iMyanmarHouse.com - Best Property Website for Myanmar
×

ခုေနာက္ပိုင္းမွာ အိမ္တြင္းကုထံုး၊ မ်က္ႏွာေပါင္းတင္နည္း၊ ဆံပင္ေပါင္းတင္နည္းစတဲ့ သဘာဝပစၥည္း မ်ားနဲ႔ အလွအပ ထိန္းသိမ္းနည္းလမ္းေတြက ေတာ္ေတာ္ေလး ေခတ္စားလာတာကို ေတြ႔ရပါတယ္။ ဓာတုပစၥည္းေတြ ပါဝင္တဲ့ ေစ်းကြက္ထဲက အလွကုန္ပစၥည္းေတြကို မသံုးခ်င္ေတာ့လို႔ သဘာဝ အဆီ၊ သစ္သီး စတာေတြနဲ႔ အလွအပထိန္းသိမ္းတဲ့ နည္းလမ္းေတြက သင့္အတြက္ ပိုေကာင္းတယ္ဆို ဆိုေပမယ့္ တခ်ိဳ႕နည္းလမ္းေတြ က်ေတာ့ သင့္အသားအေရကို ဆိုးရြားစြာ ထိခိုက္ေစႏုိင္တာကို သတိျပဳဖုိ႔ေတာ့ လိုပါတယ္။ ဒါ့ေၾကာင့္ သတိျပဳသင့္တဲ့ အိမ္တြင္းကုထံုးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

သဘာဝအဆီေတြျဖစ္တဲ့ သံလြင္ဆီ၊ ၾကက္ဆူဆီနဲ႔ အျခားေသာ essential oil ေတြကို အလြန္အကၽြံအသံုး မျပဳသင့္ပါဘူး။ မ်ားေသာအားျဖင့္က ဒီအဆီေတြကို အေရျပားႏူးညံ႔ေခ်ာေမြ႔ ဖို႔အတြက္နဲ႔ ေပါင္ရင္းက cellulite အဆီပိုေတြကို ဖယ္ရွားဖို႔အတြက္ အသံုးျပဳတတ္ၾကပါတယ္။ အသံုးျပဳတဲ့အခါမွာ အဆီလိမ္းၿပီး ပလက္စတစ္နဲ႔ အုပ္ထားတာမ်ိဳး ျပဳလုပ္တာက အဆိုးဆံုးပါပဲ။ အခန္႔မသင့္ရင္ အေရျပားအပူေလာင္သလိုမ်ိဳး နီရဲလာၿပီး ယားယံျခင္း၊ အသားပဲ့ျခင္းမ်ိဳး ျဖစ္လာတတ္ပါတယ္။ ဒါ့ေၾကာင့္ သဘာဝအဆီေတြကို ႏူးညံ႔တဲ့ အေရျပားေပၚ အလြန္အၾကဴး သုတ္လိိမ္းၿပီး ေပါင္းတင္တာမ်ိဳး မျပဳလုပ္သင့္ပါဘူး။

ႏႈတ္ခမ္းသားေလး အိအိေလးနဲ႔ သဘာဝအတုိင္း ပန္းေရာင္သမ္းေစဖို႔အတြက္ ႏႈတ္ခမ္းသားကို scrub လုပ္တာကလည္း ေခတ္စားလာပါတယ္။ သြားတိုက္ေဆးနဲ႔ သြားပြတ္တံကို အသံုးျပဳၿပီး ႏႈတ္ခမ္းသားေပၚ ပြတ္တိုက္ေပးမယ္ဆိုရင္ ႏႈတ္ခမ္းသားမွာ ကပ္ညွိေနတဲ့ ဆဲလ္ေသမ်ားကို ဖယ္ရွားသန္႔စင္ေပးႏုိင္ၿပီး သဘာဝအတိုင္း ပန္းေရာင္သမ္းလာေစပါတယ္။ ဒါေပမယ့္ သင္အသံုးျပဳတဲ့ သြားတိုက္တံက ၾကမ္းတမ္းေနမယ္၊ ေနာက္ၿပီး ဘတ္တီးရီးယား ပိုးမႊား ကပ္ညွိေနတဲ့ သြားတိုက္တံနဲ႔ အသံုးျပဳမိမယ္ဆိုရင္ ႏႈတ္ခမ္းသားကြဲအက္ျခင္းနဲ႔ ဘတ္တီးရီးယားပိုးမႊား ဝင္ေရာက္မႈေၾကာင့္ အနာျဖစ္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ သြားတိုက္ေဆးနဲ႔သြားတိုက္တံကုိ အသံုးျပဳၿပီး ႏႈတ္ခမ္းသား scrub မၾကာခဏ လုပ္တာမ်ိဳး ေရွာင္ၾကဥ္သင့္ပါတယ္။

