iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြနဲ႔ပတ္သက္ၿပီး သင္ဘယ္ေလာက္ထိသိထားပါသလဲ။ အမ်ိဳးသမီးေတြရဲ႕ ေျခ၊ လက္၊ ရင္သား၊ မမ်ိဳးပြားအဂၤါေတြနဲ႔ပတ္သက္ၿပီး သိပၸံနည္းက်ေလ့လာထားတဲ့ စိတ္ဝင္စားစရာေကာင္းတဲ့အေၾကာင္းအရာမ်ားစြာရွိပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြရဲ႕မမ်ိဳးပြား အဂၤါနဲ႔ပတ္သက္ၿပီး သင္မသိေသးတဲ့ေလ့လာေတြ႕ ရွိခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

အမ်ိဳးသမီးေတြရဲ႕မမ်ိဳးပြားအဂၤါရဲ႕အနက္ဟာ ပ်မ္းမွ် ၃ဒသမ ၇၇လက္မဝန္းက်င္ရွိတယ္လို႔ဆိုပါတယ္။ ဒါေပမဲ့တစ္ေယာက္နဲ႔တစ္ေယာက္ခႏၶာကိုယ္ႀကီးထြားဖြံ႕ၿဖိဳးပံုခ်င္းမတူၾကတဲ့အတြက္ တခ်ိဳ႕ဆို ၇ဒသမ ၆လက္မအထိ အနက္ရွိၿပီးေတာ့ စင္တီမီတာနဲ႔တိုင္းမယ္ဆိုရင္ ၁၇ဒသမ၇ စင္တီမီတာနီးပါးရွိ တယ္လို႔ ဆိုပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ အမ်ိဳးသမီးေတြရဲ႕မမ်ိဳးပြားအဂၤါနဲ႔ပတ္သက္ၿပီးေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ေတြကိုလည္းေဖာ္ျပေပးခ်င္ပါေသးတယ္။

အရြယ္အစားနဲ႔ပံုပန္းသ႑န္

အေစာပိုင္းကေျပာခဲ့သလိုပဲ အမ်ိဳးသမီးေတြရဲ႕မမ်ိဳးပြားအဂၤါဟာ သားအိမ္ေခါင္းထိပ္ပိုင္း ကေနစတင္ တိုင္းတာမယ္ဆိုရင္ အနက္အားျဖင့္ ၇လက္မ(၁၇ဒသမ၇စင္တီ)အထိရွိပါတယ္။

မမ်ိဳးပြားအဂၤါမွာ သားအိမ္ကိုဦးတည္ေနတဲ့ လမ္းေၾကာင္းရွိၿပီးေတာ့အဲဒီလမ္းေၾကာင္းက သားအိမ္နဲ႔မအဂၤါ(ဗဂ်ိဳင္းနား)ကိုခြဲျခားေပး ထားတာျဖစ္ပါတယ္။မအဂၤါရဲ႕ အတြင္းပိုင္း တစ္ရွဴးေတြမွာလည္းပံုစံအမ်ိဳးမ်ိဳးရွိၿပီး mucosa လို႔ေခၚတဲ့တစ္ရွဴးကေတာ့ ေခ်ာဆီထုတ္ေပးတဲ့ဆဲလ္ေတြကိုအထူးထုတ္လုပ္ေပး ပါတယ္။ အဲဒီေခ်ာဆီေတြကေတာ့ မဂၤါရဲ႕နံရံေတြရဲ႕က်ံဳ႕ႏိုင္ဆန္႔ႏိုင္မႈကိုကူညီေထာက္ပံ့ေပးပါတယ္။ မမ်ိဳးပြား အဂၤါရဲ႕ အျပင္ဘက္ဆံုးအပိုင္းဟာ အဂၤါဇာတ္ျဖစ္ၿပီးေတာ့အေတာ္ေလးက်ယ္ပါတယ္။ သူ႔မွာ အျပင္ႏႈတ္ခမ္းနဲ႔အတြင္းႏႈတ္ခမ္းရွိၿပီးေတာ့ အျပင္ႏႈတ္ခမ္းဟာ ၂ဒသမ၇လက္မကေန ၄ဒသမ၇လက္မ အထိဆန္႔ႏိုင္စြမ္းရွိပါတယ္။ ဒါေၾကာင့္လည္း သားသမီး ရတနာေမြး ဖြားႏိုင္ၾကျခင္းပဲျဖစ္ပါတယ္။

