iMyanmarHouse.com - Best Property Website for Myanmar
×

သြားဝါေနတာဟာ ေျပာရရင္ေတ့ာ ရွက္စရာေကာင္းတဲ့ ကိစၥပါပဲ။ လူအမ်ားနွင့္ ေျပာဆိုဆက္ဆံရာမွာလည္း အေနွာင့္အယွက္ျဖစ္သလို မိမိကိုယ္ကိုလည္း ယံုၾကည္မႈ ေလ်ာ့က်ေစပါတယ္။

သြားဝါေစရတဲ့ အေၾကာင္းအရင္းေတြကေတာ့ အမ်ားၾကီးပါပဲ။ ေကာ္ဖီ၊ လက္ဖက္ရည္ အေသာက္မ်ားတဲ့သူေတြ အမ်ားစုမွာ သြားဝါျခင္းျပႆနာကို ၾကံဳေတြ႕ရပါတယ္။ သြားျဖဴေစမယ့္ treatment ေတြလည္းရွိျပီး ပံုမွန္အားျဖင့္ေတာ့ စရိတ္စက ၾကီးမားတာေၾကာင့္ ေတာ္ရံုမလုပ္ျဖစ္ၾကပါဘူး။ ဒါေၾကာင့္မို႔ မိမိအိမ္မွာပင္ ျပဳလုပ္နိုင္တဲ့ ေငြကုန္ေၾကးက်နည္းျပီး ထိေရာက္မႈရွိ၊ ေဘးကင္းတဲ့ နည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ Baking Soda

Baking Soda ကို ေသေသခ်ာခ်ာ မွန္မွန္သံုးတတ္မယ္ဆို သြားျဖဴေစဖို႔အတြက္ အေကာင္းဆံုး ပစၥည္းတစ္ခုလို႔ ေျပာလို႔ရပါတယ္။ သံုးစြဲမႈ မ်ားပါက သြား၏အေပၚယံ ေၾကြလႊာမ်ားကို တိုက္စားသြားနိုင္ပါတယ္။ သြားျဖဴေအာင္ လုပ္နုိင္မယ့္ နည္းလမ္းကေတာ့ ရိုးရိုးေလးပါ။ ပံုမွန္တိုက္ေနၾက သြားတိုက္ေဆး ပမာဏထဲသို႔ baking soda ကိုလက္ဖက္ရည္ဇြန္းျဖင့္ ေလးပံုတစ္ပံုခန္႔ယူျပီး ေရာေမႊကာ သြားတိုက္ပါ။ ဒီနည္းျဖင့္ တစ္ပါတ္ကို နွစ္ၾကိမ္ခန္႔ အနည္းဆံုး တိုက္ေပးပါ။

၂။ လိေမၼာ္ခံြ

သြားမ်ား ျဖဴဝင္းေစဖို႔အတြက္ လိေမၼာ္ခြံကလည္း လူသံုးမ်ားတဲ့ အရာတစ္ခု ျဖစ္ပါတယ္။ ခ်ိဳးမ်ားကပ္ျပီး ဝါေနေသာ သြားမ်ားကို လိေမၼာ္ခံြျဖင့္္ ပြတ္တိုက္ျပီး အညစ္အေၾကးမ်ားကို သန္႔စင္ေအာင္ လုပ္နို္င္ပါတယ္။ ပံုမွန္လုပ္ေဆာင္ေပးပါက သြားမ်ားျဖဴဝင္းလာတာကို လက္ေတြ႕ ျမင္ေတြ႕ရမွာပါ။

၃။ မီးေသြး

မီးေသြးကေတာ့ အားလံုးသိၾကမယ္္ထင္ပါတယ္။ မီးေသြးမွာပါဝင္တဲ့ ဓါတုပစၥညး္ေတြက သြားကို ျဖဴစင္ေအာင္ လုပ္ေပးနို္္င္ပါတယ္။ သြားမ်ားကိုလည္း သန္႔ရွင္ၾကည္လင္ေစပါတယ္။ အခ်ို႕ကြမ္းယာစားေသာသူမ်ားက ကြမ္းခ်ိဳးမ်ားကို ေပ်ာက္ေစတဲ့ ဒီနည္းလမ္းကို စြဲစြဲၿမဲၿမဲသံုးၾကပါတယ္။ မီးေသြးမႈန္႔နည္းလမ္းကို ေန႔စဥ္ နွစ္ၾကိမ္ ပံုမွန္ျပဳလုပ္မယ္ဆို အလြန္ဆံုး ၂ပါတ္အတြင္းမွာပင္ သိသာတဲ့ရလဒ္ကို ရရွိေစပါလိမ့္မယ္။

