iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်င္းကို ကမာၻတစ္၀ွမ္းက အိမ္ ေထာင္စုတစ္ခုစီတိုင္းရဲ႕ မီးဖိုေခ်ာင္ေတြမွာ အလြယ္တကူေတြ႕ရွိႏိုင္ပါတယ္။ ကြဲျပားျခားနားတဲ့ သင္းရနံ႕နဲ႕ အရသာတို႕က အမ်ိဳးမ်ိဳးေသာ ဟင္းလ်ာတို႕ကို ပိုၿပီးထူးျခားသြားေစပါတယ္။

ဗီတာမင္ေအ၊ စီ၊ အီး ႏွင့္ B-complex တုိ႕အျပင္ မဂၢနီဆီယမ္၊ ေဖာ့စ္ေဖာရပ္စ္၊ ပိုတက္စီယမ္၊ သံဓာတ္၊ ဇင့္၊ ကယ္လ္စီယမ္ႏွင့္ beta-carotene တို႕ကို ဂ်င္းတြင္ပါ၀င္သျဖင့္ က်န္းမာေရးျပႆနာေတြကို ကာကြယ္ကုသမႈေတြ လုပ္ေပးႏိုင္ပါတယ္။

ဂ်င္းကို ပံုစံအမ်ိဳးမ်ိဳးနဲ႕ စားသံုးေပးႏိုင္ေပမယ့္လည္း ေရေႏြးႀကမ္းအေနနဲ႕ ေသာက္သံုးေပးျခင္းက အဖက္ဖက္မွ ေကာင္းမြန္ေစပါတယ္။ ဒါေႀကာင့္ ဂ်င္းေရေႏြးႀကမ္းလုပ္နည္းေလးႏွင့္အတူ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

ပါ၀င္ပစၥည္းမ်ား

ဂ်င္း – ၆ စိတ္ (ပါးပါးလွီးၿပီးသား)

စစ္ၿပီးသား ေရ – ၂ ခြက္

သံပုယိုရည္ – အနည္းငယ္

ျပင္ဆင္ပံု

၁။ စစ္ၿပီးသား ေရ ၁ ခြက္ႏွင့္ ၁ ၀က္ကို ပြက္ေအာင္တည္ပါ။

၂။ ဂ်င္းစိတ္မ်ားကို ထည့္ပါ။

၃။ အဖံုးအုပ္ၿပီး ၁၀ မိနစ္တည္ေပးပါ။

၄။ အခ်ိန္ျပည့္လွ်င္ ဂ်င္းဖတ္မ်ားကိုဖယ္ၿပီး ေရစစ္ေပးပါ။

၅။ ကိုယ္ႀကိဳက္ႏွစ္သေလာက္ သံပုယိုရည္ညွစ္ထည့္ပါ။

၆။ ထမင္းစားဇြန္း ၂ ဇြန္းခန္႕ရွိ ပ်ားရည္ကိုလည္း ေပါင္းထည့္ပါ။

၇။ ေသခ်ာႏွံ႕ေအာင္ေမႊၿပီးရင္ ဂ်င္းေရေႏြးႀကမ္း ပူပူေလးတစ္ခြက္ ရရွိပါၿပီ။

အက်ိဳးေက်းဇူးမ်ား

၁။ ေသြးလည္ပတ္မႈ အားေကာင္းေစျခင္း

၂။ နာက်င္မႈေ၀ဒနာေတြကို ကုသေပးျခင္း

၃။ ဓမၼတာလာစဥ္ ခံစားရမႈမ်ားကို ေျဖေဖ်ာက္ေပးျခင္း

၄။ မအီမသာျဖစ္တာကို သက္သာေစျခင္း

၅။ ကိုယ္ခံအားျမွင့္တင္ေပးျခင္း

၆။ အသက္ရွဴလမ္းေႀကာင္းဆိုင္ရာ ကူးစက္မႈမ်ားကို တိုက္ထုတ္ေပးျခင္း

၇။ ကိုလက္စထေရာပမာဏကို ေလွ်ာ့ခ်ေပးျခင္း

Credit: myhealthmyanmar
# Unicode Version ျဖင့္ ဖတ္ပါ #
ဂျင်းကို ကမ္ဘာတစ်ဝှမ်းက အိမ် ထောင်စုတစ်ခုစီတိုင်းရဲ့ မီးဖိုချောင်တွေမှာ အလွယ်တကူတွေ့ရှိနိုင်ပါတယ်။ ကွဲပြားခြားနားတဲ့ သင်းရနံ့နဲ့ အရသာတို့က အမျိုးမျိုးသော ဟင်းလျာတို့ကို ပိုပြီးထူးခြားသွားစေပါတယ်။

ဗီတာမင်အေ၊ စီ၊ အီး နှင့် B-complex တို့အပြင် မဂ္ဂနီဆီယမ်၊ ဖော့စ်ဖောရပ်စ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ ဇင့်၊ ကယ်လ်စီယမ်နှင့် beta-carotene တို့ကို ဂျင်းတွင်ပါဝင်သဖြင့် ကျန်းမာရေးပြဿနာတွေကို ကာကွယ်ကုသမှုတွေ လုပ်ပေးနိုင်ပါတယ်။

ဂျင်းကို ပုံစံအမျိုးမျိုးနဲ့ စားသုံးပေးနိုင်ပေမယ့်လည်း ရေနွေးကြမ်းအနေနဲ့ သောက်သုံးပေးခြင်းက အဖက်ဖက်မှ ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဂျင်းရေနွေးကြမ်းလုပ်နည်းလေးနှင့်အတူ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

ဂျင်း – ၆ စိတ် (ပါးပါးလှီးပြီးသား)

စစ်ပြီးသား ရေ – ၂ ခွက်

သံပုယိုရည် – အနည်းငယ်

ပြင်ဆင်ပုံ

၁။ စစ်ပြီးသား ရေ ၁ ခွက်နှင့် ၁ ဝက်ကို ပွက်အောင်တည်ပါ။

၂။ ဂျင်းစိတ်များကို ထည့်ပါ။

၃။ အဖုံးအုပ်ပြီး ၁၀ မိနစ်တည်ပေးပါ။

၄။ အချိန်ပြည့်လျှင် ဂျင်းဖတ်များကိုဖယ်ပြီး ရေစစ်ပေးပါ။

၅။ ကိုယ်ကြိုက်နှစ်သလောက် သံပုယိုရည်ညှစ်ထည့်ပါ။

၆။ ထမင်းစားဇွန်း ၂ ဇွန်းခန့်ရှိ ပျားရည်ကိုလည်း ပေါင်းထည့်ပါ။

၇။ သေချာနှံ့အောင်မွှေပြီးရင် ဂျင်းရေနွေးကြမ်း ပူပူလေးတစ်ခွက် ရရှိပါပြီ။

အကျိုးကျေးဇူးများ

၁။ သွေးလည်ပတ်မှု အားကောင်းစေခြင်း

၂။ နာကျင်မှုဝေဒနာတွေကို ကုသပေးခြင်း

၃။ ဓမ္မတာလာစဉ် ခံစားရမှုများကို ဖြေဖျောက်ပေးခြင်း

၄။ မအီမသာဖြစ်တာကို သက်သာစေခြင်း

၅။ ကိုယ်ခံအားမြှင့်တင်ပေးခြင်း

၆။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများကို တိုက်ထုတ်ပေးခြင်း

၇။ ကိုလက်စထရောပမာဏကို လျှော့ချပေးခြင်း

Credit: myhealthmyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top