iMyanmarHouse.com - Best Property Website for Myanmar
×

ေျပာခ်င္လြန္းလို႕ ပရိသတ္ၾကီးေရ ေရႊမံႈရတီကေတာ့ အေခ်ကေန အေဂၚဘက္ေျပာင္းသြားပါျပီ။ “ ႏွလံုးသားတံခါးကို ဝင္ခ်ည္ ထြက္ခ်ည္လုပ္တဲ့ ဧည့္သည္” ဇာတ္ကားမွာ ေရႊမံႈရတီက ေရႊထူး နဲ႕ ေနျခည္ဦး တို႕ထက္ စီနီယာက်တဲ့ သရုပ္ေဆာင္ မမ ျဖစ္လို႕ေနပါတယ္။

ေရႊမံႈရတီကို ေဂၚေနတယ္လို႕ ေျပာရတဲ့ အေၾကာင္းရင္းက ဧည့္သည္ ရုပ္ရွင္ကားမွာ သူဝတ္ထားတဲ့ အဝတ္အစားေၾကာင့္ပါ။ ေဂၚေနတဲ့ အဝတ္အစားဒီဇိုင္းမွန္း သိခဲ့တဲ့ အခ်ိန္ကိုလည္း ခုလိုျပန္ေျပာင္းေျပာျပပါတယ္။

“ ဦးညီ ေျပာသလို ေပါက္စီေရာင္းတဲ့ အိတ္နဲ႕ နည္းနည္းေတာ့ ေဂၚတာေပါ့။ ပထမေတာ့ ကိုယ့္အထာနဲ႕ကိုယ္ ထြက္လာတာ ။ တအားေဂၚလား ဦးညီ ဘာညာေမးေတာ့ ေအး တအားေဂၚတယ္။ ၁၉ လမ္းထိပ္က ေပါက္စီေရာင္းတဲ့ အမၾကီး လည္း အဲ့ အတိုင္းပဲ ဆင္တူ အိတ္ေလးလြယ္ထားတယ္ဆိုေတာ့ အာ…. ဒီအိတ္ကိုသြားျပီး မီးရႈိ႕ရင္လည္း ရႈိ႕ဒါမွမဟုတ္ ပစ္ရင္လည္း ပစ္ တခုခုလုပ္လိုက္ပါလို႕။” ဆိုျပီး ေျပာရတဲ့ အေၾကာင္းေလးကို ရယ္စရာ ေျပာျပပါတယ္။

ဧည့္သည္ ဇာတ္ကားမွာ ေရႊထူးရဲ႕ သရုပ္ေဆာင္မႈအေပၚ ေရႊမံႈ႕ သံုးသပ္ခ်က္က –

“ အကိုကေတာ့ သူရိုက္ကာစ ကားၾကီး ႏွစ္ကားေျမာက္ဆိုေတာ့ သိပ္ေတာ့ ကင္မရာေတြနဲ႕ မစိမ္းေတာ့ပါဘူး။ တစ္ခုေကာင္းတာက သူအရမ္းၾကိဳးစားခ်င္စိတ္ရွိတယ္။ သင္ယူခ်င္စိတ္ရွိတယ္။ အဲ့ဒါက အရမ္းေကာင္းပါတယ္။” လို႕ဆိုပါတယ္။

ေရႊမံႈက ဆယ္တန္းမေအာင္ေပမဲ့ ဒိုင္ယာေလာ့ေတြ မွတ္တဲ့ ေနရာမွာ ဥာဏ္ေကာင္းရတဲ့ အေၾကာင္းကေရာ ဘာမ်ားျဖစ္မလဲ။

“ စိတ္စုစည္းမႈ ဘယ္ေလာက္ အားေကာင္းတယ္ဆိုတာ အရာအားလံုးကို မွတ္မိေနတာ ပါ။ အိုက္တင္တစ္ခုပီျပင္ဖို႕ အဓိက က စိတ္ျငိမ္ဖို႕လိုတယ္။စိတ္ေတြက ေယာက္ကက္ခတ္ေနတာတို႕ ေဒါသၾကီးတာ တို႕ဆိုရင္ ဇာတ္အိမ္တစ္ခုလံုး ပ်က္ေရာ။