Credit: tartaymm.com
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Uncode Version#


သွားဝါနေတာဟာ ပြောရရင်တေ့ာ ရှက်စရာကောင်းတဲ့ ကိစ္စပါပဲ။ လူအများနှင့် ပြောဆိုဆက်ဆံရာမှာလည်း အနှောင့်အယှက်ဖြစ်သလို မိမိကိုယ်ကိုလည်း ယုံကြည်မှု လျော့ကျစေပါတယ်။

သွားဝါစေရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ ကော်ဖီ၊ လက်ဖက်ရည် အသောက်များတဲ့သူတွေ အများစုမှာ သွားဝါခြင်းပြဿနာကို ကြုံတွေ့ရပါတယ်။ သွားဖြူစေမယ့် treatment တွေလည်းရှိပြီး ပုံမှန်အားဖြင့်တော့ စရိတ်စက ကြီးမားတာကြောင့် တော်ရုံမလုပ်ဖြစ်ကြပါဘူး။ ဒါကြောင့်မို့ မိမိအိမ်မှာပင် ပြုလုပ်နိုင်တဲ့ ငွေကုန်ကြေးကျနည်းပြီး ထိရောက်မှုရှိ၊ ဘေးကင်းတဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Baking Soda

Baking Soda ကို သေသေချာချာ မှန်မှန်သုံးတတ်မယ်ဆို သွားဖြူစေဖို့အတွက် အကောင်းဆုံး ပစ္စည်းတစ်ခုလို့ ပြောလို့ရပါတယ်။ သုံးစွဲမှု များပါက သွား၏အပေါ်ယံ ကြွေလွှာများကို တိုက်စားသွားနိုင်ပါတယ်။ သွားဖြူအောင် လုပ်နိုင်မယ့် နည်းလမ်းကတော့ ရိုးရိုးလေးပါ။ ပုံမှန်တိုက်နေကြ သွားတိုက်ဆေး ပမာဏထဲသို့ baking soda ကိုလက်ဖက်ရည်ဇွန်းဖြင့် လေးပုံတစ်ပုံခန့်ယူပြီး ရောမွှေကာ သွားတိုက်ပါ။ ဒီနည်းဖြင့် တစ်ပါတ်ကို နှစ်ကြိမ်ခန့် အနည်းဆုံး တိုက်ပေးပါ။

၂။ လိမ္မော်ခွံ

သွားများ ဖြူဝင်းစေဖို့အတွက် လိမ္မော်ခွံကလည်း လူသုံးများတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ချိုးများကပ်ပြီး ဝါနေသော သွားများကို လိမ္မော်ခွံဖြင့် ပွတ်တိုက်ပြီး အညစ်အကြေးများကို သန့်စင်အောင် လုပ်နိုင်ပါတယ်။ ပုံမှန်လုပ်ဆောင်ပေးပါက သွားများဖြူဝင်းလာတာကို လက်တွေ့ မြင်တွေ့ရမှာပါ။

၃။ မီးသွေး

မီးသွေးကတော့ အားလုံးသိကြမယ်ထင်ပါတယ်။ မီးသွေးမှာပါဝင်တဲ့ ဓါတုပစ္စည်းတွေက သွားကို ဖြူစင်အောင် လုပ်ပေးနို်င်ပါတယ်။ သွားများကိုလည်း သန့်ရှင်ကြည်လင်စေပါတယ်။ အချို့ကွမ်းယာစားသောသူများက ကွမ်းချိုးများကို ပျောက်စေတဲ့ ဒီနည်းလမ်းကို စွဲစွဲမြဲမြဲသုံးကြပါတယ်။ မီးသွေးမှုန့်နည်းလမ်းကို နေ့စဉ် နှစ်ကြိမ် ပုံမှန်ပြုလုပ်မယ်ဆို အလွန်ဆုံး ၂ပါတ်အတွင်းမှာပင် သိသာတဲ့ရလဒ်ကို ရရှိစေပါလိမ့်မယ်။

Credit: tartaymm.com

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top