iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးပဲမဂၤလာပါေနာ္။ လူတစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ခံုးေမႊးပံုစံခ်င္းမတူညီၾကပါတယ္။ တခ်ိဳ႕က မ်က္ခံုးေမႊးအထူႀကီးနဲ႔ သန္ေပမယ့္ တခ်ိဳ႕က မ်က္ခံုးေမႊးပါးပါးေလးပိုင္ဆိုင္ထားၾကပါတယ္။

ကမၻာေပၚမွာ မတူညီကြဲျပားတဲ့ အလွတရားေတြရွင္သန္ေနတယ္လို႔ စာေရးသူေတာ့ ျမင္မိပါတယ္။

သင္ကေရာ ဘယ္လိုမ်က္ခံုးေမႊးပံုစံကို ပိုင္ဆိုင္ထားပါသလဲ။

သဘာဝအတိုင္းထူထဲတဲ့ မ်က္ခံုးေမႊးပိုင္ရွင္

သူတို႔ေတြဟာ သိပ္ကိုတက္ၾကြၿပီး က်န္းမာတဲ့သူေတြျဖစ္ၾကပါတယ္။ တိက်တဲ့ ပန္းတိုင္၊ ရည္မွန္းခ်က္ေတြရွိၾကပါတယ္။ သူတို႔လိုခ်င္တဲ့ အတိုင္းအတာကို ရရွိေအာင္လည္း ႀကိဳးစားၾကသူေတြပါ။

သဘာဝမ်က္ခံုးေမႊးပါးပါးပိုင္ရွင္ေတြ

သူတို႔ေတြကေတာ့ မိမိကိုယ္ကို ယံုၾကည္မႈ အားနည္းတဲ့သူေတြျဖစ္ၾကပါတယ္။ တစ္ေယာက္ေယာက္ရဲ႕ ပံ့ပိုးကူညီမႈမပါဘဲ ဆံုးျဖတ္ခ်က္ခ်ဖို႔ မဝံ့မရဲျဖစ္ေနတတ္ပါတယ္။ ကိုယ့္ကိုကိုယ္ထက္ တျခားသူကိုပိုယံုတတ္တဲ့အက်င့္ရွိပါတယ္။ ဒါေတြကို ေက်ာ္လႊားႏိုင္မယ္ဆိုရင္ေတာ့ ေအာင္ျမင္မႈပန္းတိုင္ကို ေရာက္ရွိမွာေသခ်ာပါတယ္။

မ်က္ခံုးေမႊး အစြန္ဖက္မွာခံုးသူေတြ

သူတို႔ေလးေတြက သြယ္သြယ္ဝိုက္ဝိုက္ေျပာတတ္ပါတယ္။ အဓိပၸာယ္တစ္ခုကို တိုက္ရိုက္နားလည္ေအာင္ ရွင္းေအာင္ေျပာေလ့မရွိပါဘူး။ လူ႔ဂြစာေလးေတြေပါ့ရွင္။

တစ္ဖက္ကၾကည့္ေတာ့လည္း သူတို႔ေတြဟာ ေပ်ာ္တတ္တဲ့သူေတြျဖစ္ပါတယ္။ အရာအားလံုးနဲ႔ အလုိက္အထိုက္ေနတတ္ၾကတယ္။ သဘာဝက်ၿပီး တျခားသူေတြကို ကူညီတတ္သူေတြပါ။

မ်က္ခံုးေမႊးဝိုင္းဝိုင္း

သင္ဟာ သိပ္ကိုတည္ၿငိမ္တယ္။ အျငင္းပြားမႈ ပဋိပကၡတ္ေတြကေန အေျဖရမွာမဟုတ္ဘူးလို႔ ယံုၾကည္ေနသူျဖစ္ပါတယ္။ အခက္အခဲေတြကို မဖန္တီးဘဲ သိုသိုသိပ္သိပ္ ေအးေအးေဆးေဆး ေနခ်င္တယ္။ အရာအားလံုးကို အေလးအနက္ထားလြန္းသူလို႔လည္း ဆိုင္ႏိုင္ပါတယ္။

မ်က္ခံုးေမႊးရွည္ရွည္

မ်က္ခံုးေမႊၚရွည္ရွည္ေတြက ယွဥ္ၿပိဳင္လိုစိတ္ရွိၾကတယ္။ သူတို႔ပန္းတိုင္အတြက္ဆို ဘာမဆိုလုပ္မယ့္သူေတြပါ။ အလုပ္အရမ္းႀကိဳးစားသူေတြလည္းျဖစ္ပါတယ္။

