iMyanmarHouse.com - Best Property Website for Myanmar
×

ေမာ္ဒယ္စူးရွထက္ကို မတရားႏွိပ္စက္ သားမယားအျဖစ္ ျပဳက်င့္တယ္ဆိုတဲ့ စြဲခ်က္အတြက္ အစၥဏီကို ဇြန္လ (၂၅)ရက္ေ န႔က ရံုးထုတ္စစ္ေဆးခဲ့ပါတယ္။ ရံုးထုတ္စစ္ေဆးတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး မီဒီယာေတြဘက္ အင္တာဗ်ဴးထားတ့ဲ ဗီဒီိယုိဖိုင္ ေတြ အမ်ားႀကီး အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ထြက္ေပၚလာခဲ့ပါတယ္။ ထြက္ေပၚလာတဲ့ ေဆးစစ္ခ်က္အေျဖနဲ႔ပတ္သက္ၿပီး မီဒီယာေတြေရာ ပရိသတ္ေတြကပါ အံ့အားသင့္ေနၾကပါတယ္။ထြက္ေပၚလာတဲ့ စစ္ေဆးခ်က္ရလဒ္ အေျဖနဲ႔ပတ္သက္ၿပီး အစၥဏီရဲ႕ အစ္ကို ၀မ္းကြဲ ကိုေက်ာ္စြာ ဘက္ကေန သူ႔ရဲ႕ FB ေပၚမွာ အခုလို ေျပာလာခဲ့ပါတယ္။

“၂၅.၆.၁၈ အစၥဏီအမႈ ရံုးခ်ိန္း

ဒီေန႔အတြက္ တရားလိုျပသက္ေသအျဖစ္ မႈ့ခင္းေဆးဆရာဝန္ႀကီး ဦးမင္းသူ ကထိက (မႈခင္းဖက္ဆိုင္ရာ ဆရာဝန္ႀကီးရံုး) နဲ႔ မဇာျခည္ေဌးကို စစ္တယ္။

ပထမပိုင္းအေနနဲ႔ မႈ့ခင္းေဆးထြက္ခ်က္ကို အရင္ေျပာပါမယ္။ ေဆးထြက္ခ်က္ကိုေျပာရမယ္ဆိုရင္ ၂ ပိုင္းျပန္ခြဲရပါမယ္။ ပုဒ္မ၃၇၆ အလိုမတူပဲအဓမၼျပဳက်င့္ပါတယ္ဆိုတဲ့ အမႈအတြက္ ေဆးစစ္ခ်က္အေျဖရယ္ သာမန္နာက်င္ေစမႈအတြက္ အေျဖရယ္ပါ။ ပုဒ္မ၃၇၆ အတြက္ ေဆးစစ္ခ်က္အေျဖကေတာ့ ေယာက်ာၤးေလးေရာ မိန္းကေလးေရာ ႏွစ္ေယာက္စလံုးရဲ႕ လိင္အဂၤါေတြကို အခင္းျဖစ္ၿပီးၿပီးျခင္း ရန္ကုန္ေဆးရံုႀကီး၌ ရွာေဖြစမ္းသပ္စစ္ေဆးရာ သုတ္ပိုးမေတြ႕ရွိျခင္း မိန္းမကိုယ္ႏွင့္ အူလမ္းေၾကာင္းမွာ ထိုးသြင္းဒဏ္ရာမရွိျခင္း ၊ ေယာက်ၤားအဂၤါမွာ ပြန္းရွဒဏ္ရာမရွိျခင္း ႏွင့္ အပ်ိဳအေမွးပါးတြင္ လတ္တေလာ ဒဏ္ရာမေတြ႕ရွိေၾကာင္း ၊ မွန္ျပားအမွတ္ ၃၈/၁၈နဲ႔ စစ္ေဆးမႈအရ အပ်ိဳအေမွးပါး၏ နာရီလက္တံ ၉ နာရီတြင္ေတာ့ ယခင္စုတ္ၿပဲ ဒဏ္ရာေဟာင္းတစ္ခု ေတြ႕ရွိၿပီး ယခုကိစၥနဲ႔ သက္ဆိုင္မႈ့မရွိဟု ပါရွိသည္။ ကဲ ႏိုးဆိုရင္ႏိုးပဲဆိုတဲ့သူေတြကို ဘာမွျပန္ေျပာစရာမလိုေတာ့ဘူး ထင္တယ္ေနာ္

