iMyanmarHouse.com - Best Property Website for Myanmar
×

ဘရာစီယာကုိ ဘယ္ေလာက္ေနရင္ တခါေလွ်ာ္သင္႔လဲ?

တခါ၀တ္ျပီးတိုင္းလား? တပတ္တခါလား? ၂ပတ္၃ပတ္ေနမွလား?

အမွန္ေတာ႔ ခဏခဏ ေလွ်ာ္ေနဖုိ႔ သိပ္မလုိပါဘူး။ ဒီအေၾကာင္းနဲ႔ ပတ္သက္ျပီး ေလ့လာၾကည့္ရေအာင္
ဘရာစီယာဟာ အကူအညီေပးလား ဒုကၡေပးလား

ဘရာစီယာနဲ႔ ပတ္သက္တဲ့ ျဖစ္ႏိုင္ေျခ ျပသနာေတြ ရွိပါတယ္။ တခ်ဳိ႔ ဘရာစီယာေတြအမ်ဳိးအစားေတြဟာ က်န္တဲ့ အမ်ဳိးအစားေတြထက္ ပုိဆုိးပါတယ္။ မေတာ္တဲ့ ဘရာစီယာဟာ ပုိျပီး ဒုကၡေပးပါတယ္။

ေဆးပညာရွင္၂ဦးျဖစ္တဲ့ Sydney Singer နဲ႔ Soma Grismaijer တုိ႔ဟာ ရင္သားကင္ဆာနဲ႔ ဘရာစီယာတုိ႔ၾကားက ဆက္ႏြယ္မွဳကုိ သိရွိႏိုင္ဖုိ႔ အမ်ဳိးသမီးေပါင္း ၄ေထာင္ေက်ာ္ကုိ စမ္းသပ္ ေလ႔လာတဲ့အခါ ဘရာစီယာမ၀တ္သူ အမ်ဳိးသမီးမ်ားဟာ ရင္သားကင္ဆာျဖစ္ႏိုင္ေျခ နည္းတယ္လုိ႔ ဆုိပါတယ္။

သူတုိ႔ရဲ့ေတြ႔ရွိခ်က္ေတြမွာ ေအာက္ပါအခ်က္ေတြ ပါ၀င္ပါတယ္။

    ဘရာစီယာကုိ ၂၄နာရီပတ္လုံး ၀တ္သူ အမ်ဳိးသမီးမ်ားဟာ ရင္သားကင္ဆာျဖစ္ႏိုင္ေျခ ၄ပုံ၃ပုံခန္႔ ရွိတယ္လုိ႔ ဆုိပါတယ္။
    တရက္မွာ ၁၂နာရီခန္႔၀တ္သူ အမ်ဳိးသမီးမ်ားဟာ ျဖစ္ႏိုင္ေျခ ၇ပုံ၁ပုံ ရွိတယ္လုိ႔ ဆုိပါတယ္။
    တရက္ကုိ ၁၂နာရီေအာက္၀တ္သူ အမ်ဳိးသမီးမ်ားဟာ ျဖစ္ႏိုင္ေျခ ၅၂ပုံ ၁ပုံ ရွိတယ္လုိ႔ ဆုိပါတယ္။
    ဘရာစီယာ မ၀တ္သေလာက္ရွိသူ၊ လုံး၀ မ၀တ္သူမ်ားဟာ ျဖစ္ႏိုင္ေျခ ၁၆၈ပုံ ၁ပုံ ရွိတယ္လုိ႔ ဆုိပါတယ္။

တင္းက်ပ္တဲ့ ဘရာစီယာ၀တ္ျခင္းေၾကာင္႔ ျပန္ရည္ေၾကာ စီးဆင္းမွဳကုိ အဟန္႔အတား ျဖစ္ေစျပီး ရင္သားကင္ဆာျဖစ္ႏိုင္ေျခရွိတယ္လုိ႔ ေဆးပညာရွင္ အမ်ားအျပားက လက္ခံထားၾကပါတယ္။ အဲဒီအခါမွာ ကုိယ္ခႏၶာက တေန႔တာစြန္႔ပစ္ဖုိ႔ လုိအပ္တဲ့ အဆိပ္အေတာက္ေတြကုိ မစစ္ထုတ္ႏိုင္တာေၾကာင္႔ ျဖစ္ပါတယ္။ ဥပမာ ျပန္ရည္ေၾကာစီးဆင္းမွဳမေကာင္းရင္ ေခၽြးနံ႔ေပ်ာက္ေဆးမွာပါတဲ့ အလူမီနီယမ္ဓာတ္ဟာ စုစည္းလာျပီး အဆိပ္အေတာက္ျဖစ္ေစႏိုင္တာမုိ႔ အႏၱရာယ္မ်ားပါတယ္။

