iMyanmarHouse.com - Best Property Website for Myanmar
×

အသားအေရ အမ်ိဳးအစားေၾကာင့္ပဲျဖစ္ျဖစ္ ၊ ေနေရာင္ နဲ ့ထိေတြမႈမ်ားလိုပဲျဖစ္ျဖစ္ ၊ အသက္အရြယ္ရလာ တာေၾကာင့္ပဲျဖစ္ျဖစ္ ေခၽြးေပါက္ေလးေတြ က်ယ္လာတတ္ပါတယ္… ေခၽြးေပါက္ေတြ က်ယ္လာတဲ့အခါ ဝက္ၿခံေတြလည္း ျဖစ္လာဖုိ႔ ရာႏႈန္းမ်ားၿပီေပါ့… ဒီေတာ့ ေခၽြးေပါက္ေတြ ျပန္က်ဥ္းသြားေစဖို႔ ဘယ္လိုနည္းလမ္းေတြ သံုးမွာလဲ? ဒီမွာေတာ့ အက္ဒ္မင္က သဘာဝနည္းလမ္းေလးေတြကို ရွာေဖြေပးထားပါတယ္.. နည္းလမ္းေတြကို မသြားေသးခင္ အရင္ဆံုး အေျခခံအားျဖင့္ ဂရုစိုက္ရမယ့္ အခ်က္ေလးေတြ အရင္ၾကည့္ၾကရေအာင္ေနာ္…

    ေခၽြးေပါက္ေလးေတြ မပိတ္ပါေစနဲ ့

ေခၽြးေပါက္က်ယ္သူေတြ အဓိက ဂရုစိုက္ရမွာက ေခၽြးေပါက္ေတြ မပိတ္ဖို႔ပါပဲ။ ၿပီးေတာ့ ျပန္က်ဥ္းဖို႔ လိုတယ္ေလေနာ္.. က်ဥ္းလည္း က်ဥ္းရမယ္၊ ပိတ္လည္း မပိတ္ရဘူးဆိုေတာ့ ဘယ္လို လုပ္ရမွာပါလိမ့္.. တကယ္ေတာ့ ဒီႏွစ္ခုက ဆက္စပ္ေနပါတယ္… ေခၽြးေပါက္ေလးေတြ ျပန္က်ဥ္းဖို႔ အေကာင္းဆံုးနည္းလမ္းကေတာ့ ေခၽြးေပါက္ေတြ မွာ အညစ္အေၾကးေတြ၊ အဆီေတြနဲ ့ပိတ္မေနေစဖို႔ပါပဲ… ေခၽြးေပါက္က်ယ္တာေတြ ျပန္က်ဥ္းေစဖို႔နဲ႔ ေခၽြးေပါက္ေတြ မပိတ္ေစဖို႔ နည္းလမ္းေလးေတြကို ေအာက္မွာ ျပန္ေျပာၾကမယ္ေနာ္…

    ဆားဝက္ၿခံေတြကို ဖယ္ရွားပါ။

ဆားဝက္ၿခံေတြကို ဖယ္ရွားေပးတဲ့ေနရာမွာ သတိထားစရာရွိပါတယ္။ ဖယ္တဲ့အခါမွာ အမ်ားအားျဖင့္ သံုးေလ့ရွိတာက ဆားဝက္ၿခံကပ္တဲ့ ကပ္ခြာေလးေတြကို သံုးၿပီးဖယ္တာပါ.. ဒီနည္းလမ္းက ခ်က္ခ်င္းဆိုသလို ဆားဝက္ျခံေလးေတြ ေပ်ာက္သြားေစတယ္မဟုတ္လား… ေစာေစာက ေျပာခဲ့တဲ့ သတိထားစရာက ဒီမွာပါ… ဆားဝက္ၿခံေတြ ေပ်ာက္သြားတယ္ ေကာင္းလိုက္တာ ဆိုၿပီး ႏွစ္ရက္တစ္ႀကိမ္ေလာက္ ဆားဝက္ၿခံကပ္တာမ်ိဳး မလုပ္လိုက္ပါနဲ႔ ေယာင္းတို႔ေရ.. အမ်ားဆံုး လုပ္သင့္တာက တစ္ပတ္ကို ႏွစ္ႀကိမ္ထိပါပဲ… ဆားဝက္ၿခံ ခဏခဏ ကပ္ၿပီဆိုရင္ ေခၽြးေပါက္ေတြကို ပိုက်ယ္လာႏုိင္ေစၿပီး ဆားဝက္ၿခံေတြလည္း ပိုႀကီးလာႏိုင္ေစပါတယ္.. ကိုယ္က ေခၽြးေပါက္က်ဥ္းခ်င္လို႔မွ လုပ္ပါတယ္ဆို ပိုက်ယ္လာရင္ေတာ့ မကိုက္ဘူးေလ… ေနာ့္…

