iMyanmarHouse.com - Best Property Website for Myanmar
×

ယခုအရြယ္ ေရာက္ၿပီးေသာ အမ်ဳိးသမီးမ်ား သံဓာတ္အားေဆး မွီ၀ဲပါဆုိေသာ အခ်က္ကုိ တင္ျပေရးသားထားပါမည္။ ေဆးပညာရွင္မ်ားက ေမြးစမွ အသက္ ၁၂ ႏွစ္အထိကုိ ကေလးအရြယ္၊ အသက္ ၁၂ ႏွစ္မွ ၁၅^၁၆ ႏွစ္အထိ ကုိ ပ်ဳိေဖာ္၀င္စအရြယ္၊ အသက္ ၁၂ႏွစ္မွ ၁၈^၁၉ ႏွစ္အထိကုိ ဆယ္ေက်ာ္သက္အရြယ္၊ အသက္ ၂၀ မွ ၄၀ အထိ လူရြယ္၊ လူသတ္၊ အသက္ ၄၀ မွ ၆၀ အထိ လူႀကီးပုိင္း၊ အသက္ ၆၀ ႏွစ္ေက်ာ္လွ်င္ လူအုိပုိင္းဟု ေယဘုယ် အားျဖင့္ သတ္မွတ္ထားၾကပါသည္။ယင္းသုိ႔အားျဖင့္ အရြယ္ေရာက္ၿပီးေသာ အမ်ဳိးသမီးမ်ား ဆုိရာတြင္ အသက္ ၁၂ ႏွစ္မွ ၁၅^၁၆ အထိ ပ်ဳိေဖာ္၀င္စအရြယ္၊ အသက္ (၁၂) ႏွစ္မွ ၁၈ ^ ၁၉ ႏွစ္အထိ ဆယ္ေက်ာ္သက္အရြယ္တုိ႔ကုိ ဆုိလုိပါသည္။ လူတုိ႔၏ ခႏၶာကုိယ္ႀကီးထြားမႈတြင္ ကေလးငယ္ဘ၀၌ တစ္ႀကိမ္၊ ပ်ဳိေဖာ္၀င္စအရြယ္၌ တစ္ႀကိမ္ ႀကီးထြားႏႈန္း အျမန္ဆုံးျဖစ္ေလ သည္။

သုိ႔ျဖစ္၍ ဤအရြယ္တြင္ အာဟာရ ျပည့္၀ေသာ အစားအစာမ်ားကုိ မ်ားမ်ား စားသုံးသင့္ေပသည္။ ထုိ႔အျပင္ ဤအရြယ္ ပ်ဳိေဖာ္၀င္စအရြယ္တြင္ ေသြးသားေျပာင္း လဲခ်ိန္ျဖစ္၍ ေသြးသားႏွင့္ ဆက္ႏြယ္ေနသည့္ သံဓာတ္ပါေသာ အစား အစာမ်ား၊ ႀကီးထြားႏႈန္းကုိ အေကာင္းဆုံး ျမႇင့္တင္ေပးႏုိင္မည့္ ပ႐ုိတင္းဓာတ္ႏွင့္ အင္အားလုံေလာက္ေသာ အစားအစာ မ်ားကုိ စားသုံးသင့္ေပသည္။

အထူးသျဖင့္ ႏြားႏုိ႔၊ ပဲႏုိ႔၊ အသား၊ ငါး၊ ပဲ အမ်ဳိးမ်ဳိးတုိ႔မွာ ကယ္လုိရီႏွင့္ ပ႐ုိတင္း<ကယ္၀ေသာ အစာမ်ားျဖစ္ သျဖင့္ အထူးဦးစားေပး စားသုံးသင့္ေပသည္။ ဗီတာမင္ (ေအ) ဓာတ္သည္ မ်က္စိအျမင္အားကုိ ေကာင္းေစ႐ုံမွ်မက ခႏၶာကုိယ္ႀကီးထြားမႈ၊ ကုိယ္တြင္းခုခံမႈ စြမ္းအား စသည့္တုိ႔ႏွင့္ ဆက္ႏြယ္ေနေၾကာင္း သုေတသနျပဳခ်က္မ်ားစြာတုိ႔က ေထာက္ခံလ်က္ရွိၾကရာ ပ်ဳိေဖာ္၀င္စ အရြယ္ တြင္ ဗီတာမင္ (ေအ) ဓာတ္ ၾကြယ္၀ေသာ အ၀ါေရာင္ႏွင့္ အစိမ့္ရင့္ေရာင္ရွိ အသီး၊ ဟင္းသီးဟင္းရြက္မ်ား (ဥပမာ သေဘၤာသီး၊ မုန္လာဥ၊ ကန္စြန္းရြက္၊ ေရႊဖရုံသီး) စသည္တုိ႔ကုိလည္း သင့္တင့္စြာ စားသုံးေပးရေပမည္။