အရြယ္အစားေၾကာင့္ ဘယ္လိုသက္ေရာက္မႈေတြျဖစ္သလဲ

အမ်ိဳးသမီးေတြရဲ႕မ်ိဳးပြားအဂၤါေတြဟာ အရြယ္အစားဒါမွမဟုတ္ လမ္းေၾကာင္းအနက္ဟာ အေျခ အေနေပၚမူတည္ၿပီးေျပာင္းလဲမႈရွိပါတယ္။ အဲဒါကေတာ့ ပစၥည္းတုနဲ႔ေသာ္လည္းေကာင္း၊ ပါတနာနဲ ႔ေသာ္လည္းေကာင္းလိင္ဆက္ဆံတဲ့အခါ ဒါမွဟုတ္ လစဥ္သံုးပစၥည္တစ္ခုျဖစ္တဲ့ Tamponလိုအရာမ်ိဳး ထိုးသြင္းတဲ့အခါ ဆန္႔ႏိုင္၊ က်ယ္ႏိုင္ၾကပါတယ္။ လိင္စိတ္ျပင္းထန္ တဲ့အခ်ိန္မ်ိဳးမွာ မအဂၤါကေန ေသြးစီး ဆင္းေလ့ရွိၿပီး အဂၤါဇာတ္ကပိုၿပီးဖြံ႕ၿဖိဳးလာၿပီး လိင္ဆက္ဆံႏိုင္ျခင္းျဖစ္ပါတယ္။

ဘယ္လိုပံုမွန္မဟုတ္တဲ့ေျပာင္းလဲမႈေတြရွိလဲ

သိပၸံပညာရွင္မ်ားရဲ႕ေလ့လာေတြ႕ရွိခ်က္အရ အမ်ိဳးသမီးေတြရဲ႕မမ်ိဳးပြားအဂၤါနဲ႔ အသက္အရြယ္ၾကားမွာ ခ်ိတ္ဆက္မႈမရွိဘူးလို႔ဆိုပါတယ္။ ဆိုလိုတာက အသက္အရြယ္ေၾကာင့္ ပံုစံေျပာင္းတာ၊ အရြယ္ အစားေျပာင္းလဲသြားတာမ်ိဳးျဖစ္ေလ့မရွိဘူးဆိုတာပါပဲ။

တခါတရံမေဟာ္မုန္းဓာတ္နည္းပါးေနတဲ့အခ်ိန္ေတြမွာ မအဂၤါဇာတ္ႏႈတ္ခမ္းေတြဟာ ပံုမွန္ထက္ေသး ငယ္သြားတာမ်ိဳးရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အသက္အရြယ္ေၾကာင့္ ကိုလာဂ်င္နဲ႔အဆီေတြ ကိုေလွ်ာ့ခ်ေပးႏိုင္တဲ့ မေဟာ္မုန္းဓာတ္နည္းသြားတဲ့အတြက္ျဖစ္ပါတယ္။

လိင္အဂၤါဇာတ္ဟာေဟာ္မုန္းေျပာင္းလဲခ်ိန္ဆို ပံုမွန္ထက္ျဖဴေဖ်ာ့သြားတာပဲျဖစ္ျဖစ္၊ ညိဳသြားတာပဲျဖစ္ျဖစ္ အေရာင္ေျပာင္းလဲမႈေတြျဖစ္ေလ့ရွိပါတယ္။

အခ်ိဳ႕အမ်ိဳးသမီးေတြမွာေတာ့ ကေလးေမြးဖြားၿပီးတဲ့အခ်ိန္မွာ မဂၤါကေန ခံစားမႈကြဲျပားသြားတတ္ၾကပါ တယ္။ ဒီလိုအေျခအေနမ်ိဳးမွာေယာဂအေျခခံက်င့္စဥ္ျဖစ္တဲ့ Bridge Pose ေလ့က်င့္ခန္းကို ပံုမွန္ လုပ္ေပးသင့္တယ္လို႔ဆိုပါတယ္။