Dr. Michael Schacter ဟာ ရင္သားကင္ဆာကာကြယ္ ကုသေရးအေၾကာင္း ေရးသားထားတဲ့ ေဆာင္းပါး တခုထဲမွာ ျပန္ရည္စီးဆင္းမွဳရဲ့ ၈၅%ေက်ာ္ေက်ာ္ဟာ ရင္သားကေန ခ်ဳိင္းမွာရွိတဲ့ ျပန္ရည္ေၾကာအက်ိတ္ကုိ စီးဆင္းေၾကာင္း၊ က်န္အမ်ားစုဟာလည္း ရင္ေခါင္းက ျပန္ရည္ေၾကာအက်ိတ္ေတြဆီ စီးဆင္းေၾကာင္း ဆိုခဲ့ပါတယ္။ ဘရာစီယာနဲ႔ တျခားတင္းက်ပ္တဲ့ အ၀တ္အစားေတြဟာ ပန္ရည္ေၾကာရဲ့ စီးဆင္းမွဳကုိ အဟန္႔အတား ျဖစ္ေစတယ္လုိ႔ ဆုိပါတယ္။

ဘရာစီယာရဲ့ သေဘာသဘာ၀၊ တင္းက်ပ္မွဳ၊ ၀တ္ဆင္တဲ့ၾကာခ်ိန္ စတာေတြဟာ ျပန္ရည္ေၾကာ ပိတ္ဆုိ႔မွဳအေပၚ သက္ေရာက္မွဳရွိေၾကာင္း၊ ဘရာစီယာ၀တ္ဆင္မွဳဟာ ျပန္ရည္ေၾကာ စီးဆင္းမွဳကုိ ထိခိုက္ေစျပီး ရင္သားကင္ဆာျဖစ္ပြားႏိုင္ေျခ ျမင္႔မားေၾကာင္း ေရးသားခဲ့ပါတယ္။

ဒါေပမယ္႔ တင္းက်ပ္တဲ့၊ မေတာ္တဲ့ ဘရာစီယာေတြထက္ ပုိဆုိးတဲ့ အမ်ဳိးအစားကေတာ႔ ပုံေဖာ္ခ်ဳပ္လုပ္ထားတဲ့ ဘရာစီယာပါပဲ။

အဲဒီအမ်ဳိးအစားေတြဟာ သတၱဳ၊ ပလတ္စတစ္ စတာေတြနဲ႔ ပုံေဖာ္ထားျပီး ေရရွည္မွာ က်န္းမာေရးကုိ ထိခိုက္ေစပါတယ္။
ဘယ္ေလာက္ဆုိရင္ မ်ားသြားမလဲ

ဘရာစီယာကုိ ဘယ္အခ်ိန္က ေနာက္ဆုံး ေလွ်ာ္ခဲ့ပါသလဲ။ တပတ္ေလာက္ကလား? တလေလာက္ကလား? ဘရာစီယာနဲ႔ ပတ္သက္တဲ့ ကၽြမ္းက်င္သူတဦးျဖစ္တဲ့ Candece Etafo ကေတာ႔ ၃ၾကိမ္၀တ္ျပီးတိုင္း ေလွ်ာ္သင္႔ေၾကာင္း၊ ဆက္တိုက္မ၀တ္သင္႔ေၾကာင္း ဆုိခဲ့ပါတယ္။ သူတုိ႔ကုိ ဆန္႔ျပီးသုံးရပါမယ္။ တျခား ရွဴးဖိနပ္ေတြ၊ အ၀တ္ေတြလုိပဲ တတ္ႏိုင္သေလာက္ လွည္႔သုံးရပါမယ္ လုိ႔ ဆုိပါတယ္။