ထုိ႔အျပင္ ပ်ဳိေဖာ္၀င္စအရြယ္၌ အ႐ုိးႀကီးထြားမႈသည္ အလြန္အေရး ႀကီးလွေပသည္။ အရုိးႀကီးထြား က်စ္လ်စ္ ပါမွ အရပ္ျမင့္လာႏုိင္ေပသည္။ ထုိ႔ေၾကာင့္ အရုိးႀကီးထြား က်စ္လ်စ္မႈကုိ အားေပသည့္ ထုံးဓာတ္ အလုံ အေလာက္ပါ ေသာ အစားအစာမ်ား (ဥပမာ – စိမ္းလန္းေသာ ဟင္းသီးဟင္းရြက္မ်ား) ကုိလည္း လုံေလာက္စြာ မွီ၀ဲေပးသင့္ေပသည္။

ပ်ဳိေဖာ္၀င္စအခ်ိန္အရြယ္မွာ ေယာက္်ားကေလးျဖစ္က အရပ္ထြက္လာ၊ အသံၾသလာသည္။ မိန္းကေလးျဖစ္ ပါက တင္ကား၊ ရင္ထြား၊ ခါးေသး စသည္ျဖင့္ မိန္းမပုံသ႑ာန္ စç ရလာသည္။

ယင္းသုိ႔ ထင္ရွားေသာ ခႏၶာကုိယ္ဆုိင္ရာ ေျပာင္းလဲမႈမ်ား သာမက အျခားေသာ ေျပာင္းလဲမႈမ်ားလည္း ရွိၾကေပသည္။ ဥပမာ – လည္ပင္းရွိသုိင္းရြိဳက္အႀကိတ္ သည္ အပ်ဳိေပါက္ကာလ၌ အနည္းငယ္ ပုိ၍ ႀကီးလာသည္။

ယင္းသုိ႔ႀကီး လာသျဖင့္ သူက ထုတ္လုပ္ေသာ သုိင္းရြိဳက္ဟုိမုန္း ပုိမ်ားလာသျဖင့္ မိန္းကေလးဆုိလွ်င္ သြက္လက္ဖ်တ္ လတ္လာၾကသည္။ သုိ႔ရာတြင္ လႈပ္ရွားတက္ၾကြလြန္း၍ အခ်ဳိ႔ မိန္းကေလးမ်ား အစားအေသာက္နည္းကာ အပ်ဳိေပါက္အရြယ္တြင္ ပိန္တတ္ေလသည္။ မ်ားေသာအားျဖင့္ ပ်ဳိေဖာ္၀င္စအရြယ္မ်ားသည္ စားေကာင္း ေသာက္ေကာင္းအရြယ္မ်ား ျဖစ္ၾကသည္။

သုိ႔ေသာ္စားေကာင္း ခံတြင္းေတြ႔တုိင္း စိတ္အလုိလုိက္၍ အစားအစာမ်ားကုိ မၾကာခဏ စားသုံးျခင္းမ်ဳိးကုိ ေရွာင္ရေပမည္။ သုိ႔မဟုတ္က အ၀လြန္ေရာဂါ ျဖစ္ႏုိင္ပါ သည္။

သုေတသနပညာရွင္မ်ားက အ၀လြန္ေရာဂါရွင္မွာ ပ်ဳိေဖာ္၀င္စမ်ားကုိ အမ်ားအျပားေတြ႕ရသည္ဟု ဆုိပါသည္။

