့ဆက်ချင်စိတ်ရှိသေးလား၊ ရှေ့ဆက်လက်တွဲရလောက်အောင် ထိုက်တန်သူလားဆိုတာ စဉ်းစားဖို့လိုပါမယ်။ တစ်ခါတစ်ရံမှာ သူ့ဘက်က သစ္စာဖောက်တယ်ဆိုတာ ကိုယ့်ရဲ့လိုအပ်ချက်ကြောင့် ဒါမှမဟုတ် တစ်ဖက်ကအတင်းကာရော မြူဆွယ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ပြုပြင်ဖို့အချိန်မီပါသေးတယ်။ ဒီလိုမှမဟုတ်ဘဲ အရင်ကလည်း ဖောက်ပြန်ဖူးတယ်၊ ခုလည်း ထပ်ဖောက်ပြန်တယ်ဆိုရင်တော့ သူက နောက်ထပ်အကြိမ်ပေါင်းများစွာ ဖောက်ပြန်နေဦးမှာပါပဲ။

၂။ ထုတ်ပြောလိုက်ပါ

တစ်ယောက်တည်းကြိတ်ပြီး ခံစားမနေပါနဲ့။ ကိုယ်သိနေတယ်ဆိုတာကို သူ့ကိုပြောပြလိုက်ပါ။ ကိုယ့်ဘက်က ဘာလိုအပ်ချက်ရှိသလဲဆိုတာကို ပွင့်ပွင့်လင်းလင်းမေးနိုင်ပါတယ်။ ဘာကြောင့်ဖောက်ပြန်တာလဲ၊ ဘယ်လိုတွေဖြစ်ကုန်တာလဲဆိုတာကို သိရတဲ့အခါ ဖြေရှင်းရမယ့်နည်းလမ်းတွေကို ဆက်ပြီးစဉ်းစားနိုင်ပါပြီ။

၃။ ခဏလောက်ခွဲနေပါ

မျက်နှာချင်းဆိုင်တွေ့နေပြီး နှစ်ယောက်လုံး စိတ်ညစ်ရတာထက် အချိန်ခဏလောက် မတွေ့ဘဲနေကြည့်ပါ။ ဒီကြားထဲမှာ အပြန်အလှန် သုံးသပ်ပြီး သူသာကိုယ့်ကိုယ်တကယ်ချစ်မယ်ဆိုရင် ကိုယ့်ဆီ တန်းတန်းမတ်မတ် ပြန်လာပါလိမ့်မယ်။ ကိုယ်ကလည်း မခွဲနိုင်ဘူးဆိုရင် သူ့ကိုထွေးပွေ့ထားရုံပေါ့။ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်က သူ့ကိုလုံးဝလက်မခံနိုင်တော့ဘူးဆိုရင်လည်း အပြတ်ဖြတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို စဉ်းစားမိလာပါလိမ့်မယ်။

၄။ တိုင်ပင်ဆွေးနွေးပါ

အိမ်ထောင်ရေးအကြံပေးတွေ၊ ဒါမှမဟုတ် သူနဲ့ကိုယ့်အပေါ် စေတနာရှိပြီး သမာသမတ်ကျတဲ့ မိတ်ဆွေကောင်းတွေကို နှစ်ယောက်အတူ တိုင်ပင်ဆွေးနွေးကြည့်ပါ။ ဒေါသတကြီးဆုံးဖြတ်ပြီးမှ နောင်တရတာထက်စာရင် သေသေချာချာသိပြီး ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်ရတာ ပိုကောင်းပါတယ်။

၅။ ပြဿနာရင်းမြစ်ကိုရှာပါ

ဘာကြောင့် သူဖောက်ပြန်ရတာလဲဆိုတာ ဇစ်မြစ်ကိုရှာဖွေပါ။ ကိုယ်နဲ့အနေဝေးနေချိန်မှာ သူနဲ့အနေနီးသူက သွေးဆောင်ဖြားယောင်းတဲ့အခါ စိတ်ယိုင်သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ဘက်က သူ့အပေါ် ဘာတွေအမှားလုပ်မိသလဲဆိုတာကို စိစစ်ပါ။ ညှိနှိုင်းကြည့်ပါ။ သူ့ဆန္ဒနဲ့ ကိုယ့်ဆန္ဒကို ဒေါသမပါဘဲ ပြောပြပြီး ညှိရင် နားလည်မှုလွဲတာတွေပျောက်ပြီး ပြန်အဆင်ပြေနိုင်ပါသေးတယ်။

၆။ ခွင့်လွှတ်ပြီးရှေ့ဆက်မလား

ကိုယ်က သူ့ကိုအရမ်းချစ်လို့ မခွဲနိုင်ဘူးဆိုရင် ပြစ်ချက်တွေရှိနေတာတောင်မှ လက်တွဲဖြုတ်ဖို့ခက်ပါတယ်။ ဒီတော့ သူ့ကိုခွင့်လွှတ်လိုက်ပြီး ဘာပဲဖြစ်ဖြစ် ကိုယ့်အနားပြန်လာရင်ပြီးတာပဲဆိုတဲ့ ခံယူချက်နဲ့ ချစ်မယ်ဆိုရင်လည်း ကိုယ့်ဆန္ဒပါပဲ။ ဒီလိုစုံတွဲတွေလည်း အများကြီးရှိပါတယ်။ သူ့အမှားတွေကို နောင်တရသွားတဲ့အခါ ကိုယ့်အနားမှာ ပိုပြီးသစ္စာရှိစွာနဲ့ ချစ်သွားတာမျိုးလည်း ရှိကြပါတယ်။

၇။ ကျောခိုင်းလိုက်ပါ

အခွင့်အရေးလည်း ပေးပြီးပြီ၊ ညှိနှိုင်းတာတွေလည်း လုပ်ပြီးပြီ ဒါတောင်မှ အဆင်မပြေဘူးဆိုရင် ဒီလိုလူမျိုး ကျောခိုင်းလိုက်တာပဲကောင်းပါတယ်။ ကိုယ်ကသူ့အပေါ် သစ္စာရှိရှိချစ်ပါလျက်နဲ့ ဖောက်လွှဲဖောက်ပြန်လုပ်တတ်တဲ့လူမျိုးကို ချစ်ရတာ မြွေပွေးခါးပိုက်ပိုက်သလိုဖြစ်နေမှာပါပဲ။ ဒီလိုလူမျိုးနဲ့ ဇာတ်လမ်းတစ်ခန်းရပ်လိုက်ရင် ကိုယ့်ဘဝက သာယာလှပသွားမှာ သေချာပါတယ်။ ဘဝထဲမှာ အမှိုက်တွေကို လက်ခံထားမယ့်အစား ကျောခိုင်းထားခဲ့တာဟာ အကောင်းဆုံးနည်းလမ်းပါ။

Credit: She Know
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top