    စားေသာက္ေနထိုင္မႈ ပံုစံကို ဂရုစိုက္ပါ။

ဒီနည္းလမ္းေတာ့ ေယာင္းတို႔ တကယ္ႀကိဳက္မယ့္ နည္းလမ္းပါပဲ… အသားအေရလွဖို႔အတြက္ဆို အိပ္ေရးဝေအာင္အိပ္ဖို ့လိုကိုလိုပါတယ္… ေနာက္တစ္ခုက ေရမ်ားမ်ားေသာက္ေပးပါ… တစ္ရက္ကို အနည္းဆံုး ေရ ၈ ခြက္ေသာက္ေပးတာက ေယာင္းရဲ႕ အသားအေရအတြက္ အမ်ားႀကီး အေထာက္အကူျဖစ္ေစပါတယ္… အသီးအႏွံ မ်ားမ်ားစားေပးဖို႔လည္း မေမ့ပါနဲ႔ဦး… ၿပီးေတာ့ ေလ့က်င့္ခန္းေလး လုပ္ပါ… က်န္းမာလွပတဲ့ အသားအေရအတြက္ ကိုယ္တုိင္ကလည္း က်န္းမာေနမွ ျဖစ္မယ္မဟုတ္လား..

ကဲ.. ဒါဆို ေယဘုယ်ဂရုစိုက္ရမယ့္ အေျခခံ အခ်က္ေတြ သိၿပီဆိုေတာ့ ေခၽြးေပါက္ေတြ က်ဥ္းေစမယ့္ သဘာဝ နည္းလမ္းေလးေတြဆီ သြားၾကည့္ရေအာင္…

    ေရခဲ

ေရခဲက အသားအေရကို တင္းရင္းေစၿပီးေတာ့ ေခၽြးေပါက္ေလးေတြ က်ဥ္းေစဖို႔အတြက္ အမ်ားႀကီးကို အေထာက္အကူ ေပးႏိုင္ပါတယ္ေနာ္… ေရခဲပတ္ထားတဲ့ အဝတ္စပါးပါးေလးနဲ ့၁၀ – ၂၀စကၠန္႔ေလာက္ မ်က္ႏွာေပၚမွာ တင္ေပးပါ… ေရခဲကို ဒီတိုင္းႀကီးေတာ့ မတင္နဲ႔ေနာ္.. အခန္႔မသင့္ရင္ ေရခဲေၾကာင့္ အသားအေရထိခိုက္သြားတာမ်ိဳုးလည္း ျဖစ္ႏိုင္လို႔ပါ… ေရခဲေတာ့ မသံုးခ်င္ဘူးဆိုရင္ေတာ့ ေရေအးေအးေလးကို အသံုးျပဳၿပီးေတာ့ မနက္တစ္ခါ ညေနတစ္ခါ မ်က္ႏွာသစ္ေပးလို႔လည္း ရပါတယ္.. (လံုးဝေအးေနမွ ျဖစ္မွာေနာ္.. )

