iMyanmarHouse.com - Best Property Website for Myanmar
×

 ဒီဘက္ေခတ္ၾကီးမွာ ခ်စ္သူရည္းစားေတြဆုိတာ ပိုက္ဆံလုိပဲ ေန႔ျမင္ညေပ်ာက္ရယ္ပါ။ ကိုယ္ကဘာမွလည္းအမွားမလုပ္မိပါပဲ လက္ထဲကေနသူ႔အလိုလိုေလွ်ာက်ေပ်ာက္ဆံုးသြားရတဲ့ ခ်စ္ျခင္းေမတၱာေတြကလည္းရွိပါေသးတယ္။ ခ်စ္ျခင္းေမတၱာေတြလက္ထဲမွာမျမဲျခင္းကလည္း စိတ္က်န္းမာေရးကုိဆိုးရြားစြာထိခိုက္ေစတာပါပဲ။ ေျပာရရင္ ဒီေခတ္ၾကီးထဲမွာ ျမဲျမံခိုင္က်ည္တဲ့ခ်စ္ျခင္းေမတၱာေတြရွားပါးလာျပီလို႔ဆိုလိုတာပါ။ ဒီလိုျဖစ္ေနတာကလည္း အေနာက္တုိင္းနိုုင္ငံေတြမွာဆိုရင္ လူမ်ိဳးဘာသာအသက္အရြယ္မေရြး ျဖစ္ေနတယ္လို႔ကိုေျပာရမွာပါ။

အေရွ႕တိုင္းမွာဆိုရင္ေတာ့ လူငယ္ပုိင္းေတြမွာအျဖစ္မ်ားတာေပါ့ေလ။ ဆိုးတာက အဲလို ခ်စ္သူေတြမျမဲၾကေတာ့တာကိုျမင္ေနရေပမယ့္ ေတာင္မင္းေျမာက္မင္းမကယ္နုိင္ဆုိသလို လူအမ်ားစုက ကိုယ္ကုိယ္တိုင္ကလည္း အဲဒီေရစီးေၾကာင္းၾကီးထဲမွာ ကိုယ့္ဆႏၵပါသည္ျဖစ္ေစ မပါဘူးျဖစ္ေစ ယက္ကန္ယက္ကန္နဲ႔ ကူးခတ္ေနရတာမို႔ ဒီကိစၥနဲ႔ပတ္သက္ျပီး အခ်င္းခ်င္းထိေရာက္တဲ့ အကူအညီမေပးနုိင္သလို So called Relationship coach ေတြကလည္း အခ်ိ္န္ကုန္လူပန္းေစတာကလြဲလုိ႔ ျဖစ္ေျမာက္တဲ့ ေျပာင္းလဲမႈေတြ ယူေဆာင္လာေပးနိုင္ျခင္းမရွိပါဘူး။ ဒါေပမယ့္ တရုတ္ျပည္ကေက်ာင္းတစ္ေက်ာင္းကေတာ့ ဒီလိုကူကယ္ရာမဲ့ေနတဲ့အခ်စ္ေရးနယ္ပယ္ထဲမွာ အလင္းတစ္ပြင့္ထြန္းညွိလိုက္ပါျပီ။

အဲ့ဒါကေတာ့ ေက်ာင္းမွာ သင္ခန္းစာေတြသင္ရံုတင္မဟုတ္ပဲ အခ်စ္သင္ခန္းစာေတြပါသင္ၾကားေပးေနတာျဖစ္ပါတယ္။တရုတ္နုိင္ငံအေရွ႕ပုိင္းမွာအေျခစိုက္ထားတဲ့ Online college တစ္ခုဟာ ခ်စ္မႈဆိုင္ရာစိတ္ပညာနဲ႔ ခ်စ္ေရးခ်စ္ရာေတြမွာဘယ္လိုျပဳမူရမလဲ၊အခ်စ္ကုိၾကာရွည္တည္ျမဲေအာင္ဘယ္လိုထိန္းသိမ္းရမလဲဆိုတဲ့ သင္တန္းတစ္ခုဖြင့္လွစ္ခဲ့ပါတယ္။ အဲဒီသင္တန္းဟာတရုတ္ျပည္မွာေရာ အင္တာနက္ေပၚမွာပါ လူစိတ္ဝင္စားမႈျမင့္တက္ခဲ့ျပီး စဖြင့္ဖြင့္ခ်င္းမွာတင္ ဝင္ေရာက္စံုစမ္းသူ တစ္ဒသမနွစ္သန္းေက်ာ္ရွိခဲ့ေၾကာင္း သိရပါတယ္။ အဲဒီ သင္တန္းကုိဦးစီးသူကေတာ့ ေက်ာင္းအုပ္တစ္ဦးလည္းျဖစ္သလို ပါေမာကၡတစ္ဦးလည္းျဖစ္တဲ့ ဆရာ Duan Xinxing ပဲျဖစ္ပါတယ္။

