iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္လြန္ကဲျခင္းေၾကာင့္ ဒီလိုအျဖစ္မ်ိဳးေတြ ျဖစ္ရပါတယ္ဆိုရင္…

ညီမေလးသို႔…

လူတိုင္းဟာ ခ်စ္ဖို႔၊ အခ်စ္ခံဖို႔ ေမြးဖြားလာၾကတာပါ။ ” အဘိုးကလည္း အဘြားကို၊ အေဖကလည္း အေမ့ကို၊ ကိုယ္ကလည္း မင္းကို” ဆိုတဲ့ သီခ်င္းေလးလိုပဲ တစ္ေယာက္တစ္ေယာက္ ၅၂၈ အခ်စ္၊ ၁၅၀၀ အခ်စ္ေတြနဲ႔ခ်စ္ေနၾကတဲ့သူခ်ည္းပါပဲ။ ဒီအခ်စ္ေတြ လြန္ကဲလာတာ၊ ရူးရူးမူးမူး ခ်စ္တာမ်ိဳးၾကေတာ့ေရာ ပံုမွန္မွဟုတ္ရဲ႕လားဆိုတာ ေမးစရာပါ။

အက္ဒ္မင္တို႔ ၾကားဖူးတဲ့ သတင္းေတြရွိပါတယ္။ “ခ်စ္သူရည္းစားက သူ႔ေကာင္ေလး (သို႔) ေကာင္မေလးကို ထိခိုက္နာက်င္ေအာင္လုပ္လိုက္တယ္ဆိုတဲ့ ” သတင္းမ်ိဳးေတြမွာ ျဖစ္ႏိုင္ေခ်တစ္ခုက ထိခိုက္ေအာင္ လုပ္လိုက္တဲ့တစ္ေယာက္ဟာ ” ရူးရူးမူးမူးအစြဲလမ္းႀကီးတဲ့ ခ်စ္ျခင္း” ရဲ႕ သားေကာင္ျဖစ္ေနႏိုင္ပါတယ္။

ေဆးပညာ အယူအဆအရ တစ္ခုခုကိုလြန္လြန္ကဲကဲ ျဖစ္ေနတာေတြကို မူမမွန္ဘူးလို႔ ယူဆပါတယ္။ ဒီလို ရူးရူးမူးမူးခ်စ္တာမ်ိဳးၾကေတာ့ ( Obsessive Love Disorder) လို႔ေခၚပါတယ္။ အလြန္အကၽြံဆိုတာမ်ိဳးကို ေျပာရမယ္ဆိုရင္ ပံုမွန္အားျဖင့္ ခ်စ္စခင္စ ၾကင္နာစ မွာ ပိုခ်စ္ ပိုဂရုစိုက္တာ တစ္ခ်ိန္လံုး ေတြ႕ခ်င္ျမင္ခ်င္ေနတတ္တာဟာ သဘာဝပါ။ သူ႔အသံေလးပဲ ၾကားခ်င္တယ္။ သူ႔ကိုပဲ ျမင္ခ်င္ေနတယ္ဆိုတာမ်ိဳး ခ်စ္သူရည္းစားျဖစ္ခါစမွ ျဖစ္ေနတယ္ဆိုရင္ ဒါဟာ ပံုမွန္ပါပဲေနာ္။

လူေတြအသက္ႀကီးၿပီးရင့္က်က္လာသလို အခ်စ္ေတြဟာလည္း သက္တမ္းၾကာတာနဲ႔အမၽွ ရင့္က်က္လာတတ္ပါတယ္။ ပူေလာင္တာမ်ိဳး မရွိေတာ့ဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ ယံုၾကည္စိတ္ခ်လာတာမ်ိဳးေပါ့။ အဲဒီလိုမဟုတ္ဘဲ ကိုယ့္ရဲ႕ခ်စ္တဲ့စိတ္ဟာ အခ်ိန္ၾကာလာတာနဲ႔အမၽွ ပူေလာင္လာမယ္။ စိုးရိမ္ပူပန္စိတ္ေတြ သဝန္တိုစိတ္ေတြ သူ႔အေပၚမွာ တအားမ်ားလာမယ္ ဆိုရင္ေတာ့ ဒါကို သဘာဝထက္ လြန္ကဲတယ္လို႔ သတ္မွတ္ပါတယ္။ ဥပမာေျပာရရင္ .. သူ႔သူငယ္ခ်င္း၊ သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အရင္လိုေျပာဆိုဆက္ဆံတာမ်ိဳးကအစ ကိုယ္က သံသယရွိလာတာမ်ိဳးပါ။

