iMyanmarHouse.com - Best Property Website for Myanmar
×

လိုက္ခ်ီးသီးသည္ ျမန္မာႏိုင္ငံတြင္ အသီး အေနႏွင့္တစ္ဖံု ေဖ်ာ္ရည္အေနႏွင့္တစ္သြယ္ တာရွည္ခံထုပ္ပိုးမႈျဖင့္တစ္မ်ဳိး စားသံုးမႈမ်ားၿပီး လူႀကိဳက္မ်ားေသာ အသီး တစ္မ်ဳိးျဖစ္ သည္။ ခ်ဳိၿပီး အလြန္အရသာရွိေသာအသီး ျဖစ္သည္။ ႏွစ္ေပါင္း မ်ားစြာ ကြၽႏု္ပ္တို႔စားသံုးခဲ့ၾကၿပီး လူတိုင္းနီးပါး ႀကိဳက္ႏွစ္သက္ၾကသည္။ ရာသီစာ အသီး အႏွံျဖစ္ၿပီး တာရွည္ခံပံုစံျဖင့္ တစ္ႏွစ္ပတ္လံုး ရရွိႏိုင္ ေအာင္ စီမံစားသံုးၾကသည္။ နီညိဳေရာင္အခြံရွိၿပီး အခြံအတြင္းရွိ ႏူးညံ့ျဖဴေဖြး၍ ခ်ဳိေသာအတြင္း အပိုင္းကို ကြၽႏု္ပ္တို႔ စားသံုးရသည္။ အတြင္းဆံုးတြင္ေတာ့ မာေက်ာ ေသာအေစ့ရွိသည္။ လိုက္ခ်ီးသီးကိုထမင္းစားၿပီး အခ်ဳိပြဲအျဖစ္ စားသံုးေလ့ ရွိပါသည္။ လိုက္ခ်ီးသီးသည္ ရာသီစာ ဆိုေသာ္လည္း ဆီးသီးေလာက္ေစ်း မေပါ၊ သရက္သီး လိုလည္း အလြယ္ တကူမရရွိႏိုင္ပါ။ ထို႔ေၾကာင့္ လိုက္ခ်ီးသီးကို အခ်ဳိပြဲအျဖစ္ စားသံုးသည့္အခါ တစ္လံုးကေန သံုးလံုး ေလာက္သာ စားသံုးၾကရသည္။

လိုက္ခ်ီးသီးစားသံုးၿပီး ေသဆံုးႏိုင္ပါသလား ယခုႏွစ္ ေဖေဖာ္ဝါရီလထုတ္ ဘီဘီစီသတင္းအရ အိႏၵိယမွကေလးငယ္မ်ား လိုက္ခ်ီးသီး စားသံုးၿပီးေနာက္ ေသဆံုးခဲ့ၾကသည္။ အေမရိကန္ႏွင့္ အိႏၵိယသိပၸံပညာရွင္ မ်ားအဆိုအရ အိႏၵိယႏိုင္ငံ ေျမာက္ပိုင္းတြင္ အစာအိမ္ ထဲတြင္ အစာမရွိဘဲ လိုက္္ခ်ီးသီးစားသံုးျခင္းေၾကာင့္ တစ္ႏွစ္လွ်င္ ကေလးငယ္ ၁ဝဝ ေက်ာ္ထူးဆန္းေသာ ေရာဂါျဖင့္ေသဆံုးခဲ့ေၾကာင္း သိရသည္။

