iMyanmarHouse.com - Best Property Website for Myanmar
×






Credit: Nanmalgyi
# Unicode Version ဖြင့် ဖတ်ပါ #
ဥပယ်တံမျဉ်ဇာတ်ကားနဲ့စလို့ မြန်မာပြည်ပရိသတ်တွေကြား ရေပန်းစားလာတဲ့ ခီစုံတွဲကတော့ မနေ့ကဇွန်လ ၂၅ ရက်နေ့မှာတော့ အိမ်ထောင်သက် ၁၂ နှစ်ပြည့်သွားခဲ့ပါပြီ။ ခီစုံတွဲကတော့ သူတို့ရဲ့မင်္ဂလာ နှစ်ပတ်လည်နေ့မှာတော့ ကုသိုလ်ယူခဲ့ပြီး အလှူအတန်းလေးတွေ လုပ်ပြီး ဖြတ်သန်းခဲ့ကြောင်း သိရပါတယ်။

သူတို့ဇနီးမောင်နှံ နှစ်ယောက်ကတော့ ၁၂ နှစ်ပြည့်နှစ်ပတ်လည် အလှူကိုတော့ တာမွေမြို့နယ်မှာရှိတဲ့ ပင်ရွှေညောင်လမ်း မြနန္ဒာကမ္ဘာဇ ဘုန်းကြီးကျောင်းမှာ သူတို့ရဲ့ပရိသတ်တွေနဲ့အတူ အလှူပွဲကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပါ။

ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ကတော့ လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် (၁၈) နှစ် ဇွန်လ ၂၅ ရက်ကတည်းက စတင်တွဲခဲ့ကြတာ ဖြစ်ပြီး လက်ရှိချိန်ထိ ရှေ့သွားနောက်လိုက်ညီညီနဲ့ လူအများအားကျရပြီး လိုက်ဖက်တဲ့ စုံတွဲလေးလည်း ဖြစ်တယ်။ ခီစုံတွဲလေးကတော့ လူအများအားကျရလောက်အောင် အလုပ်လုပ်တဲ့နေရာမှာလည်း တူတူ၊ အပြင်သွားလာတဲ့အချိန်မှာလည်း တူတူတတွဲတွဲတွေ့ရပီး စိတ်တူကိုယ်တူ စုံတွဲလေးလည်း ဖြစ်ပါတယ်။

ထို့နောက် ဇဏ်ခီနဲ့ ခရစ္စတီးနားခီ တို့ဟာ မကြာခဏဆိုသလိုလည်း ပရိသတ်တွေအတုယူချင်စရာကောင်းလောက်အောင် အလှူအတန်းတွေလည်း လုပ်ဖြစ်တဲ့ စုံတွဲလေးလည်း ဖြစ်တယ်။

Duwun media နဲ့ အင်တာဗျူးမှာတော့ ဇဏ်ခီက “ကျွန်တော်တို့ကတော့ ငယ်ငယ်ကတည်းက တွဲလာတဲ့ ကောင်းဖော်ဆိုးဖက်တွေပေါ့။ တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ကူညီဖေးမကြတယ်။ ဒါကြောင့်လည်း သူငယ်ချင်းတွေလို ဖြစ်နေတာပေါ့။ အဲ့လိုမျိုးပတ်သက်မှုရှိတာဆိုတော့ ကျန်တာတွေကို တကူးတကကြီးလုပ်ယူဖို့ မလိုဘူးလေ။ ကျွန်တော်လိုအပ်ရင်လည်း သူဘေးမှာရှိတယ်။ သူလိုအပ်ရင်လည်း ကျွန်တော်သူဘေးမှာရှိပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။

Credit: Nanmalgyi
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top