iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန့မွာေတာ့မထင္မွတ္ထားတဲ့ အမိန္႔ ခ်လိုက္ၿပီ..။ အမွဳႏိုင္ဖို႕သံုးသြားခဲ႕တဲ႕ မုသားဟာ ကၽြန္မဘ၀အတြက္ အစြန္းထင္းၾကီးျဖစ္ခဲ့ရေလၿပီ

လက္ေတြ့မွာကၽြန္မဘ၀နဲ႕ ရင္းလိုက္ရတဲ႕ ေမာင္ရဲ႕ မုသား

လြင္႕ေမ်ာေနတဲ႕ စိတ္အစဥ္ကို ဖမ္းဆုပ္ဖို႕ကၽြန္မကိုယ္ေပၚမွာ အေတာင္ပံတစ္စံု တပ္ဖို႕ လိုအပ္ေနျပီေမာင္ ။ အဲဒီအေတာင္ပံ တစ္စံုဟာ ေမာင္သာျဖစ္ခဲ႔မယ္ဆိုရင္ ကၽြန္မစိတ္အစဥ္ဟာ တစ္ေနရာတည္းမွာ ထာ၀ရတည္ရွိေနေတာ႔မွာပါ။ မေရရာမွဳေတြေပါမ်ားေနတဲ႕ ေလာကၾကီးထဲမွာ ကၽြန္မအတြက္ေသခ်ာ ေရရာတာ တစ္ခုေတာ႕ ရွိေနေလရဲ႕ ။ အဲဒါဘာလည္းဆိုေတာ႕ ကၽြန္မေမာင္ကို သိပ္ခ်စ္တဲ႕ ခ်စ္ျခင္းေတြပါပဲ ။

တင္စားဖို႕စကားလံုးမရွိေလာက္ေအာင္ ေမာင္ကို ကၽြန္မ ခ်စ္ျမတ္ႏိုးသည္ ။ သတိရတဲ႔အခ်ိန္တိုင္း ေမာင္နာမည္ကို ပဲ႔တင္ထပ္ေအာင္ ေခၚေနမိသည္ ။ ကၽြန္မရူးမ်ားသြားျပီလား ဆိုတဲ႕ ေမးခြန္းေတြကို ၾကိမ္ဖန္မ်ားစြာ ေမးခဲ႕ဖူးဧ။္ ။

ေမာင္ကို ခ်စ္တဲ႕ အခ်စ္ေတြက ကၽြန္မအတြက္ အရုးတစ္ပိုင္းျဖစ္ေစခဲ႕ျပီလား ။ သိပ္ကိုရိုးသားေအးေဆးတဲ႕ ခ်စ္သူေလးကို ပိုင္ဆိုင္ခဲ႔ရလို႕ လူပံုအလည္ ေခါင္းေမာ႕ၾကည္ႏူးခဲ႔ရဖူးပါသည္ ။ ခုေတာ႕ ဒီအေျခေနေတြဘယ္ဆီကိုမ်ား ထြက္ေျပး တိမ္းေရွာင္ေနခဲ႔ျပီလည္း ။ ဘယ္ေလာက္ေ၀းေ၀း အနားနားမွာ ေမာင္ရွိေနတယ္ဆိုတဲ႕ အသိ ခံစား ခ်က္ေလးတစ္ခုကို ရင္၀ယ္ပိုက္ထားမိသည္ ။

အဆံုးစမရွိခ်စ္ျခင္းေတြနဲ႕ ထာ၀ရ ေသသည္႔တိုင္ေအာင္ ခ်စ္ျမတ္ႏိုးေနေတာ႕မည္႔ ဆိုတာကေတာ႕ ေသခ်ာတဲ႕ ျဖစ္တည္မွဳ တစ္ခုပါပဲ။

ရင္နာစရာေတြ ျပည္႔ႏွက္ခဲ႔ရတဲ႕ အတိတ္ေန႔ရက္ေလးေတြဆီသို႕……………….ကၽြန္မတို႕ နယ္ေျမကို အရာရွိေပါက္စေလး ငါးေယာက္ ေရာက္လာပါသည္ ။ ၀န္ထမ္းအိမ္ရာေလးထဲမွာ ဘာဘဲ ထူးျခားထူးျခား ကၽြန္မတို႕ အရင္ဆံုးသိရတတ္သည္ ။ဒီ၀န္းေလးထဲမွာ ရွိၾကတဲ႕ လူအမ်ားစုေ၀းရာ ေနရာကို ျပပါဆိုရင္ တစ္ဆိုင္တည္းသာရွိေသာကၽြန္မတို႕ လက္ဘက္ရည္ဆိုင္ေလးသာ ျဖစ္ပါလိမ္႔မည္ ။ ေဖေဖကိုယ္တိုင္ လက္ဘက္ရည္ေဖ်ာ္ ၊ ေမေမက ေကာင္တာထိုင္ ၊ မမၾကီးက ကိုယ္တိုင္ အေၾကာ္ဆရာလုပ္ျပီး ကၽြန္မကေတာ႕စားပြဲထိုးေလးေပါ႔

မိသားစု တက္ညီလက္ညီ အလုပ္လုပ္ၾကတာမို႕ စီးပြားကလည္း ျဖစ္ထြန္းပါသည္ ။

ဒီေန႕ေတာ႕ ဆိုင္မွာ ထိုင္သူတိုင္းရဲ႕ ပါးစပ္ဖ်ားက တူညီစြာက်လာတဲ႕ စကားသံေတြက အရာရွိသစ္ေတြ ေရာက္မယ္ဆိုတဲ႕ သတင္းပါပဲ ။ အေဟာ႕ဆံုးလို႕ ေျပာရင္ေတာင္ ရမည္ ထင္ပါသည္ ။ လူရွင္းတုန္း စာအုပ္ေလးေကာက္ကိုင္ကာ စာက်က္ဖို႕ ၾကိဳးစားလိုက္သည္ ။ ကၽြန္မတို႕အေ၀းသင္စာေမးပြဲၾကီးကလည္း နီးကပ္လို႕လာေလျပီ ။

