iMyanmarHouse.com - Best Property Website for Myanmar
×

ဗိုက္ေႀကာျပတ္ျခင္းဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အမ်ားအားျဖင့္ ျဖစ္ေပၚတတ္ပါတယ္။ ဒါေပမဲ႔ အလ်င္အျမန္ ဝိတ္တက္ျခင္း ဝိတ္က်ျခင္းမ်ား ေဟာ္မုန္းမညီမ်ွျခင္းမ်ားနဲ႔ အခ်ိဳ႕ေသာ ေရာဂါမ်ားေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ဒီလိုအမာရြတ္ေနေတြဟာ သူတို႔ဘာသာ သူတို႔ေတာ့ အျပီး မေပ်ာက္ကြယ္သြားပါဘူး။ ဒါေပမဲ႔ သူတို႔ ေတြ လ်င္လ်င္ျမန္ျမန္ ေပ်ာက္ကြယ္သြားေစမယ့္ သဘာဝ နည္းလမ္းေတြရွိပါတယ္။

၁။ ေရမ်ားမ်ားေသာက္ပါ။

ေရဓာတ္ျပည့္ဝေနဖို႔ဆိုတာ အေရးၾကီးပါတယ္။ ေရအလံုေလာက္ေသာက္မယ္ဆိုရင္ အေရျပားက ေပ်ာ့ေပ်ာင္းလာျပီး ပိုဆန္႔နိုင္က်ဳံ႕နိုင္လာပါတယ္။ ေျခာက္ေသြ႕ေသာ အေရျပားက အေၾကာျပတ္ျခင္းကို ျဖစ္ေစခ်ိန္မွာ ေရဟာ အေရျပားကို အစိုဓာတ္ထိန္းေပးပါတယ္။ ေလ့လာခ်က္မ်ားက တေန႔ကို ေရဖန္ခြက္ ၈-၉ခြက္ ေသာက္သင့္သည္ဟုဆိုပါတယ္။

၂။လီမြန္ရည္ေသာက္ပါ

လီမြန္သီးမွာ ေတြ႕ရတဲ့ ဗီတာမင္ စီ ဟာ ပရုိတိန္းဓာတ္ကို ဖြံ႔ျဖိဳးေစျပီး အေရျပားကို ပိုက်ဳံ႕လြယ္ဆန္႔လြယ္ေစပါတယ္။ လီမြန္ရည္မွာ သဘာဝအက္ဆစ္ဓာတ္ပါရွိျပီး ၄င္းဟာ ဆဲလ္ေသေတြက္ို လ်င္လ်င္ ျမန္ျမန္ဖယ္ရွားပစ္ပါတယ္။  အေၾကာျပတ္ေတြရဲ႕ အေရာင္ ပိုထင္းလာေစျပီး အမာရြတ္မ်ား ေမွးမွိန္လာေစပါတယ္။

၃။ ရွားေစာင္းလက္ပတ္ကို အသံုးျပဳပါ

ရွားေစာင္းလက္ပတ္ဟာ သဘာဝအေရျပားကုသေဆးျဖစ္တယ္။ ကမာၻ႔ေျမၾကီးကေပးတဲ႔ အေကာင္းဆံုး လက္ေဆာင္အပင္လည္းျဖစ္တယ္။ ၄င္းက ပ်က္စီးေနေသာ ဆဲလ္ေတြကို ျပဳျပင္ေပးျပီး အေရျပားတစ္ရွဴးေတြကို္ အစားထိုးေပးပါတယ္။ ပရုိတိန္းဓာတ္လည္း ၾကြယ္ဝေသာေၾကာင့္ အေရျပားကို ေပ်ာ့ေပ်ာင္းလာေစျပီး ဆန္႔လါယ္ က်ဳ႔ံလြယ္ေစပါတယ္။ ရွားေစာင္းလက္ပတ္နဲ႔ အမာရြတ္ေနရာကို ၁၅-၂၀ မိနစ္ေလာက္ ပြတ္တိုက္ေပးပါ။ ျပီးရင္ ေရေႏြးနဲ႔ေဆးပါ။

