iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေယာက္ေယာက္ကိုခ်စ္ေနၿပီဆိုရင္ ျဖစ္လာတဲ့ ခံစားခ်က္ဟ ာမိန္းကေလးနဲ႔ ေယာက်ာ္းေလးမတူပါဘူး…။ အျပဳအမူကစသျဖင့္ ကြာျခားပါတယ္…။ဒါ ေၾကာင့္မိန္းကေလးေတြ ခ်စ္မိတဲ့အခါ ဘာေတြထူး ျခားေျပာင္းလဲသြားသလဲဆိုတာကို မ်ွေဝေပးပါရေစ။

ပထမဆံုးအခ်က္ကေတာ့ အဲဒီမိန္းကေလးဟာ အလွအပေတြ အရင္ကထက္ပိုျပင္ဆင္လာတယ္ဆိုတာပါပဲ…။မွန္ၾကည့္တာမ်ားလာမယ္…။ အရင္ကျဗဲလရမ္းေနခဲ့ရင္ေတာင္ စနစ္က်က်ေနတတ္လာမယ္။ ဒါေပမဲ့ကိုယ္ခ်စ္ေနတဲ့လူရဲ႕ အေ႐ွ႕ကိုေရာက္တိုင္း ယံုၾကည္ခ်က္ေတြေပ်ာက္ဆံုးသလိုျဖစ္ေနမွာပါ…။ဒါေၾကာင့္ အလွအပေတြ အရမ္းျပင္ဆင္မဲ့အစား သဘာဝဆန္ဆန္ေလးပဲေနပါလို႔ အၾကံျပဳပါရေစ…။ဒုတိယအခ်က္ကေတာ့ အလိုလိုေနရင္းကိုေပ်ာ္ေနမယ္ ေဒါသထြက္ေနမယ္…။စိတ္ထိခိုက္လြယ္ေနမယ္…။ တကယ္တမ္းေျပာ ရရင္ အခ်စ္ဆိုတာဟာ အပ်င္းေရာဂါကိုေတာင္ ကုသေပးႏိုင္ပါတယ္…။။

ဒါေၾကာင့္ ခ်စ္ရတဲ့သူမ်က္ႏွာကိုျမင္ရရင္ သူ႔အေၾကာင္းေတြးမိရင္ကို အလိုလိုေနရင္းျပံဳးေပ်ာ္ေနမိမွာပါ…။ဒါေပမဲ့သူနဲ႔ပတ္သတ္တဲ့မိန္းကေလးေတြ ဥပမာသူ႔သူငယ္ခ်င္းမိန္းကေလး သူ႔အနားလာတာေတြ႔တယ္ဆိုရင္ေတာင္ စိတ္ထဲကေဒါသေတြျကိတ္ၿပီး ျဖစ္ေနတာေတြပါ။အခ်စ္နဲ႔ေတြ႕ရင္အရမ္းတည္ၿငိမ္တဲ့မိန္းကေလးေတြေတာင္ေပါေတာေတာျဖစ္သြားၾကပါတယ္…။ေနာက္ဆံုးအခ်က္ကေတာ့အျဖစ္သည္းတဲ့ေရာဂါထလာတာပါပဲ…။တစ္ခုခုကိုလိုခ်င္ၿပီဆိုရင္ဒါမွဒါ…တစ္ေယာက္ေယာက္ကိုခ်စ္ၿပီဆိုရင္လည္းသူမွသူ…။အသည္းအသန္ျဖစ္တဲ့ေရာဂါရလာတာေပါ့ေနာ္။အဲ့ေရာဂါကတစ္ေယာက္တည္း႐ွိေနတဲ့အခ်ိန္ဆိုပိုဆိုးပါတယ္…။ရင္ထဲမွာအရမ္းကိုဟာတာတာႀကီးျဖစ္ေနသလိုမ်ိဳးပါ…။ဒါေၾကာင့္အခ်စ္ေရာဂါကို ျမန္ျမန္ေပ်ာက္ခ်င္ရင္ လက္သြက္ဖို႔ေတာ့လိုမယ္ေနာ္…။

