iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးမ်ားတြင္ အျဖဴဆင္းျခင္းဟာ ပံုမွန္ပဲျဖစ္ၿပီး ရာသီစက္ဝန္းနဲ႔လိုက္ၿပီး ေျပာင္းလဲႏိုင္ပါတယ္။

သားဥ မေႂကြမီမွာ သားဥ ေႂကြၿပီးခ်ိန္ထက္ အဆ 30 ခန္႔ ပိုၿပီးအခြၽဲထြက္တာေတြ မ်ားတတ္ပါတယ္။ ဒီအခ်ိန္မွာထြက္တဲ့ အျဖဴဟာ ပိုၿပီးအရည္က်ဲတတ္ၿပီး ခြၽဲေနတတ္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးသံုးပစၥည္း အပါးေလးခံဖို႔ လိုအပ္တတ္ပါတယ္။

          အကယ္၍ အျဖဴဆင္းတာဟာ အဝါေရာင္၊ အစိမ္းေရာင္ ျဖစ္လာမယ္၊ ဝါဝါကပ္ေစးေစး ျဖစ္လာမယ္၊ အနံ႔ဆိုးဆိုးေတြ ထြက္လာတယ္ဆိုရင္ေတာ့ စိုးရိမ္ရပါတယ္။ ဆရာဝန္နဲ႔ ျပသၾကည့္ဖို႔ လိုပါတယ္။

အျဖဴဆင္းျခင္းအမ်ိဳးမ်ိဳး

●      အျဖဴေရာင္

          ရာသီစက္ဝန္း အစနဲ႔ အဆံုးတု႔ိမွာ အဝါေရာင္ အခြၽဲပ်စ္ပ်စ္ေတြ ဆင္းတတ္ေပမယ့္ ဒါဟာ ပံုမွန္ပါပဲ။ ဒါေပမဲ့ ပံုမွန္ဆင္းတဲ့အျဖဴဟာ ယားေလ့မရွိတာေၾကာင့္ ယားယံမႈနဲ႔ တြဲေနပါက မႈိပိုးဝင္ေနတာ ျဖစ္ႏိုင္ပါတယ္။



●      ၾကည္ၾကည္ခြၽဲခြၽဲ

          သားဥေႂကြေနခ်ိန္မွာ ဆင္းတတ္တဲ့ပံုစံပဲ ျဖစ္ပါတယ္။



●      ၾကည္ၾကည္က်ဲက်ဲ

          ရာသီစက္ဝန္းရဲ႕အခ်ိန္ အမ်ိဳးမ်ိဳးမွာ ျဖစ္နိုင္ၿပီး ေလ့က်င့္ခန္း ျပဳလုပ္ၿပီးခ်ိန္မွာ ပိုဆိုးတတ္ပါတယ္။



●      အဝါေရာင္ သို႔မဟုတ္ အစိမ္းေရာင္

          အထူးသျဖင့္ ပ်စ္ပ်စ္ခဲခဲႀကီးေတြ၊ အနံ႔ဆိုးဆိုးေတြ ဆင္းေနပါက ပိုးဝင္ေနတာ ျဖစ္ႏိုင္ပါတယ္။



●      အညိဳေရာင္

          ရာသီေသြး ၿပီးဆံုးခ်ိန္မွာ ဆင္းတတ္ၿပီး မိန္းမကိုယ္ထဲက လက္က်န္ေသြးအေဟာင္းေတြ ဆင္းေနတာ ျဖစ္ပါတယ္။



●      ေသြးစစ/အညိဳေရာင္ ဆင္းျခင္း

          သားဥေႂကြေနခ်ိန္ သို႔မဟုတ္ ရာသီစက္ဝန္းတစ္ဝက္မွာ ဆင္းတတ္ၿပီး တစ္ခါတစ္ရံ ကိုယ္ဝန္ေဆာင္ အစပိုင္းမွာ ရာသီ ပံုမွန္လာခ်ိန္ ေသြးစစ/အညိဳေရာင္ ဆင္းတာေတြ ရွိတတ္ပါတယ္။

          ရာသီလာခ်ိန္မွာ ပံုမွန္အတိုင္း မလာဘဲ ေသြးစစပဲ ေဆးေနၿပီး အကာအကြယ္မပါဘဲ လိင္ဆက္ဆံမိခဲ့ရင္ ကိုယ္ဝန္ စစ္ေဆးသင့္ပါတယ္။



>>    ပံုမွန္ အျဖဴဆင္းတာလား?