၄။ ႀကက္ဆူဆီ

ၾကက္ဆူဆီဟာအက္ဆစ္ဓာတ္ျပည့္ဝျခင္းေၾကာင့္ အေၾကာျပတ္အမာရြတ္ေတြကိုကုသရာမွာ အေထာက္အကူျဖစ္ပါတယ္။ ၾကက္ဆူွွဆီမွာ အဆီဓာတ္အက္ဆစ္ပါဝင္ျပီး အေကာင္းဆံုးအစိုဓာတ္ေပးပါတယ္။

အေၾကာျပတ္ရွိေနတဲ႔ အေရျပားကို ၾကက္ဆူဆီလိမ္း၍ နိွပ္နယ္ေပးပါ။ ၂၀-၃၀ မိနစ္ေလာက္ ၄င္းေနရာကို ပလပ္စတစ္ျဖင့္ အုပ္ထားေပးပါ။ ပိုျပီး ေကာင္းမြန္ေစရန္ အေရျပားကို ေရေႏြးနဲ႔ အပူေပးပါ တစ္ပတ္ကို တစ္ၾကိမ္ေလာက္ျပဳလုပ္ေပးပါ။

၅။ အုန္းဆီ

အုန္းဆီ မွာ ပါဝင္တဲ႔ အက္ဆစ္ဓာတ္ဟာလည္း ပ်က္စီးေနေသာ အေရျပားကို ျပဳျပင္ေပးပါတယ္။ အေၾကာျပတ္ေနေသာ ေနရာကို ေန႕စဥ္လိမ္းေပးျခင္း အားျဖင့္ လ်င္လ်င္ ျမန္ျမန္ ေပ်ာက္ကင္းေစနိုင္ပါတယ္။ လံုးဝမဖယ္ရွားေပးနိုင္ေပမယ့္ အနီကြက္ေနရာေတြကိုေတာ့ ေလ်ာ့က်ေစနိုင္ပါတယ္။ အမာရြတ္ေနရာကို အုန္းဆီနဲ႔ ၂မိနစ္ ၃ မိနစ္ေလာက္ နိွပ္နယ္ေပးပါ။ ဆီကို လံုးဝစုပ္ယူသြားသည္အထိ ထိုေနရာကို မဖံုးအုပ္ပဲထားေပးပါ။ ေန႔တိုင္းျပဳလုပ္ေပးပါ။

၆။ဗီတာမင္ေအ

ဗီတာမင္ေအဟာ အေစာပိုင္းမွာ အမာရြတ္အေၾကာျပတ္ရာမ်ားကို တက္လာေစျပီး အေရျပားကို ပိုနူးည့ံနုနယ္လာေစပါတယ္။ ဗီတာမင္ေအကို အစိမ္းေရာင္နဲ႔ အဝါေရာင္သစ္သီးမ်ား အသီးအရြက္မ်ား မုန္လာဥ ဥမ်ား ငါး နို႔ထြက္ပစၥည္းမ်ား နဲ႔ အသည္းတို႔ တြင္ ရနိုင္ပါတယ္။

၇။ သၾကားျဖင့္ ေပါင္းတင္ပြတ္တိုက္ကာ အလႊာလိုက္ကြာက်ေစျခင္း

သၾကားက ထိေရာက္စြာ အေၾကာျပတ္ရာေနရာနားမွာ က်န္ရွိေနေသာ ဆဲလ္ေသေတြကို  အလႊာလိုက္ ကြာက်ေစပါတယ္။ ပြတ္တိုက္ေပါင္းတင္ျခင္းဟာ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစျပီး ကုသရာမွာ အေထာက္အကူျဖစ္ေစပါတယ္။ သႀကားခြက္တဝက္ကုိေရနဲ႔ေရာျပီး အႏွစ္ျဖစ္ေအာင္ေဖ်ာ္ပါ။ အေၾကာျပတ္ေနရာကို ျဖန္႔လိမ္းကာ နိွပ္နယ္ေပးပါ။ မဖံုးအုပ္ပဲ ၂-၃ မိနစ္ေလာက္ထားပါ။ တပတ္မွာ ၂ၾကိမ္ ၃ ၾကိမ္ေလာက္ျပဳလုပ္ေပးပါ။