မမ်ိဳးပြားအဂၤါနဲ႔ အမ်ိဳးသားအဂၤါႏွစ္ခုရဲ႕အရြယ္အစားကြာျခားခ်က္

မ်ားေသာအားျဖင့္ အမ်ိဳးသားအဂၤါဟာ မအဂၤါထက္ ၃၃ရာခိုင္ႏႈန္းပိုရွည္ၾကပါတယ္။ ၂၀၁၅ခုႏွစ္ရဲ႕ေလ့ လာေတြ႕ရွိခ်က္အရ အမ်ိဳးသားအဂၤါေတြရဲ႕အရွည္ဟာ ပ်မ္းမွ်အားျဖင့္ ၅လက္မ(၁၃ဒသမ၁၂စင္တီ)ရွိ တယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ အခ်ိဳ႕အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ပါတနာေတြနဲ႔ဆက္ဆံတဲ့အခါနာက်င္ မႈျဖစ္ၿပီး မသက္မသာျဖစ္ေစ တယ္လို႔ လည္းဆိုၾကပါတယ္။


မမ်ိဳးပြားအဂၤါရဲ႕က်န္းမာေရးအတြက္ဘာေတြသိထားသင့္လဲ

အမ်ိဳးသမီးေတြအေနနဲ႔ မမ်ိဳးပြားအဂၤါရဲ႕က်န္းမာေရးနဲ႔ပတ္သက္ၿပီးမေပါ့ဆသင့္ပါဘူး။ ဒါေၾကာင့္ အခုေဖာ္ျပမယ့္အခ်က္ေတြကိုသိထားဖို႔လိုပါတယ္။ အဲဒါေတြကေတာ့ မမ်ိဳးပြား အဂၤါအတြက္ ျပင္းထန္တဲ့ သန္႔စင္ေဆးရည္ေတြမသံုးသင့္ပါဘူး။ သဘာဝအတိုင္းသန္႔ရွင္းေရးမႈရွိတဲ့အတြက္ သန္႔စင္ေဆးရည္နဲ႔ စပေရးေတြမသံုးသင့္ပါဘူး။

တင္းၾကပ္တဲ့အဝတ္အစားေတြ၊ ေရကူးဝတ္စံုေတြကို အခ်ိန္အၾကာႀကီးမဝတ္ထားသင့္ပါဘူး။ ဒါ့အျပင္ လစဥ္သံုးပစၥည္းေတြကိုလည္း ထပ္ခါထပ္ခါလဲ လွယ္ေပးဖို႔လိုပါတယ္။ဒါ့အျပင္လိင္ဆက္ဆံၿပီးတိုင္းခ်က္ခ်င္းဆီးသြားဖို႔လိုအပ္ၿပီးအဲဒီလိုလုပ္ျခင္းအားျဖင့္ဆီးလမ္းေၾကာင္းေရာဂါပိုးဝင္ေရာက္ျခင္းကိုေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ဆိုပါတယ္။

Credit : ျမန္မာပလပ္ေဖာင္း
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး သင်ဘယ်လောက်ထိသိထားပါသလဲ။ အမျိုးသမီးတွေရဲ့ ခြေ၊ လက်၊ ရင်သား၊ မမျိုးပွားအင်္ဂါတွေနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျလေ့လာထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများစွာရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့မမျိုးပွား အင်္ဂါနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့လေ့လာတွေ့ ရှိချက်တွေကို ဖော်ပြပေးချင်ပါတယ်။

အမျိုးသမီးတွေရဲ့မမျိုးပွားအင်္ဂါရဲ့အနက်ဟာ ပျမ်းမျှ ၃ဒသမ ၇၇လက်မဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့တစ်ယောက်နဲ့တစ်ယောက်ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးပုံချင်းမတူကြတဲ့အတွက် တချို့ဆို ၇ဒသမ ၆လက်မအထိ အနက်ရှိပြီးတော့ စင်တီမီတာနဲ့တိုင်းမယ်ဆိုရင် ၁၇ဒသမ၇ စင်တီမီတာနီးပါးရှိ တယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့မမျိုးပွားအင်္ဂါနဲ့ပတ်သက်ပြီးနောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကိုလည်းဖော်ပြပေးချင်ပါသေးတယ်။

