iMyanmarHouse.com - Best Property Website for Myanmar
×

Beauty Blogger မေလးအျဖစ္ကေန အခု သ႐ုပ္ေဆာင္ပါလုပ္ေနတဲ့ ေနျခည္ဦးက အခုႀကဳံေတြ႔ေနရတဲ့ သူ႔ရဲ႕ အခ်စ္ေရးက အရမ္းကုိေပ်ာ္စရာေကာင္းေနပါတယ္တဲ့။ ကုိယ့္အခ်စ္ထက္ သူ႔ရဲ႕ အခ်စ္က ပုိမ်ားေနတယ္ဆုိေတာ့ ဘာျဖစ္ျဖစ္ စိတ္မပူရဘူးဆိုၿပီးေတာ့ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

” အခု အခ်စ္ေရးမွာလည္း ကုိယ္ခ်စ္သေလာက္ျပန္ရတာထက္ သူခ်စ္က ပုိမ်ားပါတယ္။ နည္းနည္းေတာ့ ေပ်ာ္ေနတာေပါ့ေလ။ ဘာျဖစ္ျဖစ္ စိတ္မပူရဘူးေပါ့ေနာ္။ သူက ကုိယ့္ကုိခ်စ္ေနေတာ့ သူကပဲ အျမဲတမ္းစိတ္ပူေပးတယ္၊ သူကပဲ အႏြံတာခံတယ္ဆုိေတာ့ ေတာ္ေတာ္ေလး ေပ်ာ္ေနရပါတယ္” လုိ႔ သူကဆုိပါတယ္။

ေနျခည္ဦးဟာ အရင္က အရမ္းခ်စ္တတ္တဲ့ ေကာင္မေလးတစ္ေယာက္ျဖစ္ၿပီး အခ်စ္နဲ႔ပတ္သက္လို႔ စိတ္ဒဏ္ရာေတြလည္း အမ်ားႀကီးရခဲ့ဖူးတယ္လို႔ ေမလ ၁ရက္ေန႔က M3 Food Center မွာ က်င္းပခ့ဲတဲ့ ဧည့္သည္ရုပ္ရွင္ဇာတ္ကားႀကီးကန္ေတာ့ပြဲေပး အခမ္းအနားမွာ မီဒီယာေတြကုိ ေျပာျပခဲ့တာျဖစ္ပါတယ္။

” အခုေတာ့ ေတာ္ေတာ္ႀကီးကုိ အခ်စ္ေလွ်ာ့ထားတာ အရင္တုန္းက ေနျခည္က အရမ္းအခ်စ္ႀကီးတာ၊ အခ်စ္အတြက္ပဲေလ။ ငယ္ငယ္တုန္း ကေတာ့ ငယ္ေသးတာကုိ ၂၀ေက်ာ္အရြယ္က်ေတာ့လည္း အခ်စ္ကုိပဲ ကုိးကြယ္တယ္။ ကုိယ့္ခ်စ္သူ ဘာလုပ္လုပ္ အျမဲတမ္းသြားခ်င္တယ္ ေပါ့။ အရမ္းစိတ္ထိခုိက္လြယ္ဖူးခဲ့တယ္။ စိတ္ဒဏ္ရာေတြလည္း အမ်ားႀကီး ရဖူးခဲ့တယ္။ ဧည့္သည္ ဇာတ္ကားထဲက ေနျခည့္ရဲ႕ ကာရုိက္တာ ကလည္း အတိတ္က ေနျခည္ဦးေပါ့ အတိတ္က Relationship ေတြ ျဖစ္ခဲ့ဖူးတဲ့ တုိက္ဆုိင္မႈေတြ ေတာ္ေတာ္မ်ားမ်ားက ဒီကားထဲမွာ ျပန္ေပၚလာမွာပါ” လုိ႔ သူက ဆုိပါတယ္။

