iMyanmarHouse.com - Best Property Website for Myanmar
×

 တေးဆိုသရုပ်ဆောင်ရွှေထူးက လက်ရှိတွင် ဒဏ္ဍာရီမိုး အမည်ဖြင့်ရိုက်ကူးမယ့် ရုပ်ရှင်ကား ကြီးမှာ စာရေးဆရာအနေဖြင့် ပါဝင်ရိုက်ကူးသွားမည်ဖြစ်ပြီး မင်းသမီးဝတ်မှုံရွှေရည်နဲ့ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

“ကျွန်တော်ကမနေ့ကဘဲ ဧည့်သည်ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးခဲ့ပြီးသွားပြီ၊ ဒီနေ့ ဒီဇာတ်ကားမှာ စာရေးဆရာနေရာက သရုပ်ဆောင်ရမှာပါ၊ မင်းသမီးက မကစ်ဆိုတော့ ကိုယ့်အတွက် ရှိန် လည်းရှိန်တယ်၊ ဖိအားလည်းများတယ် ၊ကျွန်တော့်ကို စိန်ခေါ်မှုကြီးလေ ပိုကြိုက်လေဘဲ၊ မင်းမဖြစ်နိုင်ပါဘူးကွာလို့ပြောတာကို ဖြစ်အောင်လုပ်ပြရတာပိုကြိုက်တယ်” ဟု တေးဆို သရုပ်ဆောင် ရွှေထူးကပြောခဲ့ပါတယ်၊

တေးဆို သရုပ်ဆောင် ရွှေထူးသည် သူ့အတွက် အနုပညာပိုင်းနှင့်ပတ်သက်ပြီး စိန်ခေါ်မှုကြီးလေ ပိုကြိုက်လေဖြစ်ကြောင်း ပြောခဲ့ပါတယ်၊ တေးဆိုသရုပ်ဆောင်ရွှေထူးသည် သူပါဝင်သရုပ်ဆောင်မယ့် ကာရိုက်တာအတွက် နေပုံ ၊ ထိုင်ပုံ ၊ စကားပြောပုံ စတာတွေ သေသေချာချာလေ့ လာနေပြီး လေ့လာစရာတွေအများကြီး ကျန်ရှိ နေသေးကြောင်းလည်း သူကပြောခဲ့ပါတယ်၊ ယင်း ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားအား 7th sense film production မှ ထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွန်း မိုးနီလွင်၊ ဒါရိုက်တာ ဝင်းလွင်ထက်၊ ရိုက်ကူးပြီး ရဲတိုက်၊ ဒေါင်း၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့အပြင် အခြားသော ဇာတ်ပို့ဇာတ်ရံပေါင်းများစွာ ပါဝင်ရိုက်ကူးသွား ကြောင်းလည်း ပြောခဲ့ပါတယ်၊

Credit : ရှိုင်းလေး (MyanmarNote)
# Unicode Version ဖြင့် ဖတ်ပါ #



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top