iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြအတြက္အေရးၾကီးဆံုးျဖစ္တဲ့ မီးယပ္ဆိုင္ရာ ျပႆနာေလးေတြကို ေဖာ္ျပေပးထားပါတယ္

မိန္းကေလးျဖစ္ျပီဆိုတာနဲ႔ မျဖစ္မေနေတြ႕ၾကံဳရမယ့္ ကိစၥရပ္ ကေတာ့ ဓမၼတာလာျခင္းကိစၥရပ္ပါပဲ။ အရြယ္အသင့္ အတင့္ ေရာက္ရွိျပီး အပ်ိဳေဖာ္ ၀င္ျပီဆိုရင္ အမ်ိဳးသမီးရဲ႕သားအိမ္ကေန သားဥေၾကြျပီး ေသြးဆင္းတတ္ၾကပါတယ္။ သားဥဟာ 28 ရက္ တစ္ၾကိမ္ေၾကြတတ္ပါတယ္။ သားဥ အိမ္ဟာ အမ်ိဳးသမီးရဲ႕ သားအိမ္ထဲမွာရွိေနတတ္ျပီး အမ်ိဳးသားတစ္ဦးနဲ႔ လိင္ဆက္ဆံမႈ မျပဳတဲ့အခါ မ်ိဳးပြားမႈမျဖစ္ထြန္းတာေၾကာင့္ သားဥဟာ ေသြး အျဖစ္နဲ႔ သားအိမ္နံရံကေနေၾကြက်ျပီး အမ်ိဳးသမီးရဲ႕ ေယာနိမွ တဆင့္ေသြးအျဖစ္နဲ႔ ဆင္းပါတယ္။ ဒါဟာ ဓမၼတာလာျခင္း ျဖစ္စဥ္ပါပဲ။

အမ်ိဳးသမီးေတြမွာ ပံုမွန္မဟုတ္တဲ့ မီးယပ္ဆိုင္ရာ ျပႆနာ ေတြျဖစ္ေပၚလာျပီဆိုရင္ အခ်ိန္မွီမကုသႏိုင္ရင္ အသက္ဆံုးရံႈး ရသည္အထိ ျပင္းထန္ တတ္ပါတယ္။ အမ်ိဳးသမီးေတြအေနနဲ႔ ကိုယ့္ရဲ႕လစဥ္ ဓမၼတာလာတာပဲျဖစ္ျဖစ္ တျခားကိစၥအေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ပဲျဖစ္ျဖစ္ သားအိမ္နဲ႔ ပက္သက္ျပီး တစ္ခုခုပံုမွန္ မဟုတ္တဲ့ အေျခအေနရွိရင္ နီးစပ္ရာဆရာ၀န္နဲ႔ ေဆြးေႏြး တိုင္ပင္ျပီး လုိအပ္ရင္ ကုသမႈခံယူသင့္ပါတယ္။ ပံုမွန္မဟုတ္တဲ့ အမ်ိဳးသမီးေရာဂါေတြကေတာ့ ရာသိီလာခ်ိန္မဟုတ္ပဲ ေသြးဆင္း ျခင္း၊ ဆီးသြားခ်ိန္ မထိန္းႏိုင္ေလာက္ေအာင္ ျဖစ္ျခင္း အမ်ိဳးသား ႏွင့္ ဆက္ဆံခ်ိန္ ေသြးဆင္းျခင္း၊ အမ်ိဳးသမီး အဂၤါ တဝိုက္ ပူျခင္း , စပ္ျခင္း ႏွင့္ ေယာင္ရမ္း ျခင္း , အနာမ်ားေပါက္ျခင္း ရာသီလာ ခ်ိန္ ပံုမွန္ အေရာင္ မဟုတ္ျခင္း , အနံ႕ ဆိုးျခင္း၊ ရာသီလာခ်ိန္ ပံုမုွန္အတိုင္းအတာထက္ေက်ာ္လြန္ျပီး ေသြးဆင္းမ်ားျခင္း စတဲ့လကၡဏာေတြျဖစ္ပါတယ္။

ပ်ိဳေမတို႔အေနနဲ႔လည္း ကိုယ့္ရဲ႕ခႏၶာကိုယ္မွာ ဒီလိုအခ်က္ေတြ ေတာ္ေတာ္မ်ား်မ်ားျဖစ္ေပၚေနျပီဆိုရင္ နီးစပ္ရာသားဖြားမီးယပ္ ဆရာ၀န္နဲ႔ တိုင္ပင္ျပီး အခ်ိန္မွီျပသသင့္ပါတယ္။ အမ်ိဳးသမီး ေရာဂါေတြဟာ အိမ္ေထာင္ရွိသူေတြသာမက အပ်ိဳေတြမွာလည္း ျဖစ္ႏိုင္တာမို႔ ကိုယ့္ရဲ႕ခႏၶာကိုယ္က လစဥ္ ဓမၼတာကိစၥရပ္ေတြကို ေသခ်ာဂရုတစိုက္ရွိသင့္ပါတယ္။ တစ္ခုခုတစ္စံုတရာျဖစ္တယ္လို႔ သံသယရွိရင္လည္း တတ္ကြ်မ္းနားလည္တဲ့ ဆရာဝန္နဲ႔ အျမန္ ျပသျပီး လိုအပ္တဲ့ စစ္ေဆးမႈေတြ အျမန္ဆံုးျပဳလုပ္သင့္ပါတယ္။

