iMyanmarHouse.com - Best Property Website for Myanmar
×

ထူးျခားလွတဲ့ အသံပိုင္ရွင္တစ္ေယာက္ျဖစ္ျပီး Pop, R & Bအဆိုေတာ္ နီနီခင္ေဇာ္ဟာ ျမန္မာႏိုင္ငံရဲ႕ ဘီယြန္ေဆးလို႔ တင္စားရေလာက္ေအာင္ အသံပါဝါအားေကာင္းတဲ့ အဆိုရွင္မေလး ျဖစ္ပါတယ္။ သူမ Melody World 2009 ၿပိဳင္ပြဲက ေန ပထမဆုရွင္အျဖစ္ ေအာင္ျမင္ေက်ာ္ၾကားလာခဲ့ၿပီး သူမရဲ႕ဆိုဟန္ဆိုေပါက္ဟာ သာမန္ထက္ ထူးျခားတဲ့ အသံရွင္ျဖစ္ပါတယ္။

နီနီရဲ႕ ပထမဆံုး Album ျဖစ္တဲ့ "မာရီယို" ဟာဆိုရင္ ပရိသတ္အားေပးမႈ႕ကို တခဲနက္ရရွိခဲ့ျပီး သူမဘဝရဲ႕ မွတ္တိုင္တစ္ခု စိုက္ထူႏိုင္ခဲ့ပါတယ္ ။ ယခု ဒုတိယ Album ျဖစ္တဲ့ "Super Red" ဟာဆိုရင္လည္း ေအာင္ျမင္မႈ႕ရရွိထားတဲ့ သီခ်င္းေခြတစ္ခုဆိုရင္လည္းမမွားပါဘူး ။ သူမဟာ ကိုယ္ပိုင္ Brand တစ္ခုျဖစ္တဲ့ Super Red lip ကိုလည္း ပရိသတ္ေတြၾကားကို ျဖန္႔ခ်ီထားပါေသးတယ္ ။

လက္ရွိမွာေတာ့ တ႐ုတ္-ျမန္မာ ခ်စ္ၾကည္ေရး ညစာ စားပြဲကို တက္ေရာက္ရင္း တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ကို ေရာက္ရွိေနတာျဖစ္ပါတယ္။ သူမ အေနနဲ႔ ျမန္မာဆိုတာကို ဂုဏ္ယူစြာျဖင့္ ေဖာ္ျပလိုက္သေယာင္ ျမန္မာဝတ္စုံေလးကို ျမတ္ျမတ္ႏိုးႏိုးဝတ္ဆင္ခဲ့ပါတယ္။ နီနီဟာ ျမန္မာဟန္ ၊ ျမန္မာကိုယ္လုံးကိုယ္ေပါက္ အခ်ိဳးအစားလွသူမို႔ အရမ္းကို ျမန္မာဝတ္စုံေလးနဲ႔ ထင္ေပၚေနၿပီး သူမ နဲ႔ အလိုက္ဖက္ဆုံး အနီေရာင္ ႏႈတ္ခမ္းနီေလးကေတာ့ မပါမျဖစ္ ဆိုးထားတာ ျဖစ္ပါတယ္။ ျမန္မာမေလးဆိုတာ မွားစရာမရွိေအာင္ လူအမ်ားၾကားမွာ ထင္ေပၚေနေစတဲ့ ျမန္မာဝတ္စုံေလးနဲ႔ နီနီဟာ သိပ္ကို ဂုဏ္ယူဝင့္ထည္စြာ လွပေနပါတယ္။ သူမ အမွတ္တရ ပုံေလးေတြကို “ျမန္မာဆိုတာ” လို႔ facebook စာမ်က္နာထက္ မွ်ေဝလိုက္ၿပီး Nininans fansေတြကိုလည္း လြမ္းေၾကာင္း ဆိုလိုက္ပါတယ္။ ပရိတ္သတ္ ေတြရဲ႕ ႏွလုံးသားကို လြမ္းေစ၊ ေဆြးေစ၊ ေပ်ာ္ေစ၊ ျမဴးေစ တဲ့ အသံပိုင္ရွင္ အဆိုေတာ္မေလး နီနီခင္ေဇာ္ ကို ဆက္လက္အားေပးၾကပါဦးေနာ္။

source : Ni Ni Khin Zaw ;