တကၠသိုလ္ေက်ာင္းသားေက်ာင္းသူေပါင္းေျခာက္ရာေက်ာ္ သင္တန္းကုိတက္ေရာက္ခဲ့ျပီး သင္တန္းကိုစိတ္ဝင္စားသူေတြမ်ားျပားလြန္းတာေၾကာင့္ Online မွာ စတင္ဖြင့္လွစ္ခ်ိန္ကတည္းက ၾကိဳတင္စာရင္းေပးသူေတြနဲ႔ျပည့္သြားလို႔ သင္တန္းဝင္ခြင့္မရလိုက္သူေတြပါရွိေၾကာင္းသိရပါတယ္။ သင္တန္းမွာ တစ္ဖက္သတ္အခ်စ္ကုိ ဘယ္လိုက္ိုင္တြယ္ရမလဲ၊ ျမင္ျမင္ခ်င္းခ်စ္မိသြားတဲ့အခ်စ္အေၾကာင္းနဲ႔၊အေနေဝးေနတဲ့အခ်စ္ကုိတည္ျမဲေအာင္ဘယ္လိုထိန္းသိမ္းရမလဲဆိုတာေတြအျပင္
အထိမခံတဲ့ေခါင္းစဥ္ေတြျဖစ္တဲ့အခ်စ္နဲ႔အထိအေတြ႕လို ေခါင္းစဥ္မ်ိဳးေတြကုိပါသင္ၾကားေပးေၾကာင္းလည္းသိရပါတယ္။

ဒါ့အျပင္ သင္တန္းရဲ႕ထူးျခားတဲ့အခ်က္က အျခားသင္တန္းေတြလိုမဟုတ္ပဲ လက္ေတြ႔လုပ္ေဆာင္မႈေတြပါပါဝင္ေၾကာင့္ အတူတူပါဝင္သင္ယူၾကတဲ့ သင္တန္းသားသင္တန္းသူေတြအခ်င္းခ်င္းခ်စ္ၾကိဳက္သြားတာေတြေတာင္ရွိပါသတဲ့။အခုအခ်ိန္မွာဆိုရင္ Online class သင္တန္းသီးသန္႔မဟုတ္ပဲ အျပင္မွာပါလက္ေတြ႕သင္ၾကားေပးတဲ့ ဒီသင္တန္းကုိ စိတ္ဝင္စားေလွ်ာက္ထားသူေတြက လူငယ္ 90% ေလာက္ရွိေနျပီျဖစ္ေၾကာင္းလည္းသိရပါတယ္။

ဘယ္လိုလဲ..ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ.. ျမန္မာနုိင္ငံမွာ ဒါမ်ိဳးတစ္ခုရိွသင့္တယ္လို႔ိထင္လား..ဒါမွမဟုတ္ ဖူးစာရွင္ကုိပဲစိတ္ရွည္လက္ရွည္နဲ႔ေစာင့္ေနမယ့္သူေတြလား….။

Credit: San Wadi Hnin (Can’t Wait To Say)
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီဘက်ခေတ်ကြီးမှာ ချစ်သူရည်းစားတွေဆိုတာ ပိုက်ဆံလိုပဲ နေ့မြင်ညပျောက်ရယ်ပါ။ ကိုယ်ကဘာမှလည်းအမှားမလုပ်မိပါပဲ လက်ထဲကနေသူ့အလိုလိုလျှောကျပျောက်ဆုံးသွားရတဲ့ ချစ်ခြင်းမေတ္တာတွေကလည်းရှိပါသေးတယ်။ ချစ်ခြင်းမေတ္တာတွေလက်ထဲမှာမမြဲခြင်းကလည်း စိတ်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတာပါပဲ။ ပြောရရင် ဒီခေတ်ကြီးထဲမှာ မြဲမြံခိုင်ကျည်တဲ့ချစ်ခြင်းမေတ္တာတွေရှားပါးလာပြီလို့ဆိုလိုတာပါ။ ဒီလိုဖြစ်နေတာကလည်း အနောက်တိုင်းနိုင်ငံတွေမှာဆိုရင် လူမျိုးဘာသာအသက်အရွယ်မရွေး ဖြစ်နေတယ်လို့ကိုပြောရမှာပါ။

