iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္အခ်စ္ေတာ္ မင္းသားေခ်ာထြန္းထြန္းကေတာ့ အႏုပညာေလာကမွာေရာ အျပင္ေလာကမွာ အကိုအရင္းတစ္ေယာက္လိုခ်စ္ရတဲ့ ေနတိုးရဲ့ ႏွလုံးသားေရးရာ မဂၤလာသတင္းေတြနဲ႔ ပတ္သတ္ၿပီး ပရိသတ္ေတြကိုပြင့္ပြင့္လင္းလင္းေျပာျပလာခဲ့ပါတယ္

။ေနတိုးနဲ႔ထြန္းထြန္းကေတာ့ အႏုပညာလမ္းေၾကာင္းေပၚမွာ ဆယ္စုႏွစ္နီးပါးလက္တြဲလာတဲ့ အႏုပညာရွင္ညီအကိုေတြျဖစ္သလို ပရိသတ္ေတြၾကားမွာေရပန္းစားတဲ့ႏွင္းဆီအၿငိမ့္သားမ်ားထဲမွ ပရိသတ္အခ်စ္ဆုံးေတြလည္း ျဖစ္ပါတယ္

။ေနတိုးကေတာ့ သူရဲ့အခ်စ္ေရးဟာ ေလးနက္တဲ့အေျခအေနကိုေရာက္ေနၿပီလို႔ ပရိသတ္ေတြကို ေျပာၾကားခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ေနတိုးရဲ့ အခ်စ္ေရးမဂၤလာကိစၥေတြဟာ ပရိသတ္ေတြအတြက္ အရမ္းကိုစိတ္ဝင္စားေနတဲ့အရာေလးတစ္ခုျဖစ္လာခဲ့တာပဲ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ထြန္းထြန္းတစ္ေယာက္ ပရိသတ္ေတြနဲ႔ အႏုပညာေပၚမွာပဲလုံး၀ ျမဳပ္ႏွံထားကာ တေျဖးေျဖးနဲ႔ လူပ်ိဳႀကီး စာရင္းဝင္လာၿပီျဖစ္တဲ့ ေနတိုးအတြက္ အိမ္ေထာင္ျပဳေစခ်င္ၿပီလို႔ ဖြင့္ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္

။ေနတိုးကေတာ့လက္ရွိမွာ အလုပ္ထဲမွာပဲ အရမ္းအာ႐ုံစိုက္ ႀကိဳးစားေနၿပီး သိုသိုသိပ္သိပ္ေနတက္တဲ့ သူတစ္ေယာက္လည္းျဖစ္တာေၾကာင့္ ဘာေတြစီစဥ္ထားလဲဆိုတာေသခာ်မသိရေပမယ့္ အျမန္ဆုံးေတာ့ မဂၤလာသတင္းၾကားခ်င္ပါၿပီလို႔ ဆိုလာပါတယ္။

သူရဲ့ အိမ္ေထာင္ေရးအတြက္လည္း အေကာင္းဆုံးျဖစ္ေအာင္ ေသခ်ာေလးျပင္ေနတယ္ထင္တယ္လို႔ ထြန္းထြန္း ကေျပာပါတယ္။

ေနတိုးရဲ့ မဂၤလာသတင္းကိုလည္း အျမဲတမ္းေစာင့္ေမၽွာ္ေနၿပီး သူ႔ဘက္က မဂၤလာသတင္းၾကားရၿပီဆိုတာနဲ႔ သတို႔သားအရံလုပ္ေပးဖို႔ အဆင့္သင့္ပါပဲလို႔ မီဒီယာအင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားခဲ့တာပဲ ျဖစ္ပါတယ္။

ခ်စ္ပရိသတ္ေတြကလည္း အႏုပညာအလုပ္ေတြဖိလုပ္ေနၿပီး ႏွလုံးသားေရလမ္းေၾကာင္းဘက္ကိုေျခဦးမလွည့္ေသးတဲ့ လူပ်ိဳႀကီးေနတိုးရဲ့ မဂၤလာသတင္းေလးကိုလည္း ၾကားခ်င္ေနၾကမယ္လို႔ ထင္ပါတယ္။ေနတိုးတစ္ေယာက္ လူပ်ိဳႀကီးဘဝကကၽြတ္လြတ္ၿပီး ပရိသတ္ေတြနဲ႔ ထပ္တူဝမ္းသာေပ်ာ္ရႊင္ရတဲ့ အိမ္ေထာင္ေရးေလးတစ္ခု အမွန္ဆုံးအေကာင္ထည္ ေဖာ္နိုင္ပါေစလို႔ဆုေတာင္းေပးၾကပါအုန္းေနာ္။

