iMyanmarHouse.com - Best Property Website for Myanmar
×

အလွဴအတန္းနဲ႕ ပတ္သက္လာရင္ လက္မေႏွးတဲ့ ကိုေဇသီဟနဲ႕ နႏၵာလိႈင္တို႕ ဇနီးေမာင္ႏွံဟာ ဒီေန႕မွာလည္း အလွဴတစ္ခု ျပဳလုပ္လိုက္ျပန္ပါတယ္။ဇြန္လ(၁၈) ရက္ေန႕မွာ သူတို႕ဇနီးေမာင္ႏွံဟာ မြန္ျပည္နယ္တြင္ အေရးေပၚၾကံဳေတြ႕ခဲ့ရတဲ့ ေရေဘးအတြက္ အလွဴေငြက်ပ္ သိန္း(၁၀၀)တိတိကို လွဴဒါန္း ခဲ့တယ္လို႕ ေဇသီဟရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားတာပါ။

“မြန္ျပည္နယ္တြင္ အေရးေပၚၾကံဳေတြ႕ခဲ့ေသာ ေရေဘးအတြက္ အလွဴေငြက်ပ္ သိန္း ၁၀၀ ကို ဝန္ႀကီးခ်ဳပ္ထံ ေပးအပ္စဥ္။” ဆိုၿပီး ေျပာထားပါတယ္။သူတုိ႕ႏွစ္ဦးရဲ႕ အလွဴကိုလည္း ပရိသတ္ေတြက ၾကည္ႏူးဝမ္းသာစြာ သာဓုေခၚဆိုေနၾကတာကလည္း ေကာမန္႕အျပည့္ပါ။ ဘုရားတည္ ေက်ာင္းေဆာက္ နဲ႕ သူတုိ႕ႏွစ္ဦးရဲ႕ အလွဴအတန္းေတြဟာ ျမင္ရတဲ့ ပရိသတ္ေတြအတြက္ တကယ့္ကို ၾကည္ႏူးဖို႕ ေကာင္းလွပါတယ္။

အိမ္ေထာင္က်သြားၿပီးေနာက္ပိုင္း အႏုပညာအလုပ္ေတြကို နားထားခဲ့တဲ့ နႏၵာလိႈင္ကေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာ ရရွိထားသူ သရုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။

႐ုပ္ရည္ေရာ ခႏၶာကိုယ္ပါ အလွဆံုး သ႐ုပ္ေဆာင္ မင္းသမီးတစ္လက္အျဖစ္ နာမည္ႀကီးခဲ့တဲ့ နႏၵာလႈိင္ဟာ အိမ္ေထာင္ျပဳၿပီး ေနာက္မွာ ေတာ့ သူမရဲ႕အိမ္ေထာင္ေရးမွာပဲ စိတ္ႏွစ္ကာ သမီးေလး ၃ ေယာက္ကို ထိန္းရင္း အိမ္ရွင္မေကာင္းတစ္ေယာက္အျဖစ္ သူမရဲ႕ ဘဝကို တည္ေဆာက္ ေနသူျဖစ္ပါတယ္။

အႏုပညာေလာကမွာ တစ္ခ်ိန္က ေအာင္ျမင္ခဲ့တဲ့ သူမဟာ ၁၉၉၈ခုႏွစ္က ေရႊနန္႕သာစံအိမ္နဲ႕ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ပို႕ဆုနဲ႕ ၂၀၀၆ခုႏွစ္က ေတာင္တံမန္သစၥာဇာတ္ကားနဲ႕အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆု စတဲ့ အကယ္ဒမီေရႊစင္ဆုႏွစ္ဆုကို ရရွိပိုင္ဆိုင္ခဲ့သူတစ္ေယာက္လညး္ ျဖစ္ပါတယ္။

Credit: Cele Yatkwat
# Unicode Version ျဖင့္ ဖတ္ပါ #
အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ ကိုဇေသီဟနဲ့ နန္ဒာလှိုင်တို့ ဇနီးမောင်နှံဟာ ဒီနေ့မှာလည်း အလှူတစ်ခု ပြုလုပ်လိုက်ပြန်ပါတယ်။ဇွန်လ(၁၈) ရက်နေ့မှာ သူတို့ဇနီးမောင်နှံဟာ မွန်ပြည်နယ်တွင် အရေးပေါ်ကြုံတွေ့ခဲ့ရတဲ့ ရေဘေးအတွက် အလှူငွေကျပ် သိန်း(၁၀၀)တိတိကို လှူဒါန်း ခဲ့တယ်လို့ ဇေသီဟရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာပါ။

“မွန်ပြည်နယ်တွင် အရေးပေါ်ကြုံတွေ့ခဲ့သော ရေဘေးအတွက် အလှူငွေကျပ် သိန်း ၁၀၀ ကို ဝန်ကြီးချုပ်ထံ ပေးအပ်စဉ်။” ဆိုပြီး ပြောထားပါတယ်။သူတို့နှစ်ဦးရဲ့ အလှူကိုလည်း ပရိသတ်တွေက ကြည်နူးဝမ်းသာစွာ သာဓုခေါ်ဆိုနေကြတာကလည်း ကောမန့်အပြည့်ပါ။ ဘုရားတည် ကျောင်းဆောက် နဲ့ သူတို့နှစ်ဦးရဲ့ အလှူအတန်းတွေဟာ မြင်ရတဲ့ ပရိသတ်တွေအတွက် တကယ့်ကို ကြည်နူးဖို့ ကောင်းလှပါတယ်။

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ နန္ဒာလှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနန့်သာစံအိမ်နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနဲ့ ၂၀၀၆ခုနှစ်က တောင်တံမန်သစ္စာဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု စတဲ့ အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Credit: Cele Yatkwat
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top