အရှေ့တိုင်းမှာဆိုရင်တော့ လူငယ်ပိုင်းတွေမှာအဖြစ်များတာပေါ့လေ။ ဆိုးတာက အဲလို ချစ်သူတွေမမြဲကြတော့တာကိုမြင်နေရပေမယ့် တောင်မင်းမြောက်မင်းမကယ်နိုင်ဆိုသလို လူအများစုက ကိုယ်ကိုယ်တိုင်ကလည်း အဲဒီရေစီးကြောင်းကြီးထဲမှာ ကိုယ့်ဆန္ဒပါသည်ဖြစ်စေ မပါဘူးဖြစ်စေ ယက်ကန်ယက်ကန်နဲ့ ကူးခတ်နေရတာမို့ ဒီကိစ္စနဲ့ပတ်သက်ပြီး အချင်းချင်းထိရောက်တဲ့ အကူအညီမပေးနိုင်သလို So called Relationship coach တွေကလည်း အချိန်ကုန်လူပန်းစေတာကလွဲလို့ ဖြစ်မြောက်တဲ့ ပြောင်းလဲမှုတွေ ယူဆောင်လာပေးနိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် တရုတ်ပြည်ကကျောင်းတစ်ကျောင်းကတော့ ဒီလိုကူကယ်ရာမဲ့နေတဲ့အချစ်ရေးနယ်ပယ်ထဲမှာ အလင်းတစ်ပွင့်ထွန်းညှိလိုက်ပါပြီ။

အဲ့ဒါကတော့ ကျောင်းမှာ သင်ခန်းစာတွေသင်ရုံတင်မဟုတ်ပဲ အချစ်သင်ခန်းစာတွေပါသင်ကြားပေးနေတာဖြစ်ပါတယ်။တရုတ်နိုင်ငံအရှေ့ပိုင်းမှာအခြေစိုက်ထားတဲ့ Online college တစ်ခုဟာ ချစ်မှုဆိုင်ရာစိတ်ပညာနဲ့ ချစ်ရေးချစ်ရာတွေမှာဘယ်လိုပြုမူရမလဲ၊အချစ်ကိုကြာရှည်တည်မြဲအောင်ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ သင်တန်းတစ်ခုဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီသင်တန်းဟာတရုတ်ပြည်မှာရော အင်တာနက်ပေါ်မှာပါ လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး စဖွင့်ဖွင့်ချင်းမှာတင် ဝင်ရောက်စုံစမ်းသူ တစ်ဒသမနှစ်သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီ သင်တန်းကိုဦးစီးသူကတော့ ကျောင်းအုပ်တစ်ဦးလည်းဖြစ်သလို ပါမောက္ခတစ်ဦးလည်းဖြစ်တဲ့ ဆရာ Duan Xinxing ပဲဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားကျောင်းသူပေါင်းခြောက်ရာကျော် သင်တန်းကိုတက်ရောက်ခဲ့ပြီး သင်တန်းကိုစိတ်ဝင်စားသူတွေများပြားလွန်းတာကြောင့် Online မှာ စတင်ဖွင့်လှစ်ချိန်ကတည်းက ကြိုတင်စာရင်းပေးသူတွေနဲ့ပြည့်သွားလို့ သင်တန်းဝင်ခွင့်မရလိုက်သူတွေပါရှိကြောင်းသိရပါတယ်။ သင်တန်းမှာ တစ်ဖက်သတ်အချစ်ကို ဘယ်လိုကိုင်တွယ်ရမလဲ၊ မြင်မြင်ချင်းချစ်မိသွားတဲ့အချစ်အကြောင်းနဲ့၊အနေဝေးနေတဲ့အချစ်ကိုတည်မြဲအောင်ဘယ်လိုထိန်းသိမ်းရမလဲဆိုတာတွေအပြင်
အထိမခံတဲ့ခေါင်းစဉ်တွေဖြစ်တဲ့အချစ်နဲ့အထိအတွေ့လို ခေါင်းစဉ်မျိုးတွေကိုပါသင်ကြားပေးကြောင်းလည်းသိရပါတယ်။

ဒါ့အပြင် သင်တန်းရဲ့ထူးခြားတဲ့အချက်က အခြားသင်တန်းတွေလိုမဟုတ်ပဲ လက်တွေ့လုပ်ဆောင်မှုတွေပါပါဝင်ကြောင့် အတူတူပါဝင်သင်ယူကြတဲ့ သင်တန်းသားသင်တန်းသူတွေအချင်းချင်းချစ်ကြိုက်သွားတာတွေတောင်ရှိပါသတဲ့။အခုအချိန်မှာဆိုရင် Online class သင်တန်းသီးသန့်မဟုတ်ပဲ အပြင်မှာပါလက်တွေ့သင်ကြားပေးတဲ့ ဒီသင်တန်းကို စိတ်ဝင်စားလျှောက်ထားသူတွေက လူငယ် 90% လောက်ရှိနေပြီဖြစ်ကြောင်းလည်းသိရပါတယ်။

ဘယ်လိုလဲ..ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. မြန်မာနိုင်ငံမှာ ဒါမျိုးတစ်ခုရှိသင့်တယ်လို့ိထင်လား..ဒါမှမဟုတ် ဖူးစာရှင်ကိုပဲစိတ်ရှည်လက်ရှည်နဲ့စောင့်နေမယ့်သူတွေလား….။

Credit: San Wadi Hnin (Can’t Wait To Say)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top