ေလ့လာဆန္းစစ္မႈမ်ားအရ အိႏၵိယႏိုင္ငံ ဘီဟား ေဒသရွိ ပံုမွန္က်န္းမာေသာ ကေလးငယ္မ်ားသည္ ႐ုတ္တရက္ ဝက္႐ူးျပန္ေရာဂါကဲ့သို႔ အတက္ေရာဂါခံစား ရၿပီး သတိေမ့ကာေဆး႐ံုသို႔ေရာက္ရွိခဲ့ၾကသည္။ ေဆး႐ံု တက္လူနာမ်ား၏ ထက္ဝက္ခန္႔မွာ အသက္ဆံုးပါးသြား ၾကသည္။ ဆရာဝန္မ်ားသည္ လိုက္ခ်ီးသီးေၾကာင့္ အဆိပ္သင့္သည္ဟု သံုးသပ္ခဲ့ ၾကသည္။ ဤကဲ့သို႔ ႐ုတ္တရက္ ဝက္႐ူးျပန္ေရာဂါကဲ့သို႔ အတက္ေရာဂါျဖစ္ပြားသည့္ ကေလးငယ္အမ်ားစုမွာ ဆင္းရဲ ႏြမ္းပါး သူမ်ားျဖစ္ၾကၿပီး လိုက္ခ်ီးသီးအမ်ားဆံုးထြက္ရွိသည့္ ေဒသတြင္ေနထိုင္သူ အမ်ားဆံုးျဖစ္ေၾကာင္း ေတြ႕ရွိရသည္။ ေျမႀကီးေပၚသို႔ ေၾကြက်ေနေသာ လိုက္ခ်ီးသီးမ်ားကို ဤကေလးမ်ားက အားရပါးရ ေကာက္ယူ စားသံုးၾကသည္။ ဤသို႔ စားသံုး သည့္အခ်ိန္မွာ ညေနစာလည္း မစားရေသးေပ။ သူတို႔၏ အစာအိမ္ထဲတြင္ လိုက္ခ်ီးသီးမွ ထြက္လာသည့္ ဓာတ္ တစ္မ်ဳိးမွ ကေလးမ်ား၏ ကိုယ္တြင္းရွိ သၾကားဓာတ္ကို ေလ်ာ့ေစပါသည္။

ကြၽႏ္ုပ္တို႔ခႏၶာကိုယ္ရွိဆဲလ္မ်ား အလုပ္လုပ္ရန္ရွင္သန္ ရန္အတြက္ ဂလူးကို႔စ္ ေခၚ သၾကားဓာတ္လိုအပ္ပါသည္။

သၾကားဓာတ္နည္းလွ်င္ ကြၽႏ္ုပ္တို႔ခႏၶာကိုယ္ရွိ ဆဲလ္မ်ား မရွင္သန္ႏိုင္ပါ၊ ေသဆံုးသြားႏိုင္ပါသည္။ ခႏၶာကိုယ္ရွိ သၾကား ဓာတ္ နည္းျခင္းကို ဆတ္ဆတ္ထိမခံႏိုင္ေသာ ဆဲလ္မ်ား ဦးေႏွာက္တြင္ရွိပါသည္။ သၾကားဓာတ္အနည္း ငယ္နည္းလွ်င္ ခံစားရႏိုင္သည့္ လကၡဏာမ်ားမွာ မူးေဝျခင္း၊ ရင္တုန္ျခင္း၊ လက္တုန္ျခင္း၊ ေခြၽးေစးျပန္ျခင္းမ်ားျဖစ္ၿပီး ဤလကၡဏာ မ်ားကို အသက္ႀကီးလြန္းသူ အဘုိး၊ အဘြားမ်ားႏွင့္ အသက္ငယ္ေသာ ကေလးမ်ားက ေျပာျပတတ္မည္ မဟုတ္ ေခ်။ ထို႔ထက္ပို၍ သၾကားဓာတ္နည္း လာေသာ္ ဝက္႐ူးျပန္သကဲ့သို႔တက္ျခင္း၊ ကေယာင္ကတမ္း ေျပာျခင္းႏွင့္ သတိေမ့ျခင္း တို႔ျဖစ္ေစႏိုင္သည္။ အသက္ အႏၲရာယ္ဆံုး႐ႈံးသြားႏိုင္သည္။

ဤဘီဟားေဒသမွ ကေလးမ်ားသည္ ဝက္႐ူးျပန္သကဲ့သို႔ တက္ျခင္း၊ သတိေမ့ျခင္း စေသာလကၡဏာမ်ားသည္ ေသြးတြင္း သၾကားဓာတ္ နည္းျခင္းေၾကာင့္ျဖစ္ ေၾကာင္း ေတြ႕ ရွိရသည္။ အခ်ဳိ႕ကေလးမ်ားသည္ ကိုမာေခၚ သတိေမ့ေျမာ သြားၿပီး ေသဆံုးသြားၾကရျခင္းမွာ သၾကားဓာတ္ အလြန္အမင္း နည္းသြားျခင္းေၾကာင့္ျဖစ္သည္။ ဤကေလး မ်ားတြင္ အစာအိမ္ထဲ၌ အစာမရွိသျဖင့္ သၾကားဓာတ္က်ျခင္းကို ခႏၶာကိုယ္မွ ပံ့ပိုးေပးႏိုင္ျခင္းမရွိေပ။ ထို႔ျပင္ စားလိုက္သည့္ လိုက္ခ်ီးသီး၏ အစြမ္း သည္လည္း ေစာေစာ စီးစီး ျပလိုက္ျခင္းျဖစ္သည္။