Credit: ထြန္းထြန္း / သတင္းဦး
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်အချစ်တော် မင်းသားချောထွန်းထွန်းကတော့ အနုပညာလောကမှာရော အပြင်လောကမှာ အကိုအရင်းတစ်ယောက်လိုချစ်ရတဲ့ နေတိုးရဲ့ နှလုံးသားရေးရာ မင်္ဂလာသတင်းတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကိုပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါတယ်

။နေတိုးနဲ့ထွန်းထွန်းကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်နီးပါးလက်တွဲလာတဲ့ အနုပညာရှင်ညီအကိုတွေဖြစ်သလို ပရိသတ်တွေကြားမှာရေပန်းစားတဲ့နှင်းဆီအငြိမ့်သားများထဲမှ ပရိသတ်အချစ်ဆုံးတွေလည်း ဖြစ်ပါတယ်

။နေတိုးကတော့ သူရဲ့အချစ်ရေးဟာ လေးနက်တဲ့အခြေအနေကိုရောက်နေပြီလို့ ပရိသတ်တွေကို ပြောကြားခဲ့ပြီးတဲ့နောက်မှာတော့ နေတိုးရဲ့ အချစ်ရေးမင်္ဂလာကိစ္စတွေဟာ ပရိသတ်တွေအတွက် အရမ်းကိုစိတ်ဝင်စားနေတဲ့အရာလေးတစ်ခုဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ထွန်းထွန်းတစ်ယောက် ပရိသတ်တွေနဲ့ အနုပညာပေါ်မှာပဲလုံး၀ မြုပ်နှံထားကာ တဖြေးဖြေးနဲ့ လူပျိုကြီး စာရင်းဝင်လာပြီဖြစ်တဲ့ နေတိုးအတွက် အိမ်ထောင်ပြုစေချင်ပြီလို့ ဖွင့်ပြောလာခဲ့တာပဲ ဖြစ်ပါတယ်

။နေတိုးကတော့လက်ရှိမှာ အလုပ်ထဲမှာပဲ အရမ်းအာရုံစိုက် ကြိုးစားနေပြီး သိုသိုသိပ်သိပ်နေတက်တဲ့ သူတစ်ယောက်လည်းဖြစ်တာကြောင့် ဘာတွေစီစဉ်ထားလဲဆိုတာသေခာျမသိရပေမယ့် အမြန်ဆုံးတော့ မင်္ဂလာသတင်းကြားချင်ပါပြီလို့ ဆိုလာပါတယ်။

သူရဲ့ အိမ်ထောင်ရေးအတွက်လည်း အကောင်းဆုံးဖြစ်အောင် သေချာလေးပြင်နေတယ်ထင်တယ်လို့ ထွန်းထွန်း ကပြောပါတယ်။

နေတိုးရဲ့ မင်္ဂလာသတင်းကိုလည်း အမြဲတမ်းစောင့်မျှော်နေပြီး သူ့ဘက်က မင်္ဂလာသတင်းကြားရပြီဆိုတာနဲ့ သတို့သားအရံလုပ်ပေးဖို့ အဆင့်သင့်ပါပဲလို့ မီဒီယာအင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေကလည်း အနုပညာအလုပ်တွေဖိလုပ်နေပြီး နှလုံးသားရေလမ်းကြောင်းဘက်ကိုခြေဦးမလှည့်သေးတဲ့ လူပျိုကြီးနေတိုးရဲ့ မင်္ဂလာသတင်းလေးကိုလည်း ကြားချင်နေကြမယ်လို့ ထင်ပါတယ်။နေတိုးတစ်ယောက် လူပျိုကြီးဘဝကကျွတ်လွတ်ပြီး ပရိသတ်တွေနဲ့ ထပ်တူဝမ်းသာပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးလေးတစ်ခု အမှန်ဆုံးအကောင်ထည် ဖော်နိုင်ပါစေလို့ဆုတောင်းပေးကြပါအုန်းနော်။

Credit: ထွန်းထွန်း / သတင်းဦး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top