ေနာက္တျဖည္းျဖည္း သူ႔ကို ကိုယ္ထိလက္ေရာက္ ထိခိုက္ေအာင္ ကုိယ့္ကိုယ္ကိုယ္ မထိန္းႏိုင္ဘဲ လုပ္မိတာမ်ိဳးေတြပါ ရွိလာမယ္ဆိုရင္ ဒါကိုေတာ့ မူမမွန္ အခ်စ္ေရာဂါလို႔ သတ္မွတ္ရပါလိမ့္မယ္။ ဒီလိုျဖစ္ေနမွန္းသိသာႏိုင္တဲ့လကၡဏာေတြကေတာ့

_ သူ႔ကို တစ္ခ်ိန္လံုးသတိရေနတာမ်ိဳး
_ သူ႔ကို မယံုလို႔ လိုက္ၾကည့္ခ်င္ေနတာမ်ိဳး
_ သူ႔ကို ကာကြယ္ေပးလိုစိတ္ေတြ အလြန္အမင္းျဖစ္ေနတာမ်ိဳး ( ဥပမာ..ကိုယ္မပါဘဲ ဘယ္မွမသြားခိုင္းတာ ၊ အလြန္စိတ္ပူေနတတ္တာ)
_ ကိုယ့္ကိုယ္ကိုယ္ သိမ္ငယ္စိတ္ေတြဝင္တာမ်ိဳး( သူ႔ကိုယ့္ကိုမခ်စ္ပါဘူး ၊ ကိုယ္ကရုပ္မလွပါဘူးဆိုတာမ်ိဳး)
_ တစ္ခ်ိန္လံုး ဖုန္းဆက္ခ်င္၊ စာပို႔ခ်င္ေနတာမ်ိဳး
_ သူ႔ဆီက ဂရုစိုက္မႈကို ပဲ တစ္ခ်ိန္လံုးလိုခ်င္ေနတာမ်ိဳး
_ သူ႔ဆီက ဂရုစိုက္မႈရခ်င္လို႔ ကိုယ့္ကိုယ္ကိုယ္ ထိခိုက္ေအာင္လုပ္တာမ်ိဳး( မိမိအသားနာေအာင္လုပ္ၿပီး စိတ္ဆိုးျပတာ)
_ မိသားစု၊ အေပါင္းအသင္းေတြနဲ႔ ေဝးကြာလာၿပီး သူမွသူ ျဖစ္ေနတာမ်ိဳး
_ သူ႔အေၾကာင္းပဲ တစ္ခ်ိန္လံုးေျပာခ်င္ေနတာမ်ိဳး
_ အလုပ္ကိုေတာင္ စိတ္မဝင္စားႏိုင္၊ အာရံုမစိုက္ႏိုင္ဘဲ ေတြးေတာေနမိတာမ်ိဳးေတြဟာ ဒီ စြဲလန္းအခ်စ္ရဲ႕ လကၡဏာေတြပါ။

တခ်ိဳ႕ကလည္း တြဲေနတဲ့အခ်ိန္ အဆင္ေျပေနတဲ့အခ်ိန္မွာ သိပ္မသိသာဘဲ လမ္းခြဲသြားတဲ့အခ်ိန္မွာ အရမ္းျပင္းထန္လာၿပီး မိမိကိုယ္ကို (သို႔) ကိုယ္ခ်စ္ရတဲ့လူကို ထိခိုက္ေအာင္ လုပ္လာေတာ့ပါတယ္။ တကယ္ေတာ့ ဒီလိုျဖစ္ရျခင္းရဲ႕အေၾကာင္းရင္းေတြလည္း ရွိပါတယ္တဲ့။

၁) ငယ္ဘဝ အိမ္မက္ဆိုးေတြေၾကာင့္ ႏုနယ္တဲ့ ဆယ္ေက်ာ္သက္ ငယ္ဘဝကစလို႔ မိသားစုထဲမွာ လ်စ္လ်ဴရႈခံရတာ၊ ေဆြမ်ိဳးသားခ်င္းေတြနဲ႔ တစ္ခ်ိန္လံုး ႏႈိင္းယွဥ္ ခံရတာ၊ မိဘေတြ ဂရုစိုက္မခံရတာေတြေၾကာင့္ျဖစ္ႏုိင္ပါတယ္။