စာအုပ္ထဲ စိတ္ႏွစ္ထားလို႕ နာရီ၀က္ေလာက္အၾကာ ဆိုင္ထဲကို လူစိမ္းေတြ ၀င္လာသံကို ၾကားလိုက္ရသည္ ။ * ထိုင္ပါ ဆရာ …ဆရာတို႕ လာမယ္ဆိုလို႕ ေမွ်ာ္ေနၾကတာ ဟုတ္ကဲ႕ ကၽြန္ေတာ္တို႕လည္း လမ္းမွာ ကားပ်က္သြားလို႕ နည္းနည္းေနာက္က်သြားတယ္ ရပါတယ္ ။ ေနာက္က်ေနလို႕ တစ္ခုခုမ်ားျဖစ္ေနလားလို႕ စိတ္ပူေနတာ * * ဟုတ္တယ္ ။ ဒါနဲ႕ မိတ္ဆက္ေပးရအံုးမယ္ ။

ကၽြန္ေတာ္တို႕ ခုလာတာ ငါးေယာက္ပါ ။ ဒါက ေမာင္ေမာင္ ၊ ဒါက စိုးသူ ၊ ဒါက ေအာင္သူ ၊ ဒါက ထြဋ္ႏိုင္ ၊ ကၽြန္ေတာ္ကေတာ႕ ထြန္းေဆြပါ ။ ဒီထဲမွာ အေအးဆံုး ေရခဲတံုးတစ္ေယာက္ေတာ႕ ပါတယ္ဗ်။ ဒီေကာင္ၾကီး ထြဋ္ႏိုင္ကေတာ႕ေရခဲတံုးဗ်ိဳ႕ ။* မိတ္ဆက္ေပးေနသူရဲ႕ စကားသံေအာက္မွာ ရွက္ျပံဳးျပံဳးေနတဲ႕ ေမာင္အျပံဳးတစ္စံုကို စေတြ႔စထဲက ကၽြန္မသိပ္ခ်စ္ခဲ႕မိတယ္ထင္ပါရဲ႕ ။ ေဖေဖမအပါ၀င္ ၀န္းထဲက လူၾကီးေတြနဲ႕ မိတ္ဆက္ပြဲေလးကို ကၽြန္မတို႕လက္ဘက္ရည္ဆိုင္ေလးထဲမွာ က်င္းပေနၾကျခင္းပါ ။

စာထဲမွာစိတ္ မရွိေတာ႕မယ္႕တူတူ စာအုပ္ေတြကို ပိတ္ကာ သူတို႕ေတြ ၀ိုင္းနားမွာ လိုအပ္တာေတြ လုပ္ေပးေနလိုက္ပါေတာ႔သည္ ။ တခ်က္ခ်က္ ေရာက္လာတတ္တဲ႕ ေမာင္ရဲ႕ အၾကည္႕ေတြနဲ႕ အမွတ္တမဲ႕ေလး ဆံုလိုက္ခ်ိန္ေလးေတြမွာ အမည္မတပ္ တပ္ေသးတဲ႕ရင္ခုန္မွဳေလးေတြျဖစ္တည္သြားေစခဲ႕တာ အဲဒီအခ်ိန္ထဲကပါပဲ ။

ဒီလိုနဲ႕ အခ်ိန္ရဲ႕ တိုက္စားမွဳေတြေအာက္မွာ ေမာင္ရဲ႕ ရင္ထဲကို ကၽြန္မတေျဖးေျဖးတိုး၀င္ေရာက္ရွိခဲ႕သည္ ။ သိပ္ကို တည္ျငိမ္ေအးေဆးတဲ႕ ေမာင္ကို ခ်စ္သူအျဖစ္ပိုင္ဆိုင္ခြင္႕ရခဲ႕ပါသည္ ။ ေမာင္ရဲ႕ ခ်စ္ျခင္းေတြနဲ႕ ကၽြန္မေႏြးေထြးၾကည္ႏူးခဲ႕ရတာေပါ႔ ။ ကၽြန္မေနာက္ဆံုးႏွစ္ စာေမးပြဲေျဖဖို႕ အေဆာင္မွာ သြားေနခဲ႔ရသည္ ။ ၾကာျမင္႕တဲ႕ အခ်ိန္တစ္လခြဲေလာက္ကို ေမာင္ကို သိပ္လြမ္းခဲ႕ရတယ္ဆို ပိုတယ္ေျပာမလားဟင္ ။ တကယ္ပါ ကၽြန္မ ေမာင္ကို သိပ္လြမ္းခဲ႕ရသည္ ။

ေမာင္ဆႏၵမွန္သမွ် အလိုက္သတိျဖည္႔စီးေပးတတ္ခဲ႕တဲ႕ ကၽြန္မ အက်င္႕ေလးတစ္ခုက ေမာင္နဲ႕ ကၽြန္မကို အေ၀းဆံုးေ၀းကြာေစခဲ႔မယ္ဆိုတာကို ၾကိဳတင္ကာ သိရွိခဲ႕မည္ဆိုပါလွ်င္…………………….စာေမးပြဲေတြျပီးေတာ႕ ေမာင္က ကၽြန္မကို လာၾကိဳေပးခဲ႕သည္ ။ ျဖစ္ခ်င္ေတာ႕ လာၾကိဳတဲ႕ကားကလမ္းမွာ ဘီးေပါက္ ပါေလာေကာ ။ ဘီးဖာ ျပန္တပ္လုပ္ေနရတာနဲ႔ တင္ အခ်ိန္ေတြေတာ္ေတာ္ေလး လင္႔ကုန္ပါသည္။ ျပန္ရမယ္႕ အခ်ိန္ထက္ေတာ္ေတာ္ေလး ေနာက္က်ျပီးေနျပီမို႕ အေၾကာက္လြန္ေနတဲ႕ ကၽြန္မကို ေမာင္က ခိုးေျပးခဲ႕သည္ ။

