iMyanmarHouse.com - Best Property Website for Myanmar
×




Credit : ရွှေချစ်သူ
# Unicode Version ဖြင့် ဖတ်ပါ #
သရုပ်ဆောင် ဥက္ကာမင်းမောင်တစ်ယောက်ကတော့ အွန်လိုင်းမှာ ချစ်သူနဲ့ အတူတွဲရိုက်ထားတဲ့ ပုံလေးတွေ ပျံ့နှံ့လာပြီးနောက်မှာတော့ နယူးယောက်မှာရောက်နေတဲ့ ဥက္ကာမင်းမောင်တစ်ယောက် သူ့ဘဝနဲ့ပတ်သက်တဲ့ အကြောင်းအရာအများအပြားကို ပရိသတ်ကို အမှန်အတိုင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ သူဟာ အရင်က အိမ်ထောင်ကျဖူးတယ်လို့လည်း ဖွင့်ဟလိုက်ပြီး၂၀၁၆ ခုနှစ်က သူ့ရဲ့ ယောက်ျားဆုံးပါးသွားတယ်။ အိမ်ထောင်သက် ၅ နှစ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကိုပြန်လည်ပြီး ဇာတ်ကားအချို့ကို ရိုက်ကူးခဲ့တဲ့ သူက အမေရိကကို ပြန်နေဖြစ်တာ များပါတယ်။ အရင်ကတည်းက ဥက္ကာမင်းမောင်ကို လိင်တူစိတ်ဝင်စားသူလားလို့ ပရိသတ်က သံသယရှိခဲ့တာဖြစ်ပြီး ဒီအချက်ကို မှန်ကန်ကြောင်း သူက သက်သေပြခဲ့ပြီပေါ့နော်

အခုလည်း ဖေ့ဘုတ်စာမျက်နှာထက်မှာ ချစ်သူနဲ့အတူရိုက်ထားတဲ့ ပုံလေးတွေ မထင်မှတ်ဘဲ ပျံ့နှံ့လာရကနေ သူ့ဘဝရဲ့ လျှို့ဝှက်ချက်တွေကို အတိအလင်း ပရိသတ်ကို ဖွင့်ချပြသခဲ့တာပဲဖြစ်ပြီး ကလေးယူဖို့အထိပါ စီစဉ်ထားတယ် ဆိုလိုက်ပါတယ်

Credit : ရွှေချစ်သူ
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top