အရွယ်အစားနဲ့ပုံပန်းသဏ္ဍန်

အစောပိုင်းကပြောခဲ့သလိုပဲ အမျိုးသမီးတွေရဲ့မမျိုးပွားအင်္ဂါဟာ သားအိမ်ခေါင်းထိပ်ပိုင်း ကနေစတင် တိုင်းတာမယ်ဆိုရင် အနက်အားဖြင့် ၇လက်မ(၁၇ဒသမ၇စင်တီ)အထိရှိပါတယ်။

မမျိုးပွားအင်္ဂါမှာ သားအိမ်ကိုဦးတည်နေတဲ့ လမ်းကြောင်းရှိပြီးတော့အဲဒီလမ်းကြောင်းက သားအိမ်နဲ့မအင်္ဂါ(ဗဂျိုင်းနား)ကိုခွဲခြားပေး ထားတာဖြစ်ပါတယ်။မအင်္ဂါရဲ့ အတွင်းပိုင်း တစ်ရှူးတွေမှာလည်းပုံစံအမျိုးမျိုးရှိပြီး mucosa လို့ခေါ်တဲ့တစ်ရှူးကတော့ ချောဆီထုတ်ပေးတဲ့ဆဲလ်တွေကိုအထူးထုတ်လုပ်ပေး ပါတယ်။ အဲဒီချောဆီတွေကတော့ မင်္ဂါရဲ့နံရံတွေရဲ့ကျုံ့နိုင်ဆန့်နိုင်မှုကိုကူညီထောက်ပံ့ပေးပါတယ်။ မမျိုးပွား အင်္ဂါရဲ့ အပြင်ဘက်ဆုံးအပိုင်းဟာ အင်္ဂါဇာတ်ဖြစ်ပြီးတော့အတော်လေးကျယ်ပါတယ်။ သူ့မှာ အပြင်နှုတ်ခမ်းနဲ့အတွင်းနှုတ်ခမ်းရှိပြီးတော့ အပြင်နှုတ်ခမ်းဟာ ၂ဒသမ၇လက်မကနေ ၄ဒသမ၇လက်မ အထိဆန့်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်လည်း သားသမီး ရတနာမွေး ဖွားနိုင်ကြခြင်းပဲဖြစ်ပါတယ်။

အရွယ်အစားကြောင့် ဘယ်လိုသက်ရောက်မှုတွေဖြစ်သလဲ

အမျိုးသမီးတွေရဲ့မျိုးပွားအင်္ဂါတွေဟာ အရွယ်အစားဒါမှမဟုတ် လမ်းကြောင်းအနက်ဟာ အခြေ အနေပေါ်မူတည်ပြီးပြောင်းလဲမှုရှိပါတယ်။ အဲဒါကတော့ ပစ္စည်းတုနဲ့သော်လည်းကောင်း၊ ပါတနာနဲ့သော်လည်းကောင်းလိင်ဆက်ဆံတဲ့အခါ ဒါမှဟုတ် လစဉ်သုံးပစ္စည်တစ်ခုဖြစ်တဲ့ Tamponလိုအရာမျိုး ထိုးသွင်းတဲ့အခါ ဆန့်နိုင်၊ ကျယ်နိုင်ကြပါတယ်။ လိင်စိတ်ပြင်းထန် တဲ့အချိန်မျိုးမှာ မအင်္ဂါကနေ သွေးစီး ဆင်းလေ့ရှိပြီး အင်္ဂါဇာတ်ကပိုပြီးဖွံ့ဖြိုးလာပြီး လိင်ဆက်ဆံနိုင်ခြင်းဖြစ်ပါတယ်။

ဘယ်လိုပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတွေရှိလဲ

သိပ္ပံပညာရှင်များရဲ့လေ့လာတွေ့ရှိချက်အရ အမျိုးသမီးတွေရဲ့မမျိုးပွားအင်္ဂါနဲ့ အသက်အရွယ်ကြားမှာ ချိတ်ဆက်မှုမရှိဘူးလို့ဆိုပါတယ်။ ဆိုလိုတာက အသက်အရွယ်ကြောင့် ပုံစံပြောင်းတာ၊ အရွယ် အစားပြောင်းလဲသွားတာမျိုးဖြစ်လေ့မရှိဘူးဆိုတာပါပဲ။