၂) ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ မရွိတာေၾကာင့္ ကိုယ့္လက္တြဲေဖာ္က ကိုယ့္ထက္ အစစအရာရာ သာလြန္ေနတဲ့အေနအထားမ်ိဳးရွိေနတဲ့အခါ ကိုယ့္ကိုယ္ကို ယံုၾကည္မႈမရွိေတာ့ဘဲ စြဲလမ္းအခ်စ္ ျဖစ္လာရပါတယ္။

၃) လြဲမွားတဲ့ အိမ္ေထာင္ေရးကို ျမင္ဖူးထားတာေၾကာင့္ ကေလးဘဝမွာ ခ်စ္ျခင္းေမတၱာကို သင္ယူတဲ့အခါ ၾကမ္းတမ္းတဲ့ ၊ ဟန္ခ်က္မညီတဲ့ အိမ္ေထာင္ေရးမ်ိဳးကို ျမင္ေတြ႕လာရတဲ့ ကေလးမ်ိဳးဟာ သူ႔အလွည့္က်ရင္ ပိုပိုသာသာခ်စ္ျပၿပီး ဒီလိုစြဲလန္းအခ်စ္မ်ိဳးျဖစ္လာတတ္ပါတယ္။

၄) အတၱႀကီးလြန္းတာေၾကာင့္ အရာရာေအာင္ျမင္ခ်င္တဲ့ အတၱႀကီးတဲ့သူဟာ အခ်စ္ေရးမွာလည္း တစ္ဖက္သတ္ ဆန္လာတတ္ပါတယ္။ သူမ်ားကို ထိန္းခ်ဳပ္ခ်င္တဲ့ စိတ္လည္းမ်ားလို႔ ဒီလို စြဲလမ္းခ်စ္မ်ိဳး ေပၚေပါက္လာတာမ်ိဳးေပါ့…

တကယ္ေတာ့ အခ်စ္ဆိုတာ ႏွစ္ဦးႏွစ္ဘက္ မၽွမၽွတတေတြးၿပီး အေပးအယူညီမွသာ ေပ်ာ္ရႊင္တဲ့ လိုက္ဖက္ညီတဲ့ စံုတြဲေတြ ျဖစ္မွာပါ။ ကိုယ္ကိုယ္တိုင္ပဲျဖစ္ျဖစ္၊ ကိုယ့္လက္တြဲေဖာ္မွာပဲျဖစ္ျဖစ္ စြဲလမ္းတဲ့အခ်စ္ရဲ႕ လကၡဏာမ်ိဳးေတြရွိေနမယ္ဆိုရင္ ရင္းႏွီးတဲ့ မိသားစုဆရာဝန္နဲ႔ တိုင္ပင္တာမ်ိဳးေတြ လုပ္သင့္ပါတယ္။

လူတိုင္း Healthy Relationships ေလးေတြနဲ႔ သာယာေပ်ာ္ရႊင္ပါေစ ဆႏၵျပဳရင္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မယ္တင္( ေဆး ၁)
# Unicode Version ျဖင့္ ဖတ္ပါ #
    အချစ်လွန်ကဲခြင်းကြောင့် ဒီလိုအဖြစ်မျိုးတွေ ဖြစ်ရပါတယ်ဆိုရင်…

ညီမလေးသို့…

လူတိုင်းဟာ ချစ်ဖို့၊ အချစ်ခံဖို့ မွေးဖွားလာကြတာပါ။ ” အဘိုးကလည်း အဘွားကို၊ အဖေကလည်း အမေ့ကို၊ ကိုယ်ကလည်း မင်းကို” ဆိုတဲ့ သီချင်းလေးလိုပဲ တစ်ယောက်တစ်ယောက် ၅၂၈ အချစ်၊ ၁၅၀၀ အချစ်တွေနဲ့ချစ်နေကြတဲ့သူချည်းပါပဲ။ ဒီအချစ်တွေ လွန်ကဲလာတာ၊ ရူးရူးမူးမူး ချစ်တာမျိုးကြတော့ရော ပုံမှန်မှဟုတ်ရဲ့လားဆိုတာ မေးစရာပါ။