မ်က္ခံုးေမႊး၊ မ်က္ေတာင္ေမႊးေတြ ရွည္လ်ားလွပဖို႔အတြက္ မုန္ညင္းေစ့၊ ၾကက္ဥ၊ သၾကားနဲ႔ သဘာဝသံလြင္ဆီ အေရာအေႏွာကို အသံုးျပဳၾကတာ ၾကားဖူးၾကမယ္ ထင္ပါတယ္။ ဒီနည္းလမ္းက အမွန္တကယ္ အစြမ္းထက္တယ္ ဆိုေပမယ့္ တခ်ိဳ႕အေရျပားႏုတဲ့သူေတြအတြက္ေတာ့ အဆင္မေျပလွပါဘူး။ အလာ့ဂ်စ္ျဖစ္ျခင္း၊ အေရျပားနီရဲ ယားယံျခင္းအျပင္ မ်က္လံုးတစ္ဝိုက္ ႏူးညံ႔တဲ့အတြက္ ေဘးထြက္ဆိုးက်ိဳး အမ်ားႀကီးျဖစ္ႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ဒါကို အသံုးျပဳေတာ့မယ္ ဆိုရင္ လက္ေမာင္းနားကို အရင္ဆံုး စမ္းသပ္ၾကည့္သင့္ပါဘူး။ အသားနီျမန္းၿပီး အလာ့ဂ်စ္ျဖစ္လာတယ္ ဆိုရင္ေတာ့ ဒီနည္းလမ္းကို လံုးဝ အသံုးမျပဳသင့္ပါဘူး။

လက္သည္းေတြ ဝါညစ္မေနဘဲ ရွည္လ်ားလွပေစဖို႔ အတြက္ အပူေပးထားတဲ့ သဘာဝအဆီနဲ႔ သံပရိုရည္၊ ဒါမွမဟုတ္ သံပရာရည္ကို အသံုးျပဳၿပီး treatment လုပ္တာမ်ိဳး ျပဳလုပ္ၾကပါတယ္။ သံပရာရည္မွာ ပါဝင္တဲ့ အက္ဆစ္ဓာတ္နဲ႔ သဘာဝအဆီနဲ႔ ေပါင္းစပ္မိတဲ့အခါ အေရျပား အလာ့ဂ်စ္ျဖစ္ေပၚႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ဒီနည္းလမ္းကိုု မၾကာခဏ ျပဳလုပ္မယ္ဆိုရင္ အေရျပားေျခာက္ေသြ႔လာၿပီး ယားယံျခင္း၊ နီျမန္းၿပီး အလာ့ဂ်စ္မ်ား ထြက္ေပၚ လာျခင္းမ်ိဳး ျဖစ္ေပၚတတ္တဲ့အတြက္ သတိထားဆင္ျခင္သင့္ပါတယ္။

Credit : ျမန္မာပလပ္ေဖာင္း
# Unicode Version ျဖင့္ ဖတ္ပါ #
ခုနောက်ပိုင်းမှာ အိမ်တွင်းကုထုံး၊ မျက်နှာပေါင်းတင်နည်း၊ ဆံပင်ပေါင်းတင်နည်းစတဲ့ သဘာဝပစ္စည်း များနဲ့ အလှအပ ထိန်းသိမ်းနည်းလမ်းတွေက တော်တော်လေး ခေတ်စားလာတာကို တွေ့ရပါတယ်။ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ဈေးကွက်ထဲက အလှကုန်ပစ္စည်းတွေကို မသုံးချင်တော့လို့ သဘာဝ အဆီ၊ သစ်သီး စတာတွေနဲ့ အလှအပထိန်းသိမ်းတဲ့ နည်းလမ်းတွေက သင့်အတွက် ပိုကောင်းတယ်ဆို ဆိုပေမယ့် တချို့နည်းလမ်းတွေ ကျတော့ သင့်အသားအရေကို ဆိုးရွားစွာ ထိခိုက်စေနိုင်တာကို သတိပြုဖို့တော့ လိုပါတယ်။ ဒါ့ကြောင့် သတိပြုသင့်တဲ့ အိမ်တွင်းကုထုံးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သဘာဝအဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ ကြက်ဆူဆီနဲ့ အခြားသော essential oil တွေကို အလွန်အကျွံအသုံး မပြုသင့်ပါဘူး။ များသောအားဖြင့်က ဒီအဆီတွေကို အရေပြားနူးညံ့ချောမွေ့ ဖို့အတွက်နဲ့ ပေါင်ရင်းက cellulite အဆီပိုတွေကို ဖယ်ရှားဖို့အတွက် အသုံးပြုတတ်ကြပါတယ်။ အသုံးပြုတဲ့အခါမှာ အဆီလိမ်းပြီး ပလက်စတစ်နဲ့ အုပ်ထားတာမျိုး ပြုလုပ်တာက အဆိုးဆုံးပါပဲ။ အခန့်မသင့်ရင် အရေပြားအပူလောင်သလိုမျိုး နီရဲလာပြီး ယားယံခြင်း၊ အသားပဲ့ခြင်းမျိုး ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် သဘာဝအဆီတွေကို နူးညံ့တဲ့ အရေပြားပေါ် အလွန်အကြူး သုတ်လိမ်းပြီး ပေါင်းတင်တာမျိုး မပြုလုပ်သင့်ပါဘူး။

