iMyanmarHouse.com - Best Property Website for Myanmar
×
အိမ်အကူကို အဓ္ဓမပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ခံထားရသည့် သရုပ်ဆောင် သီဟတင်စိုးကို ၄င်း၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ နေအိမ်၌မရှိသည့်အတွက် မိသားစုဝင်များကို မှာကြားထားပြီး ရဲလုပ်ငန်းအရ ဆက်လက်ဆောင်ရွက်နေကြောင်း သုဝဏ္ဏနယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်သန်းနိုင်ကပြောသည်။
သရုပ်ဆောင်သီဟတင်စိုးသည် ၄င်း၏ နေအိမ်တွင် ဒေါ်ဇင်မာဦး၏ မိခင်ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်ရန် အိမ်အကူလုပ်ကိုင်နေသည့် အမျိုးသမီးကို ဇူလိုင် ၁၃ ရက်က အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ အမှုဖွင့်ခံထားရခြင်းဖြစ်ကြောင်း ရဲအုပ်သန်းနိုင် ကပြောသည်။
Credit: tawthu
# Unicode Version ဖြင့် ဖတ်ပါ #
အိမ်အကူကို အဓ္ဓမပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ခံထားရသည့် သရုပ်ဆောင် သီဟတင်စိုးကို ၎င်း၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ နေအိမ်၌မရှိသည့်အတွက် မိသားစုဝင်များကို မှာကြားထားပြီး ရဲလုပ်ငန်းအရ ဆက်လက်ဆောင်ရွက်နေကြောင်း သုဝဏ္ဏနယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်သန်းနိုင်ကပြောသည်။
“ပြစ်မှုကျူးလွန်တယ်လို့ တိုင်တန်းခံရတဲ့ သီဟတင်စိုးရဲ့နေအိမ်ကိုသွားရောက်စစ်ဆေးတယ်။ ရဲလုပ်ငန်းတွေအကုန်လုပ်ခဲ့တယ်။လုပ်ခဲ့ပြီးမှ သီဟတင်စိုးက လတ်တလောနေအိမ်မှာမရှိသေးတဲ့အတွက် ဒီအပေါ်မှာ
ဆက်လက်ဆောင်ဖို့အတွက် သူမိသားစုဝင်ကို မှာကြားထားပြီး ဖြစ်ပါတယ်။ ဆက်လက်ဆောင်ရွက်သွားပါ့မယ်”ဟု ၎င်းကပြောသည်။
သရုပ်ဆောင်သီဟတင်စိုးသည် ၎င်း၏ နေအိမ်တွင် ဒေါ်ဇင်မာဦး၏ မိခင်ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်ရန် အိမ်အကူလုပ်ကိုင်နေသည့် အမျိုးသမီးကို ဇူလိုင် ၁၃ ရက်က အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ အမှုဖွင့်ခံထားရခြင်းဖြစ်ကြောင်း ရဲအုပ်သန်းနိုင် ကပြောသည်။
“၁၃.၇.၂၀၁၈ ည ၈ နာရီခန့်က ဖြစ်စဉ်ဖြစ်ပါတယ်ဆိုပြီးတော့ တရားလိုပြုလုပ်ပြီး မခင်မာမြင့်က သုဝဏ္ဏနယ်မြေရဲစခန်းကို လာရောက်တိုင်တယ်။ အဲဒီတိုင်တန်းမှုနဲ့ ပတ်သက်ပြီးတော့ ပထမ စိစစ်မေးမြန်းပြီးတော့ သုဝဏ္ဏနယ်မြေ ရဲစခန်းက ပ/၃၈၆/၂၀၁၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆နဲ့သီဟတင်စိုးကို တိုင်ချက်ဖွင့်ပြီးတော့ အရေးယူဆောင်ရွက်မှုကို ပြုလုပ်နေပါတယ်” ဟု ၎င်းကပြောသည်။
လတ်တလောအခြေအနေအရ လုပ်သင့်လုပ်ထိုက်သည့် ရဲလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေဆဲကာလဖြစ်နေသည့်အတွက် ယင်းအမှုအသေးစိတ်ကို တိတိကျကျ ပြောဆို၍မရသေးကြောင်း ရဲအုပ်သန်းနိုင်ကပြောသည်။
တရားလိုဒေါ်ခင်မာမြင့် (အသက် ၄၀) သည် ရေနံချောင်းမြို့မင်းတမ်းရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ရန်ကုန်သို့ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ-ကျော်ကျော်
ဖိုးသူတော် (www.phothutaw.com)
Credit: tawthu
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top