ဘရာတထည္ကုိ မေလွ်ာ္ဘဲ ၀တ္ရတဲ့ ပုံမွန္အခ်ိန္ကေတာ႔ တပတ္၂ပတ္ခန္႔ျဖစ္ေၾကာင္း အယ္ဒီတာတဦးျဖစ္သူ LV Anderson က ဆုိပါတယ္။ အမ်ဳိးသမီးအမ်ားစုဟာ တထည္မက ၀တ္ဆင္တာေၾကာင္႔ ပုံမွန္အားျဖင္႔ တလမွာတခါေတာ႔ ေလွ်ာ္ႏိုင္ေၾကာင္း ဆက္လက္ေျပာဆုိပါတယ္။

Anderson ဟာ အမ်ဳိးသမီး ၂၀၀ ေက်ာ္ဆီကေန သူတုိ႔ရဲ့ ဘရာစီယာ၀တ္စားပုံ အမူအက်င္႔ေတြကုိ သိပၸံနည္းက်မဟုတ္တဲ့ စစ္တမ္းအေနနဲ႔ ေကာက္ယူခဲ့တာ ျဖစ္ပါတယ္။

အမ်ဳိးသမီး ၃ပုံ၁ပုံခန္႔ဟာ ၂ပတ္ၾကာတိုင္း သူတုိ႔ ဘရာစီယာေတြကုိ ေလွ်ာ္ေၾကာင္း၊ တ၀က္နီးပါးခန္႔ကေတာ႔ ဒီထက္မက ေလွ်ာ္ေၾကာင္း သိရပါတယ္။ (အားကစား၀တ္စုံကေတာ႔ တမ်ဳိးတဘာသာျဖစ္ပါတယ္။ တၾကိမ္ေဆာ႔ကစားျပီး တိုင္း ေလွ်ာ္တယ္လုိ႔ သိရပါတယ္။)

စာဖတ္သူေတြဆီကေန စစ္တမ္းေကာက္ယူမွဳတခုမွာေတာ႔ ၃၇%ခန္႔ဟာ တလတၾကိမ္ေလွ်ာ္ျပီး ၇%ခန္႔ကေတာ႔ တခါ၀တ္ျပီးတိုင္း ေလွ်ာ္တယ္လုိ႔ သိရပါတယ္။
တခါ၀တ္ျပီးတိုင္း မေလွ်ာ္သင္႔

ဘရာစီယာကုိ လုိတာထက္ပုိျပီး မၾကာခဏ ေလွ်ာ္ေနျခင္းဟာ ေကာင္းျခင္းထက္ ဆုိးျခင္းက ပုိမ်ားတယ္လုိ႔ ဆုိပါတယ္။ ေလွ်ာ္လြန္းျခင္းေၾကာင္႔ က်ဳံ႔ႏိုင္ဆန္႔ႏိုင္မွဳေလ်ာ႔သြားတဲ့အခါ ရင္သားကုိ ေထာက္ပံ့ေပးႏိုင္မွဳ ေလ်ာ႔သြားတယ္လုိ႔ ဆုိပါတယ္။

ပုံသ႑ာန္ပ်က္သြားတဲ့အခါ အရြယ္အစား မေတာ္ႏိုင္ေတာ႔ဘူးလုိ႔ Carolyn Forte ဆုိသူက ေျပာပါတယ္။
ေခၽြးသိပ္မစုိရင္ ၃-၄ခါ ၀တ္ျပီးမွ ေလွ်ာ္သင္႔

၃-၄ခါ ၀တ္ဆင္ျပီးခ်ိန္မွာ ေလွ်ာ္သင္႔ေပမယ္႔ လွဳပ္ရွားမွဳေပၚမွာလည္း မူတည္ပါတယ္။ ပူျပင္းျပီး ေခၽြးထြက္မ်ားရင္ ၀တ္ျပီးတာနဲ႔ ေလွ်ာ္သင္႔ပါတယ္။ ေနာက္တခ်က္က ခဏေလာက္ပဲ ၀တ္လိုက္တာမ်ဳိးဆုိရင္ ၀တ္ဆင္တဲ့အၾကိမ္ေရမွာ ထည္႔တြက္စရာ မလုိပါဘူး။ ေလွ်ာ္ဖြပ္ျခင္းေၾကာင္႔ ဆီေခ်းေညွာ္မ်ား၊ ပုိးမႊားမ်ား စုေ၀းျခင္းကုိ ရွင္းလင္းေပးပါတယ္။ ဒါေၾကာင္႔ ဆီေခ်းေညွာ္ေတြ ပုိထြက္တတ္ရင္ေတာ႔ ပုိေလွ်ာ္သင္႔ပါတယ္။