ေအးစက္ေနတဲ႕ကၽြန္မလက္တစ္စံုကို ေမာင္ ေမာင္ရဲ႕ကမ္းလက္တစ္စံမာင္ရဲ႕ကမ္းလက္တစ္စံုက ေႏြးေထြးေစခဲ႔ပါဧ။္ ။ ခိုးေျပးျပီး သူအထက္အရာရွိေတြနဲ႕ ကၽြန္မကိုျပန္အပ္ခဲ႕ၾကတယ္ေလ။ သူ႕မိဘေတြကိုအေၾကာင္းေတာ႕ ေမာင္အေဖေရာက္လာခဲ႕သည္ ။ မဂၤလာကိစၥေတြ စကားေျပာဆို ရက္ေတြဘာေတြ သတ္မွတ္တဲ႕အထိအားလံုး အဆင္ေျပေျပပါပဲ ။ ဖိတ္စာေတြ ရတဲ႕ေန႔မွာဘဲ ေမာင္ေဖေဖ ဆီက မထင္မွတ္ထားတဲ႕ စကားေတြ ထြက္လာပါေတာ႕သည္ ။ * မေျပာခ်င္ေပမယ္႕ ေျပာရအံုးမယ္ဗ်ာ ။ ဒီကိုလာေတာ႕ လင္မယားႏွစ္ေယာက္စလံုးလာဖို႕ပါပဲ ။ သူ႕အေမက ေနမေကာင္းေနတာနဲ႕ ထားခဲ႔ရတယ္ ။ ကၽြန္ေတာ္ လာတဲ႕အထိအရမ္းမဆိုးပါဘူး ။ ညကေတာ႕ ဖုန္း၀င္လာတယ္ ။ ခုရက္ေတာ္ေတာ္ေလး ေနရတာမေကာင္းဘူးတဲ႕ ။ သူ႕သားကိုဘဲ တ ေနသတဲ႕ေလ ။

မဂၤလာရက္ကလည္း ဆယ္ရက္ေလာက္ လိုေနေသးေတာ႕ သားကိုခဏေခၚသြားခ်င္တယ္ ။ မဂၤလာရက္အမွီ ျပန္လာပါ႔မယ္ ။ စိတ္ခ်ပါ * ရုတ္တစ္ရက္ၾကားလိုက္ရတဲ႕ စကားေတြေၾကာင္႕ ကၽြန္မတို႕မိသားစု မွင္သက္သြားခဲ႕ၾကသည္ ။ပထမဆံုးသတိ၀င္လာတဲ႕ ေဖေဖက ေအးေပါ႔ဗ်ာ မိဘအေရးဆိုေတာ႕လည္း မတားေကာင္းေပဘူးေလ ။ ဒီေတာ႕ ဒီလိုလုပ္ဗ်ာ။သူတို႕လည္း တရား၀င္လင္မယားေတြ ျဖစ္ေနၾကျပီဘဲေလ။ သမီးကိုပါ ေခၚသြားပါ။ မဂၤလာရက္ အမွီျပန္လာၾကေပါ႔ * ေဖေဖစကားကို တံု႕ျပန္ဖို႕ ဟန္ျပင္လို္က္တဲ႕ သူ႕အေဖကို ေမာင္က လက္တို႕လိုက္တာကို ကၽြန္မ တစ္ေယာက္တည္းသာ ျမင္လိုက္ပါသည္ ။ ဒီလိုနဲ႕ ေမာင္႔ေမေမရွိရာကို သြားဖို႕ ကားဂိတ္ဆင္းခဲ႕ၾကပါျပီ။ ကားဂိတ္ေရာက္တယ္ဆိုရင္ဘဲ ေမာင္ဆီက ကၽြန္မမေမွ်ာ္လင္႕ထားတာေတြကို ထပ္ဆင္႕ ၾကားလိုက္ရျပန္ပါေတာ႕သည္

ငယ္… ေမာင္ ငယ္ကို ေျပာျပစရာရွိတယ္ ။ တကယ္ေတာ႕ ေမာင္ေမေမက ေမာင္နဲ႕ ငယ္ကိုလံုး၀ သေဘာမတူဘူး ။ ေမာင္တို႕ ခိုးေျပးတာကို သိေတာ႕ ေရွာ႔ျဖစ္ျပီး အိပ္ယာထဲ လဲသြားတာငယ္ ။ ခုရက္ ေမေမေရာဂါက ဆိုးလာတာမို႕ ေမာင္ျပန္ရမွာ ။ ငယ္ပါတပါတည္းပါလာရင္ေမေမ တအားစိတ္ထိခိုက္ရလိမ္႕မယ္ ။ ဒီေတာ႕ေလ ငယ္မလိုက္ဘဲ ငယ္မိဘေတြမသိေအာင္ငယ္႕ သူငယ္ခ်င္းတစ္ေယာက္ေယာက္ အိမ္မွာ ေနခဲ႕ေပးပါလားဟင္ ။ ေမာင္ မဂၤလာရက္ အမွီျပန္လာေပးပါ႔မယ္ေနာ္ ။

ေမာင္ေျပာလာတဲ႕ စကားေတြကို အမိန္႔တစ္ခုလို ေခါင္းညိမ္႔နာခံရင္း ကၽြန္မရင္ထဲက ငိုေနမိျပီေမာင္ ။ ေမာင္စကားသံေတြကို သက္ျပင္းက်ိတ္ခ်ဧ။္ ။ ကၽြန္မ ေမာင္အလိုက် လိုက္နာေပးတာေမာင္ စိတ္ခ်မ္းသာေအာင္လို႔ပါ ။ ေမာင္နဲ႕ ပတ္သတ္လာရင္ ေပ်ာ္ရြင္ၾကည္ႏူးျခင္းေတြကို ခံစားခဲ႕ဘူးသလို နာက်င္ျခင္းေတြကိုလည္း ေမာင္က ခံစားေစတတ္ခဲ႕တယ္ေနာ္ ။ ကၽြန္မဆီကို ေမာင္ ျပန္ေရာက္မလာခဲ႕ပါဘူး ။ သတို႕သားမရွိတဲ႕ မဂၤလာေဆာင္ကို ဘယ္လို အင္အားေတြနဲ႕ ရင္ဆိုင္ရမလည္း ေမာင္။ လူေတြကိုရင္ဆိုင္ဖို႕ အင္အားေတြ ကၽြန္မေတာ္ေတာ္ေမြးခဲ႕ရပါသည္ ။