Credit : Shwe Chit Thu
# Unicode Version ျဖင့္ ဖတ္ပါ #
ထူးခြားလှတဲ့ အသံပိုင်ရှင်တစ်ယောက်ဖြစ်ပြီး Pop, R & Bအဆိုတော် နီနီခင်ဇော်ဟာ မြန်မာနိုင်ငံရဲ့ ဘီယွန်ဆေးလို့ တင်စားရလောက်အောင် အသံပါဝါအားကောင်းတဲ့ အဆိုရှင်မလေး ဖြစ်ပါတယ်။ သူမ Melody World 2009 ပြိုင်ပွဲက နေ ပထမဆုရှင်အဖြစ် အောင်မြင်ကျော်ကြားလာခဲ့ပြီး သူမရဲ့ဆိုဟန်ဆိုပေါက်ဟာ သာမန်ထက် ထူးခြားတဲ့ အသံရှင်ဖြစ်ပါတယ်။

နီနီရဲ့ ပထမဆုံး Album ဖြစ်တဲ့ "မာရီယို" ဟာဆိုရင် ပရိသတ်အားပေးမှု့ကို တခဲနက်ရရှိခဲ့ပြီး သူမဘဝရဲ့ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ် ။ ယခု ဒုတိယ Album ဖြစ်တဲ့ "Super Red" ဟာဆိုရင်လည်း အောင်မြင်မှု့ရရှိထားတဲ့ သီချင်းခွေတစ်ခုဆိုရင်လည်းမမှားပါဘူး ။ သူမဟာ ကိုယ်ပိုင် Brand တစ်ခုဖြစ်တဲ့ Super Red lip ကိုလည်း ပရိသတ်တွေကြားကို ဖြန့်ချီထားပါသေးတယ် ။

လက်ရှိမှာတော့ တရုတ်-မြန်မာ ချစ်ကြည်ရေး ညစာ စားပွဲကို တက်ရောက်ရင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူမ အနေနဲ့ မြန်မာဆိုတာကို ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်သယောင် မြန်မာဝတ်စုံလေးကို မြတ်မြတ်နိုးနိုးဝတ်ဆင်ခဲ့ပါတယ်။ နီနီဟာ မြန်မာဟန် ၊ မြန်မာကိုယ်လုံးကိုယ်ပေါက် အချိုးအစားလှသူမို့ အရမ်းကို မြန်မာဝတ်စုံလေးနဲ့ ထင်ပေါ်နေပြီး သူမ နဲ့ အလိုက်ဖက်ဆုံး အနီရောင် နှုတ်ခမ်းနီလေးကတော့ မပါမဖြစ် ဆိုးထားတာ ဖြစ်ပါတယ်။ မြန်မာမလေးဆိုတာ မှားစရာမရှိအောင် လူအများကြားမှာ ထင်ပေါ်နေစေတဲ့ မြန်မာဝတ်စုံလေးနဲ့ နီနီဟာ သိပ်ကို ဂုဏ်ယူဝင့်ထည်စွာ လှပနေပါတယ်။ သူမ အမှတ်တရ ပုံလေးတွေကို “မြန်မာဆိုတာ” လို့ facebook စာမျက်နာထက် မျှဝေလိုက်ပြီး Nininans fansတွေကိုလည်း လွမ်းကြောင်း ဆိုလိုက်ပါတယ်။ ပရိတ်သတ် တွေရဲ့ နှလုံးသားကို လွမ်းစေ၊ ဆွေးစေ၊ ပျော်စေ၊ မြူးစေ တဲ့ အသံပိုင်ရှင် အဆိုတော်မလေး နီနီခင်ဇော် ကို ဆက်လက်အားပေးကြပါဦးနော်။

source : Ni Ni Khin Zaw ;

Credit : Shwe Chit Thu
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top