သဲဆိုရင္ အလုပ္စလုပ္တုန္းက ေဒါသၾကီးတယ္ ၊ေယာက္ယက္ခတ္တယ္၊ငါလုပ္ႏိုင္ပါ့မလားဆိုျပီးေတာ့ပူတယ္။ ေနာက္ပိုင္းက်ေတာ့ အဲ့ဒါေတြက အလုပ္အေပၚ effect အမ်ားၾကီး သက္ေရာက္တယ္။ ဘုရားတရားလုပ္ေတာ့ သဲစိတ္စုစည္းမိသြားျပီး ပိုအဆင္ေျပသြားတယ္။” လို႕ဆိုပါတယ္။

ေျပာသမွ်စကားတိုင္း ဂယက္ထသြားတာက ဘာေၾကာင့္လဲဆိုေတာ့ –

“ဂယက္ေပါ့ ဂယက္မဆိုေတာ့ ေျပာသမွ်စကားတိုင္းက ဂယက္ထသြားတာ၊ပရိသတ္ၾကီးကိုအားလည္းနာပါတယ္။ ေတာင္းလည္း ေတာင္းပန္ပါတယ္။သဲကေလေျပာလိုက္ရင္ ဗရမ္းဗတာေတြခ်ည္းပဲ ။ဘာေတြေျပာမွန္းကိုယ့္ကိုယ္ကိုလည္း မသိဘူး။ ကိုယ္တင္တဲ့ စာေတြကို ပရိသတ္ကေၾကြသြားတာက အဓိကကေတာ့ we love ေတြေပါ့ေနာ္။ သူတို႕ကို စရင္းေနာက္ရင္း စကားေလးေတြ ထြက္လာရင္ caption ေလးေတြက အဲ့လိုျဖစ္ျဖစ္သြားတာပါပဲ။” လို႕ဆိုပါတယ္။

အလုပ္တစ္ခုကို တာဝန္ေက်ပြန္သလို အေကာင္းဆံုးေတြျဖစ္လာရင္ လက္ခံသလိုအဆိုးဆံုးေတြျဖစ္လာရင္လည္း ေက်နပ္ပါတယ္ဆိုတဲ့ ေရႊမံႈ က အကယ္ဒမီၾကီးရဖို႕ ဆိုတဲ့ စိတ္နဲ႕ သရုပ္ေဆာင္ေနတာမဟုတ္ဘူးလို႕ဆိုပါတယ္။

Credit: သတင္းဦး
# Unicode Version ျဖင့္ ဖတ္ပါ #
ပြောချင်လွန်းလို့ ပရိသတ်ကြီးရေ ရွှေမှုံရတီကတော့ အချေကနေ အဂေါ်ဘက်ပြောင်းသွားပါပြီ။ “ နှလုံးသားတံခါးကို ဝင်ချည် ထွက်ချည်လုပ်တဲ့ ဧည့်သည်” ဇာတ်ကားမှာ ရွှေမှုံရတီက ရွှေထူး နဲ့ နေခြည်ဦး တို့ထက် စီနီယာကျတဲ့ သရုပ်ဆောင် မမ ဖြစ်လို့နေပါတယ်။

ရွှေမှုံရတီကို ဂေါ်နေတယ်လို့ ပြောရတဲ့ အကြောင်းရင်းက ဧည့်သည် ရုပ်ရှင်ကားမှာ သူဝတ်ထားတဲ့ အဝတ်အစားကြောင့်ပါ။ ဂေါ်နေတဲ့ အဝတ်အစားဒီဇိုင်းမှန်း သိခဲ့တဲ့ အချိန်ကိုလည်း ခုလိုပြန်ပြောင်းပြောပြပါတယ်။

“ ဦးညီ ပြောသလို ပေါက်စီရောင်းတဲ့ အိတ်နဲ့ နည်းနည်းတော့ ဂေါ်တာပေါ့။ ပထမတော့ ကိုယ့်အထာနဲ့ကိုယ် ထွက်လာတာ ။ တအားဂေါ်လား ဦးညီ ဘာညာမေးတော့ အေး တအားဂေါ်တယ်။ ၁၉ လမ်းထိပ်က ပေါက်စီရောင်းတဲ့ အမကြီး လည်း အဲ့ အတိုင်းပဲ ဆင်တူ အိတ်လေးလွယ်ထားတယ်ဆိုတော့ အာ…. ဒီအိတ်ကိုသွားပြီး မီးရှို့ရင်လည်း ရှို့ဒါမှမဟုတ် ပစ်ရင်လည်း ပစ် တခုခုလုပ်လိုက်ပါလို့။” ဆိုပြီး ပြောရတဲ့ အကြောင်းလေးကို ရယ်စရာ ပြောပြပါတယ်။