          ေအာက္မွာ ဘာက ပံုမွန္ျဖစ္ၿပီး ဘာကဆရာဝန္နဲ႔ ျပသသင့္သလဲဆိုတာကို ၫႊန္ျပထားပါတယ္။

          ဒီေမးခြန္းေတြကို ေျဖဆိုရာမွာလည္း လိုအပ္တဲ့အခါမွာ ဆရာဝန္နဲ႔ ျပသဖို႔ လိုအပ္တာကို သတိျပဳရပါမယ္။ ဒီအခ်က္ေတြထဲမွာလည္း အေျဖကို တကယ္ေပးႏိုင္မယ့္ ေမးခြန္းေတြ မပါတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။

          ဥပမာ -

●        အသက္ဘယ္ေလာက္လဲ?

●        ေသာက္ေနတဲ့ေဆးေတြ ရွိသလား? ဗီတာမင္ေတြ၊ တိုင္းရင္းေဆးေတြ ေသာက္ေနတာ ရွိသလား?

●        နာက်င္တာ၊ ယားယံေနတာ ရွိလား?

●        ကိုယ္ဝန္ ရွိေနသလား?

●        ဆီးခ်ိဳလိုမ်ိဳး အျခားေရာဂါေတြ ရွိေနသလား?



●        တကယ္အေရးႀကီးတဲ့ ေမးခြန္းကေတာ့ လတ္တေလာ လိင္ဆက္ဆံခဲ့သလားဆိုတာ ျဖစ္ပါတယ္။

          တစ္ခါတစ္ရံ Yes or No ေျပာ႐ံုနဲ႔တင္ မလံုေလာက္တာမ်ိဳးလည္း ရွိႏိုင္ပါတယ္။

          ေရာဂါလကၡဏာေတြဟာ ဆက္ဆံေဖာ္ အေရအတြက္၊ ဆက္ဆံေဖာ္ အမ်ိဳးအစား၊ သေႏၶတားေဆး၊ အမ်ိဳးသားနဲ႔ ဘယ္လိုအတူေနေနသလဲ၊ အႏိုင္က်င့္ခံရတာမ်ိဳး ရွိ၊ မရွိ စတဲ့ ေမးခြန္းေတြေပၚမွာလည္း မူတည္ေနပါတယ္။

          ဒါေၾကာင့္ အေကာင္းဆံုးအေျဖကို ရရွိဖို႔အတြက္ လိုအပ္တဲ့ သတင္းအခ်က္အလက္ေတြဟာ အနည္းငယ္ ႐ႈပ္ေထြးေနတတ္ပါတယ္။ ေအာက္ပါအေျဖေတြကေတာ့ အျဖဴဆင္းတာနဲ႔ ပတ္သက္ၿပီး ေမးေလ့ရွိတဲ့ေမးခြန္းေတြကို တတ္ႏိုင္သေလာက္ ေျဖေပးထားတာပါ။

          ပံုမွန္ဆင္းတဲ့အျဖဴဟာ တစ္ေန႔ကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာေလာက္ရွိၿပီး အျဖဴ သို႔မဟုတ္ အၾကည္ေရာင္၊ က်ဲက်ဲ သို႔မဟုတ္ ပ်စ္ပ်စ္ ျဖစ္တတ္ၿပီး အနံ႔မရွိတတ္ပါဘူး။

          ဒီအျဖဴဟာ မိန္းမကိုယ္မွာရွိတဲ့ ပံုမွန္ဘက္တီးရီယားပိုးေတြနဲ႔ အရည္ေတြေၾကာင့္ ျဖစ္တတ္ၿပီး သားဥေႂကြခ်ိန္၊ ရာသီပမာဏ၊ လိင္ဆက္ဆံမႈ၊ သေႏၶတားေဆး စတဲ့အခ်ိန္ေတြ၊ အေၾကာင္းအရာေတြေပၚ မူတည္ၿပီး ပိုဆင္းတတ္တာမ်ဳိးလည္း ရွိႏိုင္ပါတယ္။