    ဒိန္ခ်ဥ္

သဘာဝဒိန္ခ်ဥ္က ေယာင္းမ်က္ႏွာအသားအေရေပၚက အညစ္အေၾကးေတြကို ဖယ္ရွားေပးႏိုင္ပါတယ္… ဒိန္ခ်ဥ္ကို သမေအာင္ ေရာေမႊၿပီးေတာ့ မ်က္ႏွာေပၚမွာ ခပ္ပါးပါးလိမ္းေပးပါ… ၁၀ မိနစ္ေလာက္ မ်က္ႏွာေပၚမွာ ထားၿပီးရင္ေတာ့ ေရေအးေအးေလးနဲ ့အသားအေရကိုျပန္ၿပီး သန္႔စင္ေပးလိုက္ပါ… ဒါလည္း တစ္ခါဆို တစ္ခါ တကယ္သိသာတဲ့ နည္းလမ္းပါပဲ…

    Baking Soda (မုန္႔ဖုတ္ဆိုဒါ)

Baking Soda က အသားအေရ ရဲ့ PH Level ကိုထိန္းညွိေပးႏိုင္တဲ့အျပင္ အညစ္အေၾကးေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္… ထိခိုက္လြယ္တဲ့ အသားအေရပိုင္ရွင္ေတြကေတာ့ ဆင္ျခင္သံုးတာ ပိုေကာင္းပါတယ္… နည္းလမ္းကေတာ့ Baking Soda နဲ ့ေရေႏြးေႏြးကို စားပြဲတင္ဇြန္း ၂ ဇြန္းစီ ေရာၿပီးေတာ့ အႏွစ္ရေအာင္လုပ္ေပးေနာ္… ၿပီးတာနဲ ့မ်က္ႏွာေပၚလိမ္းေပးၿပီး စက္ဝိုင္းပံုစံ ႏွိပ္နယ္ေပးပါ… စကၠန္႔သံုးဆယ္ေလာက္ ၾကာၿပီးရင္ေတာ့ ေရေအးေအးနဲ႔ ျပန္ေဆးေပးလိုက္ပါ..

    ပန္းသီးရွာလကာရည္

ဝိတ္ခ်တဲ့ေနရာအျပင္ အသားအေရအတြက္ပါ ေကာင္းက်ိဳးေပးတဲ့ ပန္းသီးရွာလကာရည္ကို ေခၽြးေပါက္ေလးေတြ က်ဥ္းေအာင္လုပ္တဲ့ေနရာမွာလည္း အသံုးျပဳႏိုင္တယ္ဆိုတာ ေမးစရာကို မလိုပါဘူး… PH Level ကိုထိန္းညွိေပးႏိုင္ တဲ့အျပင္ ဘက္တီးရီးယားေတြကိုလည္း ဖယ္ရွားေပးႏိုင္တယ္ေလ… နည္းလမ္းကေတာ့ ပန္းသီးရွာလကာနဲ ့ေရကို ဆတူ ေရာေႏွာေပးပါ… ဂြမ္းလံုးေလးေတြကို သံုးၿပီး မ်က္ႏွာေပၚမွာ လိမ္းေပးပါ… မိနစ္အနည္းငယ္ထားၿပီးရင္ ေရျပန္ေဆးခ်ေပးလိုက္ေနာ္… ပံုမွန္ေလး လုပ္သြားရင္ေတာ့ တကယ္ေကာင္းမြန္ သိသာတဲ့ရလဒ္ကို ရလာေစႏုိင္မွာပါ။

