iMyanmarHouse.com - Best Property Website for Myanmar
×
 " ဘဝရဲ့ ဒုတိယမြောက်
ရုပ်ရှင်ကား "ဧည့်သည်"
story လေးလို
တင်ပေးလိုက်ပါတယ်။
Credit : ရွှေချစ်သူ
# Unicode Version ဖြင့် ဖတ်ပါ #
ရွှေချစ်သူ ပရိသတ်ကြီးရေ နေခြည်ဦးလို့ပြောလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ ကျော်ကြားတဲ့ Beauty Blogger တစ်ဦးဆိုတာ အထူးတလည်ပြောနေစရာမလိုအောင် ပရိသတ်ကြီးက သိပြီးသား ဖြစ်နေမှာပါနော် ၊ မိတ်ကပ် အလှအပပိုင်းမှာတင်မက ဖက်ရှင်နဲ့ ပတ်သက်လာရင်လည်း ဆန်းပြားတဲ့ ဖက်ရှင်တွေနဲ့ အမြဲဖျတ်လက် လန်းဆန်းနေတဲ့တဲ့ သူမကတော့ လက်ရှိအချိန်မှာ Beauty Blogger အပြင် အနုပညာလောကထဲကို ခြေလှမ်းစပြုနေပြီဖြစ်ပါတယ်။
လက်တလောကမှ နေမင်း ၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့နဲ့ တွဲဖက်ပြီး "ရန်သူ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်ရဲ့ လက်ခံအားပေးမှု့ကို အတန်အသင့်ရရှိခဲ့ပြီး ၊ နောက်ထပ်  ရွှေမှုန်ရတီ ၊ ရွှေထူးတို့နှင့် တွဲဖက်ပြီး "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးကို ထပ်မံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ် ၊ သူမက ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး
 " ဘဝရဲ့ ဒုတိယမြောက်
ရုပ်ရှင်ကား "ဧည့်သည်"
ရိုက်ကူးတာ ဒီနေ့ပြီးသွားပါပြီ။
အပျော်အပါးတွေ အခွီတွေ
အခက်အခဲတွေ မျက်ရည်တွေ အများကြီးနဲ့
ဘဝရဲ့ မှတ်တိုင်တစ်ခုပါဘဲ။
ရိုက်ကူးရေးက ပုံတွေ မတင်ဘူးလား
မေးကြလို့ ရှိတဲ့ပုံလေးတွေနဲ့
story လေးလို
တင်ပေးလိုက်ပါတယ်။
နှင်းနုတာဝန် ကျေပါတယ်နော်။
ရုပ်ရှင်ကားကြီး ထွက်လာရင်
အားပေးပါ။" ဆိုပြီး သူမရဲ့ Facebook စာမျက်နှာထက်ကနေ ပရိသတ်ကြီးကို ပြောပြထားပါတယ်။
ကဲ ရွှေချစ်သူ ပရိသတ်ကြီးရေ ခြည်ခြည်ရဲ့ ဒုတိယမြောက် ဘဝမှတ်တိုင်က ပုံလေးတွေကို ရှု့စားလိုက်ပါဦးနော်
Credit : ရွှေချစ်သူ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top