iMyanmarHouse.com - Best Property Website for Myanmar
×

ရည္းစားျဖစ္ခါစမွာ တစကၠန႔္ေလးေတာင္မွ ခြဲမေနခ်င္ၾကတာ အတြဲတိုင္းလိုလို ျဖစ္ဖူးၾကမွာပါ။ အခ်စ္ႀကီးတဲ့သူ၊ မခ်စ္ဖူးတဲ့ သူေတြက ဒီလိုေဝဒနာကို ခံစားရၿပီး ခ်စ္သူနဲ႔ ကေတာက္ကဆ ျဖစ္တတ္ၾကပါတယ္။

ေတြ႕ခ်င္တဲ့အခ်ိန္ မေတြ႕ရတာေၾကာင့္ စိတ္ေကာက္ စကားမ်ားၿပီး ဒီလို ဂ႐ုမစိုက္ ပုံမ်ိဳးနဲ႔ဆို မထူးဘူးဆိုၿပီး လမ္းခြဲတတ္တဲ့ သူေတြေတာင္ ရွိပါတယ္။ ခ်စ္သူကို ခ်စ္ေပမယ့္ ဒီလိုအျမဲ အခ်ိန္ျပည့္ ျမင္ခ်င္ ေတြ႕ခ်င္ေနတာက ၾကာတဲ့အခါ ႏွစ္ဦး ၾကားမွာ အဆင္မေျပမွုေတြ ဖန္တီးနိုင္တာေၾကာင့္ အဆင္ေျပေစမယ့္ နည္းလမ္းေကာင္းေတ ြေျပာျပေပးပါမယ္။

(၁) ေဝးကြာျခင္းက သင့္ကို ပိုသန္မာေစပါတယ္

ဒီလိုခြဲေနၾကတာမ်ိဳးက သင့္အတြက္ သူကဘယ္ေလာက္ အေရးပါသလဲ ဆိုတာ ဆန္းစစ္ၾကည့္နိုင္မယ့္ အခြင့္အေရးေကာင္း တခုပါ။ သူနဲ႔အတူ ရွိေနတဲ့အခါ အျမဲလိုလို အားကိုး ေနမိတတ္ၿပီး သူမရွိရင္ ဘာမွ မလုပ္တတ္ မကိုင္တတ္နဲ႔ သင့္ေပ်ာ္ရႊင္မွုက သူ႔အေပၚ မူတည္သြားပါလိမ့္မယ္။ ဒီလို မဟုတ္ဘဲ သင့္ဘဝအတြက္ အေရးပါတာေတြ အခ်ိန္ေပးဖို႔ ခြဲခြာျခင္းက ပိုေကာင္းပါတယ္။

(၂) သင္ျဖစ္ေနတဲ့ အရာေတြက ပုံမွန္ဆိုတာ လက္ခံပါ

သင့္အေနနဲ႔ တဖက္လူက ဂ႐ုမစိုက္ဘူးထင္ၿပီး စိတ္ဆိုး၊ စိတ္ေကာက္၊ ဝမ္းနည္းေနတာမ်ိဳး ခံစားရတတ္ပါတယ္။ ဒါဟာ သင့္တဖက္သက္ ခံစားခ်က္သာျဖစ္ၿပီး သင္အေတြး နယ္ခ်ဲ႕သလို ျဖစ္ေနမွာ မဟုတ္ဘူးဆိုတာ သတိရပါ။ တကယ္လို႔ အရမ္း သတိရေနတယ္ဆိုရင္ ဖုန္းေခၚ၊ Video Call ေခၚတာမ်ိဳးလုပ္နိုင္ပါတယ္။ အဲ့ဒါကိုမွ သိကၡာက်တယ္ ဘာညာနဲ႔ မဟုတ္တာေတြ အေတြးမလြန္မိေစဖို႔ လိုပါတယ္။

(၃) အဆိုးျမင္စိတ္ေတြ ေဖ်ာက္ပါ

အဆိုးျမင္စိတ္ေတြက သင့္ကို ပင္ပန္းေစပါလိမ့္မယ္။ ငါ့ကြယ္ရာမွာ ေဖာက္ျပန္ေနၿပီလား ဆိုၿပီး စိတ္ေသာက ေရာက္မယ့္ အစား ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ပါ။ သစၥာမရွိတဲ့သူကို ေရြးခ်ယ္မိၿပီဆိုရင္ ဒီလိုအရာေတြက မလြဲမေသြ ၾကဳံေတြ႕ရ တတ္တာမို႔ သင္ လူေရြးမွန္ကန္ဖို႔သာ အေရးႀကီးပါတယ္။ အဓိကက သင့္စိတ္ကိုေပ်ာ္ရႊင္ေအာင္ထားၿပီး သင့္အနာဂတ္ကို ေတာက္ပေစမယ့္ အရာေတြကိုသာ အခ်ိန္ေပး လုပ္ေဆာင္ပါ။

(၄) ေျပာျပပါ

သင့္အေနနဲ႔ လက္ရွိစိတ္ခံစားမွုေတြကို ခ်စ္သူကို ဖြင့္ေျပာျပသင့္ပါတယ္။ သူက အၾကားအျမင္ဆရာ မဟုတ္တဲ့ အတြက္ သင္ဘာေတြ ခံစားေနရတယ္ဆိုတာ တခ်ိန္လုံး သိေနမွာ မဟုတ္ပါဘူး။ သင့္ဘက္က ခံစားခ်က္ေတြ၊ စိုးရိမ္ ေၾကာင့္ၾကမွု ေတြကို ဖြင့္ေျပာျပျခင္းအားျဖင့္ သင္တို႔ရဲ့ အခ်စ္ဟာ တေယာက္ေပၚ တေယာက္ ပိုေလးနက္လာပါလိမ့္မယ္။