တခါတရံမဟော်မုန်းဓာတ်နည်းပါးနေတဲ့အချိန်တွေမှာ မအင်္ဂါဇာတ်နှုတ်ခမ်းတွေဟာ ပုံမှန်ထက်သေး ငယ်သွားတာမျိုးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက်အရွယ်ကြောင့် ကိုလာဂျင်နဲ့အဆီတွေ ကိုလျှော့ချပေးနိုင်တဲ့ မဟော်မုန်းဓာတ်နည်းသွားတဲ့အတွက်ဖြစ်ပါတယ်။

လိင်အင်္ဂါဇာတ်ဟာဟော်မုန်းပြောင်းလဲချိန်ဆို ပုံမှန်ထက်ဖြူဖျော့သွားတာပဲဖြစ်ဖြစ်၊ ညိုသွားတာပဲဖြစ်ဖြစ် အရောင်ပြောင်းလဲမှုတွေဖြစ်လေ့ရှိပါတယ်။

အချို့အမျိုးသမီးတွေမှာတော့ ကလေးမွေးဖွားပြီးတဲ့အချိန်မှာ မင်္ဂါကနေ ခံစားမှုကွဲပြားသွားတတ်ကြပါ တယ်။ ဒီလိုအခြေအနေမျိုးမှာယောဂအခြေခံကျင့်စဉ်ဖြစ်တဲ့ Bridge Pose လေ့ကျင့်ခန်းကို ပုံမှန် လုပ်ပေးသင့်တယ်လို့ဆိုပါတယ်။

မမျိုးပွားအင်္ဂါနဲ့ အမျိုးသားအင်္ဂါနှစ်ခုရဲ့အရွယ်အစားကွာခြားချက်

များသောအားဖြင့် အမျိုးသားအင်္ဂါဟာ မအင်္ဂါထက် ၃၃ရာခိုင်နှုန်းပိုရှည်ကြပါတယ်။ ၂၀၁၅ခုနှစ်ရဲ့လေ့ လာတွေ့ရှိချက်အရ အမျိုးသားအင်္ဂါတွေရဲ့အရှည်ဟာ ပျမ်းမျှအားဖြင့် ၅လက်မ(၁၃ဒသမ၁၂စင်တီ)ရှိ တယ်လို့ဆိုပါတယ်။ ဒါကြောင့် အချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ပါတနာတွေနဲ့ဆက်ဆံတဲ့အခါနာကျင် မှုဖြစ်ပြီး မသက်မသာဖြစ်စေ တယ်လို့ လည်းဆိုကြပါတယ်။


မမျိုးပွားအင်္ဂါရဲ့ကျန်းမာရေးအတွက်ဘာတွေသိထားသင့်လဲ

အမျိုးသမီးတွေအနေနဲ့ မမျိုးပွားအင်္ဂါရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးမပေါ့ဆသင့်ပါဘူး။ ဒါကြောင့် အခုဖော်ပြမယ့်အချက်တွေကိုသိထားဖို့လိုပါတယ်။ အဲဒါတွေကတော့ မမျိုးပွား အင်္ဂါအတွက် ပြင်းထန်တဲ့ သန့်စင်ဆေးရည်တွေမသုံးသင့်ပါဘူး။ သဘာဝအတိုင်းသန့်ရှင်းရေးမှုရှိတဲ့အတွက် သန့်စင်ဆေးရည်နဲ့ စပရေးတွေမသုံးသင့်ပါဘူး။

တင်းကြပ်တဲ့အဝတ်အစားတွေ၊ ရေကူးဝတ်စုံတွေကို အချိန်အကြာကြီးမဝတ်ထားသင့်ပါဘူး။ ဒါ့အပြင် လစဉ်သုံးပစ္စည်းတွေကိုလည်း ထပ်ခါထပ်ခါလဲ လှယ်ပေးဖို့လိုပါတယ်။ဒါ့အပြင်လိင်ဆက်ဆံပြီးတိုင်းချက်ချင်းဆီးသွားဖို့လိုအပ်ပြီးအဲဒီလိုလုပ်ခြင်းအားဖြင့်ဆီးလမ်းကြောင်းရောဂါပိုးဝင်ရောက်ခြင်းကိုလျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။

Credit : မြန်မာပလပ်ဖောင်း
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top