iMyanmarHouse.com - Best Property Website for Myanmar
×

သူက လူငယ္တစ္ေယာက္လုိပဲ။

Myanmar Idol Season 1 ကေန ဂီတေလာကထဲကုိ ေရာက္ရွိလာတဲ့ အဆုိေတာ္ နင္ဇီေမရဲ႕ အခ်စ္ေရးကပရိသတ္ေတြရဲ႕ အာရံုစိုက္ျခင္း ခံ ေနရပါတယ္။ အဆုိေတာ္ရဲေလးတုိ႔ တြဲေနတယ္ ဆုိတဲ့ သတင္းေတြထြက္ေပၚေနၿပီး အဲ့ဒီသတင္းေတြနဲ႔ ပတ္သက္လို႔ နင္ဇီေမကMedia ကေန ယခုလိုေျပာျပခဲ့ပါတယ္။

” ကုိရဲေလးနဲ႔ တြဲေနတယ္ဆုိတဲ့ သတင္းေတြကလည္း ေကာလာဟလေတြပါ။ ဘာမွမေျပာခ်င္ပါဘူး။ လတ္တေလာမွာေတာ့ Single ပါဘဲ။ ပရိသတ္ေတြက လုိက္ဖက္တယ္ ေျပာၾကတာကလည္း သူတုိ႔ေလးေတြ ျဖစ္ေစခ်င္တဲ့ စိတ္ေပါ့ေနာ္ နင္ဇီကေတာ့ ဘယ္လုိမွ သေဘာ မထားပါဘူး။ ဒါဟာ သူတုိ႔ေတြရဲ႕ လြတ္လပ္ခြင့္ပါ၊ စဥ္းစားလုိ႔ရတယ္ ခံစားလုိ႔ရတယ္။ နင္ဇီကေတာ့ ေအးေဆးပါပဲ” ပါပဲ ဆုိၿပီးေတာ့ Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့တဲ့ အဆုိေတာ္ရဲေလးရဲ႕ ” အသည္းကြဲတယ္ဆုိတာ” သီခ်င္းကုိ Cover Songအေနနဲ႕ နင္ဇီေမက ျပန္ဆုိခဲ့ ပါေသးတယ္။

” အဓိက ကေတာ့ ကုိရဲေလးကလည္း MTV ရုိက္ၿပီး အြန္လုိင္းေပၚမွာတင္ထားတယ္။ ၿပီးေတာ့ သူဆုိလည္း ဆုိထားၿပီးၿပီ အ့ဲဒီအခ်ိန္မွာCover Song ေလးလုပ္ခ်င္တယ္ နင္ဇီနဲ႔ Femal Version ေလးလုပ္ခ်င္တယ္ဆုိၿပီးေျပာတဲ့အခ်ိန္မွာ ကုိယ္နဲ႔လည္းအရမ္းအဆင္ေျပတယ္။ ကုိယ္လည္းႀကိဳက္ လုိ႔ ဆုိျဖစ္လုိက္တာပါ။

သီခ်င္းက အသဲကြဲ Mood ဆုိေတာ့ ကုိယ့္အသံနဲ႔လည္း လုိက္တယ္၊ သီခ်င္းဆုိကာနီးမွာလည္း ဒီသီခ်င္းကုိ ထူးထူးျခားျခား နင္ဇီတစ္ေခါက္ပဲဆုိလုိက္ရတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အေရွ႕မွာ ေသခ်ာနားေထာင္ထားတယ္ေပါ့ေနာ္။ Recording မွာလည္း ဂစ္တာက အရင္တီးတာျဖစ္တဲ့အတြက္ ကုိယ္ဘယ္လုိေလးလုပ္ေပးလုိက္မယ္ဆုိၿပီးေတာ့ စဥ္းစားခ်ိန္လည္းရသြားတယ္၊ Mood လည္း ရသြားတယ္” လုိ႕ ဆုိပါတယ္။

Myanmar Idol Season 1 ၿပီးကတည္းက အဆုိေတာ္ရဲေလးရဲ႕ တစ္ကုိယ္ေတာ္သီခ်င္းအေခြမွာ ပါဝင္ခဲ့တဲ့ နင္ဇီေမကေတာ့ ရဲေလးနဲ႔ အလုပ္ လုပ္ရတာ အရမ္းေပ်ာ္တယ္တဲ့။ အႏုပညာအလုပ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း အဆင္ေျပတယ္လုိ႔ ဆုိပါတယ္။