Credit : marry
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ယောက်ယောက်ကိုချစ်နေပြီဆိုရင် ဖြစ်လာတဲ့ ခံစားချက်ဟ ာမိန်းကလေးနဲ့ ယောကျာ်းလေးမတူပါဘူး…။ အပြုအမူကစသဖြင့် ကွာခြားပါတယ်…။ဒါ ကြောင့်မိန်းကလေးတွေ ချစ်မိတဲ့အခါ ဘာတွေထူး ခြားပြောင်းလဲသွားသလဲဆိုတာကို မျှဝေပေးပါရစေ။

ပထမဆုံးအချက်ကတော့ အဲဒီမိန်းကလေးဟာ အလှအပတွေ အရင်ကထက်ပိုပြင်ဆင်လာတယ်ဆိုတာပါပဲ…။မှန်ကြည့်တာများလာမယ်…။ အရင်ကဗြဲလရမ်းနေခဲ့ရင်တောင် စနစ်ကျကျနေတတ်လာမယ်။ ဒါပေမဲ့ကိုယ်ချစ်နေတဲ့လူရဲ့ အရှေ့ကိုရောက်တိုင်း ယုံကြည်ချက်တွေပျောက်ဆုံးသလိုဖြစ်နေမှာပါ…။ဒါကြောင့် အလှအပတွေ အရမ်းပြင်ဆင်မဲ့အစား သဘာဝဆန်ဆန်လေးပဲနေပါလို့ အကြံပြုပါရစေ…။ဒုတိယအချက်ကတော့ အလိုလိုနေရင်းကိုပျော်နေမယ် ဒေါသထွက်နေမယ်…။စိတ်ထိခိုက်လွယ်နေမယ်…။ တကယ်တမ်းပြော ရရင် အချစ်ဆိုတာဟာ အပျင်းရောဂါကိုတောင် ကုသပေးနိုင်ပါတယ်…။။

ဒါကြောင့် ချစ်ရတဲ့သူမျက်နှာကိုမြင်ရရင် သူ့အကြောင်းတွေးမိရင်ကို အလိုလိုနေရင်းပြုံးပျော်နေမိမှာပါ…။ဒါပေမဲ့သူနဲ့ပတ်သတ်တဲ့မိန်းကလေးတွေ ဥပမာသူ့သူငယ်ချင်းမိန်းကလေး သူ့အနားလာတာတွေ့တယ်ဆိုရင်တောင် စိတ်ထဲကဒေါသတွေကြိတ်ပြီး ဖြစ်နေတာတွေပါ။အချစ်နဲ့တွေ့ရင်အရမ်းတည်ငြိမ်တဲ့မိန်းကလေးတွေတောင်ပေါတောတောဖြစ်သွားကြပါတယ်…။နောက်ဆုံးအချက်ကတော့အဖြစ်သည်းတဲ့ရောဂါထလာတာပါပဲ…။တစ်ခုခုကိုလိုချင်ပြီဆိုရင်ဒါမှဒါ…တစ်ယောက်ယောက်ကိုချစ်ပြီဆိုရင်လည်းသူမှသူ…။အသည်းအသန်ဖြစ်တဲ့ရောဂါရလာတာပေါ့နော်။အဲ့ရောဂါကတစ်ယောက်တည်းရှိနေတဲ့အချိန်ဆိုပိုဆိုးပါတယ်…။ရင်ထဲမှာအရမ်းကိုဟာတာတာကြီးဖြစ်နေသလိုမျိုးပါ…။ဒါကြောင့်အချစ်ရောဂါကို မြန်မြန်ပျောက်ချင်ရင် လက်သွက်ဖို့တော့လိုမယ်နော်…။

Credit : marry
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top