အက်ဒ်မင်တို့ ကြားဖူးတဲ့ သတင်းတွေရှိပါတယ်။ “ချစ်သူရည်းစားက သူ့ကောင်လေး (သို့) ကောင်မလေးကို ထိခိုက်နာကျင်အောင်လုပ်လိုက်တယ်ဆိုတဲ့ ” သတင်းမျိုးတွေမှာ ဖြစ်နိုင်ချေတစ်ခုက ထိခိုက်အောင် လုပ်လိုက်တဲ့တစ်ယောက်ဟာ ” ရူးရူးမူးမူးအစွဲလမ်းကြီးတဲ့ ချစ်ခြင်း” ရဲ့ သားကောင်ဖြစ်နေနိုင်ပါတယ်။

ဆေးပညာ အယူအဆအရ တစ်ခုခုကိုလွန်လွန်ကဲကဲ ဖြစ်နေတာတွေကို မူမမှန်ဘူးလို့ ယူဆပါတယ်။ ဒီလို ရူးရူးမူးမူးချစ်တာမျိုးကြတော့ ( Obsessive Love Disorder) လို့ခေါ်ပါတယ်။ အလွန်အကျွံဆိုတာမျိုးကို ပြောရမယ်ဆိုရင် ပုံမှန်အားဖြင့် ချစ်စခင်စ ကြင်နာစ မှာ ပိုချစ် ပိုဂရုစိုက်တာ တစ်ချိန်လုံး တွေ့ချင်မြင်ချင်နေတတ်တာဟာ သဘာဝပါ။ သူ့အသံလေးပဲ ကြားချင်တယ်။ သူ့ကိုပဲ မြင်ချင်နေတယ်ဆိုတာမျိုး ချစ်သူရည်းစားဖြစ်ခါစမှ ဖြစ်နေတယ်ဆိုရင် ဒါဟာ ပုံမှန်ပါပဲနော်။

လူတွေအသက်ကြီးပြီးရင့်ကျက်လာသလို အချစ်တွေဟာလည်း သက်တမ်းကြာတာနဲ့အမျှ ရင့်ကျက်လာတတ်ပါတယ်။ ပူလောင်တာမျိုး မရှိတော့ဘဲ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်စိတ်ချလာတာမျိုးပေါ့။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့ချစ်တဲ့စိတ်ဟာ အချိန်ကြာလာတာနဲ့အမျှ ပူလောင်လာမယ်။ စိုးရိမ်ပူပန်စိတ်တွေ သဝန်တိုစိတ်တွေ သူ့အပေါ်မှာ တအားများလာမယ် ဆိုရင်တော့ ဒါကို သဘာဝထက် လွန်ကဲတယ်လို့ သတ်မှတ်ပါတယ်။ ဥပမာပြောရရင် .. သူ့သူငယ်ချင်း၊ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရင်လိုပြောဆိုဆက်ဆံတာမျိုးကအစ ကိုယ်က သံသယရှိလာတာမျိုးပါ။

နောက်တဖြည်းဖြည်း သူ့ကို ကိုယ်ထိလက်ရောက် ထိခိုက်အောင် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ လုပ်မိတာမျိုးတွေပါ ရှိလာမယ်ဆိုရင် ဒါကိုတော့ မူမမှန် အချစ်ရောဂါလို့ သတ်မှတ်ရပါလိမ့်မယ်။ ဒီလိုဖြစ်နေမှန်းသိသာနိုင်တဲ့လက္ခဏာတွေကတော့

_ သူ့ကို တစ်ချိန်လုံးသတိရနေတာမျိုး
_ သူ့ကို မယုံလို့ လိုက်ကြည့်ချင်နေတာမျိုး
_ သူ့ကို ကာကွယ်ပေးလိုစိတ်တွေ အလွန်အမင်းဖြစ်နေတာမျိုး ( ဥပမာ..ကိုယ်မပါဘဲ ဘယ်မှမသွားခိုင်းတာ ၊ အလွန်စိတ်ပူနေတတ်တာ)
_ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေဝင်တာမျိုး( သူ့ကိုယ့်ကိုမချစ်ပါဘူး ၊ ကိုယ်ကရုပ်မလှပါဘူးဆိုတာမျိုး)
_ တစ်ချိန်လုံး ဖုန်းဆက်ချင်၊ စာပို့ချင်နေတာမျိုး
_ သူ့ဆီက ဂရုစိုက်မှုကို ပဲ တစ်ချိန်လုံးလိုချင်နေတာမျိုး
_ သူ့ဆီက ဂရုစိုက်မှုရချင်လို့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်တာမျိုး( မိမိအသားနာအောင်လုပ်ပြီး စိတ်ဆိုးပြတာ)
_ မိသားစု၊ အပေါင်းအသင်းတွေနဲ့ ဝေးကွာလာပြီး သူမှသူ ဖြစ်နေတာမျိုး
_ သူ့အကြောင်းပဲ တစ်ချိန်လုံးပြောချင်နေတာမျိုး
_ အလုပ်ကိုတောင် စိတ်မဝင်စားနိုင်၊ အာရုံမစိုက်နိုင်ဘဲ တွေးတောနေမိတာမျိုးတွေဟာ ဒီ စွဲလန်းအချစ်ရဲ့ လက္ခဏာတွေပါ။

