iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ဟိန္းေဝယံတစ္ေယာက္ သူကုိယ္တုိင္ရုိက္ကူးထားတ့ဲ ရုပ္ရွင္ဇာတ္ကားႀကီးေတြကုိ ပရိသတ္ဆီအျမန္ဆုံးအေရာက္ခ်ျပႏုိင္ဖုိ႔ ႀကိဳးစားျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ သူႀကိဳက္တဲ့ ဇာတ္လမ္းေတြရွိရင္လည္း ကိုယ္တိုင္ဒါရုိက္တာလုပ္ၿပီးရုိက္ကူးသြားမယ္လုိ႔ မီဒီယာ ေတြရဲ႕ အင္တာဗ်ဴး ကေနေျပာျပခဲ့ပါတယ္။

” ကၽြန္ေတာ္ရုိက္ထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြရွိတယ္ အဲ့ဒီဇာတ္ကားေတြကုိလည္း Post Production အပုိင္းကုိေသခ်ာေလး ျပန္လုပ္ေန ပါတယ္။ ၿပီးေတာ့ ကၽြန္ေတာ္ကုိယ္တုိင္ ဒါရုိက္တာလုပ္ၿပီးရုိက္ထားတဲ့ မာယာကႀကိဳး ရုပ္ရွင္ဇာတ္ကားကုိလည္း Post Production အပုိင္းမွာ အေကာင္းဆုံးျဖစ္ေအာင္ ျပန္လုပ္ေနပါတယ္” လုိ႔ ဆုိပါတယ္။

ဟိန္းေဝယံဟာ အႏုပညာအလုပ္ေတြ နားထားတဲ့ အခ်ိန္မွာလည္း မိဘေတြရဲ႕ စီးပြားေရးလုပ္ငန္းေတြမွာ ဝုိင္းဝန္းကူညီလုပ္ကုိင္ေပး ေနတယ္လုိ႔ ဆုိပါတယ္။

” ဒါရုိက္တာ တစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္ႀကိဳက္တဲ့ ဇာတ္လမ္းေတြ၊ ကၽြန္ေတာ္ရုိက္ခ်င္တဲ့ ဇာတ္လမ္းမ်ဳိးေတြရွိတယ္ဆုိရင္ေတာ့ ထပ္ၿပီး ရုိက္ဖုိ႔ေတြရွိတယ္။ ဒီၾကားထဲမွာလည္း ကၽြန္ေတာ့္ အေဖနဲ႔ အေမ ရဲ႕လုပ္ငန္းကုိ ကၽြန္ေတာ္ႏုိင္သေလာက္ ဝုိင္းကူျဖစ္တယ္။ ဝုိင္းလုပ္ေပးျဖစ္ တယ္ေပါ့” လုိ႔ သူကေျပာပါတယ္။

အႏုပညာအလုပ္ေတြလည္း လုပ္ျဖစ္ေနသလုိ မိဘေတြရဲ႕ လုပ္ငန္းေတြမွာလည္း ဝုိင္းဝန္းကူညီေပးေနတဲ့ သရုပ္ေဆာင္ဟိန္းေဝယံရဲ႕ အခ်စ္ေရးကလည္း တည္ျငိမ္ေနတယ္လို႔ သိရပါတယ္။

” အခ်စ္ေရးကေတာ့ ဒီအတုိင္းပါပဲ။ လူပ်ဳိႀကီးျဖစ္ဖုိ႔ကေတာ့ ကံေပါ့ေလ။ ဒါကုိလည္း ေထြေထြထူးထူးေျပာစရာေတာ့ မရွိပါဘူး။ ကၽြန္ေတာ့္ရဲ႕ အခ်စ္ေရးကေတာ့ လက္ရွိမွာ တစ္ေယာက္တည္းပါပဲ။ တကယ္ကုိ တစ္ေယာက္တည္းပါ” ဆုိၿပီးေတာ့ ဝိညာဥ္စိမ္းရုပ္ရွင္အထူးျပသပြဲကုိ တက္ေရာက္လာတဲ့ မီဒီယာေတြရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္

ဟိန္းေဝယံက သရုပ္ေဆာင္ပိုင္းသာမက ဒါရိုက္တာ ပိုင္းမွာလည္း သူရိုက္ကူးခ်င္တဲ့ ဇာတ္မ်ိဳးဆိုရင္ ဒါရိုက္တာ အျဖစ္ ရိုက္ကူးသြားဖို႕ ရွိတယ္လို႕ သိရပါတယ္။ မာယာကႀကိဳး ရုပ္ရွင္ ဇာတ္ကား ဟာ သူကိုယ္တုိင္ ဇာတ္လမ္း ေရးသားကာ ကိုယ္တုိင္ ဒါရိုက္တာ လုပ္ၿပီး ရိုက္ကူးထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ကားထဲမွာ ဟိန္းေဝယံ၊ ေဇရဲထက္၊ ရတနာဗုိ၊နဲ႕အျခားေသာ သရုပ္ေဆာင္ မ်ားစြာ ပါဝင္ထားပါတယ္။ အဲဒီဇာတ္ကားမွာ ကာ႐ိုက္တာပီျပင္ဖို႔အတြက္ ေဇရဲထက္က ထမင္းမစားဘဲ ႀကိဳးစားခဲ့ရေၾကာင္း လည္း ေျပာျပခဲ့ဖူးပါတယ္။