၈။အျဖဴေရာင္ဥ

အျဖဴေရာင္ဥ မွာ ပါဝင္တဲ့ ပရုိတိိန္းဓာတ္ဟာ အေရျပားကို ျပန္လည္ေကာင္းမြန္လာျပီး က်ဳ႔ံလြယ္ဆန္႔လြယ္လာေစပါတယ္။ ဥကိုပ်စ္ပ်စ္ေဖ်ာ္ျပီး အမာရြတ္ေနရာကို လိမ္းပါ။ ေျခာက္သြားသည္အထိ ေလသလပ္ခံထားပါ။ ျပီးရင္ ေရေႏြးနဲ႔ ေဆးပါ။ တေန႔မွာ ၂ၾကိမ္၃ၾကိမ္ျပဳလုပ္ပါ။

Credit: cantwait2say
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
 ဗိုက်ကြောပြတ်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အများအားဖြင့် ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမဲ့ အလျင်အမြန် ဝိတ်တက်ခြင်း ဝိတ်ကျခြင်းများ ဟော်မုန်းမညီမျှခြင်းများနဲ့ အချို့သော ရောဂါများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုအမာရွတ်နေတွေဟာ သူတို့ဘာသာ သူတို့တော့ အပြီး မပျောက်ကွယ်သွားပါဘူး။ ဒါပေမဲ့ သူတို့ တွေ လျင်လျင်မြန်မြန် ပျောက်ကွယ်သွားစေမယ့် သဘာဝ နည်းလမ်းတွေရှိပါတယ်။

၁။ ရေများများသောက်ပါ။

ရေဓာတ်ပြည့်ဝနေဖို့ဆိုတာ အရေးကြီးပါတယ်။ ရေအလုံလောက်သောက်မယ်ဆိုရင် အရေပြားက ပျော့ပျောင်းလာပြီး ပိုဆန့်နိုင်ကျုံ့နိုင်လာပါတယ်။ ခြောက်သွေ့သော အရေပြားက အကြောပြတ်ခြင်းကို ဖြစ်စေချိန်မှာ ရေဟာ အရေပြားကို အစိုဓာတ်ထိန်းပေးပါတယ်။ လေ့လာချက်များက တနေ့ကို ရေဖန်ခွက် ၈-၉ခွက် သောက်သင့်သည်ဟုဆိုပါတယ်။

၂။လီမွန်ရည်သောက်ပါ

လီမွန်သီးမှာ တွေ့ရတဲ့ ဗီတာမင် စီ ဟာ ပရိုတိန်းဓာတ်ကို ဖွံ့ဖြိုးစေပြီး အရေပြားကို ပိုကျုံ့လွယ်ဆန့်လွယ်စေပါတယ်။ လီမွန်ရည်မှာ သဘာဝအက်ဆစ်ဓာတ်ပါရှိပြီး ၎င်းဟာ ဆဲလ်သေတွေကို လျင်လျင် မြန်မြန်ဖယ်ရှားပစ်ပါတယ်။  အကြောပြတ်တွေရဲ့ အရောင် ပိုထင်းလာစေပြီး အမာရွတ်များ မှေးမှိန်လာစေပါတယ်။

၃။ ရှားစောင်းလက်ပတ်ကို အသုံးပြုပါ

ရှားစောင်းလက်ပတ်ဟာ သဘာဝအရေပြားကုသဆေးဖြစ်တယ်။ ကမ္ဘာ့မြေကြီးကပေးတဲ့ အကောင်းဆုံး လက်ဆောင်အပင်လည်းဖြစ်တယ်။ ၎င်းက ပျက်စီးနေသော ဆဲလ်တွေကို ပြုပြင်ပေးပြီး အရေပြားတစ်ရှူးတွေကို အစားထိုးပေးပါတယ်။ ပရိုတိန်းဓာတ်လည်း ကြွယ်ဝသောကြောင့် အရေပြားကို ပျော့ပျောင်းလာစေပြီး ဆန့်လါယ် ကျုံ့လွယ်စေပါတယ်။ ရှားစောင်းလက်ပတ်နဲ့ အမာရွတ်နေရာကို ၁၅-၂၀ မိနစ်လောက် ပွတ်တိုက်ပေးပါ။ ပြီးရင် ရေနွေးနဲ့ဆေးပါ။