နာက်င္ေစမႈအရ အေျဖေတြကေတာ့ သာမန္ပြန္းရွ ဖူးေရာင္ဒဏ္ရာမ်ားသာ ပါဝင္ၿပီး ဟန္ထြန္းတြင္လဲ အလားသဏၰန္တူ ဒဏ္ရာမ်ားစစ္ေဆးေတြ႕ရွိသည္။ သြားက်ိဳးသည္ဟုဆိုထားေသာ္လည္း ဆရာဝန္ထြက္ခ်က္အရ အလွစြပ္သြားအတု ထိပ္ဖ်ားပဲ့ဟုသာပါဝင္ၿပီး ဒဏ္ရာဟုမမွတ္ယူပါ။ ဆက္ထားေသာ လက္ခလယ္လက္သည္းႏွင့္ လက္သူႂကြယ္ လက္သည္းထိပ္က်ိဳး ။

ရင္ဘတ္ေအာင့္သည္ဟုေျပာေသာ္လည္း ဓါတ္မွန္႐ိုက္ၾကည့္ၿပီးေနာက္ အတြင္းဒဏ္ရာတစ္စံုတစ္ခုမရွိသျဖင့္ ေဆးကုသရန္မလိုဟုပါရွိသည္။ မ်က္စိမႈန္ဝါးျဖစ္သည္ဟု ေျပာၾကားေသာ္လည္း မ်က္လံုမွာသာမန္အျမင္ရွိပီး ဒဏ္ရာမရွိပါ။ ဦးေခါင္းဓတ္မွန္ နံ႐ိုးဓတ္မွန္ ဝမ္းဗိုက္ဓတ္မွန္ေတြအရ အကုန္ေကာင္းမြန္ေနပီး အတြင္းအူကလီစာေတြမွာလဲ ဒဏ္ရာမရွိပါ ဟု ပါရွိသည္။

ဒုတိယပိုင္း ဇာျခည္ေဌး ထြက္ခ်က္ကို ေနာက္မွ ဆက္ေရးေပးပါဦးမည္ ” ဆုိၿပီး တင္ထားပါတယ္။

အစၥဏီနဲ႔စူးရွထက္္တုိ႔ရဲ႕ အမႈမွာထြက္ေပၚလာတဲ့ မူခင္းဆရာ၀န္ရဲ႕ ေဆးစစ္ခ်က္အေျဖအေပၚ အားလံုးက အံ့အား သင့္ေ နၾက ပါတယ္။”ယံုၾကည္ေပးတဲ့ ပရိသတ္ႀကီးအားလံုးကို ေက်းဇူးတင္ပါတယ္..အခ်ိန္ေတြက စကားေျပာသြား မွာပါ ” လုိ႔ အစၥဏီက ေျဖခဲ့ပါတယ္။စူးရွထက္ကေတာ႔ “တရား ဥပေဒအတိုင္းပဲ ဆက္သြားမွာပါ…” လုိ႔ ေျပာခဲ့ေၾကာင္း Myanmar Celebrity ရဲ႕ အင္တာဗ်ဴးမွာ ေျဖၾကားခဲ့တာကိုေတြ႔ရပါတယ္။

FROM ကိုေက်ာ္စြာ၊စူးရွထက္

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
မော်ဒယ်စူးရှထက်ကို မတရားနှိပ်စက် သားမယားအဖြစ် ပြုကျင့်တယ်ဆိုတဲ့ စွဲချက်အတွက် အစ္စဏီကို ဇွန်လ (၂၅)ရက်ေ န့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ရုံးထုတ်စစ်ဆေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေဘက် အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင် တွေ အများကြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ ဆေးစစ်ချက်အဖြေနဲ့ပတ်သက်ပြီး မီဒီယာတွေရော ပရိသတ်တွေကပါ အံ့အားသင့်နေကြပါတယ်။ထွက်ပေါ်လာတဲ့ စစ်ဆေးချက်ရလဒ် အဖြေနဲ့ပတ်သက်ပြီး အစ္စဏီရဲ့ အစ်ကို ဝမ်းကွဲ ကိုကျော်စွာ ဘက်ကနေ သူ့ရဲ့ FB ပေါ်မှာ အခုလို ပြောလာခဲ့ပါတယ်။

“၂၅.၆.၁၈ အစ္စဏီအမှု ရုံးချိန်း

ဒီနေ့အတွက် တရားလိုပြသက်သေအဖြစ် မှု့ခင်းဆေးဆရာဝန်ကြီး ဦးမင်းသူ ကထိက (မှုခင်းဖက်ဆိုင်ရာ ဆရာဝန်ကြီးရုံး) နဲ့ မဇာခြည်ဌေးကို စစ်တယ်။