အျခားအလားတူျဖစ္ရပ္တစ္ခုမွာ ကာရစ္ဘီယံရွိ မူဇက္ဖာပါေဆး႐ံုတြင္ ၂ဝ၁၄ ခုႏွစ္၌ျဖစ္ပြားခဲ့သည္။ ဤေဒသတြင္ လည္း မူလကသြား သြားလာလာေဆာ့ကစား ေနသည့္ ကေလး အမ်ားအျပား ႐ုတ္တရက္ ဝက္႐ူးျပန္သကဲ့သို႔ တက္ၿပီး အခ်ဳိ႕မွာ ေသဆံုးသြားေၾကာင္းေတြ႕ရသည္။ ဤျဖစ္စဥ္ကို ေလ့လာၾကည့္ေသာအခါ ထိုကေလးမ်ားသည္ အက္ကီး ေခၚ အသီးတစ္မ်ဳိးကိုစားၿပီး နာရီပိုင္းအတြင္း ျဖစ္ပြားခဲ့ေၾကာင္း ေတြ႕ရသည္။

ဓာတ္ခြဲ စမ္းသပ္ေတြ႕ရွိခ်က္မ်ားအရ ယင္းအက္ကီး သီးတြင္ ဟိုင္ပိုဂလိုင္စင္ေခၚ ဓာတ္တစ္မ်ဳိး ပါဝင္ေၾကာင္း ေတြ႕ရသည္။ ယင္းဟိုင္ပိုဂလိုင္စင္သည္ ေသြးအ တြင္းရွိ သၾကားဓာတ္ကို ေလ်ာ့နည္းေစသည္။ လိုက္ခ်ီးသီးတြင္လည္း အက္ကီးသီးကဲ့သို႔ ဟိုင္ပို ဂလိုင္စင္ ပါဝင္ေၾကာင္းေတြ႕ရသည္။ ဤသုေတသနေတြ႕ရွိခ်က္အေပၚ ေနာက္ထပ္ အလားတူျဖစ္ရပ္မ်ားမျဖစ္ေစရန္ က်န္းမာ ေရးပ ညာေပးမႈမ်ား ျပဳလုပ္ၾကရသည္။

ကေလးမ်ားႏွင့္ ကေလး အုပ္ထိန္းသူ မိဘမ်ားကို ညေနစာစားၿပီးမွ လိုက္ခ်ီးသီးစားရန္ အႀကံေပး လိုက္ရပါသည္။ တန္ေဆး လြန္ေဘးဆိုသကဲ့သို႔ လိုက္္ခ်ီးသီးကိုလည္း အမ်ားႀကီး မစားသင့္ေၾကာင္း အႀကံျပဳလိုက္ရပါသည္။ က်န္းမာေရး ေစာင့္ေရွာက္မႈေပးသည့္ဝန္ထမ္းမ်ားကိုလည္း လိုက္္ခ်ီးသီးေၾကာင့္ သၾကားဓာတ္ နည္းၿပီး အထက္ပါလက ၡဏာမ်ား ျဖစ္ပြားႏိုင္ေၾကာင္း သတိျပဳရန္အႀကံျပဳရပါသည္။ ကြၽႏ္ုပ္တို႔ တိုင္းျပည္တြင္ လိုက္္ခ်ီး သီး စားသံုးမႈ မ်ားျပားသျဖင့္ လိုက္ခ်ီးသီးႏွင့္ အသက္အႏၲရာယ္ အေၾကာင္း သတိျပဳေစ ရန္ ဤေဆာင္းပါးျဖင့္ တင္ျပလိုက္ရပါသည္။ အျခားႏိုင္ငံမ်ား၏ ျဖစ္ပြားမႈႏွင့္ ေလ့လာေတြ႕ရွိခ်က္ကို သင္ခန္းစာ ယူရမည္ ျဖစ္ပါသည္။