သဘာဝ ပစၥည္းေတြကို သံုးတာက အႏၱရာယ္ကင္းတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ ကိုယ့္အသားအေရနဲ႔ တည့္မတည့္ဆိုတာ ရွိေသးတာမို႔ တစ္ခုခုမ်ား လုပ္ေတာ့မယ္ဆိုရင္ အရင္စမ္းသပ္ပါ။ ဆရာဝန္၊ အေရျပားဆုိင္ရာ ကၽြမ္းက်င္သူ တစ္ေယာက္ေယာက္နဲ႔ တုိင္ပင္ပါဦး.. ဆိုၾကပါစို႔.. တခ်ိဳ႕ဆို သံပုရာသီးသံုးရင္ အသားအေရေတြ ခ်က္ခ်င္းေကာင္းလာေပမဲ့ တခ်ိဳ႕ေတြ အတြက္က် သံပုရာသီး သံုးမယ္ဆို အသားအေရေတြ ေျခာက္ကပ္ပ်က္စီးသြားတာမ်ိဳးလည္း ရွိႏုိင္တယ္ေလ.. ဒါေၾကာင့္ ဘာကိုမဆို လုပ္ေတာ့မယ္ဆို စမ္းသပ္ၿပီးမွ လုပ္တာ၊ တိုင္ပင္ၿပီးမွ လုပ္တာ အေကာင္းဆံုးလို႔ ေျပာတာေပါ့…

လွႏုိင္ၾကပါေစ ေယာင္းတို႔ေရ…
Credit: Akari (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အသားအရေ အမျိုးအစားကြောင့်ပဲဖြစ်ဖြစ် ၊ နေရောင် နဲ့ထိတွေမှုများလိုပဲဖြစ်ဖြစ် ၊ အသက်အရွယ်ရလာ တာကြောင့်ပဲဖြစ်ဖြစ် ချွေးပေါက်လေးတွေ ကျယ်လာတတ်ပါတယ်… ချွေးပေါက်တွေ ကျယ်လာတဲ့အခါ ဝက်ခြံတွေလည်း ဖြစ်လာဖို့ ရာနှုန်းများပြီပေါ့… ဒီတော့ ချွေးပေါက်တွေ ပြန်ကျဉ်းသွားစေဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမှာလဲ? ဒီမှာတော့ အက်ဒ်မင်က သဘာဝနည်းလမ်းလေးတွေကို ရှာဖွေပေးထားပါတယ်.. နည်းလမ်းတွေကို မသွားသေးခင် အရင်ဆုံး အခြေခံအားဖြင့် ဂရုစိုက်ရမယ့် အချက်လေးတွေ အရင်ကြည့်ကြရအောင်နော်…

    ချွေးပေါက်လေးတွေ မပိတ်ပါစေနဲ့

ချွေးပေါက်ကျယ်သူတွေ အဓိက ဂရုစိုက်ရမှာက ချွေးပေါက်တွေ မပိတ်ဖို့ပါပဲ။ ပြီးတော့ ပြန်ကျဉ်းဖို့ လိုတယ်လေနော်.. ကျဉ်းလည်း ကျဉ်းရမယ်၊ ပိတ်လည်း မပိတ်ရဘူးဆိုတော့ ဘယ်လို လုပ်ရမှာပါလိမ့်.. တကယ်တော့ ဒီနှစ်ခုက ဆက်စပ်နေပါတယ်… ချွေးပေါက်လေးတွေ ပြန်ကျဉ်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ချွေးပေါက်တွေ မှာ အညစ်အကြေးတွေ၊ အဆီတွေနဲ့ပိတ်မနေစေဖို့ပါပဲ… ချွေးပေါက်ကျယ်တာတွေ ပြန်ကျဉ်းစေဖို့နဲ့ ချွေးပေါက်တွေ မပိတ်စေဖို့ နည်းလမ်းလေးတွေကို အောက်မှာ ပြန်ပြောကြမယ်နော်…