ရုိးရုိးဘရာစီယာကေတာ႔ ခဏေလာက္၀တ္ျပီး ျပန္သိမ္းထားႏိုင္ေပမယ္႔ အားကစားခ်ိန္မွာ ၀တ္ဆင္တဲ့ ဘရာစီယာကေတာ႔ ၀တ္ျပီးတာနဲ႔ ေလွ်ာ္သင္႔ပါတယ္။
လွည္႔၀တ္ဖုိ႔အတြက္ အမ်ားၾကီးစိတ္မပူပါနဲ႔

ဘရာစီယာရဲ့ သဘာ၀အရ ဒီေန႔ဘာ၀တ္တယ္ ေနာက္ေန႔ဘာ၀တ္တယ္ လိုက္ၾကည္႔ေျပာစရာ မလုိပါဘူး။

က်ဳံ႔ႏိုင္ဆန္႔ႏိုင္မွဳေတြ ေလ်ာ႔နည္းသြားျခင္းကေန သက္သာေအာင္ ဘရာအမ်ားအျပားကုိ အလွည္႔က် ၀တ္သင္႔ပါတယ္။ တထည္တည္းကုိ ၂ရက္ဆက္၀တ္တာေတာ႔ မေကာင္းပါဘူး။ညဘက္မွာ ခၽြတ္ထားလိုက္ရင္ သူ႔ပုံစံျပန္ရေစဖုိ႔ အခ်ိန္ရပါတယ္။ ၈-၉နာရီ အခ်ိန္မရရင္ ေနာက္တရက္ေလာက္ ထားရပါမယ္။
အျမဲသတိျပဳဖုိ႔

ဘရာစီယာမ်ားဟာ ပုံမပ်က္ေစဖုိ႔ ႏူးညံ့စြာေလွ်ာ္ဖြပ္ဖုိ႔ လုိပါတယ္။ လမ္းညႊန္အမွတ္အသားေလးေတြကုိ စစ္ေဆးရပါမယ္။

စက္နဲ႔ထည္႔ေလွ်ာ္မယ္ဆုိရင္ အႏူးညံ့ဆုံးကုိေရြးျပီး ေလွ်ာ္ရပါမယ္။ ဆန္ကာအိတ္နဲ႔ ထည္႔ေလွ်ာ္ရင္ စက္ထဲမွာသိပ္ျပီး လိမ္ညွစ္တာ မၾကဳံရပါဘူး။

ဆန္ကာအိတ္ဟာ ခ်ိတ္ေတြ ျပဳတ္မထြက္ေအာင္လည္း ထိန္းသိမ္းေပးပါတယ္။ ဆပ္ျပာကုိလည္း ခပ္ေပ်ာ႔ေပ်ာ႔ပဲ သုံးရပါမယ္။
အပူေပးအေျခာက္ခံစက္ကုိေရွာင္

ဒီအတိုင္းျဖန္႔လွန္းတာ အေကာင္းဆုံးပါပဲ။ အပူေပးျပီးေျခာက္ေစျခင္းဟာ ဘရာစီယာရဲ့ ပုံစံနဲ႔ ၾကဳံ့ႏိုင္ဆန္႔ႏိုင္စြမ္းကုိ ပ်က္ေစပါတယ္။ ခ်ိတ္လွမ္းရင္လည္း ရွည္ထြက္လာႏိုင္ပါတယ္။

ျဖန္႔မလွမ္းခင္ ရင္ခံခြက္ေတြ တြန္႔ေခါက္ေနျခင္းရွိမရွိ စစ္ေဆးရပါမယ္။ ေရေတြကုိ ပ၀ါနဲ႔ သုတ္တာ ေကာင္းပါတယ္။ လိမ္ညွစ္တာ မလုပ္သင္႔ပါ။ အားကစားဘရာစီယာေတြလည္း ဒီနည္းအတိုင္းပါပဲ။ ပုံစံေတာင္႔တင္းေနတယ္ထင္ရရင္ေတာင္ တတ္ႏိုင္သေလာက္ ဂရုစိုက္ရပါမယ္။