ပထမပိုင်းအနေနဲ့ မှု့ခင်းဆေးထွက်ချက်ကို အရင်ပြောပါမယ်။ ဆေးထွက်ချက်ကိုပြောရမယ်ဆိုရင် ၂ ပိုင်းပြန်ခွဲရပါမယ်။ ပုဒ်မ၃၇၆ အလိုမတူပဲအဓမ္မပြုကျင့်ပါတယ်ဆိုတဲ့ အမှုအတွက် ဆေးစစ်ချက်အဖြေရယ် သာမန်နာကျင်စေမှုအတွက် အဖြေရယ်ပါ။ ပုဒ်မ၃၇၆ အတွက် ဆေးစစ်ချက်အဖြေကတော့ ယောကျာၤးလေးရော မိန်းကလေးရော နှစ်ယောက်စလုံးရဲ့ လိင်အင်္ဂါတွေကို အခင်းဖြစ်ပြီးပြီးခြင်း ရန်ကုန်ဆေးရုံကြီး၌ ရှာဖွေစမ်းသပ်စစ်ဆေးရာ သုတ်ပိုးမတွေ့ရှိခြင်း မိန်းမကိုယ်နှင့် အူလမ်းကြောင်းမှာ ထိုးသွင်းဒဏ်ရာမရှိခြင်း ၊ ယောင်္ကျားအင်္ဂါမှာ ပွန်းရှဒဏ်ရာမရှိခြင်း နှင့် အပျိုအမှေးပါးတွင် လတ်တလော ဒဏ်ရာမတွေ့ရှိကြောင်း ၊ မှန်ပြားအမှတ် ၃၈/၁၈နဲ့ စစ်ဆေးမှုအရ အပျိုအမှေးပါး၏ နာရီလက်တံ ၉ နာရီတွင်တော့ ယခင်စုတ်ပြဲ ဒဏ်ရာဟောင်းတစ်ခု တွေ့ရှိပြီး ယခုကိစ္စနဲ့ သက်ဆိုင်မှု့မရှိဟု ပါရှိသည်။ ကဲ နိုးဆိုရင်နိုးပဲဆိုတဲ့သူတွေကို ဘာမှပြန်ပြောစရာမလိုတော့ဘူး ထင်တယ်နော်

နာကျင်စေမှုအရ အဖြေတွေကတော့ သာမန်ပွန်းရှ ဖူးရောင်ဒဏ်ရာများသာ ပါဝင်ပြီး ဟန်ထွန်းတွင်လဲ အလားသဏ္ဏန်တူ ဒဏ်ရာများစစ်ဆေးတွေ့ရှိသည်။ သွားကျိုးသည်ဟုဆိုထားသော်လည်း ဆရာဝန်ထွက်ချက်အရ အလှစွပ်သွားအတု ထိပ်ဖျားပဲ့ဟုသာပါဝင်ပြီး ဒဏ်ရာဟုမမှတ်ယူပါ။ ဆက်ထားသော လက်ခလယ်လက်သည်းနှင့် လက်သူကြွယ် လက်သည်းထိပ်ကျိုး ။

ရင်ဘတ်အောင့်သည်ဟုပြောသော်လည်း ဓါတ်မှန်ရိုက်ကြည့်ပြီးနောက် အတွင်းဒဏ်ရာတစ်စုံတစ်ခုမရှိသဖြင့် ဆေးကုသရန်မလိုဟုပါရှိသည်။ မျက်စိမှုန်ဝါးဖြစ်သည်ဟု ပြောကြားသော်လည်း မျက်လုံမှာသာမန်အမြင်ရှိပီး ဒဏ်ရာမရှိပါ။ ဦးခေါင်းဓတ်မှန် နံရိုးဓတ်မှန် ဝမ်းဗိုက်ဓတ်မှန်တွေအရ အကုန်ကောင်းမွန်နေပီး အတွင်းအူကလီစာတွေမှာလဲ ဒဏ်ရာမရှိပါ ဟု ပါရှိသည်။

ဒုတိယပိုင်း ဇာခြည်ဌေး ထွက်ချက်ကို နောက်မှ ဆက်ရေးပေးပါဦးမည် ” ဆိုပြီး တင်ထားပါတယ်။

အစ္စဏီနဲ့စူးရှထက်တို့ရဲ့ အမှုမှာထွက်ပေါ်လာတဲ့ မူခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်အဖြေအပေါ် အားလုံးက အံ့အား သင့်ေ နကြ ပါတယ်။”ယုံကြည်ပေးတဲ့ ပရိသတ်ကြီးအားလုံးကို ကျေးဇူးတင်ပါတယ်..အချိန်တွေက စကားပြောသွား မှာပါ ” လို့ အစ္စဏီက ဖြေခဲ့ပါတယ်။စူးရှထက်ကတော့ “တရား ဥပဒေအတိုင်းပဲ ဆက်သွားမှာပါ…” လို့ ပြောခဲ့ကြောင်း Myanmar Celebrity ရဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာကိုတွေ့ရပါတယ်။

FROM ကိုကျော်စွာ၊စူးရှထက်

Credit: MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top