    ဆားဝက်ခြံတွေကို ဖယ်ရှားပါ။

ဆားဝက်ခြံတွေကို ဖယ်ရှားပေးတဲ့နေရာမှာ သတိထားစရာရှိပါတယ်။ ဖယ်တဲ့အခါမှာ အများအားဖြင့် သုံးလေ့ရှိတာက ဆားဝက်ခြံကပ်တဲ့ ကပ်ခွာလေးတွေကို သုံးပြီးဖယ်တာပါ.. ဒီနည်းလမ်းက ချက်ချင်းဆိုသလို ဆားဝက်ခြံလေးတွေ ပျောက်သွားစေတယ်မဟုတ်လား… စောစောက ပြောခဲ့တဲ့ သတိထားစရာက ဒီမှာပါ… ဆားဝက်ခြံတွေ ပျောက်သွားတယ် ကောင်းလိုက်တာ ဆိုပြီး နှစ်ရက်တစ်ကြိမ်လောက် ဆားဝက်ခြံကပ်တာမျိုး မလုပ်လိုက်ပါနဲ့ ယောင်းတို့ရေ.. အများဆုံး လုပ်သင့်တာက တစ်ပတ်ကို နှစ်ကြိမ်ထိပါပဲ… ဆားဝက်ခြံ ခဏခဏ ကပ်ပြီဆိုရင် ချွေးပေါက်တွေကို ပိုကျယ်လာနိုင်စေပြီး ဆားဝက်ခြံတွေလည်း ပိုကြီးလာနိုင်စေပါတယ်.. ကိုယ်က ချွေးပေါက်ကျဉ်းချင်လို့မှ လုပ်ပါတယ်ဆို ပိုကျယ်လာရင်တော့ မကိုက်ဘူးလေ… နော့်…

    စားသောက်နေထိုင်မှု ပုံစံကို ဂရုစိုက်ပါ။

ဒီနည်းလမ်းတော့ ယောင်းတို့ တကယ်ကြိုက်မယ့် နည်းလမ်းပါပဲ… အသားအရေလှဖို့အတွက်ဆို အိပ်ရေးဝအောင်အိပ်ဖို့လိုကိုလိုပါတယ်… နောက်တစ်ခုက ရေများများသောက်ပေးပါ… တစ်ရက်ကို အနည်းဆုံး ရေ ၈ ခွက်သောက်ပေးတာက ယောင်းရဲ့ အသားအရေအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်… အသီးအနှံ များများစားပေးဖို့လည်း မမေ့ပါနဲ့ဦး… ပြီးတော့ လေ့ကျင့်ခန်းလေး လုပ်ပါ… ကျန်းမာလှပတဲ့ အသားအရေအတွက် ကိုယ်တိုင်ကလည်း ကျန်းမာနေမှ ဖြစ်မယ်မဟုတ်လား..

ကဲ.. ဒါဆို ယေဘုယျဂရုစိုက်ရမယ့် အခြေခံ အချက်တွေ သိပြီဆိုတော့ ချွေးပေါက်တွေ ကျဉ်းစေမယ့် သဘာဝ နည်းလမ်းလေးတွေဆီ သွားကြည့်ရအောင်…

    ရေခဲ

ရေခဲက အသားအရေကို တင်းရင်းစေပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းစေဖို့အတွက် အများကြီးကို အထောက်အကူ ပေးနိုင်ပါတယ်နော်… ရေခဲပတ်ထားတဲ့ အဝတ်စပါးပါးလေးနဲ့၁၀ – ၂၀စက္ကန့်လောက် မျက်နှာပေါ်မှာ တင်ပေးပါ… ရေခဲကို ဒီတိုင်းကြီးတော့ မတင်နဲ့နော်.. အခန့်မသင့်ရင် ရေခဲကြောင့် အသားအရေထိခိုက်သွားတာမျိုုးလည်း ဖြစ်နိုင်လို့ပါ… ရေခဲတော့ မသုံးချင်ဘူးဆိုရင်တော့ ရေအေးအေးလေးကို အသုံးပြုပြီးတော့ မနက်တစ်ခါ ညနေတစ်ခါ မျက်နှာသစ်ပေးလို့လည်း ရပါတယ်.. (လုံးဝအေးနေမှ ဖြစ်မှာနော်.. )