လက္နဲ႔ေလွ်ာ္စရာ မလုိပါဘူး။

ေအာက္ခံအ၀တ္ေတြကုိ လက္နဲ႔ပဲေလွ်ာ္သင္႔တယ္ဆုိတာ မွားပါတယ္။

ဘရာစီယာေတြဟာ သိပ္ျပီးေစ်းမၾကီးရင္၊ အရမ္းႏူးညံ့မေနနရင္ စက္နဲ႔ပဲ ေလွ်ာ္ႏိုင္ပါတယ္။

စက္နဲ့ေလွ်ာ္၇င္ ေရေအးေအးမွာ ႏူးညံ့တဲ့ ေလွ်ာ္ဖြပ္ပုံကုိပဲ ေရြးခ်ယ္ပါ။ ဆန္ကာအိတ္နဲ႔ ထည္႔ေလွ်ာ္ပါ။ ဒါဆုိရင္ ပ်က္စီးမွာ မပူရေတာ႔ပါဘူး။ ဆပ္ျပာေပ်ာ႔ေပ်ာ႔သုံးပါ။

သူတုိ႔ဟာ ျမန္ျမန္စုတ္ျပဲသြားႏိုင္ေပမယ္႔ ဘယ္ႏွၾကိမ္၀တ္ရသလဲဆုိတာပဲ အဓိကပါ။
စနစ္တက်ထားသုိပါ

အံဆြဲထဲမွာ စီရရီထည္႔ထားပါ။ တြန္႔ေခါက္ထားျခင္း၊ ျဖစ္သလုိထားျခင္းဟာ ဘရာစီယာေတြကုိ ပ်က္စီးလြယ္ေစပါတယ္။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ဘရာစီယာကို ဘယ်လောက်နေရင် တခါလျှော်သင့်လဲ?

တခါဝတ်ပြီးတိုင်းလား? တပတ်တခါလား? ၂ပတ်၃ပတ်နေမှလား?

အမှန်တော့ ခဏခဏ လျှော်နေဖို့ သိပ်မလိုပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်
ဘရာစီယာဟာ အကူအညီပေးလား ဒုက္ခပေးလား

ဘရာစီယာနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေ ပြသနာတွေ ရှိပါတယ်။ တချို့ ဘရာစီယာတွေအမျိုးအစားတွေဟာ ကျန်တဲ့ အမျိုးအစားတွေထက် ပိုဆိုးပါတယ်။ မတော်တဲ့ ဘရာစီယာဟာ ပိုပြီး ဒုက္ခပေးပါတယ်။

ဆေးပညာရှင်၂ဦးဖြစ်တဲ့ Sydney Singer နဲ့ Soma Grismaijer တို့ဟာ ရင်သားကင်ဆာနဲ့ ဘရာစီယာတို့ကြားက ဆက်နွယ်မှုကို သိရှိနိုင်ဖို့ အမျိုးသမီးပေါင်း ၄ထောင်ကျော်ကို စမ်းသပ် လေ့လာတဲ့အခါ ဘရာစီယာမဝတ်သူ အမျိုးသမီးများဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့တွေ့ရှိချက်တွေမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။

    ဘရာစီယာကို ၂၄နာရီပတ်လုံး ဝတ်သူ အမျိုးသမီးများဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၄ပုံ၃ပုံခန့် ရှိတယ်လို့ ဆိုပါတယ်။
    တရက်မှာ ၁၂နာရီခန့်ဝတ်သူ အမျိုးသမီးများဟာ ဖြစ်နိုင်ခြေ ၇ပုံ၁ပုံ ရှိတယ်လို့ ဆိုပါတယ်။
    တရက်ကို ၁၂နာရီအောက်ဝတ်သူ အမျိုးသမီးများဟာ ဖြစ်နိုင်ခြေ ၅၂ပုံ ၁ပုံ ရှိတယ်လို့ ဆိုပါတယ်။
    ဘရာစီယာ မဝတ်သလောက်ရှိသူ၊ လုံး၀ မဝတ်သူများဟာ ဖြစ်နိုင်ခြေ ၁၆၈ပုံ ၁ပုံ ရှိတယ်လို့ ဆိုပါတယ်။