ရွက္ေဒါသေတြ မႊန္ထူးေနတဲ႕ ေဖေဖ နဲ႔ ေမေမက ေမာင္ကို သက္ဆိုင္ရာ အဖြဲ႕စည္းေတြကို တိုင္တန္းခဲ႕ၾကသည္ ။ ကၽြန္မ တားခဲ႔ပါတယ္ ေမာင္ ။ ဒီေလာက္ထိ မိုက္မို္က္မဲမဲ ခ်စ္တတ္ခဲ႕သူပါ ။ သက္ဆိုင္ရာ အဖြဲ႕စည္းေတြက တရားရံုးမတက္ခင္ ေမာင္နဲ႕ကၽြန္မကို ဆံုျပီး ညွိႏွိဳင္းေပးခဲ႕ၾကတယ္ေနာ္ ။ အဲဒီေန႕က ကၽြန္မအသိေတြ ကင္းမဲ႕ေနခဲ႕တယ္ေမာင္ ။ မေတြ႕ရတာၾကျပီျဖစ္တဲ႕ ေမာင္မ်က္ႏွာကို ေငးၾကည္႔ရင္း မ်က္ရည္ေတြသာ အသြင္သြင္က်ေနခဲ႕မိသည္ ။ ဘယ္လူၾကီး မိဘမွ မပါဘဲ ေမာင္နဲ႕ ကၽြန္မ ႏွစ္ေယာက္ရယ္ သက္ဆိုင္ရာ အဖြဲ႕စည္းက လူၾကီးအန္တီ ႏွစ္ဦးတည္းသာ ရွိတဲ႕ အခန္းထဲမွာ ေမာင္ႏွဳတ္ဖ်ားဆီက ထြက္က်လာတဲ႕ စကားလံုးေတြက ကၽြန္မအတြက္ အဆိပ္လူးထားတဲ႕ သံဇဥ္ေတြပါပဲ ။

ကၽြန္ေတာ္ ငယ္ကို သိပ္ခ်စ္ပါတယ္ အန္တီ ။ ဒါေပမယ္႕ ကၽြန္ေတာ္ေမေမက ထင္မွတ္မထားေလာက္ေအာင္ကို ငယ္အေပၚတင္းမာေနပါတယ္ ။ ေနာက္ဆံုးေျပာရရင္ ေမေမက ငယ္ကိုယူမယ္ဆိုရင္ သူ႔အသက္ကို သူရန္ရွာမယ္အဆင္႕ကို ျဖစ္ေနပါတယ္ ။ မိခင္နဲ႕ ခ်စ္သူၾကားမွာ ကၽြန္ေတာ္ တကယ္ကို ေ၀ခြဲရခက္ေစပါတယ္ ။ ခ်စ္သူဘက္က ထိခိုက္နစ္နာမွဳဟာ ဘ၀နဲ႕ခ်ီေနသလို မိခင္ဘက္က်ေတာ႕လည္း အသက္နဲ႕ ရင္းေနတယ္ ။ ဒီအတြက္ သားဆိုးဆိုတာနဲ႕ ယုတ္မာသူ ဘယ္ဘြဲ႔ကို ယူရမလဲဆိုတဲ႔ အေျခေနထိျဖစ္လာခဲ႕ရတာပါ ။ ကၽြန္ေတာ္ ယုတ္မာသူတစ္ေယာက္အျဖစ္သာ ခံယူလိုက္ပါရေစေတာ႕ ။

ေမာင္ရဲ႕ ဆံုးျဖတ္ခ်က္နဲ႕ ေရြးခ်ယ္မွဳေတြကို ခြန္းတံုျပန္ဖို႕ ကၽြန္မ အာေစးမိေနခဲ႔ပါျပီ။ကၽြန္မမိဘေတြကေတာ႕ ကၽြန္မအတြက္ မခံရက္ႏိုင္ၾကလို႕ တရားရံုးသို႕တက္ခဲ႔ၾကသည္ ။ကၽြန္မကို ေပါင္းဖို႕မဟုတ္ဘူးတဲ႕ ။ ဒီေလာက္ယုတ္မာသူကို အလုပ္ကျပဳတ္ေအာင္ကို လုပ္မယ္လို႕ ေျပာၾကတယ္ေလ။ အတန္တန္တားခဲ႔ပါသည္ ။ ကၽြန္မကို မလိုခ်င္သူကို ဒူးေထာက္ခံစားဖို႕ထိေတာ႕ ကၽြန္မမာနေတြက ခြင္႕မျပဳဘူး ။ သိပ္ခ်စ္ခဲ႔ဘူးပါသည္ ။ သိပ္ခ်စ္ေနဆဲပါ။သိပ္ခ်စ္ေနအံုးပါပဲ ။တရားရံုးကို တက္ခဲ႔ၾကသည္ ။ ေနာက္ဆံုးအမိန္႔ခ်တဲ႕အခ်ိန္မွာ ကၽြန္မနား ကၽြန္မ မယံုႏိုင္ေအာင္ပါပဲ။ အခါခါ ရွံဳးနိမ္႕ေနသူတစ္ေယာက္ကို အထပ္ထပ္ ရက္စက္ႏိုင္ၾကတယ္ေနာ္ ။

အမိန္႔ က ေမာင္မွာ အိတ္ခ်္အိုင္ဗီြပိုးေတြ႔ရွိတာမို႕ ကၽြန္မကို ကူးစက္မွာ မလိုလားတာေၾကာင္႕လက္ထပ္ပြဲကို ေရာက္မလာခဲ႔တာျဖစ္တဲ႕အတြက္ ေမာင္မွာ အျပစ္မရွိဘူးတဲ႕ရွင္ * မတရားလိုက္တာ ။ မထင္မွတ္တဲ႕ လွည္႔ကြက္တစ္ခုုကို အသံုးခ်သြားခဲ႕ေလျပီ ။ ေမာင္အမွဳႏိုင္ဖို႕ သံုးသြားခဲ႕တဲ႕ မုသားတစ္စံုဟာ ကၽြန္မဘ၀အတြက္ အစြန္းထင္းၾကီးစြာ ျဖစ္ခဲ႕ရေလျပီေမာင္ ။ ေမာင္နဲ႕ ခိုးရာလိုက္ေျပးခဲ႕တဲ႕ ကၽြန္မဆီကို ဒီေရာဂါၾကီး ကူးစက္ေနျပီလို႕ အမ်ားက သတ္မွတ္ခဲ႔ရင္ဆိုတဲ႕ စာနာစိတ္ အေတြးေလး တစ္ခ်က္ေလာက္မ်ားေမာင္ မေတြးခဲ႕ေလဘူး ။ ေမာင္ရဲ႕ မုသားတစ္စံုဟာ ကၽြန္မဘ၀နဲ႕ရင္းခဲ႕ရေလျပီ ။