Credit: duwun
# Unicode Version ျဖင့္ ဖတ္ပါ #


သရုပ်ဆောင်ဟိန်းဝေယံတစ်ယောက် သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပရိသတ်ဆီအမြန်ဆုံးအရောက်ချပြနိုင်ဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။ သူကြိုက်တဲ့ ဇာတ်လမ်းတွေရှိရင်လည်း ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးရိုက်ကူးသွားမယ်လို့ မီဒီယာ တွေရဲ့ အင်တာဗျူး ကနေပြောပြခဲ့ပါတယ်။

” ကျွန်တော်ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရှိတယ် အဲ့ဒီဇာတ်ကားတွေကိုလည်း Post Production အပိုင်းကိုသေချာလေး ပြန်လုပ်နေ ပါတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ထားတဲ့ မာယာကကြိုး ရုပ်ရှင်ဇာတ်ကားကိုလည်း Post Production အပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ပြန်လုပ်နေပါတယ်” လို့ ဆိုပါတယ်။

ဟိန်းဝေယံဟာ အနုပညာအလုပ်တွေ နားထားတဲ့ အချိန်မှာလည်း မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေး နေတယ်လို့ ဆိုပါတယ်။

” ဒါရိုက်တာ တစ်ယောက်အနေနဲ့ ကျွန်တော်ကြိုက်တဲ့ ဇာတ်လမ်းတွေ၊ ကျွန်တော်ရိုက်ချင်တဲ့ ဇာတ်လမ်းမျိုးတွေရှိတယ်ဆိုရင်တော့ ထပ်ပြီး ရိုက်ဖို့တွေရှိတယ်။ ဒီကြားထဲမှာလည်း ကျွန်တော့် အဖေနဲ့ အမေ ရဲ့လုပ်ငန်းကို ကျွန်တော်နိုင်သလောက် ဝိုင်းကူဖြစ်တယ်။ ဝိုင်းလုပ်ပေးဖြစ် တယ်ပေါ့” လို့ သူကပြောပါတယ်။

အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေသလို မိဘတွေရဲ့ လုပ်ငန်းတွေမှာလည်း ဝိုင်းဝန်းကူညီပေးနေတဲ့ သရုပ်ဆောင်ဟိန်းဝေယံရဲ့ အချစ်ရေးကလည်း တည်ငြိမ်နေတယ်လို့ သိရပါတယ်။

” အချစ်ရေးကတော့ ဒီအတိုင်းပါပဲ။ လူပျိုကြီးဖြစ်ဖို့ကတော့ ကံပေါ့လေ။ ဒါကိုလည်း ထွေထွေထူးထူးပြောစရာတော့ မရှိပါဘူး။ ကျွန်တော့်ရဲ့ အချစ်ရေးကတော့ လက်ရှိမှာ တစ်ယောက်တည်းပါပဲ။ တကယ်ကို တစ်ယောက်တည်းပါ” ဆိုပြီးတော့ ဝိညာဉ်စိမ်းရုပ်ရှင်အထူးပြသပွဲကို တက်ရောက်လာတဲ့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်

ဟိန်းဝေယံက သရုပ်ဆောင်ပိုင်းသာမက ဒါရိုက်တာ ပိုင်းမှာလည်း သူရိုက်ကူးချင်တဲ့ ဇာတ်မျိုးဆိုရင် ဒါရိုက်တာ အဖြစ် ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ မာယာကကြိုး ရုပ်ရှင် ဇာတ်ကား ဟာ သူကိုယ်တိုင် ဇာတ်လမ်း ရေးသားကာ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံ၊ ဇေရဲထက်၊ ရတနာဗို၊နဲ့အခြားသော သရုပ်ဆောင် များစွာ ပါဝင်ထားပါတယ်။ အဲဒီဇာတ်ကားမှာ ကာရိုက်တာပီပြင်ဖို့အတွက် ဇေရဲထက်က ထမင်းမစားဘဲ ကြိုးစားခဲ့ရကြောင်း လည်း ပြောပြခဲ့ဖူးပါတယ်။

Credit: duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top