တင်းကျပ်တဲ့ ဘရာစီယာဝတ်ခြင်းကြောင့် ပြန်ရည်ကြော စီးဆင်းမှုကို အဟန့်အတား ဖြစ်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ ဆေးပညာရှင် အများအပြားက လက်ခံထားကြပါတယ်။ အဲဒီအခါမှာ ကိုယ်ခန္ဓာက တနေ့တာစွန့်ပစ်ဖို့ လိုအပ်တဲ့ အဆိပ်အတောက်တွေကို မစစ်ထုတ်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဥပမာ ပြန်ရည်ကြောစီးဆင်းမှုမကောင်းရင် ချွေးနံ့ပျောက်ဆေးမှာပါတဲ့ အလူမီနီယမ်ဓာတ်ဟာ စုစည်းလာပြီး အဆိပ်အတောက်ဖြစ်စေနိုင်တာမို့ အန္တရာယ်များပါတယ်။

Dr. Michael Schacter ဟာ ရင်သားကင်ဆာကာကွယ် ကုသရေးအကြောင်း ရေးသားထားတဲ့ ဆောင်းပါး တခုထဲမှာ ပြန်ရည်စီးဆင်းမှုရဲ့ ၈၅%ကျော်ကျော်ဟာ ရင်သားကနေ ချိုင်းမှာရှိတဲ့ ပြန်ရည်ကြောအကျိတ်ကို စီးဆင်းကြောင်း၊ ကျန်အများစုဟာလည်း ရင်ခေါင်းက ပြန်ရည်ကြောအကျိတ်တွေဆီ စီးဆင်းကြောင်း ဆိုခဲ့ပါတယ်။ ဘရာစီယာနဲ့ တခြားတင်းကျပ်တဲ့ အဝတ်အစားတွေဟာ ပန်ရည်ကြောရဲ့ စီးဆင်းမှုကို အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဘရာစီယာရဲ့ သဘောသဘာဝ၊ တင်းကျပ်မှု၊ ဝတ်ဆင်တဲ့ကြာချိန် စတာတွေဟာ ပြန်ရည်ကြော ပိတ်ဆို့မှုအပေါ် သက်ရောက်မှုရှိကြောင်း၊ ဘရာစီယာဝတ်ဆင်မှုဟာ ပြန်ရည်ကြော စီးဆင်းမှုကို ထိခိုက်စေပြီး ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားကြောင်း ရေးသားခဲ့ပါတယ်။

ဒါပေမယ့် တင်းကျပ်တဲ့၊ မတော်တဲ့ ဘရာစီယာတွေထက် ပိုဆိုးတဲ့ အမျိုးအစားကတော့ ပုံဖော်ချုပ်လုပ်ထားတဲ့ ဘရာစီယာပါပဲ။

အဲဒီအမျိုးအစားတွေဟာ သတ္တု၊ ပလတ်စတစ် စတာတွေနဲ့ ပုံဖော်ထားပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ဘယ်လောက်ဆိုရင် များသွားမလဲ

ဘရာစီယာကို ဘယ်အချိန်က နောက်ဆုံး လျှော်ခဲ့ပါသလဲ။ တပတ်လောက်ကလား? တလလောက်ကလား? ဘရာစီယာနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတဦးဖြစ်တဲ့ Candece Etafo ကတော့ ၃ကြိမ်ဝတ်ပြီးတိုင်း လျှော်သင့်ကြောင်း၊ ဆက်တိုက်မဝတ်သင့်ကြောင်း ဆိုခဲ့ပါတယ်။ သူတို့ကို ဆန့်ပြီးသုံးရပါမယ်။ တခြား ရှူးဖိနပ်တွေ၊ အဝတ်တွေလိုပဲ တတ်နိုင်သလောက် လှည့်သုံးရပါမယ် လို့ ဆိုပါတယ်။

ဘရာတထည်ကို မလျှော်ဘဲ ဝတ်ရတဲ့ ပုံမှန်အချိန်ကတော့ တပတ်၂ပတ်ခန့်ဖြစ်ကြောင်း အယ်ဒီတာတဦးဖြစ်သူ LV Anderson က ဆိုပါတယ်။ အမျိုးသမီးအများစုဟာ တထည်မက ဝတ်ဆင်တာကြောင့် ပုံမှန်အားဖြင့် တလမှာတခါတော့ လျှော်နိုင်ကြောင်း ဆက်လက်ပြောဆိုပါတယ်။