ဘယ္သူကိုမွ အျပစ္မဆိုခ်င္ေတာ႕ပါဘူး ။ ခ်စ္မိသူ ကၽြန္မသာလွ်င္ အျပစ္ရွိခဲ႕ေလျပီ ။ သိပ္ခ်စ္မိသူတစ္ေယာက္ရဲ႕ ရလာဒ္လို႕ သေဘာပိုက္လိုက္မိပါသည္ ။ ဒါေပမယ္႕ သက္ဆံုးတိုင္ေအာင္ ေမာင္ ဆိုတဲ႕ လူသားတစ္ေယာက္ကို ကၽြန္မ ခ်စ္ျမတ္ႏိုးေနအံုးမယ္ဆိုတာကေတာ႕ ကၽြန္မ ရုးသြပ္မွဳ တစ္ခုေပါ႔ ေမာင္ရယ္ ။ ကၽြန္မ ေမာင္အေပၚ ခ်စ္ျမတ္ႏိုးတဲ႕ ရင္ခုန္သံစည္းခ်က္ေတြကိုမည္သည္႔အရာကမွ ရပ္တန္႔ေစမွာ မဟုတ္ဘူး ေမာင္

မူရင္းတင္ထားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါသည္

မလိခ ေန႔စဥ္သတင္းစံုမွ ျပန္လည္တင္ျပသည္

Credit : မိုးစက္( မလိခ )
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီနေ့မှာတော့မထင်မှတ်ထားတဲ့ အမိန့် ချလိုက်ပြီ..။ အမှုနိုင်ဖို့သုံးသွားခဲ့တဲ့ မုသားဟာ ကျွန်မဘဝအတွက် အစွန်းထင်းကြီးဖြစ်ခဲ့ရလေပြီ

လက်တွေ့မှာကျွန်မဘဝနဲ့ ရင်းလိုက်ရတဲ့ မောင်ရဲ့ မုသား

လွင့်မျောနေတဲ့ စိတ်အစဉ်ကို ဖမ်းဆုပ်ဖို့ကျွန်မကိုယ်ပေါ်မှာ အတောင်ပံတစ်စုံ တပ်ဖို့ လိုအပ်နေပြီမောင် ။ အဲဒီအတောင်ပံ တစ်စုံဟာ မောင်သာဖြစ်ခဲ့မယ်ဆိုရင် ကျွန်မစိတ်အစဉ်ဟာ တစ်နေရာတည်းမှာ ထာဝရတည်ရှိနေတော့မှာပါ။ မရေရာမှုတွေပေါများနေတဲ့ လောကကြီးထဲမှာ ကျွန်မအတွက်သေချာ ရေရာတာ တစ်ခုတော့ ရှိနေလေရဲ့ ။ အဲဒါဘာလည်းဆိုတော့ ကျွန်မမောင်ကို သိပ်ချစ်တဲ့ ချစ်ခြင်းတွေပါပဲ ။

တင်စားဖို့စကားလုံးမရှိလောက်အောင် မောင်ကို ကျွန်မ ချစ်မြတ်နိုးသည် ။ သတိရတဲ့အချိန်တိုင်း မောင်နာမည်ကို ပဲ့တင်ထပ်အောင် ခေါ်နေမိသည် ။ ကျွန်မရူးများသွားပြီလား ဆိုတဲ့ မေးခွန်းတွေကို ကြိမ်ဖန်များစွာ မေးခဲ့ဖူးဧ။် ။

မောင်ကို ချစ်တဲ့ အချစ်တွေက ကျွန်မအတွက် အရုးတစ်ပိုင်းဖြစ်စေခဲ့ပြီလား ။ သိပ်ကိုရိုးသားအေးဆေးတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ခဲ့ရလို့ လူပုံအလည် ခေါင်းမော့ကြည်နူးခဲ့ရဖူးပါသည် ။ ခုတော့ ဒီအခြေနေတွေဘယ်ဆီကိုများ ထွက်ပြေး တိမ်းရှောင်နေခဲ့ပြီလည်း ။ ဘယ်လောက်ဝေးဝေး အနားနားမှာ မောင်ရှိနေတယ်ဆိုတဲ့ အသိ ခံစား ချက်လေးတစ်ခုကို ရင်ဝယ်ပိုက်ထားမိသည် ။

အဆုံးစမရှိချစ်ခြင်းတွေနဲ့ ထာဝရ သေသည့်တိုင်အောင် ချစ်မြတ်နိုးနေတော့မည့် ဆိုတာကတော့ သေချာတဲ့ ဖြစ်တည်မှု တစ်ခုပါပဲ။

ရင်နာစရာတွေ ပြည့်နှက်ခဲ့ရတဲ့ အတိတ်နေ့ရက်လေးတွေဆီသို့……………….ကျွန်မတို့ နယ်မြေကို အရာရှိပေါက်စလေး ငါးယောက် ရောက်လာပါသည် ။ ဝန်ထမ်းအိမ်ရာလေးထဲမှာ ဘာဘဲ ထူးခြားထူးခြား ကျွန်မတို့ အရင်ဆုံးသိရတတ်သည် ။ဒီဝန်းလေးထဲမှာ ရှိကြတဲ့ လူအများစုဝေးရာ နေရာကို ပြပါဆိုရင် တစ်ဆိုင်တည်းသာရှိသောကျွန်မတို့ လက်ဘက်ရည်ဆိုင်လေးသာ ဖြစ်ပါလိမ့်မည် ။ ဖေဖေကိုယ်တိုင် လက်ဘက်ရည်ဖျော် ၊ မေမေက ကောင်တာထိုင် ၊ မမကြီးက ကိုယ်တိုင် အကြော်ဆရာလုပ်ပြီး ကျွန်မကတော့စားပွဲထိုးလေးပေါ့