ဧည့်သည် ဇာတ်ကားမှာ ရွှေထူးရဲ့ သရုပ်ဆောင်မှုအပေါ် ရွှေမှုံ့ သုံးသပ်ချက်က –

“ အကိုကတော့ သူရိုက်ကာစ ကားကြီး နှစ်ကားမြောက်ဆိုတော့ သိပ်တော့ ကင်မရာတွေနဲ့ မစိမ်းတော့ပါဘူး။ တစ်ခုကောင်းတာက သူအရမ်းကြိုးစားချင်စိတ်ရှိတယ်။ သင်ယူချင်စိတ်ရှိတယ်။ အဲ့ဒါက အရမ်းကောင်းပါတယ်။” လို့ဆိုပါတယ်။

ရွှေမှုံက ဆယ်တန်းမအောင်ပေမဲ့ ဒိုင်ယာလော့တွေ မှတ်တဲ့ နေရာမှာ ဉာဏ်ကောင်းရတဲ့ အကြောင်းကရော ဘာများဖြစ်မလဲ။

“ စိတ်စုစည်းမှု ဘယ်လောက် အားကောင်းတယ်ဆိုတာ အရာအားလုံးကို မှတ်မိနေတာ ပါ။ အိုက်တင်တစ်ခုပီပြင်ဖို့ အဓိက က စိတ်ငြိမ်ဖို့လိုတယ်။စိတ်တွေက ယောက်ကက်ခတ်နေတာတို့ ဒေါသကြီးတာ တို့ဆိုရင် ဇာတ်အိမ်တစ်ခုလုံး ပျက်ရော။

သဲဆိုရင် အလုပ်စလုပ်တုန်းက ဒေါသကြီးတယ် ၊ယောက်ယက်ခတ်တယ်၊ငါလုပ်နိုင်ပါ့မလားဆိုပြီးတော့ပူတယ်။ နောက်ပိုင်းကျတော့ အဲ့ဒါတွေက အလုပ်အပေါ် effect အများကြီး သက်ရောက်တယ်။ ဘုရားတရားလုပ်တော့ သဲစိတ်စုစည်းမိသွားပြီး ပိုအဆင်ပြေသွားတယ်။” လို့ဆိုပါတယ်။

ပြောသမျှစကားတိုင်း ဂယက်ထသွားတာက ဘာကြောင့်လဲဆိုတော့ –

“ဂယက်ပေါ့ ဂယက်မဆိုတော့ ပြောသမျှစကားတိုင်းက ဂယက်ထသွားတာ၊ပရိသတ်ကြီးကိုအားလည်းနာပါတယ်။ တောင်းလည်း တောင်းပန်ပါတယ်။သဲကလေပြောလိုက်ရင် ဗရမ်းဗတာတွေချည်းပဲ ။ဘာတွေပြောမှန်းကိုယ့်ကိုယ်ကိုလည်း မသိဘူး။ ကိုယ်တင်တဲ့ စာတွေကို ပရိသတ်ကကြွေသွားတာက အဓိကကတော့ we love တွေပေါ့နော်။ သူတို့ကို စရင်းနောက်ရင်း စကားလေးတွေ ထွက်လာရင် caption လေးတွေက အဲ့လိုဖြစ်ဖြစ်သွားတာပါပဲ။” လို့ဆိုပါတယ်။

အလုပ်တစ်ခုကို တာဝန်ကျေပွန်သလို အကောင်းဆုံးတွေဖြစ်လာရင် လက်ခံသလိုအဆိုးဆုံးတွေဖြစ်လာရင်လည်း ကျေနပ်ပါတယ်ဆိုတဲ့ ရွှေမှုံ က အကယ်ဒမီကြီးရဖို့ ဆိုတဲ့ စိတ်နဲ့ သရုပ်ဆောင်နေတာမဟုတ်ဘူးလို့ဆိုပါတယ်။

Credit: သတင်းဦး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top