ကြၽန္မတို႔ ဆရာဝန္၊ ဆရာမမ်ားအပါအဝင္ အားလံုး လက္ခံထားသည္မွာ ”ဘယ္အသီးအခ်ိဳကို စားစား ခႏၶာကိုယ္ အတြင္းရွိ သၾကားဓာတ္တက္မည္”ဟုသာ လက္ခံ ထားၾကပါသည္။ ဥပမာ – ဆီးခ်ဳိေရာဂါေဝဒနာရွင္ တစ္ဦး ဆီးခ်ဳိေဆး လြန္ကဲ မႈေၾကာင့္ သၾကားဓာတ္နည္းၿပီး ေဆး႐ံုသို႔ေရာက္လာပါက လိုက္ခ်ီးသီးခ်ဳိခ်ဳိေလး ကို ေကြၽး မိေကာင္း ေကြၽးမိႏိုင္ ပါသည္။ ဤသို႔ျပဳမိပါက လူနာအတြက္ အသက္အႏၲရာယ္ ရွိပါသည္။

ထို႔ျပင္ ကြၽန္မတို႔ ေဆးေလာကတြင္ လိုက္ခ်ီးသီးကို ဆီးခ်ဳိေရာဂါ ေဝဒနာရွင္မ်ားအတြက္ ကုသေဆးအေနျဖင့္ သုေတ သန စမ္းသပ္မႈမ်ား ျပဳလုပ္သင့္ပါသည္။ ။

ပါေမာကၡ-ေဒါက္တာ ခင္ျဖဴျပာ

Credit: ျမ၀တီ
# Unicode Version ျဖင့္ ဖတ္ပါ #
လိုက်ချီးသီးသည် မြန်မာနိုင်ငံတွင် အသီး အနေနှင့်တစ်ဖုံ ဖျော်ရည်အနေနှင့်တစ်သွယ် တာရှည်ခံထုပ်ပိုးမှုဖြင့်တစ်မျိုး စားသုံးမှုများပြီး လူကြိုက်များသော အသီး တစ်မျိုးဖြစ် သည်။ ချိုပြီး အလွန်အရသာရှိသောအသီး ဖြစ်သည်။ နှစ်ပေါင်း များစွာ ကျွနု်ပ်တို့စားသုံးခဲ့ကြပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြသည်။ ရာသီစာ အသီး အနှံဖြစ်ပြီး တာရှည်ခံပုံစံဖြင့် တစ်နှစ်ပတ်လုံး ရရှိနိုင် အောင် စီမံစားသုံးကြသည်။ နီညိုရောင်အခွံရှိပြီး အခွံအတွင်းရှိ နူးညံ့ဖြူဖွေး၍ ချိုသောအတွင်း အပိုင်းကို ကျွနု်ပ်တို့ စားသုံးရသည်။ အတွင်းဆုံးတွင်တော့ မာကျော သောအစေ့ရှိသည်။ လိုက်ချီးသီးကိုထမင်းစားပြီး အချိုပွဲအဖြစ် စားသုံးလေ့ ရှိပါသည်။ လိုက်ချီးသီးသည် ရာသီစာ ဆိုသော်လည်း ဆီးသီးလောက်ဈေး မပေါ၊ သရက်သီး လိုလည်း အလွယ် တကူမရရှိနိုင်ပါ။ ထို့ကြောင့် လိုက်ချီးသီးကို အချိုပွဲအဖြစ် စားသုံးသည့်အခါ တစ်လုံးကနေ သုံးလုံး လောက်သာ စားသုံးကြရသည်။

လိုက်ချီးသီးစားသုံးပြီး သေဆုံးနိုင်ပါသလား ယခုနှစ် ဖေဖော်ဝါရီလထုတ် ဘီဘီစီသတင်းအရ အိန္ဒိယမှကလေးငယ်များ လိုက်ချီးသီး စားသုံးပြီးနောက် သေဆုံးခဲ့ကြသည်။ အမေရိကန်နှင့် အိန္ဒိယသိပ္ပံပညာရှင် များအဆိုအရ အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် အစာအိမ် ထဲတွင် အစာမရှိဘဲ လိုက်ချီးသီးစားသုံးခြင်းကြောင့် တစ်နှစ်လျှင် ကလေးငယ် ၁ဝဝ ကျော်ထူးဆန်းသော ရောဂါဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။