” ကုိရဲေလးနဲ႔ အလုပ္တြဲလုပ္ရတာ အရမ္းေပ်ာ္ဖုိ႔ေကာင္းတယ္၊ ေပါ့လည္းေပါ့ပါးတယ္။ သူက လူငယ္လုိဘဲ နင္ဇီတုိ႔ကုိလည္း အျမဲတမ္း လက္တြဲေခၚ တယ္ဆုိေတာ့ ေပ်ာ္ပါတယ္။ ကုိရဲေလးရဲ႔ သီခ်င္းတုိင္းကလည္း ေပါက္တယ္၊ ကုိရဲေလးကုိလည္း ပရိသတ္ေတြက အရမ္းခ်စ္ၾကတယ္။ သူ႔ကုိ သီခ်င္းေရးခုိင္းတာထက္ ေရစက္ရွိလုိ႔ အႏုပညာအလုပ္အတြက္အဆင္ေျပသြားတယ္လုိ႔ပဲ ေျပာရမွာေပါ့” လုိ႔ နင္ဇီေမက ေျပာပါတယ္။

နင္ဇီေမဟာ Myanmar Idol Season 1 ၿပီးကတည္းက ဂီတအလုပ္ေတြ ဆက္တုိက္ လုပ္ေနရတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ၿပိဳင္ပြဲႀကီး ၿပီးသြားတဲ့ ေနာက္မွာလည္း ေဖ်ာ္ေျဖေရးေတြမွာ ပါဝင္သီဆုိေနရသလုိတာျဖစ္ပါတယ္။ နင္ဇီေမ နဲ႔ ရဲေလးတုိ႔ သီဆုိထားတဲ့ ” ဟိုအရင္ကလုိ” သီခ်င္းကလည္း လူငယ္ေတြၾကားမွာ အႀကိဳက္ေတြ႔ခဲ့ပါတယ္။ အဆုိေတာ္ရဲေလးရဲ႕ သီခ်င္းကုိ Cover Song အေနနဲ႔ ”အသည္းကြဲတယ္ ဆုိတာ” သီခ်င္းကုိ နင္ဇီေမက ျပန္ဆုိတဲ့အခ်ိန္မွာလည္း ပရိသတ္ေတြအားေပးခဲ့ၾကသလုိ သူ႔ရဲ႔ သီခ်င္းေတြျဖစ္တဲ့ ” ခ်စ္ေနရရင္ပဲ”၊ ” ခ်စ္တာ အမွား” သီခ်င္းေတြကလည္း မိန္းကေလး ပရိသတ္ေတြ ပုိၿပီးႀကိဳက္ခဲ့ၾကပါတယ္။

Credit: သတင္းဦး
# Unicode Version ျဖင့္ ဖတ္ပါ #
သူက လူငယ်တစ်ယောက်လိုပဲ။

Myanmar Idol Season 1 ကနေ ဂီတလောကထဲကို ရောက်ရှိလာတဲ့ အဆိုတော် နင်ဇီမေရဲ့ အချစ်ရေးကပရိသတ်တွေရဲ့ အာရုံစိုက်ခြင်း ခံ နေရပါတယ်။ အဆိုတော်ရဲလေးတို့ တွဲနေတယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး အဲ့ဒီသတင်းတွေနဲ့ ပတ်သက်လို့ နင်ဇီမေကMedia ကနေ ယခုလိုပြောပြခဲ့ပါတယ်။

” ကိုရဲလေးနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေကလည်း ကောလာဟလတွေပါ။ ဘာမှမပြောချင်ပါဘူး။ လတ်တလောမှာတော့ Single ပါဘဲ။ ပရိသတ်တွေက လိုက်ဖက်တယ် ပြောကြတာကလည်း သူတို့လေးတွေ ဖြစ်စေချင်တဲ့ စိတ်ပေါ့နော် နင်ဇီကတော့ ဘယ်လိုမှ သဘော မထားပါဘူး။ ဒါဟာ သူတို့တွေရဲ့ လွတ်လပ်ခွင့်ပါ၊ စဉ်းစားလို့ရတယ် ခံစားလို့ရတယ်။ နင်ဇီကတော့ အေးဆေးပါပဲ” ပါပဲ ဆိုပြီးတော့ Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ အဆိုတော်ရဲလေးရဲ့ ” အသည်းကွဲတယ်ဆိုတာ” သီချင်းကို Cover Songအနေနဲ့ နင်ဇီမေက ပြန်ဆိုခဲ့ ပါသေးတယ်။