          ရာသီၿပီးၿပီး တစ္ရက္ႏွစ္ရက္ေလာက္မွာ ညိဳညိဳပုပ္ပုပ္ေတြ ဆင္းတတ္ပါတယ္။

          ေအာက္ပါလကၡဏာ တစ္စံုတစ္ရာရွိပါက ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

●        နာက်င္ျခင္း။

●        ယားယံျခင္း။

●        ကသိကေအာင့္ျဖစ္ျခင္း။

●        အနီကြက္ေတြေပၚျခင္း၊ အနာေတြျဖစ္ျခင္း။

Credit: Dr. Emerald (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးများတွင် အဖြူဆင်းခြင်းဟာ ပုံမှန်ပဲဖြစ်ပြီး ရာသီစက်ဝန်းနဲ့လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။

          သားဥ မကြွေမီမှာ သားဥ ကြွေပြီးချိန်ထက် အဆ 30 ခန့် ပိုပြီးအချွဲထွက်တာတွေ များတတ်ပါတယ်။ ဒီအချိန်မှာထွက်တဲ့ အဖြူဟာ ပိုပြီးအရည်ကျဲတတ်ပြီး ချွဲနေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးသုံးပစ္စည်း အပါးလေးခံဖို့ လိုအပ်တတ်ပါတယ်။

          အကယ်၍ အဖြူဆင်းတာဟာ အဝါရောင်၊ အစိမ်းရောင် ဖြစ်လာမယ်၊ ဝါဝါကပ်စေးစေး ဖြစ်လာမယ်၊ အနံ့ဆိုးဆိုးတွေ ထွက်လာတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါတယ်။



>>    အဖြူဆင်းခြင်းအမျိုးမျိုး

●      အဖြူရောင်

          ရာသီစက်ဝန်း အစနဲ့ အဆုံးတု့ိမှာ အဝါရောင် အချွဲပျစ်ပျစ်တွေ ဆင်းတတ်ပေမယ့် ဒါဟာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ပုံမှန်ဆင်းတဲ့အဖြူဟာ ယားလေ့မရှိတာကြောင့် ယားယံမှုနဲ့ တွဲနေပါက မှိုပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။



●      ကြည်ကြည်ချွဲချွဲ

          သားဥကြွေနေချိန်မှာ ဆင်းတတ်တဲ့ပုံစံပဲ ဖြစ်ပါတယ်။



●      ကြည်ကြည်ကျဲကျဲ

          ရာသီစက်ဝန်းရဲ့အချိန် အမျိုးမျိုးမှာ ဖြစ်နိုင်ပြီး လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန်မှာ ပိုဆိုးတတ်ပါတယ်။



●      အဝါရောင် သို့မဟုတ် အစိမ်းရောင်

          အထူးသဖြင့် ပျစ်ပျစ်ခဲခဲကြီးတွေ၊ အနံ့ဆိုးဆိုးတွေ ဆင်းနေပါက ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။



●      အညိုရောင်

          ရာသီသွေး ပြီးဆုံးချိန်မှာ ဆင်းတတ်ပြီး မိန်းမကိုယ်ထဲက လက်ကျန်သွေးအဟောင်းတွေ ဆင်းနေတာ ဖြစ်ပါတယ်။



●      သွေးစစ/အညိုရောင် ဆင်းခြင်း

          သားဥကြွေနေချိန် သို့မဟုတ် ရာသီစက်ဝန်းတစ်ဝက်မှာ ဆင်းတတ်ပြီး တစ်ခါတစ်ရံ ကိုယ်ဝန်ဆောင် အစပိုင်းမှာ ရာသီ ပုံမှန်လာချိန် သွေးစစ/အညိုရောင် ဆင်းတာတွေ ရှိတတ်ပါတယ်။

          ရာသီလာချိန်မှာ ပုံမှန်အတိုင်း မလာဘဲ သွေးစစပဲ ဆေးနေပြီး အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိခဲ့ရင် ကိုယ်ဝန် စစ်ဆေးသင့်ပါတယ်။



>>    ပုံမှန် အဖြူဆင်းတာလား?