Credit : ဧရာ၀တီ
# Unicode Version ျဖင့္ ဖတ္ပါ #


ရည်းစားဖြစ်ခါစမှာ တစက္ကန့်လေးတောင်မှ ခွဲမနေချင်ကြတာ အတွဲတိုင်းလိုလို ဖြစ်ဖူးကြမှာပါ။ အချစ်ကြီးတဲ့သူ၊ မချစ်ဖူးတဲ့ သူတွေက ဒီလိုဝေဒနာကို ခံစားရပြီး ချစ်သူနဲ့ ကတောက်ကဆ ဖြစ်တတ်ကြပါတယ်။

တွေ့ချင်တဲ့အချိန် မတွေ့ရတာကြောင့် စိတ်ကောက် စကားများပြီး ဒီလို ဂရုမစိုက် ပုံမျိုးနဲ့ဆို မထူးဘူးဆိုပြီး လမ်းခွဲတတ်တဲ့ သူတွေတောင် ရှိပါတယ်။ ချစ်သူကို ချစ်ပေမယ့် ဒီလိုအမြဲ အချိန်ပြည့် မြင်ချင် တွေ့ချင်နေတာက ကြာတဲ့အခါ နှစ်ဦး ကြားမှာ အဆင်မပြေမှုတွေ ဖန်တီးနိုင်တာကြောင့် အဆင်ပြေစေမယ့် နည်းလမ်းကောင်းတေ ွပြောပြပေးပါမယ်။

(၁) ဝေးကွာခြင်းက သင့်ကို ပိုသန်မာစေပါတယ်

ဒီလိုခွဲနေကြတာမျိုးက သင့်အတွက် သူကဘယ်လောက် အရေးပါသလဲ ဆိုတာ ဆန်းစစ်ကြည့်နိုင်မယ့် အခွင့်အရေးကောင်း တခုပါ။ သူနဲ့အတူ ရှိနေတဲ့အခါ အမြဲလိုလို အားကိုး နေမိတတ်ပြီး သူမရှိရင် ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့ သင့်ပျော်ရွှင်မှုက သူ့အပေါ် မူတည်သွားပါလိမ့်မယ်။ ဒီလို မဟုတ်ဘဲ သင့်ဘဝအတွက် အရေးပါတာတွေ အချိန်ပေးဖို့ ခွဲခွာခြင်းက ပိုကောင်းပါတယ်။

(၂) သင်ဖြစ်နေတဲ့ အရာတွေက ပုံမှန်ဆိုတာ လက်ခံပါ

သင့်အနေနဲ့ တဖက်လူက ဂရုမစိုက်ဘူးထင်ပြီး စိတ်ဆိုး၊ စိတ်ကောက်၊ ဝမ်းနည်းနေတာမျိုး ခံစားရတတ်ပါတယ်။ ဒါဟာ သင့်တဖက်သက် ခံစားချက်သာဖြစ်ပြီး သင်အတွေး နယ်ချဲ့သလို ဖြစ်နေမှာ မဟုတ်ဘူးဆိုတာ သတိရပါ။ တကယ်လို့ အရမ်း သတိရနေတယ်ဆိုရင် ဖုန်းခေါ်၊ Video Call ခေါ်တာမျိုးလုပ်နိုင်ပါတယ်။ အဲ့ဒါကိုမှ သိက္ခာကျတယ် ဘာညာနဲ့ မဟုတ်တာတွေ အတွေးမလွန်မိစေဖို့ လိုပါတယ်။

(၃) အဆိုးမြင်စိတ်တွေ ဖျောက်ပါ

အဆိုးမြင်စိတ်တွေက သင့်ကို ပင်ပန်းစေပါလိမ့်မယ်။ ငါ့ကွယ်ရာမှာ ဖောက်ပြန်နေပြီလား ဆိုပြီး စိတ်သောက ရောက်မယ့် အစား ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ သစ္စာမရှိတဲ့သူကို ရွေးချယ်မိပြီဆိုရင် ဒီလိုအရာတွေက မလွဲမသွေ ကြုံတွေ့ရ တတ်တာမို့ သင် လူရွေးမှန်ကန်ဖို့သာ အရေးကြီးပါတယ်။ အဓိကက သင့်စိတ်ကိုပျော်ရွှင်အောင်ထားပြီး သင့်အနာဂတ်ကို တောက်ပစေမယ့် အရာတွေကိုသာ အချိန်ပေး လုပ်ဆောင်ပါ။

(၄) ပြောပြပါ

သင့်အနေနဲ့ လက်ရှိစိတ်ခံစားမှုတွေကို ချစ်သူကို ဖွင့်ပြောပြသင့်ပါတယ်။ သူက အကြားအမြင်ဆရာ မဟုတ်တဲ့ အတွက် သင်ဘာတွေ ခံစားနေရတယ်ဆိုတာ တချိန်လုံး သိနေမှာ မဟုတ်ပါဘူး။ သင့်ဘက်က ခံစားချက်တွေ၊ စိုးရိမ် ကြောင့်ကြမှု တွေကို ဖွင့်ပြောပြခြင်းအားဖြင့် သင်တို့ရဲ့ အချစ်ဟာ တယောက်ပေါ် တယောက် ပိုလေးနက်လာပါလိမ့်မယ်။

Credit : ဧရာဝတီ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top