မိသားစု တက်ညီလက်ညီ အလုပ်လုပ်ကြတာမို့ စီးပွားကလည်း ဖြစ်ထွန်းပါသည် ။

ဒီနေ့တော့ ဆိုင်မှာ ထိုင်သူတိုင်းရဲ့ ပါးစပ်ဖျားက တူညီစွာကျလာတဲ့ စကားသံတွေက အရာရှိသစ်တွေ ရောက်မယ်ဆိုတဲ့ သတင်းပါပဲ ။ အဟော့ဆုံးလို့ ပြောရင်တောင် ရမည် ထင်ပါသည် ။ လူရှင်းတုန်း စာအုပ်လေးကောက်ကိုင်ကာ စာကျက်ဖို့ ကြိုးစားလိုက်သည် ။ ကျွန်မတို့အဝေးသင်စာမေးပွဲကြီးကလည်း နီးကပ်လို့လာလေပြီ ။

စာအုပ်ထဲ စိတ်နှစ်ထားလို့ နာရီဝက်လောက်အကြာ ဆိုင်ထဲကို လူစိမ်းတွေ ဝင်လာသံကို ကြားလိုက်ရသည် ။ * ထိုင်ပါ ဆရာ …ဆရာတို့ လာမယ်ဆိုလို့ မျှော်နေကြတာ ဟုတ်ကဲ့ ကျွန်တော်တို့လည်း လမ်းမှာ ကားပျက်သွားလို့ နည်းနည်းနောက်ကျသွားတယ် ရပါတယ် ။ နောက်ကျနေလို့ တစ်ခုခုများဖြစ်နေလားလို့ စိတ်ပူနေတာ * * ဟုတ်တယ် ။ ဒါနဲ့ မိတ်ဆက်ပေးရအုံးမယ် ။

ကျွန်တော်တို့ ခုလာတာ ငါးယောက်ပါ ။ ဒါက မောင်မောင် ၊ ဒါက စိုးသူ ၊ ဒါက အောင်သူ ၊ ဒါက ထွဋ်နိုင် ၊ ကျွန်တော်ကတော့ ထွန်းဆွေပါ ။ ဒီထဲမှာ အအေးဆုံး ရေခဲတုံးတစ်ယောက်တော့ ပါတယ်ဗျ။ ဒီကောင်ကြီး ထွဋ်နိုင်ကတော့ရေခဲတုံးဗျို့ ။* မိတ်ဆက်ပေးနေသူရဲ့ စကားသံအောက်မှာ ရှက်ပြုံးပြုံးနေတဲ့ မောင်အပြုံးတစ်စုံကို စတွေ့စထဲက ကျွန်မသိပ်ချစ်ခဲ့မိတယ်ထင်ပါရဲ့ ။ ဖေဖေမအပါဝင် ဝန်းထဲက လူကြီးတွေနဲ့ မိတ်ဆက်ပွဲလေးကို ကျွန်မတို့လက်ဘက်ရည်ဆိုင်လေးထဲမှာ ကျင်းပနေကြခြင်းပါ ။

စာထဲမှာစိတ် မရှိတော့မယ့်တူတူ စာအုပ်တွေကို ပိတ်ကာ သူတို့တွေ ဝိုင်းနားမှာ လိုအပ်တာတွေ လုပ်ပေးနေလိုက်ပါတော့သည် ။ တချက်ချက် ရောက်လာတတ်တဲ့ မောင်ရဲ့ အကြည့်တွေနဲ့ အမှတ်တမဲ့လေး ဆုံလိုက်ချိန်လေးတွေမှာ အမည်မတပ် တပ်သေးတဲ့ရင်ခုန်မှုလေးတွေဖြစ်တည်သွားစေခဲ့တာ အဲဒီအချိန်ထဲကပါပဲ ။

ဒီလိုနဲ့ အချိန်ရဲ့ တိုက်စားမှုတွေအောက်မှာ မောင်ရဲ့ ရင်ထဲကို ကျွန်မတဖြေးဖြေးတိုးဝင်ရောက်ရှိခဲ့သည် ။ သိပ်ကို တည်ငြိမ်အေးဆေးတဲ့ မောင်ကို ချစ်သူအဖြစ်ပိုင်ဆိုင်ခွင့်ရခဲ့ပါသည် ။ မောင်ရဲ့ ချစ်ခြင်းတွေနဲ့ ကျွန်မနွေးထွေးကြည်နူးခဲ့ရတာပေါ့ ။ ကျွန်မနောက်ဆုံးနှစ် စာမေးပွဲဖြေဖို့ အဆောင်မှာ သွားနေခဲ့ရသည် ။ ကြာမြင့်တဲ့ အချိန်တစ်လခွဲလောက်ကို မောင်ကို သိပ်လွမ်းခဲ့ရတယ်ဆို ပိုတယ်ပြောမလားဟင် ။ တကယ်ပါ ကျွန်မ မောင်ကို သိပ်လွမ်းခဲ့ရသည် ။

မောင်ဆန္ဒမှန်သမျှ အလိုက်သတိဖြည့်စီးပေးတတ်ခဲ့တဲ့ ကျွန်မ အကျင့်လေးတစ်ခုက မောင်နဲ့ ကျွန်မကို အဝေးဆုံးဝေးကွာစေခဲ့မယ်ဆိုတာကို ကြိုတင်ကာ သိရှိခဲ့မည်ဆိုပါလျှင်…………………….စာမေးပွဲတွေပြီးတော့ မောင်က ကျွန်မကို လာကြိုပေးခဲ့သည် ။ ဖြစ်ချင်တော့ လာကြိုတဲ့ကားကလမ်းမှာ ဘီးပေါက် ပါလောကော ။ ဘီးဖာ ပြန်တပ်လုပ်နေရတာနဲ့ တင် အချိန်တွေတော်တော်လေး လင့်ကုန်ပါသည်။ ပြန်ရမယ့် အချိန်ထက်တော်တော်လေး နောက်ကျပြီးနေပြီမို့ အကြောက်လွန်နေတဲ့ ကျွန်မကို မောင်က ခိုးပြေးခဲ့သည် ။