    ဒိန်ချဉ်

သဘာဝဒိန်ချဉ်က ယောင်းမျက်နှာအသားအရေပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်… ဒိန်ချဉ်ကို သမအောင် ရောမွှေပြီးတော့ မျက်နှာပေါ်မှာ ခပ်ပါးပါးလိမ်းပေးပါ… ၁၀ မိနစ်လောက် မျက်နှာပေါ်မှာ ထားပြီးရင်တော့ ရေအေးအေးလေးနဲ့အသားအရေကိုပြန်ပြီး သန့်စင်ပေးလိုက်ပါ… ဒါလည်း တစ်ခါဆို တစ်ခါ တကယ်သိသာတဲ့ နည်းလမ်းပါပဲ…

    Baking Soda (မုန့်ဖုတ်ဆိုဒါ)

Baking Soda က အသားအရေ ရဲ့ PH Level ကိုထိန်းညှိပေးနိုင်တဲ့အပြင် အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်… ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေကတော့ ဆင်ခြင်သုံးတာ ပိုကောင်းပါတယ်… နည်းလမ်းကတော့ Baking Soda နဲ့ရေနွေးနွေးကို စားပွဲတင်ဇွန်း ၂ ဇွန်းစီ ရောပြီးတော့ အနှစ်ရအောင်လုပ်ပေးနော်… ပြီးတာနဲ့မျက်နှာပေါ်လိမ်းပေးပြီး စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ… စက္ကန့်သုံးဆယ်လောက် ကြာပြီးရင်တော့ ရေအေးအေးနဲ့ ပြန်ဆေးပေးလိုက်ပါ..

    ပန်းသီးရှာလကာရည်

ဝိတ်ချတဲ့နေရာအပြင် အသားအရေအတွက်ပါ ကောင်းကျိုးပေးတဲ့ ပန်းသီးရှာလကာရည်ကို ချွေးပေါက်လေးတွေ ကျဉ်းအောင်လုပ်တဲ့နေရာမှာလည်း အသုံးပြုနိုင်တယ်ဆိုတာ မေးစရာကို မလိုပါဘူး… PH Level ကိုထိန်းညှိပေးနိုင် တဲ့အပြင် ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်လေ… နည်းလမ်းကတော့ ပန်းသီးရှာလကာနဲ့ရေကို ဆတူ ရောနှောပေးပါ… ဂွမ်းလုံးလေးတွေကို သုံးပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ… မိနစ်အနည်းငယ်ထားပြီးရင် ရေပြန်ဆေးချပေးလိုက်နော်… ပုံမှန်လေး လုပ်သွားရင်တော့ တကယ်ကောင်းမွန် သိသာတဲ့ရလဒ်ကို ရလာစေနိုင်မှာပါ။

သဘာဝ ပစ္စည်းတွေကို သုံးတာက အန္တရာယ်ကင်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်အသားအရေနဲ့ တည့်မတည့်ဆိုတာ ရှိသေးတာမို့ တစ်ခုခုများ လုပ်တော့မယ်ဆိုရင် အရင်စမ်းသပ်ပါ။ ဆရာဝန်၊ အရေပြားဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ယောက်နဲ့ တိုင်ပင်ပါဦး.. ဆိုကြပါစို့.. တချို့ဆို သံပုရာသီးသုံးရင် အသားအရေတွေ ချက်ချင်းကောင်းလာပေမဲ့ တချို့တွေ အတွက်ကျ သံပုရာသီး သုံးမယ်ဆို အသားအရေတွေ ခြောက်ကပ်ပျက်စီးသွားတာမျိုးလည်း ရှိနိုင်တယ်လေ.. ဒါကြောင့် ဘာကိုမဆို လုပ်တော့မယ်ဆို စမ်းသပ်ပြီးမှ လုပ်တာ၊ တိုင်ပင်ပြီးမှ လုပ်တာ အကောင်းဆုံးလို့ ပြောတာပေါ့…

လှနိုင်ကြပါစေ ယောင်းတို့ရေ…
Credit: Akari (For Her Myanmar)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top