မ်က္ခံုးေမႊးတိုတို

တခ်ိဳ႕သူေတြက မ်က္ခံုးေမႊး ထိပ္ပိုင္းပဲရွိၿပီး အေနာက္ဖက္ သိပ္မရွိပါဘူး။ သူတို႔ေတြက မ်က္ခံုးေမႊးရွည္သူေတြနဲ႔ ေျပာင္းျပန္ပါ။ သူတို႔ေတြက ယံုၾကည္မႈအားနည္းၾကသူေတြျဖစ္ေပမယ့္ တဖက္မွာလည္း တျခားသူကို ကူညီႏိုင္သူေတြျဖစ္ၾကျပန္ပါတယ္။

မ်က္ခံုးေမႊးတန္းတန္း

မ်က္ခံုးေမႊးတန္းတန္း သမားေတြကေတာ့ ယုတၱိဆန္တဲ့သူေတြျဖစ္ပါတယ္။ ဘာအေၾကာင္းအရင္းမွမရွိဘဲ အလြယ္ကူ လက္ခံေအာင္ေျပာဖို႔မလြယ္ပါဘူး။ သူတို႔ဟာ ေရွးရိုးဆန္တဲ့ ဝတ္စားဆင္ယင္မႈရွိပါတယ္။

မ်က္ခံုးေမႊး ျမင့္ျမင့္ခံုးခံုး

မ်က္ခံုးေမႊးက ျမင့္ျမင့္ခံုးခံုးႀကီးဆိုရင္ သင္ဟာ အလုပ္လုပ္ဖို႔ သင့္ေတာ္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ အလုပ္ကိုလည္း ေသခ်ာေကာင္းမြန္ေအာင္ ျပည့္စံုေအာင္လုပ္တတ္သူပါ။ ဒီအလုပ္ကိုမလုပ္ႏိုင္ဘူးထင္ရင္လည္း လက္ခံမွာမဟုတ္ပါဘူး။

ဒါေတြက ၁၀၀% မွန္တယ္လို႔မဆိုႏိုင္ပါဘူး။ လူတစ္ေယာက္ရဲ႕ အေၾကာင္းကို သူ႔ရဲ႕ မ်က္ခံုးေမႊးကိုၾကည့္ၿပီးဆံုးျဖတ္လို႔မရႏိုင္ပါ။ တိုက္ဆိုင္မႈရွိရင္ေတာ့ ေကာ့မန္႔ေလးေတြ ေပးသြားခဲ့ဦးေနာ္။

Source: www.trendcrown
Credit:Mystyle

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အားလုံးပဲမင်္ဂလာပါနော်။ လူတစ်ယောက်နဲ့တစ်ယောက် မျက်ခုံးမွှေးပုံစံချင်းမတူညီကြပါတယ်။ တချို့က မျက်ခုံးမွှေးအထူကြီးနဲ့ သန်ပေမယ့် တချို့က မျက်ခုံးမွှေးပါးပါးလေးပိုင်ဆိုင်ထားကြပါတယ်။

ကမ္ဘာပေါ်မှာ မတူညီကွဲပြားတဲ့ အလှတရားတွေရှင်သန်နေတယ်လို့ စာရေးသူတော့ မြင်မိပါတယ်။

သင်ကရော ဘယ်လိုမျက်ခုံးမွှေးပုံစံကို ပိုင်ဆိုင်ထားပါသလဲ။

သဘာဝအတိုင်းထူထဲတဲ့ မျက်ခုံးမွှေးပိုင်ရှင်

သူတို့တွေဟာ သိပ်ကိုတက်ကြွပြီး ကျန်းမာတဲ့သူတွေဖြစ်ကြပါတယ်။ တိကျတဲ့ ပန်းတိုင်၊ ရည်မှန်းချက်တွေရှိကြပါတယ်။ သူတို့လိုချင်တဲ့ အတိုင်းအတာကို ရရှိအောင်လည်း ကြိုးစားကြသူတွေပါ။

သဘာဝမျက်ခုံးမွှေးပါးပါးပိုင်ရှင်တွေ

သူတို့တွေကတော့ မိမိကိုယ်ကို ယုံကြည်မှု အားနည်းတဲ့သူတွေဖြစ်ကြပါတယ်။ တစ်ယောက်ယောက်ရဲ့ ပံ့ပိုးကူညီမှုမပါဘဲ ဆုံးဖြတ်ချက်ချဖို့ မဝံ့မရဲဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ထက် တခြားသူကိုပိုယုံတတ်တဲ့အကျင့်ရှိပါတယ်။ ဒါတွေကို ကျော်လွှားနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိမှာသေချာပါတယ်။

မျက်ခုံးမွှေး အစွန်ဖက်မှာခုံးသူတွေ

သူတို့လေးတွေက သွယ်သွယ်ဝိုက်ဝိုက်ပြောတတ်ပါတယ်။ အဓိပ္ပာယ်တစ်ခုကို တိုက်ရိုက်နားလည်အောင် ရှင်းအောင်ပြောလေ့မရှိပါဘူး။ လူ့ဂွစာလေးတွေပေါ့ရှင်။

တစ်ဖက်ကကြည့်တော့လည်း သူတို့တွေဟာ ပျော်တတ်တဲ့သူတွေဖြစ်ပါတယ်။ အရာအားလုံးနဲ့ အလိုက်အထိုက်နေတတ်ကြတယ်။ သဘာဝကျပြီး တခြားသူတွေကို ကူညီတတ်သူတွေပါ။

မျက်ခုံးမွှေးဝိုင်းဝိုင်း

သင်ဟာ သိပ်ကိုတည်ငြိမ်တယ်။ အငြင်းပွားမှု ပဋိပက္ခတ်တွေကနေ အဖြေရမှာမဟုတ်ဘူးလို့ ယုံကြည်နေသူဖြစ်ပါတယ်။ အခက်အခဲတွေကို မဖန်တီးဘဲ သိုသိုသိပ်သိပ် အေးအေးဆေးဆေး နေချင်တယ်။ အရာအားလုံးကို အလေးအနက်ထားလွန်းသူလို့လည်း ဆိုင်နိုင်ပါတယ်။

မျက်ခုံးမွှေးရှည်ရှည်

မျက်ခုံးမွှေါ်ရှည်ရှည်တွေက ယှဉ်ပြိုင်လိုစိတ်ရှိကြတယ်။ သူတို့ပန်းတိုင်အတွက်ဆို ဘာမဆိုလုပ်မယ့်သူတွေပါ။ အလုပ်အရမ်းကြိုးစားသူတွေလည်းဖြစ်ပါတယ်။

မျက်ခုံးမွှေးတိုတို

တချို့သူတွေက မျက်ခုံးမွှေး ထိပ်ပိုင်းပဲရှိပြီး အနောက်ဖက် သိပ်မရှိပါဘူး။ သူတို့တွေက မျက်ခုံးမွှေးရှည်သူတွေနဲ့ ပြောင်းပြန်ပါ။ သူတို့တွေက ယုံကြည်မှုအားနည်းကြသူတွေဖြစ်ပေမယ့် တဖက်မှာလည်း တခြားသူကို ကူညီနိုင်သူတွေဖြစ်ကြပြန်ပါတယ်။

မျက်ခုံးမွှေးတန်းတန်း

မျက်ခုံးမွှေးတန်းတန်း သမားတွေကတော့ ယုတ္တိဆန်တဲ့သူတွေဖြစ်ပါတယ်။ ဘာအကြောင်းအရင်းမှမရှိဘဲ အလွယ်ကူ လက်ခံအောင်ပြောဖို့မလွယ်ပါဘူး။ သူတို့ဟာ ရှေးရိုးဆန်တဲ့ ဝတ်စားဆင်ယင်မှုရှိပါတယ်။

မျက်ခုံးမွှေး မြင့်မြင့်ခုံးခုံး

မျက်ခုံးမွှေးက မြင့်မြင့်ခုံးခုံးကြီးဆိုရင် သင်ဟာ အလုပ်လုပ်ဖို့ သင့်တော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အလုပ်ကိုလည်း သေချာကောင်းမွန်အောင် ပြည့်စုံအောင်လုပ်တတ်သူပါ။ ဒီအလုပ်ကိုမလုပ်နိုင်ဘူးထင်ရင်လည်း လက်ခံမှာမဟုတ်ပါဘူး။

ဒါတွေက ၁၀၀% မှန်တယ်လို့မဆိုနိုင်ပါဘူး။ လူတစ်ယောက်ရဲ့ အကြောင်းကို သူ့ရဲ့ မျက်ခုံးမွှေးကိုကြည့်ပြီးဆုံးဖြတ်လို့မရနိုင်ပါ။ တိုက်ဆိုင်မှုရှိရင်တော့ ကော့မန့်လေးတွေ ပေးသွားခဲ့ဦးနော်။

Source: www.trendcrown

Credit:Mystyle


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top