အခ်ဳပ္အားျဖင့္ ပ်ဳိေဖာ္၀င္စ အရြယ္မ်ားတြင္ ကယ္လုိရီႏွင့္ ပရုိတင္း ၾကြယ္၀ေသာ ႏြားႏုိ႔၊ ပဲအမ်ဳိးမ်ဳိး၊ အသား၊ ငါး၊ ၾကက္ဥ၊ သစ္သီး၊ ဟင္းသီးဟင္းရြက္မ်ားကုိ မျဖစ္မေန စားသုံးသင့္ပါသည္။

ထုိ႔ေၾကာင့္ ပ်ဳိေဖာ္၀င္စ အရြယ္မ်ား အတြက္ တစ္ေန႔တာ စားသုံးသင့္ေသာ အာဟာရ အစားအစာမ်ားကုိ တင္ျပလုိက္ပါသည္။

Credit : ျမန္မာေရာင္စဥ္
# Unicode Version ျဖင့္ ဖတ္ပါ #
ယခုအရွယ် ရောက်ပြီးသော အမျိုးသမီးများ သံဓာတ်အားဆေး မှီဝဲပါဆိုသော အချက်ကို တင်ပြရေးသားထားပါမည်။ ဆေးပညာရှင်များက မွေးစမှ အသက် ၁၂ နှစ်အထိကို ကလေးအရွယ်၊ အသက် ၁၂ နှစ်မှ ၁၅^၁၆ နှစ်အထိ ကို ပျိုဖော်ဝင်စအရွယ်၊ အသက် ၁၂နှစ်မှ ၁၈^၁၉ နှစ်အထိကို ဆယ်ကျော်သက်အရွယ်၊ အသက် ၂၀ မှ ၄၀ အထိ လူရွယ်၊ လူသတ်၊ အသက် ၄၀ မှ ၆၀ အထိ လူကြီးပိုင်း၊ အသက် ၆၀ နှစ်ကျော်လျှင် လူအိုပိုင်းဟု ယေဘုယျ အားဖြင့် သတ်မှတ်ထားကြပါသည်။ယင်းသို့အားဖြင့် အရွယ်ရောက်ပြီးသော အမျိုးသမီးများ ဆိုရာတွင် အသက် ၁၂ နှစ်မှ ၁၅^၁၆ အထိ ပျိုဖော်ဝင်စအရွယ်၊ အသက် (၁၂) နှစ်မှ ၁၈ ^ ၁၉ နှစ်အထိ ဆယ်ကျော်သက်အရွယ်တို့ကို ဆိုလိုပါသည်။ လူတို့၏ ခန္ဓာကိုယ်ကြီးထွားမှုတွင် ကလေးငယ်ဘဝ၌ တစ်ကြိမ်၊ ပျိုဖော်ဝင်စအရွယ်၌ တစ်ကြိမ် ကြီးထွားနှုန်း အမြန်ဆုံးဖြစ်လေ သည်။

သို့ဖြစ်၍ ဤအရွယ်တွင် အာဟာရ ပြည့်ဝသော အစားအစာများကို များများ စားသုံးသင့်ပေသည်။ ထို့အပြင် ဤအရွယ် ပျိုဖော်ဝင်စအရွယ်တွင် သွေးသားပြောင်း လဲချိန်ဖြစ်၍ သွေးသားနှင့် ဆက်နွယ်နေသည့် သံဓာတ်ပါသော အစား အစာများ၊ ကြီးထွားနှုန်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မည့် ပရိုတင်းဓာတ်နှင့် အင်အားလုံလောက်သော အစားအစာ များကို စားသုံးသင့်ပေသည်။

အထူးသဖြင့် နွားနို့၊ ပဲနို့၊ အသား၊ ငါး၊ ပဲ အမျိုးမျိုးတို့မှာ ကယ်လိုရီနှင့် ပရိုတင်း<ကယ်ဝသော အစာများဖြစ် သဖြင့် အထူးဦးစားပေး စားသုံးသင့်ပေသည်။ ဗီတာမင် (အေ) ဓာတ်သည် မျက်စိအမြင်အားကို ကောင်းစေရုံမျှမက ခန္ဓာကိုယ်ကြီးထွားမှု၊ ကိုယ်တွင်းခုခံမှု စွမ်းအား စသည့်တို့နှင့် ဆက်နွယ်နေကြောင်း သုတေသနပြုချက်များစွာတို့က ထောက်ခံလျက်ရှိကြရာ ပျိုဖော်ဝင်စ အရွယ် တွင် ဗီတာမင် (အေ) ဓာတ် ကြွယ်ဝသော အဝါရောင်နှင့် အစိမ့်ရင့်ရောင်ရှိ အသီး၊ ဟင်းသီးဟင်းရွက်များ (ဥပမာ သင်္ဘောသီး၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ရွှေဖရုံသီး) စသည်တို့ကိုလည်း သင့်တင့်စွာ စားသုံးပေးရပေမည်။