Anderson ဟာ အမျိုးသမီး ၂၀၀ ကျော်ဆီကနေ သူတို့ရဲ့ ဘရာစီယာဝတ်စားပုံ အမူအကျင့်တွေကို သိပ္ပံနည်းကျမဟုတ်တဲ့ စစ်တမ်းအနေနဲ့ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ၃ပုံ၁ပုံခန့်ဟာ ၂ပတ်ကြာတိုင်း သူတို့ ဘရာစီယာတွေကို လျှော်ကြောင်း၊ တဝက်နီးပါးခန့်ကတော့ ဒီထက်မက လျှော်ကြောင်း သိရပါတယ်။ (အားကစားဝတ်စုံကတော့ တမျိုးတဘာသာဖြစ်ပါတယ်။ တကြိမ်ဆော့ကစားပြီး တိုင်း လျှော်တယ်လို့ သိရပါတယ်။)

စာဖတ်သူတွေဆီကနေ စစ်တမ်းကောက်ယူမှုတခုမှာတော့ ၃၇%ခန့်ဟာ တလတကြိမ်လျှော်ပြီး ၇%ခန့်ကတော့ တခါဝတ်ပြီးတိုင်း လျှော်တယ်လို့ သိရပါတယ်။
တခါဝတ်ပြီးတိုင်း မလျှော်သင့်

ဘရာစီယာကို လိုတာထက်ပိုပြီး မကြာခဏ လျှော်နေခြင်းဟာ ကောင်းခြင်းထက် ဆိုးခြင်းက ပိုများတယ်လို့ ဆိုပါတယ်။ လျှော်လွန်းခြင်းကြောင့် ကျုံ့နိုင်ဆန့်နိုင်မှုလျော့သွားတဲ့အခါ ရင်သားကို ထောက်ပံ့ပေးနိုင်မှု လျော့သွားတယ်လို့ ဆိုပါတယ်။

ပုံသဏ္ဍာန်ပျက်သွားတဲ့အခါ အရွယ်အစား မတော်နိုင်တော့ဘူးလို့ Carolyn Forte ဆိုသူက ပြောပါတယ်။
ချွေးသိပ်မစိုရင် ၃-၄ခါ ဝတ်ပြီးမှ လျှော်သင့်

၃-၄ခါ ဝတ်ဆင်ပြီးချိန်မှာ လျှော်သင့်ပေမယ့် လှုပ်ရှားမှုပေါ်မှာလည်း မူတည်ပါတယ်။ ပူပြင်းပြီး ချွေးထွက်များရင် ဝတ်ပြီးတာနဲ့ လျှော်သင့်ပါတယ်။ နောက်တချက်က ခဏလောက်ပဲ ဝတ်လိုက်တာမျိုးဆိုရင် ဝတ်ဆင်တဲ့အကြိမ်ရေမှာ ထည့်တွက်စရာ မလိုပါဘူး။ လျှော်ဖွပ်ခြင်းကြောင့် ဆီချေးညှော်များ၊ ပိုးမွှားများ စုဝေးခြင်းကို ရှင်းလင်းပေးပါတယ်။ ဒါကြောင့် ဆီချေးညှော်တွေ ပိုထွက်တတ်ရင်တော့ ပိုလျှော်သင့်ပါတယ်။

ရိုးရိုးဘရာစီယာကတော့ ခဏလောက်ဝတ်ပြီး ပြန်သိမ်းထားနိုင်ပေမယ့် အားကစားချိန်မှာ ဝတ်ဆင်တဲ့ ဘရာစီယာကတော့ ဝတ်ပြီးတာနဲ့ လျှော်သင့်ပါတယ်။
လှည့်ဝတ်ဖို့အတွက် အများကြီးစိတ်မပူပါနဲ့