          အောက်မှာ ဘာက ပုံမှန်ဖြစ်ပြီး ဘာကဆရာဝန်နဲ့ ပြသသင့်သလဲဆိုတာကို ညွှန်ပြထားပါတယ်။

          ဒီမေးခွန်းတွေကို ဖြေဆိုရာမှာလည်း လိုအပ်တဲ့အခါမှာ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်တာကို သတိပြုရပါမယ်။ ဒီအချက်တွေထဲမှာလည်း အဖြေကို တကယ်ပေးနိုင်မယ့် မေးခွန်းတွေ မပါတာမျိုးလည်း ရှိနိုင်ပါတယ်။

          ဥပမာ -

●        အသက်ဘယ်လောက်လဲ?

●        သောက်နေတဲ့ဆေးတွေ ရှိသလား? ဗီတာမင်တွေ၊ တိုင်းရင်းဆေးတွေ သောက်နေတာ ရှိသလား?

●        နာကျင်တာ၊ ယားယံနေတာ ရှိလား?

●        ကိုယ်ဝန် ရှိနေသလား?

●        ဆီးချိုလိုမျိုး အခြားရောဂါတွေ ရှိနေသလား?



●        တကယ်အရေးကြီးတဲ့ မေးခွန်းကတော့ လတ်တလော လိင်ဆက်ဆံခဲ့သလားဆိုတာ ဖြစ်ပါတယ်။

          တစ်ခါတစ်ရံ Yes or No ပြောရုံနဲ့တင် မလုံလောက်တာမျိုးလည်း ရှိနိုင်ပါတယ်။

          ရောဂါလက္ခဏာတွေဟာ ဆက်ဆံဖော် အရေအတွက်၊ ဆက်ဆံဖော် အမျိုးအစား၊ သန္ဓေတားဆေး၊ အမျိုးသားနဲ့ ဘယ်လိုအတူနေနေသလဲ၊ အနိုင်ကျင့်ခံရတာမျိုး ရှိ၊ မရှိ စတဲ့ မေးခွန်းတွေပေါ်မှာလည်း မူတည်နေပါတယ်။

          ဒါကြောင့် အကောင်းဆုံးအဖြေကို ရရှိဖို့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေဟာ အနည်းငယ် ရှုပ်ထွေးနေတတ်ပါတယ်။ အောက်ပါအဖြေတွေကတော့ အဖြူဆင်းတာနဲ့ ပတ်သက်ပြီး မေးလေ့ရှိတဲ့မေးခွန်းတွေကို တတ်နိုင်သလောက် ဖြေပေးထားတာပါ။

          ပုံမှန်ဆင်းတဲ့အဖြူဟာ တစ်နေ့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ရှိပြီး အဖြူ သို့မဟုတ် အကြည်ရောင်၊ ကျဲကျဲ သို့မဟုတ် ပျစ်ပျစ် ဖြစ်တတ်ပြီး အနံ့မရှိတတ်ပါဘူး။

          ဒီအဖြူဟာ မိန်းမကိုယ်မှာရှိတဲ့ ပုံမှန်ဘက်တီးရီယားပိုးတွေနဲ့ အရည်တွေကြောင့် ဖြစ်တတ်ပြီး သားဥကြွေချိန်၊ ရာသီပမာဏ၊ လိင်ဆက်ဆံမှု၊ သန္ဓေတားဆေး စတဲ့အချိန်တွေ၊ အကြောင်းအရာတွေပေါ် မူတည်ပြီး ပိုဆင်းတတ်တာမျိုးလည်း ရှိနိုင်ပါတယ်။

          ရာသီပြီးပြီး တစ်ရက်နှစ်ရက်လောက်မှာ ညိုညိုပုပ်ပုပ်တွေ ဆင်းတတ်ပါတယ်။

          အောက်ပါလက္ခဏာ တစ်စုံတစ်ရာရှိပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

●        နာကျင်ခြင်း။

●        ယားယံခြင်း။

●        ကသိကအောင့်ဖြစ်ခြင်း။

●        အနီကွက်တွေပေါ်ခြင်း၊ အနာတွေဖြစ်ခြင်း။

Credit: Dr. Emerald (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top