ထို့အပြင် ပျိုဖော်ဝင်စအရွယ်၌ အရိုးကြီးထွားမှုသည် အလွန်အရေး ကြီးလှပေသည်။ အရိုးကြီးထွား ကျစ်လျစ် ပါမှ အရပ်မြင့်လာနိုင်ပေသည်။ ထို့ကြောင့် အရိုးကြီးထွား ကျစ်လျစ်မှုကို အားပေသည့် ထုံးဓာတ် အလုံ အလောက်ပါ သော အစားအစာများ (ဥပမာ – စိမ်းလန်းသော ဟင်းသီးဟင်းရွက်များ) ကိုလည်း လုံလောက်စွာ မှီဝဲပေးသင့်ပေသည်။

ပျိုဖော်ဝင်စအချိန်အရွယ်မှာ ယောက်ျားကလေးဖြစ်က အရပ်ထွက်လာ၊ အသံသြလာသည်။ မိန်းကလေးဖြစ် ပါက တင်ကား၊ ရင်ထွား၊ ခါးသေး စသည်ဖြင့် မိန်းမပုံသဏ္ဍာန် စç ရလာသည်။

ယင်းသို့ ထင်ရှားသော ခန္ဓာကိုယ်ဆိုင်ရာ ပြောင်းလဲမှုများ သာမက အခြားသော ပြောင်းလဲမှုများလည်း ရှိကြပေသည်။ ဥပမာ – လည်ပင်းရှိသိုင်းရွိုက်အကြိတ် သည် အပျိုပေါက်ကာလ၌ အနည်းငယ် ပို၍ ကြီးလာသည်။

ယင်းသို့ကြီး လာသဖြင့် သူက ထုတ်လုပ်သော သိုင်းရွိုက်ဟိုမုန်း ပိုများလာသဖြင့် မိန်းကလေးဆိုလျှင် သွက်လက်ဖျတ် လတ်လာကြသည်။ သို့ရာတွင် လှုပ်ရှားတက်ကြွလွန်း၍ အချို့ မိန်းကလေးများ အစားအသောက်နည်းကာ အပျိုပေါက်အရွယ်တွင် ပိန်တတ်လေသည်။ များသောအားဖြင့် ပျိုဖော်ဝင်စအရွယ်များသည် စားကောင်း သောက်ကောင်းအရွယ်များ ဖြစ်ကြသည်။

သို့သော်စားကောင်း ခံတွင်းတွေ့တိုင်း စိတ်အလိုလိုက်၍ အစားအစာများကို မကြာခဏ စားသုံးခြင်းမျိုးကို ရှောင်ရပေမည်။ သို့မဟုတ်က အဝလွန်ရောဂါ ဖြစ်နိုင်ပါ သည်။

သုတေသနပညာရှင်များက အဝလွန်ရောဂါရှင်မှာ ပျိုဖော်ဝင်စများကို အများအပြားတွေ့ရသည်ဟု ဆိုပါသည်။

အချုပ်အားဖြင့် ပျိုဖော်ဝင်စ အရွယ်များတွင် ကယ်လိုရီနှင့် ပရိုတင်း ကြွယ်ဝသော နွားနို့၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ကြက်ဥ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များကို မဖြစ်မနေ စားသုံးသင့်ပါသည်။

ထို့ကြောင့် ပျိုဖော်ဝင်စ အရွယ်များ အတွက် တစ်နေ့တာ စားသုံးသင့်သော အာဟာရ အစားအစာများကို တင်ပြလိုက်ပါသည်။

Credit : မြန်မာရောင်စဉ်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top