လေ့လာဆန်းစစ်မှုများအရ အိန္ဒိယနိုင်ငံ ဘီဟား ဒေသရှိ ပုံမှန်ကျန်းမာသော ကလေးငယ်များသည် ရုတ်တရက် ဝက်ရူးပြန်ရောဂါကဲ့သို့ အတက်ရောဂါခံစား ရပြီး သတိမေ့ကာဆေးရုံသို့ရောက်ရှိခဲ့ကြသည်။ ဆေးရုံ တက်လူနာများ၏ ထက်ဝက်ခန့်မှာ အသက်ဆုံးပါးသွား ကြသည်။ ဆရာဝန်များသည် လိုက်ချီးသီးကြောင့် အဆိပ်သင့်သည်ဟု သုံးသပ်ခဲ့ ကြသည်။ ဤကဲ့သို့ ရုတ်တရက် ဝက်ရူးပြန်ရောဂါကဲ့သို့ အတက်ရောဂါဖြစ်ပွားသည့် ကလေးငယ်အများစုမှာ ဆင်းရဲ နွမ်းပါး သူများဖြစ်ကြပြီး လိုက်ချီးသီးအများဆုံးထွက်ရှိသည့် ဒေသတွင်နေထိုင်သူ အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ မြေကြီးပေါ်သို့ ကြွေကျနေသော လိုက်ချီးသီးများကို ဤကလေးများက အားရပါးရ ကောက်ယူ စားသုံးကြသည်။ ဤသို့ စားသုံး သည့်အချိန်မှာ ညနေစာလည်း မစားရသေးပေ။ သူတို့၏ အစာအိမ်ထဲတွင် လိုက်ချီးသီးမှ ထွက်လာသည့် ဓာတ် တစ်မျိုးမှ ကလေးများ၏ ကိုယ်တွင်းရှိ သကြားဓာတ်ကို လျော့စေပါသည်။

ကျွန်ုပ်တို့ခန္ဓာကိုယ်ရှိဆဲလ်များ အလုပ်လုပ်ရန်ရှင်သန် ရန်အတွက် ဂလူးကို့စ် ခေါ် သကြားဓာတ်လိုအပ်ပါသည်။

သကြားဓာတ်နည်းလျှင် ကျွန်ုပ်တို့ခန္ဓာကိုယ်ရှိ ဆဲလ်များ မရှင်သန်နိုင်ပါ၊ သေဆုံးသွားနိုင်ပါသည်။ ခန္ဓာကိုယ်ရှိ သကြား ဓာတ် နည်းခြင်းကို ဆတ်ဆတ်ထိမခံနိုင်သော ဆဲလ်များ ဦးနှောက်တွင်ရှိပါသည်။ သကြားဓာတ်အနည်း ငယ်နည်းလျှင် ခံစားရနိုင်သည့် လက္ခဏာများမှာ မူးဝေခြင်း၊ ရင်တုန်ခြင်း၊ လက်တုန်ခြင်း၊ ချွေးစေးပြန်ခြင်းများဖြစ်ပြီး ဤလက္ခဏာ များကို အသက်ကြီးလွန်းသူ အဘိုး၊ အဘွားများနှင့် အသက်ငယ်သော ကလေးများက ပြောပြတတ်မည် မဟုတ် ချေ။ ထို့ထက်ပို၍ သကြားဓာတ်နည်း လာသော် ဝက်ရူးပြန်သကဲ့သို့တက်ခြင်း၊ ကယောင်ကတမ်း ပြောခြင်းနှင့် သတိမေ့ခြင်း တို့ဖြစ်စေနိုင်သည်။ အသက် အန္တရာယ်ဆုံးရှုံးသွားနိုင်သည်။

ဤဘီဟားဒေသမှ ကလေးများသည် ဝက်ရူးပြန်သကဲ့သို့ တက်ခြင်း၊ သတိမေ့ခြင်း စသောလက္ခဏာများသည် သွေးတွင်း သကြားဓာတ် နည်းခြင်းကြောင့်ဖြစ် ကြောင်း တွေ့ ရှိရသည်။ အချို့ကလေးများသည် ကိုမာခေါ် သတိမေ့မြော သွားပြီး သေဆုံးသွားကြရခြင်းမှာ သကြားဓာတ် အလွန်အမင်း နည်းသွားခြင်းကြောင့်ဖြစ်သည်။ ဤကလေး များတွင် အစာအိမ်ထဲ၌ အစာမရှိသဖြင့် သကြားဓာတ်ကျခြင်းကို ခန္ဓာကိုယ်မှ ပံ့ပိုးပေးနိုင်ခြင်းမရှိပေ။ ထို့ပြင် စားလိုက်သည့် လိုက်ချီးသီး၏ အစွမ်း သည်လည်း စောစော စီးစီး ပြလိုက်ခြင်းဖြစ်သည်။