၄။ ကြက်ဆူဆီ

ကြက်ဆူဆီဟာအက်ဆစ်ဓာတ်ပြည့်ဝခြင်းကြောင့် အကြောပြတ်အမာရွတ်တွေကိုကုသရာမှာ အထောက်အကူဖြစ်ပါတယ်။ ကြက်ဆူှှဆီမှာ အဆီဓာတ်အက်ဆစ်ပါဝင်ပြီး အကောင်းဆုံးအစိုဓာတ်ပေးပါတယ်။

အကြောပြတ်ရှိနေတဲ့ အရေပြားကို ကြက်ဆူဆီလိမ်း၍ နှိပ်နယ်ပေးပါ။ ၂၀-၃၀ မိနစ်လောက် ၎င်းနေရာကို ပလပ်စတစ်ဖြင့် အုပ်ထားပေးပါ။ ပိုပြီး ကောင်းမွန်စေရန် အရေပြားကို ရေနွေးနဲ့ အပူပေးပါ တစ်ပတ်ကို တစ်ကြိမ်လောက်ပြုလုပ်ပေးပါ။

၅။ အုန်းဆီ

အုန်းဆီ မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်ဟာလည်း ပျက်စီးနေသော အရေပြားကို ပြုပြင်ပေးပါတယ်။ အကြောပြတ်နေသော နေရာကို နေ့စဉ်လိမ်းပေးခြင်း အားဖြင့် လျင်လျင် မြန်မြန် ပျောက်ကင်းစေနိုင်ပါတယ်။ လုံးဝမဖယ်ရှားပေးနိုင်ပေမယ့် အနီကွက်နေရာတွေကိုတော့ လျော့ကျစေနိုင်ပါတယ်။ အမာရွတ်နေရာကို အုန်းဆီနဲ့ ၂မိနစ် ၃ မိနစ်လောက် နှိပ်နယ်ပေးပါ။ ဆီကို လုံးဝစုပ်ယူသွားသည်အထိ ထိုနေရာကို မဖုံးအုပ်ပဲထားပေးပါ။ နေ့တိုင်းပြုလုပ်ပေးပါ။

၆။ဗီတာမင်အေ

ဗီတာမင်အေဟာ အစောပိုင်းမှာ အမာရွတ်အကြောပြတ်ရာများကို တက်လာစေပြီး အရေပြားကို ပိုနူးညံ့နုနယ်လာစေပါတယ်။ ဗီတာမင်အေကို အစိမ်းရောင်နဲ့ အဝါရောင်သစ်သီးများ အသီးအရွက်များ မုန်လာဥ ဥများ ငါး နို့ထွက်ပစ္စည်းများ နဲ့ အသည်းတို့ တွင် ရနိုင်ပါတယ်။

၇။ သကြားဖြင့် ပေါင်းတင်ပွတ်တိုက်ကာ အလွှာလိုက်ကွာကျစေခြင်း

သကြားက ထိရောက်စွာ အကြောပြတ်ရာနေရာနားမှာ ကျန်ရှိနေသော ဆဲလ်သေတွေကို  အလွှာလိုက် ကွာကျစေပါတယ်။ ပွတ်တိုက်ပေါင်းတင်ခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကုသရာမှာ အထောက်အကူဖြစ်စေပါတယ်။ သကြားခွက်တဝက်ကိုရေနဲ့ရောပြီး အနှစ်ဖြစ်အောင်ဖျော်ပါ။ အကြောပြတ်နေရာကို ဖြန့်လိမ်းကာ နှိပ်နယ်ပေးပါ။ မဖုံးအုပ်ပဲ ၂-၃ မိနစ်လောက်ထားပါ။ တပတ်မှာ ၂ကြိမ် ၃ ကြိမ်လောက်ပြုလုပ်ပေးပါ။

၈။အဖြူရောင်ဥ

အဖြူရောင်ဥ မှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်ဟာ အရေပြားကို ပြန်လည်ကောင်းမွန်လာပြီး ကျုံ့လွယ်ဆန့်လွယ်လာစေပါတယ်။ ဥကိုပျစ်ပျစ်ဖျော်ပြီး အမာရွတ်နေရာကို လိမ်းပါ။ ခြောက်သွားသည်အထိ လေသလပ်ခံထားပါ။ ပြီးရင် ရေနွေးနဲ့ ဆေးပါ။ တနေ့မှာ ၂ကြိမ်၃ကြိမ်ပြုလုပ်ပါ။

Credit: cantwait2say

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top