ဘရာစီယာရဲ့ သဘာဝအရ ဒီနေ့ဘာဝတ်တယ် နောက်နေ့ဘာဝတ်တယ် လိုက်ကြည့်ပြောစရာ မလိုပါဘူး။

ကျုံ့နိုင်ဆန့်နိုင်မှုတွေ လျော့နည်းသွားခြင်းကနေ သက်သာအောင် ဘရာအများအပြားကို အလှည့်ကျ ဝတ်သင့်ပါတယ်။ တထည်တည်းကို ၂ရက်ဆက်ဝတ်တာတော့ မကောင်းပါဘူး။ညဘက်မှာ ချွတ်ထားလိုက်ရင် သူ့ပုံစံပြန်ရစေဖို့ အချိန်ရပါတယ်။ ၈-၉နာရီ အချိန်မရရင် နောက်တရက်လောက် ထားရပါမယ်။
အမြဲသတိပြုဖို့

ဘရာစီယာများဟာ ပုံမပျက်စေဖို့ နူးညံ့စွာလျှော်ဖွပ်ဖို့ လိုပါတယ်။ လမ်းညွှန်အမှတ်အသားလေးတွေကို စစ်ဆေးရပါမယ်။

စက်နဲ့ထည့်လျှော်မယ်ဆိုရင် အနူးညံ့ဆုံးကိုရွေးပြီး လျှော်ရပါမယ်။ ဆန်ကာအိတ်နဲ့ ထည့်လျှော်ရင် စက်ထဲမှာသိပ်ပြီး လိမ်ညှစ်တာ မကြုံရပါဘူး။

ဆန်ကာအိတ်ဟာ ချိတ်တွေ ပြုတ်မထွက်အောင်လည်း ထိန်းသိမ်းပေးပါတယ်။ ဆပ်ပြာကိုလည်း ခပ်ပျော့ပျော့ပဲ သုံးရပါမယ်။
အပူပေးအခြောက်ခံစက်ကိုရှောင်

ဒီအတိုင်းဖြန့်လှန်းတာ အကောင်းဆုံးပါပဲ။ အပူပေးပြီးခြောက်စေခြင်းဟာ ဘရာစီယာရဲ့ ပုံစံနဲ့ ကြုံ့နိုင်ဆန့်နိုင်စွမ်းကို ပျက်စေပါတယ်။ ချိတ်လှမ်းရင်လည်း ရှည်ထွက်လာနိုင်ပါတယ်။

ဖြန့်မလှမ်းခင် ရင်ခံခွက်တွေ တွန့်ခေါက်နေခြင်းရှိမရှိ စစ်ဆေးရပါမယ်။ ရေတွေကို ပဝါနဲ့ သုတ်တာ ကောင်းပါတယ်။ လိမ်ညှစ်တာ မလုပ်သင့်ပါ။ အားကစားဘရာစီယာတွေလည်း ဒီနည်းအတိုင်းပါပဲ။ ပုံစံတောင့်တင်းနေတယ်ထင်ရရင်တောင် တတ်နိုင်သလောက် ဂရုစိုက်ရပါမယ်။

လက်နဲ့လျှော်စရာ မလိုပါဘူး။

အောက်ခံအဝတ်တွေကို လက်နဲ့ပဲလျှော်သင့်တယ်ဆိုတာ မှားပါတယ်။

ဘရာစီယာတွေဟာ သိပ်ပြီးဈေးမကြီးရင်၊ အရမ်းနူးညံ့မနေနရင် စက်နဲ့ပဲ လျှော်နိုင်ပါတယ်။

စက်နဲ့လျှော်၇င် ရေအေးအေးမှာ နူးညံ့တဲ့ လျှော်ဖွပ်ပုံကိုပဲ ရွေးချယ်ပါ။ ဆန်ကာအိတ်နဲ့ ထည့်လျှော်ပါ။ ဒါဆိုရင် ပျက်စီးမှာ မပူရတော့ပါဘူး။ ဆပ်ပြာပျော့ပျော့သုံးပါ။

သူတို့ဟာ မြန်မြန်စုတ်ပြဲသွားနိုင်ပေမယ့် ဘယ်နှကြိမ်ဝတ်ရသလဲဆိုတာပဲ အဓိကပါ။
စနစ်တကျထားသိုပါ

အံဆွဲထဲမှာ စီရရီထည့်ထားပါ။ တွန့်ခေါက်ထားခြင်း၊ ဖြစ်သလိုထားခြင်းဟာ ဘရာစီယာတွေကို ပျက်စီးလွယ်စေပါတယ်။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top