အခြားအလားတူဖြစ်ရပ်တစ်ခုမှာ ကာရစ်ဘီယံရှိ မူဇက်ဖာပါဆေးရုံတွင် ၂ဝ၁၄ ခုနှစ်၌ဖြစ်ပွားခဲ့သည်။ ဤဒေသတွင် လည်း မူလကသွား သွားလာလာဆော့ကစား နေသည့် ကလေး အများအပြား ရုတ်တရက် ဝက်ရူးပြန်သကဲ့သို့ တက်ပြီး အချို့မှာ သေဆုံးသွားကြောင်းတွေ့ရသည်။ ဤဖြစ်စဉ်ကို လေ့လာကြည့်သောအခါ ထိုကလေးများသည် အက်ကီး ခေါ် အသီးတစ်မျိုးကိုစားပြီး နာရီပိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။

ဓာတ်ခွဲ စမ်းသပ်တွေ့ရှိချက်များအရ ယင်းအက်ကီး သီးတွင် ဟိုင်ပိုဂလိုင်စင်ခေါ် ဓာတ်တစ်မျိုး ပါဝင်ကြောင်း တွေ့ရသည်။ ယင်းဟိုင်ပိုဂလိုင်စင်သည် သွေးအ တွင်းရှိ သကြားဓာတ်ကို လျော့နည်းစေသည်။ လိုက်ချီးသီးတွင်လည်း အက်ကီးသီးကဲ့သို့ ဟိုင်ပို ဂလိုင်စင် ပါဝင်ကြောင်းတွေ့ရသည်။ ဤသုတေသနတွေ့ရှိချက်အပေါ် နောက်ထပ် အလားတူဖြစ်ရပ်များမဖြစ်စေရန် ကျန်းမာ ရေးပ ညာပေးမှုများ ပြုလုပ်ကြရသည်။

ကလေးများနှင့် ကလေး အုပ်ထိန်းသူ မိဘများကို ညနေစာစားပြီးမှ လိုက်ချီးသီးစားရန် အကြံပေး လိုက်ရပါသည်။ တန်ဆေး လွန်ဘေးဆိုသကဲ့သို့ လိုက်ချီးသီးကိုလည်း အများကြီး မစားသင့်ကြောင်း အကြံပြုလိုက်ရပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုပေးသည့်ဝန်ထမ်းများကိုလည်း လိုက်ချီးသီးကြောင့် သကြားဓာတ် နည်းပြီး အထက်ပါလက ္ခဏာများ ဖြစ်ပွားနိုင်ကြောင်း သတိပြုရန်အကြံပြုရပါသည်။ ကျွန်ုပ်တို့ တိုင်းပြည်တွင် လိုက်ချီး သီး စားသုံးမှု များပြားသဖြင့် လိုက်ချီးသီးနှင့် အသက်အန္တရာယ် အကြောင်း သတိပြုစေ ရန် ဤဆောင်းပါးဖြင့် တင်ပြလိုက်ရပါသည်။ အခြားနိုင်ငံများ၏ ဖြစ်ပွားမှုနှင့် လေ့လာတွေ့ရှိချက်ကို သင်ခန်းစာ ယူရမည် ဖြစ်ပါသည်။

ကျွန်မတို့ ဆရာဝန်၊ ဆရာမများအပါအဝင် အားလုံး လက်ခံထားသည်မှာ ”ဘယ်အသီးအချိုကို စားစား ခန္ဓာကိုယ် အတွင်းရှိ သကြားဓာတ်တက်မည်”ဟုသာ လက်ခံ ထားကြပါသည်။ ဥပမာ – ဆီးချိုရောဂါဝေဒနာရှင် တစ်ဦး ဆီးချိုဆေး လွန်ကဲ မှုကြောင့် သကြားဓာတ်နည်းပြီး ဆေးရုံသို့ရောက်လာပါက လိုက်ချီးသီးချိုချိုလေး ကို ကျွေး မိကောင်း ကျွေးမိနိုင် ပါသည်။ ဤသို့ပြုမိပါက လူနာအတွက် အသက်အန္တရာယ် ရှိပါသည်။

ထို့ပြင် ကျွန်မတို့ ဆေးလောကတွင် လိုက်ချီးသီးကို ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် ကုသဆေးအနေဖြင့် သုတေ သန စမ်းသပ်မှုများ ပြုလုပ်သင့်ပါသည်။ ။

ပါမောက္ခ-ဒေါက်တာ ခင်ဖြူပြာ

Credit: မြဝတီ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top