iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြ ရရွိထားတဲ့ အႏုပညာရွင္ ဇနီးေမာင္ႏွံႏွစ္ဦးျဖစ္တဲ့ ခ်မ္းခ်မ္း နဲ႔ ဘုဏ္းသိုက္တို႔ဟာ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းေလာက္မွာ အိမ္ေထာင္ေရး အဆင္မေျပမႈေလးေတြ ႀကဳံေတြခဲ့ရၿပီး ဘုဏ္းသိုက္ကေတာ့ အိမ္ေထာင္ေရး အဆင္မေျပမႈမွာ အဓိကလူအျဖစ္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကို ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ ခ်မ္းခ်မ္းနဲ႔ ဘုဏ္းသိုက္တို႔ႏွစ္ဦးကို ျပန္လည္ အဆင္ေျပသင့္ျမတ္သြားဖို႔အတြက္ ေမွ်ာ္လင့္ေနၾကေပမယ့္လည္း ဘုန္းသိုက္ကေတာ့ ဒီေန႔မွာ သူတို႔ဇနီးေမာင္ႏွံႏွစ္ဦး ျပန္မေပါင္းျဖစ္ရတဲ့ အေၾကာင္းကို ပရိသတ္ေတြကို ဖြင့္ေျပာလာပါတယ္။ ဘုန္းသိုက္က “ကဲ ! ဒီတစ္ခါ ပထမဆုံးနဲ႔ ေနာက္ဆုံးအႀကိမ္ ကြၽန္ေတာ္ ရွင္းျပပါ့မယ္။ ဒီ မိသားစုေလး ျပန္ေပါင္းစည္းဖို႔အေရး ကြၽနိေတာ္ မ်ိဳးစုံႀကိဳးစားပါတယ္။” လို႔ေရးသားၿပီး ပရိသတ္ေတြကို ရွင္းျပထားတာျဖစ္ပါတယ္။

ဘုဏ္းသိုက္ကေတာ့ “အေသးစိတ္သိလို႔ တစ္ေယာက္ကို ၿငိဳျငင္သြားမယ္ဆိုရင္ အေသးစိတ္မသိဘဲကြၽန္ေတာ့္ကို ၿငိဳျငင္ေနတာက ရတယ္။ ဘာမွ မျဖစ္ဘူး။ ဒါက ကြၽန္ေတာ္ တစ္ သက္လုံး ႐ိုးေနၿပီ လူဆိုးဘြဲ႕ခံလာတာ။” လို႔လဲ ပရိသတ္ေတြကို ေျပာျပခဲ့ပါေသးတယ္။

ဘုဏ္းသိုက္ကေတာ့ သူရဲ႕ ခံစားခ်က္ေတြနဲ႔ ပတ္သတ္ၿပီး ေဖ့စ္ဘုတ္ေပၚမွာ ကဗ်ာေလးတစ္ပုဒ္ တင္ခဲ့ၿပီးေနာက္ ေဖ့စ္ဘုတ္ေပၚက ပရိသတ္ေတြကို မိသားစုေလး ျပန္ေပါင္းစည္းဖို႔အတြက္ အခက္အခဲျဖစ္ေနတဲ့ အေၾကာင္းေလးကို ေျပာျပခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြလည္း မိသားစုေပါင္းစည္းဖို႔အေရး ေခါင္းခဲေနတဲ့ ဘုဏ္းသိုက္ကို အားေပးလိုက္ၾကပါဦးေနာ္။

Source: Hpone Thaik facebook

Credit:  Celenow

#Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ ရရှိထားတဲ့ အနုပညာရှင် ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ ချမ်းချမ်း နဲ့ ဘုဏ်းသိုက်တို့ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်မှာ အိမ်ထောင်ရေး အဆင်မပြေမှုလေးတွေ ကြုံတွေခဲ့ရပြီး ဘုဏ်းသိုက်ကတော့ အိမ်ထောင်ရေး အဆင်မပြေမှုမှာ အဓိကလူအဖြစ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့နှစ်ဦးကို ပြန်လည် အဆင်ပြေသင့်မြတ်သွားဖို့အတွက် မျှော်လင့်နေကြပေမယ့်လည်း ဘုန်းသိုက်ကတော့ ဒီနေ့မှာ သူတို့ဇနီးမောင်နှံနှစ်ဦး ပြန်မပေါင်းဖြစ်ရတဲ့ အကြောင်းကို ပရိသတ်တွေကို ဖွင့်ပြောလာပါတယ်။ ဘုန်းသိုက်က “ကဲ ! ဒီတစ်ခါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ကျွန်တော် ရှင်းပြပါ့မယ်။ ဒီ မိသားစုလေး ပြန်ပေါင်းစည်းဖို့အရေး ကျွနိတော် မျိုးစုံကြိုးစားပါတယ်။” လို့ရေးသားပြီး ပရိသတ်တွေကို ရှင်းပြထားတာဖြစ်ပါတယ်။

ဘုဏ်းသိုက်ကတော့ “အသေးစိတ်သိလို့ တစ်ယောက်ကို ငြိုငြင်သွားမယ်ဆိုရင် အသေးစိတ်မသိဘဲကျွန်တော့်ကို ငြိုငြင်နေတာက ရတယ်။ ဘာမှ မဖြစ်ဘူး။ ဒါက ကျွန်တော် တစ် သက်လုံး ရိုးနေပြီ လူဆိုးဘွဲ့ခံလာတာ။” လို့လဲ ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ်။

ဘုဏ်းသိုက်ကတော့ သူရဲ့ ခံစားချက်တွေနဲ့ ပတ်သတ်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ကဗျာလေးတစ်ပုဒ် တင်ခဲ့ပြီးနောက် ဖေ့စ်ဘုတ်ပေါ်က ပရိသတ်တွေကို မိသားစုလေး ပြန်ပေါင်းစည်းဖို့အတွက် အခက်အခဲဖြစ်နေတဲ့ အကြောင်းလေးကို ပြောပြခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေလည်း မိသားစုပေါင်းစည်းဖို့အရေး ခေါင်းခဲနေတဲ့ ဘုဏ်းသိုက်ကို အားပေးလိုက်ကြပါဦးနော်။

Source: Hpone Thaik facebook

Credit:  Celenow
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top