အေးစက်နေတဲ့ကျွန်မလက်တစ်စုံကို မောင် မောင်ရဲ့ကမ်းလက်တစ်စံမာင်ရဲ့ကမ်းလက်တစ်စုံက နွေးထွေးစေခဲ့ပါဧ။် ။ ခိုးပြေးပြီး သူအထက်အရာရှိတွေနဲ့ ကျွန်မကိုပြန်အပ်ခဲ့ကြတယ်လေ။ သူ့မိဘတွေကိုအကြောင်းတော့ မောင်အဖေရောက်လာခဲ့သည် ။ မင်္ဂလာကိစ္စတွေ စကားပြောဆို ရက်တွေဘာတွေ သတ်မှတ်တဲ့အထိအားလုံး အဆင်ပြေပြေပါပဲ ။ ဖိတ်စာတွေ ရတဲ့နေ့မှာဘဲ မောင်ဖေဖေ ဆီက မထင်မှတ်ထားတဲ့ စကားတွေ ထွက်လာပါတော့သည် ။ * မပြောချင်ပေမယ့် ပြောရအုံးမယ်ဗျာ ။ ဒီကိုလာတော့ လင်မယားနှစ်ယောက်စလုံးလာဖို့ပါပဲ ။ သူ့အမေက နေမကောင်းနေတာနဲ့ ထားခဲ့ရတယ် ။ ကျွန်တော် လာတဲ့အထိအရမ်းမဆိုးပါဘူး ။ ညကတော့ ဖုန်းဝင်လာတယ် ။ ခုရက်တော်တော်လေး နေရတာမကောင်းဘူးတဲ့ ။ သူ့သားကိုဘဲ တ နေသတဲ့လေ ။

မင်္ဂလာရက်ကလည်း ဆယ်ရက်လောက် လိုနေသေးတော့ သားကိုခဏခေါ်သွားချင်တယ် ။ မင်္ဂလာရက်အမှီ ပြန်လာပါ့မယ် ။ စိတ်ချပါ * ရုတ်တစ်ရက်ကြားလိုက်ရတဲ့ စကားတွေကြောင့် ကျွန်မတို့မိသားစု မှင်သက်သွားခဲ့ကြသည် ။ပထမဆုံးသတိဝင်လာတဲ့ ဖေဖေက အေးပေါ့ဗျာ မိဘအရေးဆိုတော့လည်း မတားကောင်းပေဘူးလေ ။ ဒီတော့ ဒီလိုလုပ်ဗျာ။သူတို့လည်း တရားဝင်လင်မယားတွေ ဖြစ်နေကြပြီဘဲလေ။ သမီးကိုပါ ခေါ်သွားပါ။ မင်္ဂလာရက် အမှီပြန်လာကြပေါ့ * ဖေဖေစကားကို တုံ့ပြန်ဖို့ ဟန်ပြင်လိုက်တဲ့ သူ့အဖေကို မောင်က လက်တို့လိုက်တာကို ကျွန်မ တစ်ယောက်တည်းသာ မြင်လိုက်ပါသည် ။ ဒီလိုနဲ့ မောင့်မေမေရှိရာကို သွားဖို့ ကားဂိတ်ဆင်းခဲ့ကြပါပြီ။ ကားဂိတ်ရောက်တယ်ဆိုရင်ဘဲ မောင်ဆီက ကျွန်မမမျှော်လင့်ထားတာတွေကို ထပ်ဆင့် ကြားလိုက်ရပြန်ပါတော့သည်

ငယ်… မောင် ငယ်ကို ပြောပြစရာရှိတယ် ။ တကယ်တော့ မောင်မေမေက မောင်နဲ့ ငယ်ကိုလုံး၀ သဘောမတူဘူး ။ မောင်တို့ ခိုးပြေးတာကို သိတော့ ရှော့ဖြစ်ပြီး အိပ်ယာထဲ လဲသွားတာငယ် ။ ခုရက် မေမေရောဂါက ဆိုးလာတာမို့ မောင်ပြန်ရမှာ ။ ငယ်ပါတပါတည်းပါလာရင်မေမေ တအားစိတ်ထိခိုက်ရလိမ့်မယ် ။ ဒီတော့လေ ငယ်မလိုက်ဘဲ ငယ်မိဘတွေမသိအောင်ငယ့် သူငယ်ချင်းတစ်ယောက်ယောက် အိမ်မှာ နေခဲ့ပေးပါလားဟင် ။ မောင် မင်္ဂလာရက် အမှီပြန်လာပေးပါ့မယ်နော် ။

မောင်ပြောလာတဲ့ စကားတွေကို အမိန့်တစ်ခုလို ခေါင်းညိမ့်နာခံရင်း ကျွန်မရင်ထဲက ငိုနေမိပြီမောင် ။ မောင်စကားသံတွေကို သက်ပြင်းကျိတ်ချဧ။် ။ ကျွန်မ မောင်အလိုကျ လိုက်နာပေးတာမောင် စိတ်ချမ်းသာအောင်လို့ပါ ။ မောင်နဲ့ ပတ်သတ်လာရင် ပျော်ရွင်ကြည်နူးခြင်းတွေကို ခံစားခဲ့ဘူးသလို နာကျင်ခြင်းတွေကိုလည်း မောင်က ခံစားစေတတ်ခဲ့တယ်နော် ။ ကျွန်မဆီကို မောင် ပြန်ရောက်မလာခဲ့ပါဘူး ။ သတို့သားမရှိတဲ့ မင်္ဂလာဆောင်ကို ဘယ်လို အင်အားတွေနဲ့ ရင်ဆိုင်ရမလည်း မောင်။ လူတွေကိုရင်ဆိုင်ဖို့ အင်အားတွေ ကျွန်မတော်တော်မွေးခဲ့ရပါသည် ။

ရှက်ဒေါသတွေ မွှန်ထူးနေတဲ့ ဖေဖေ နဲ့ မေမေက မောင်ကို သက်ဆိုင်ရာ အဖွဲ့စည်းတွေကို တိုင်တန်းခဲ့ကြသည် ။ ကျွန်မ တားခဲ့ပါတယ် မောင် ။ ဒီလောက်ထိ မိုက်မိုက်မဲမဲ ချစ်တတ်ခဲ့သူပါ ။ သက်ဆိုင်ရာ အဖွဲ့စည်းတွေက တရားရုံးမတက်ခင် မောင်နဲ့ကျွန်မကို ဆုံပြီး ညှိနှိုင်းပေးခဲ့ကြတယ်နော် ။ အဲဒီနေ့က ကျွန်မအသိတွေ ကင်းမဲ့နေခဲ့တယ်မောင် ။ မတွေ့ရတာကြပြီဖြစ်တဲ့ မောင်မျက်နှာကို ငေးကြည့်ရင်း မျက်ရည်တွေသာ အသွင်သွင်ကျနေခဲ့မိသည် ။ ဘယ်လူကြီး မိဘမှ မပါဘဲ မောင်နဲ့ ကျွန်မ နှစ်ယောက်ရယ် သက်ဆိုင်ရာ အဖွဲ့စည်းက လူကြီးအန်တီ နှစ်ဦးတည်းသာ ရှိတဲ့ အခန်းထဲမှာ မောင်နှုတ်ဖျားဆီက ထွက်ကျလာတဲ့ စကားလုံးတွေက ကျွန်မအတွက် အဆိပ်လူးထားတဲ့ သံဇဉ်တွေပါပဲ ။