နှုတ်ခမ်းသားလေး အိအိလေးနဲ့ သဘာဝအတိုင်း ပန်းရောင်သမ်းစေဖို့အတွက် နှုတ်ခမ်းသားကို scrub လုပ်တာကလည်း ခေတ်စားလာပါတယ်။ သွားတိုက်ဆေးနဲ့ သွားပွတ်တံကို အသုံးပြုပြီး နှုတ်ခမ်းသားပေါ် ပွတ်တိုက်ပေးမယ်ဆိုရင် နှုတ်ခမ်းသားမှာ ကပ်ညှိနေတဲ့ ဆဲလ်သေများကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး သဘာဝအတိုင်း ပန်းရောင်သမ်းလာစေပါတယ်။ ဒါပေမယ့် သင်အသုံးပြုတဲ့ သွားတိုက်တံက ကြမ်းတမ်းနေမယ်၊ နောက်ပြီး ဘတ်တီးရီးယား ပိုးမွှား ကပ်ညှိနေတဲ့ သွားတိုက်တံနဲ့ အသုံးပြုမိမယ်ဆိုရင် နှုတ်ခမ်းသားကွဲအက်ခြင်းနဲ့ ဘတ်တီးရီးယားပိုးမွှား ဝင်ရောက်မှုကြောင့် အနာဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် သွားတိုက်ဆေးနဲ့သွားတိုက်တံကို အသုံးပြုပြီး နှုတ်ခမ်းသား scrub မကြာခဏ လုပ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

မျက်ခုံးမွှေး၊ မျက်တောင်မွှေးတွေ ရှည်လျားလှပဖို့အတွက် မုန်ညင်းစေ့၊ ကြက်ဥ၊ သကြားနဲ့ သဘာဝသံလွင်ဆီ အရောအနှောကို အသုံးပြုကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ ဒီနည်းလမ်းက အမှန်တကယ် အစွမ်းထက်တယ် ဆိုပေမယ့် တချို့အရေပြားနုတဲ့သူတွေအတွက်တော့ အဆင်မပြေလှပါဘူး။ အလာ့ဂျစ်ဖြစ်ခြင်း၊ အရေပြားနီရဲ ယားယံခြင်းအပြင် မျက်လုံးတစ်ဝိုက် နူးညံ့တဲ့အတွက် ဘေးထွက်ဆိုးကျိုး အများကြီးဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒါကို အသုံးပြုတော့မယ် ဆိုရင် လက်မောင်းနားကို အရင်ဆုံး စမ်းသပ်ကြည့်သင့်ပါဘူး။ အသားနီမြန်းပြီး အလာ့ဂျစ်ဖြစ်လာတယ် ဆိုရင်တော့ ဒီနည်းလမ်းကို လုံးဝ အသုံးမပြုသင့်ပါဘူး။

လက်သည်းတွေ ဝါညစ်မနေဘဲ ရှည်လျားလှပစေဖို့ အတွက် အပူပေးထားတဲ့ သဘာဝအဆီနဲ့ သံပရိုရည်၊ ဒါမှမဟုတ် သံပရာရည်ကို အသုံးပြုပြီး treatment လုပ်တာမျိုး ပြုလုပ်ကြပါတယ်။ သံပရာရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်နဲ့ သဘာဝအဆီနဲ့ ပေါင်းစပ်မိတဲ့အခါ အရေပြား အလာ့ဂျစ်ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းကိုု မကြာခဏ ပြုလုပ်မယ်ဆိုရင် အရေပြားခြောက်သွေ့လာပြီး ယားယံခြင်း၊ နီမြန်းပြီး အလာ့ဂျစ်များ ထွက်ပေါ် လာခြင်းမျိုး ဖြစ်ပေါ်တတ်တဲ့အတွက် သတိထားဆင်ခြင်သင့်ပါတယ်။

Credit : မြန်မာပလပ်ဖောင်း
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top