Credit: Marry
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတွေအတွက်အရေးကြီးဆုံးဖြစ်တဲ့ မီးယပ်ဆိုင်ရာ ပြဿနာလေးတွေကို ဖော်ပြပေးထားပါတယ်

မိန်းကလေးဖြစ်ပြီဆိုတာနဲ့ မဖြစ်မနေတွေ့ကြုံရမယ့် ကိစ္စရပ် ကတော့ ဓမ္မတာလာခြင်းကိစ္စရပ်ပါပဲ။ အရွယ်အသင့် အတင့် ရောက်ရှိပြီး အပျိုဖော် ဝင်ပြီဆိုရင် အမျိုးသမီးရဲ့သားအိမ်ကနေ သားဥကြွေပြီး သွေးဆင်းတတ်ကြပါတယ်။ သားဥဟာ 28 ရက် တစ်ကြိမ်ကြွေတတ်ပါတယ်။ သားဥ အိမ်ဟာ အမျိုးသမီးရဲ့ သားအိမ်ထဲမှာရှိနေတတ်ပြီး အမျိုးသားတစ်ဦးနဲ့ လိင်ဆက်ဆံမှု မပြုတဲ့အခါ မျိုးပွားမှုမဖြစ်ထွန်းတာကြောင့် သားဥဟာ သွေး အဖြစ်နဲ့ သားအိမ်နံရံကနေကြွေကျပြီး အမျိုးသမီးရဲ့ ယောနိမှ တဆင့်သွေးအဖြစ်နဲ့ ဆင်းပါတယ်။ ဒါဟာ ဓမ္မတာလာခြင်း ဖြစ်စဉ်ပါပဲ။

အမျိုးသမီးတွေမှာ ပုံမှန်မဟုတ်တဲ့ မီးယပ်ဆိုင်ရာ ပြဿနာ တွေဖြစ်ပေါ်လာပြီဆိုရင် အချိန်မှီမကုသနိုင်ရင် အသက်ဆုံးရှုံး ရသည်အထိ ပြင်းထန် တတ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့လစဉ် ဓမ္မတာလာတာပဲဖြစ်ဖြစ် တခြားကိစ္စအကြောင်း အမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် သားအိမ်နဲ့ ပက်သက်ပြီး တစ်ခုခုပုံမှန် မဟုတ်တဲ့ အခြေအနေရှိရင် နီးစပ်ရာဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်ပြီး လိုအပ်ရင် ကုသမှုခံယူသင့်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အမျိုးသမီးရောဂါတွေကတော့ ရာသီလာချိန်မဟုတ်ပဲ သွေးဆင်း ခြင်း၊ ဆီးသွားချိန် မထိန်းနိုင်လောက်အောင် ဖြစ်ခြင်း အမျိုးသား နှင့် ဆက်ဆံချိန် သွေးဆင်းခြင်း၊ အမျိုးသမီး အင်္ဂါ တဝိုက် ပူခြင်း , စပ်ခြင်း နှင့် ယောင်ရမ်း ခြင်း , အနာများပေါက်ခြင်း ရာသီလာ ချိန် ပုံမှန် အရောင် မဟုတ်ခြင်း , အနံ့ ဆိုးခြင်း၊ ရာသီလာချိန် ပုံမုှန်အတိုင်းအတာထက်ကျော်လွန်ပြီး သွေးဆင်းများခြင်း စတဲ့လက္ခဏာတွေဖြစ်ပါတယ်။

ပျိုမေတို့အနေနဲ့လည်း ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ဒီလိုအချက်တွေ တော်တော်များျများဖြစ်ပေါ်နေပြီဆိုရင် နီးစပ်ရာသားဖွားမီးယပ် ဆရာဝန်နဲ့ တိုင်ပင်ပြီး အချိန်မှီပြသသင့်ပါတယ်။ အမျိုးသမီး ရောဂါတွေဟာ အိမ်ထောင်ရှိသူတွေသာမက အပျိုတွေမှာလည်း ဖြစ်နိုင်တာမို့ ကိုယ့်ရဲ့ခန္ဓာကိုယ်က လစဉ် ဓမ္မတာကိစ္စရပ်တွေကို သေချာဂရုတစိုက်ရှိသင့်ပါတယ်။ တစ်ခုခုတစ်စုံတရာဖြစ်တယ်လို့ သံသယရှိရင်လည်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အမြန် ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ အမြန်ဆုံးပြုလုပ်သင့်ပါတယ်။

Credit: Marry
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top