ကျွန်တော် ငယ်ကို သိပ်ချစ်ပါတယ် အန်တီ ။ ဒါပေမယ့် ကျွန်တော်မေမေက ထင်မှတ်မထားလောက်အောင်ကို ငယ်အပေါ်တင်းမာနေပါတယ် ။ နောက်ဆုံးပြောရရင် မေမေက ငယ်ကိုယူမယ်ဆိုရင် သူ့အသက်ကို သူရန်ရှာမယ်အဆင့်ကို ဖြစ်နေပါတယ် ။ မိခင်နဲ့ ချစ်သူကြားမှာ ကျွန်တော် တကယ်ကို ဝေခွဲရခက်စေပါတယ် ။ ချစ်သူဘက်က ထိခိုက်နစ်နာမှုဟာ ဘဝနဲ့ချီနေသလို မိခင်ဘက်ကျတော့လည်း အသက်နဲ့ ရင်းနေတယ် ။ ဒီအတွက် သားဆိုးဆိုတာနဲ့ ယုတ်မာသူ ဘယ်ဘွဲ့ကို ယူရမလဲဆိုတဲ့ အခြေနေထိဖြစ်လာခဲ့ရတာပါ ။ ကျွန်တော် ယုတ်မာသူတစ်ယောက်အဖြစ်သာ ခံယူလိုက်ပါရစေတော့ ။

မောင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုတွေကို ခွန်းတုံပြန်ဖို့ ကျွန်မ အာစေးမိနေခဲ့ပါပြီ။ကျွန်မမိဘတွေကတော့ ကျွန်မအတွက် မခံရက်နိုင်ကြလို့ တရားရုံးသို့တက်ခဲ့ကြသည် ။ကျွန်မကို ပေါင်းဖို့မဟုတ်ဘူးတဲ့ ။ ဒီလောက်ယုတ်မာသူကို အလုပ်ကပြုတ်အောင်ကို လုပ်မယ်လို့ ပြောကြတယ်လေ။ အတန်တန်တားခဲ့ပါသည် ။ ကျွန်မကို မလိုချင်သူကို ဒူးထောက်ခံစားဖို့ထိတော့ ကျွန်မမာနတွေက ခွင့်မပြုဘူး ။ သိပ်ချစ်ခဲ့ဘူးပါသည် ။ သိပ်ချစ်နေဆဲပါ။သိပ်ချစ်နေအုံးပါပဲ ။တရားရုံးကို တက်ခဲ့ကြသည် ။ နောက်ဆုံးအမိန့်ချတဲ့အချိန်မှာ ကျွန်မနား ကျွန်မ မယုံနိုင်အောင်ပါပဲ။ အခါခါ ရှုံးနိမ့်နေသူတစ်ယောက်ကို အထပ်ထပ် ရက်စက်နိုင်ကြတယ်နော် ။

အမိန့် က မောင်မှာ အိတ်ချ်အိုင်ဗွီပိုးတွေ့ရှိတာမို့ ကျွန်မကို ကူးစက်မှာ မလိုလားတာကြောင့်လက်ထပ်ပွဲကို ရောက်မလာခဲ့တာဖြစ်တဲ့အတွက် မောင်မှာ အပြစ်မရှိဘူးတဲ့ရှင် * မတရားလိုက်တာ ။ မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုကို အသုံးချသွားခဲ့လေပြီ ။ မောင်အမှုနိုင်ဖို့ သုံးသွားခဲ့တဲ့ မုသားတစ်စုံဟာ ကျွန်မဘဝအတွက် အစွန်းထင်းကြီးစွာ ဖြစ်ခဲ့ရလေပြီမောင် ။ မောင်နဲ့ ခိုးရာလိုက်ပြေးခဲ့တဲ့ ကျွန်မဆီကို ဒီရောဂါကြီး ကူးစက်နေပြီလို့ အများက သတ်မှတ်ခဲ့ရင်ဆိုတဲ့ စာနာစိတ် အတွေးလေး တစ်ချက်လောက်များမောင် မတွေးခဲ့လေဘူး ။ မောင်ရဲ့ မုသားတစ်စုံဟာ ကျွန်မဘဝနဲ့ရင်းခဲ့ရလေပြီ ။

ဘယ်သူကိုမှ အပြစ်မဆိုချင်တော့ပါဘူး ။ ချစ်မိသူ ကျွန်မသာလျှင် အပြစ်ရှိခဲ့လေပြီ ။ သိပ်ချစ်မိသူတစ်ယောက်ရဲ့ ရလာဒ်လို့ သဘောပိုက်လိုက်မိပါသည် ။ ဒါပေမယ့် သက်ဆုံးတိုင်အောင် မောင် ဆိုတဲ့ လူသားတစ်ယောက်ကို ကျွန်မ ချစ်မြတ်နိုးနေအုံးမယ်ဆိုတာကတော့ ကျွန်မ ရုးသွပ်မှု တစ်ခုပေါ့ မောင်ရယ် ။ ကျွန်မ မောင်အပေါ် ချစ်မြတ်နိုးတဲ့ ရင်ခုန်သံစည်းချက်တွေကိုမည်သည့်အရာကမှ ရပ်တန့်စေမှာ မဟုတ်ဘူး မောင်

မူရင်းတင်ထားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်

မလိခ နေ့စဉ်သတင်းစုံမှ ပြန်လည်တင်ပြသည်

Credit : မိုးစက်( မလိခ )
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top