” အဓိက ကတော့ ကိုရဲလေးကလည်း MTV ရိုက်ပြီး အွန်လိုင်းပေါ်မှာတင်ထားတယ်။ ပြီးတော့ သူဆိုလည်း ဆိုထားပြီးပြီ အဲ့ဒီအချိန်မှာCover Song လေးလုပ်ချင်တယ် နင်ဇီနဲ့ Femal Version လေးလုပ်ချင်တယ်ဆိုပြီးပြောတဲ့အချိန်မှာ ကိုယ်နဲ့လည်းအရမ်းအဆင်ပြေတယ်။ ကိုယ်လည်းကြိုက် လို့ ဆိုဖြစ်လိုက်တာပါ။

သီချင်းက အသဲကွဲ Mood ဆိုတော့ ကိုယ့်အသံနဲ့လည်း လိုက်တယ်၊ သီချင်းဆိုကာနီးမှာလည်း ဒီသီချင်းကို ထူးထူးခြားခြား နင်ဇီတစ်ခေါက်ပဲဆိုလိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ အရှေ့မှာ သေချာနားထောင်ထားတယ်ပေါ့နော်။ Recording မှာလည်း ဂစ်တာက အရင်တီးတာဖြစ်တဲ့အတွက် ကိုယ်ဘယ်လိုလေးလုပ်ပေးလိုက်မယ်ဆိုပြီးတော့ စဉ်းစားချိန်လည်းရသွားတယ်၊ Mood လည်း ရသွားတယ်” လို့ ဆိုပါတယ်။

Myanmar Idol Season 1 ပြီးကတည်းက အဆိုတော်ရဲလေးရဲ့ တစ်ကိုယ်တော်သီချင်းအခွေမှာ ပါဝင်ခဲ့တဲ့ နင်ဇီမေကတော့ ရဲလေးနဲ့ အလုပ် လုပ်ရတာ အရမ်းပျော်တယ်တဲ့။ အနုပညာအလုပ်နဲ့ ပတ်သက်ပြီးတော့လည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။

” ကိုရဲလေးနဲ့ အလုပ်တွဲလုပ်ရတာ အရမ်းပျော်ဖို့ကောင်းတယ်၊ ပေါ့လည်းပေါ့ပါးတယ်။ သူက လူငယ်လိုဘဲ နင်ဇီတို့ကိုလည်း အမြဲတမ်း လက်တွဲခေါ် တယ်ဆိုတော့ ပျော်ပါတယ်။ ကိုရဲလေးရဲ့ သီချင်းတိုင်းကလည်း ပေါက်တယ်၊ ကိုရဲလေးကိုလည်း ပရိသတ်တွေက အရမ်းချစ်ကြတယ်။ သူ့ကို သီချင်းရေးခိုင်းတာထက် ရေစက်ရှိလို့ အနုပညာအလုပ်အတွက်အဆင်ပြေသွားတယ်လို့ပဲ ပြောရမှာပေါ့” လို့ နင်ဇီမေက ပြောပါတယ်။

နင်ဇီမေဟာ Myanmar Idol Season 1 ပြီးကတည်းက ဂီတအလုပ်တွေ ဆက်တိုက် လုပ်နေရတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲကြီး ပြီးသွားတဲ့ နောက်မှာလည်း ဖျော်ဖြေရေးတွေမှာ ပါဝင်သီဆိုနေရသလိုတာဖြစ်ပါတယ်။ နင်ဇီမေ နဲ့ ရဲလေးတို့ သီဆိုထားတဲ့ ” ဟိုအရင်ကလို” သီချင်းကလည်း လူငယ်တွေကြားမှာ အကြိုက်တွေ့ခဲ့ပါတယ်။ အဆိုတော်ရဲလေးရဲ့ သီချင်းကို Cover Song အနေနဲ့ ”အသည်းကွဲတယ် ဆိုတာ” သီချင်းကို နင်ဇီမေက ပြန်ဆိုတဲ့အချိန်မှာလည်း ပရိသတ်တွေအားပေးခဲ့ကြသလို သူ့ရဲ့ သီချင်းတွေဖြစ်တဲ့ ” ချစ်နေရရင်ပဲ”၊ ” ချစ်တာ အမှား” သီချင်းတွေကလည်း မိန်းကလေး ပရိသတ်တွေ ပိုပြီးကြိုက်ခဲ့ကြပါတယ်။

Credit: သတင်းဦး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top