တချို့ကလည်း တွဲနေတဲ့အချိန် အဆင်ပြေနေတဲ့အချိန်မှာ သိပ်မသိသာဘဲ လမ်းခွဲသွားတဲ့အချိန်မှာ အရမ်းပြင်းထန်လာပြီး မိမိကိုယ်ကို (သို့) ကိုယ်ချစ်ရတဲ့လူကို ထိခိုက်အောင် လုပ်လာတော့ပါတယ်။ တကယ်တော့ ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေလည်း ရှိပါတယ်တဲ့။

၁) ငယ်ဘဝ အိမ်မက်ဆိုးတွေကြောင့် နုနယ်တဲ့ ဆယ်ကျော်သက် ငယ်ဘဝကစလို့ မိသားစုထဲမှာ လျစ်လျူရှုခံရတာ၊ ဆွေမျိုးသားချင်းတွေနဲ့ တစ်ချိန်လုံး နှိုင်းယှဉ် ခံရတာ၊ မိဘတွေ ဂရုစိုက်မခံရတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

၂) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာကြောင့် ကိုယ့်လက်တွဲဖော်က ကိုယ့်ထက် အစစအရာရာ သာလွန်နေတဲ့အနေအထားမျိုးရှိနေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့ဘဲ စွဲလမ်းအချစ် ဖြစ်လာရပါတယ်။

၃) လွဲမှားတဲ့ အိမ်ထောင်ရေးကို မြင်ဖူးထားတာကြောင့် ကလေးဘဝမှာ ချစ်ခြင်းမေတ္တာကို သင်ယူတဲ့အခါ ကြမ်းတမ်းတဲ့ ၊ ဟန်ချက်မညီတဲ့ အိမ်ထောင်ရေးမျိုးကို မြင်တွေ့လာရတဲ့ ကလေးမျိုးဟာ သူ့အလှည့်ကျရင် ပိုပိုသာသာချစ်ပြပြီး ဒီလိုစွဲလန်းအချစ်မျိုးဖြစ်လာတတ်ပါတယ်။

၄) အတ္တကြီးလွန်းတာကြောင့် အရာရာအောင်မြင်ချင်တဲ့ အတ္တကြီးတဲ့သူဟာ အချစ်ရေးမှာလည်း တစ်ဖက်သတ် ဆန်လာတတ်ပါတယ်။ သူများကို ထိန်းချုပ်ချင်တဲ့ စိတ်လည်းများလို့ ဒီလို စွဲလမ်းချစ်မျိုး ပေါ်ပေါက်လာတာမျိုးပေါ့…

တကယ်တော့ အချစ်ဆိုတာ နှစ်ဦးနှစ်ဘက် မျှမျှတတတွေးပြီး အပေးအယူညီမှသာ ပျော်ရွှင်တဲ့ လိုက်ဖက်ညီတဲ့ စုံတွဲတွေ ဖြစ်မှာပါ။ ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ကိုယ့်လက်တွဲဖော်မှာပဲဖြစ်ဖြစ် စွဲလမ်းတဲ့အချစ်ရဲ့ လက္ခဏာမျိုးတွေရှိနေမယ်ဆိုရင် ရင်းနှီးတဲ့ မိသားစုဆရာဝန်နဲ့ တိုင်ပင်တာမျိုးတွေ လုပ်သင့်ပါတယ်။

လူတိုင်း Healthy Relationships လေးတွေနဲ့ သာယာပျော်ရွှင်ပါစေ ဆန္ဒပြုရင်း

ဖိုးသူတော် (www.phothutaw.com)
Credit: မယ်တင်( ဆေး ၁)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top