ျခည္ျခည္လို႔ အားလံုးက ခ်စ္စႏိုးေခၚၾကတဲ့ ေနျခည္ဦးဟာ Beauty Blogger တင္မက သရုပ္ေဆာင္ဘက္ကုိပါ စတင္ေျခခ်ေနသူပါ။ ျခည္ျခည္ရဲ႕ ပထမဆုံး ႐ိုက္ကူးတဲ့ ”ရန္သူ” ရုပ္ရွင္ဇာတ္ကားႀကီးကုိ ေနမင္း၊ ဝတ္မႈံေရႊရည္တုိ႔နဲ႔အတူ မၾကာေသးမီကမွ ႐ိုက္ကူးၿပီးစီးခဲ့ပါတယ္။ အခု ျခည္ျခည္ရဲ႕ ဒုတိယေျမာက္ ရုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့ “ဧည့္သည္” ကို ေရႊထူး၊ ေရႊမႈံရတီတုိ႕နဲ႔ အတူ ႐ိုက္ကူးေနပါၿပီ။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
Beauty Blogger မလေးအဖြစ်ကနေ အခု သရုပ်ဆောင်ပါလုပ်နေတဲ့ နေခြည်ဦးက အခုကြုံတွေ့နေရတဲ့ သူ့ရဲ့ အချစ်ရေးက အရမ်းကိုပျော်စရာကောင်းနေပါတယ်တဲ့။ ကိုယ့်အချစ်ထက် သူ့ရဲ့ အချစ်က ပိုများနေတယ်ဆိုတော့ ဘာဖြစ်ဖြစ် စိတ်မပူရဘူးဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

” အခု အချစ်ရေးမှာလည်း ကိုယ်ချစ်သလောက်ပြန်ရတာထက် သူချစ်က ပိုများပါတယ်။ နည်းနည်းတော့ ပျော်နေတာပေါ့လေ။ ဘာဖြစ်ဖြစ် စိတ်မပူရဘူးပေါ့နော်။ သူက ကိုယ့်ကိုချစ်နေတော့ သူကပဲ အမြဲတမ်းစိတ်ပူပေးတယ်၊ သူကပဲ အနွံတာခံတယ်ဆိုတော့ တော်တော်လေး ပျော်နေရပါတယ်” လို့ သူကဆိုပါတယ်။

နေခြည်ဦးဟာ အရင်က အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး အချစ်နဲ့ပတ်သက်လို့ စိတ်ဒဏ်ရာတွေလည်း အများကြီးရခဲ့ဖူးတယ်လို့ မေလ ၁ရက်နေ့က M3 Food Center မှာ ကျင်းပခဲ့တဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲပေး အခမ်းအနားမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

” အခုတော့ တော်တော်ကြီးကို အချစ်လျှော့ထားတာ အရင်တုန်းက နေခြည်က အရမ်းအချစ်ကြီးတာ၊ အချစ်အတွက်ပဲလေ။ ငယ်ငယ်တုန်း ကတော့ ငယ်သေးတာကို ၂၀ကျော်အရွယ်ကျတော့လည်း အချစ်ကိုပဲ ကိုးကွယ်တယ်။ ကိုယ့်ချစ်သူ ဘာလုပ်လုပ် အမြဲတမ်းသွားချင်တယ် ပေါ့။ အရမ်းစိတ်ထိခိုက်လွယ်ဖူးခဲ့တယ်။ စိတ်ဒဏ်ရာတွေလည်း အများကြီး ရဖူးခဲ့တယ်။ ဧည့်သည် ဇာတ်ကားထဲက နေခြည့်ရဲ့ ကာရိုက်တာ ကလည်း အတိတ်က နေခြည်ဦးပေါ့ အတိတ်က Relationship တွေ ဖြစ်ခဲ့ဖူးတဲ့ တိုက်ဆိုင်မှုတွေ တော်တော်များများက ဒီကားထဲမှာ ပြန်ပေါ်လာမှာပါ” လို့ သူက ဆိုပါတယ်။

ခြည်ခြည်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ နေခြည်ဦးဟာ Beauty Blogger တင်မက သရုပ်ဆောင်ဘက်ကိုပါ စတင်ခြေချနေသူပါ။ ခြည်ခြည်ရဲ့ ပထမဆုံး ရိုက်ကူးတဲ့ ”ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးကို နေမင်း၊ ဝတ်မှုံရွှေရည်တို့နဲ့အတူ မကြာသေးမီကမှ ရိုက်ကူးပြီးစီးခဲ့ပါတယ်။ အခု ခြည်ခြည်ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဧည့်သည်” ကို ရွှေထူး၊ ရွှေမှုံရတီတို့နဲ့ အတူ ရိုက်ကူးနေပါပြီ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top