iMyanmarHouse.com - Best Property Website for Myanmar
×

ဟိုးအရင္ေတြကေတာ့ ေပါက္ေပါက္ကို ဆားငန္ငန္ေလးနဲ႔ပဲ စားသံုးခဲ့ၾကေပမယ့္ ခုေတာ့ အရသာခ်ိဳဆိမ့္ဆိမ့္ အနံ႔ေမႊးေမႊးေလးျဖစ္ေအာင္ ေထာပတ္ေလးနဲ႔ေရာၿပီး ေထာပတ္ေပါက္ေပါက္အျဖစ္ တြင္တြင္က်ယ္က်ယ္ စားသံုးလာၾကပါတယ္။ ေထာပတ္ေပါက္ေပါက္က ရုပ္ရွင္ခ်စ္သူေတြအတြက္ အေကာင္းဆံုး အစားအစာတစ္မ်ိဳးလည္း ျဖစ္မွာပါ။ ေတာ္ေတာ္မ်ားမ်ားက ေထာပတ္ေပါက္ေပါက္ကို ရုပ္ရွင္ၾကည့္ရင္း စားၾကတာေၾကာင့္ပါ။ ေထာပတ္ေပါက္ေပါက္ကို အပ်င္းေျပ စားၾကတယ္ဆိုေပမယ့္ သူ႔မွာပါဝင္တဲ့ အာဟာရဓါတ္ေတြကေတာ့ က်န္းမာေရးကို မ်ားစြာ အေထာက္အကူျပဳပါတယ္။

ေထာပတ္ေပါက္ေပါက္ဟာ ကုိလက္စထေရာ ပမာဏကို ေလွ်ာ့နည္းေစပါတယ္။ ေထာပတ္ေပါက္ေပါက္မွာ အမွ်င္ဓါတ္ေတြ မ်ားမ်ားစားစားပါဝင္တာေၾကာင့္ ေသြးလႊတ္ေၾကာနဲ႔ ေသြးျပန္ေၾကာမွာရွိတဲ့ ကိုလက္ထစေရာေတြကို ေလွ်ာ့ေက်ေစပါတယ္။ ဒီအေနအထားဟာ ႏွလံုးေရာဂါ ျဖစ္ပြားျခင္းနဲ႔ ေလျဖတ္ျခင္းေတြကို ကာကြယ္ၿပီးသား ျဖစ္ပါတယ္။

ေထာပတ္ေပါက္ေပါက္မွာ အမွ်င္ဓါတ္မ်ားမ်ား ပါဝင္တာဟာ တျခားသစ္သီးဝလံေတြလိုပါပဲ။ အမွ်င္ဓါတ္မ်ားမ်ား ပါဝင္တာက အစာေျခစနစ္ကို ေကာင္းမြန္ေစတယ္ဆိုတာ သိထားၿပီး ျဖစ္မွာပါ။ ေထာပတ္ေပါက္ေပါက္မွာ ပါဝင္တဲ့ အာဟာရဓါတ္ေတြဟာ ေပါင္မုန္႔လိုပဲ က်န္းမာေရးေကာင္းေစပါတယ္။ ဒါ့အျပင္ ဗီတာမင္ ဘီနဲ႔ ဗီတာမင္အီးလည္း ပါဝင္တာမို႔ အသားအေရလည္း စိုျပည္ၾကည္လင္ေစပါတယ္။

ေထာပတ္ေပါက္ေပါက္ဟာ ခႏၶာကိုယ္အတြင္းမွာရွိတဲ့ ေသြးတြင္းသၾကားဓါတ္ကို ထိန္းညွိေပးပါတယ္။ ခႏၶာကုိယ္ထဲက သၾကားဓါတ္နဲ႔ အင္ဆူလင္ပမာဏဓါတ္ကို ထိန္းညွိေပးထားဖို႔အတြက္ အမွ်င္ဓါတ္ လိုပါတယ္။ ေထာပတ္ေပါက္ေပါက္ဟာ သၾကားဓါတ္မ်ားျခင္းေၾကာင့္ ျဖစ္တဲ့ ေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။
(၂၀၁၂) ခုႏွစ္ Scranton တကၠသိုလ္ရဲ႕ ေလ့လာခ်က္အရ ေထာပတ္ေပါက္ေပါက္မွာ ဓါတ္တိုးဆန္႔က်င္မႈေတြ အမ်ားအျပား ပါဝင္တယ္လို႔ ဆိုထားပါတယ္။ ဓါတ္တုိးဆန္႔က်င္္မႈ မ်ားျခင္းဟာ အရိုးေရာင္ျခင္း၊ အရိုးပြျခင္းနဲ႔ ဆီးခ်ိဳေရာဂါေတြ မျဖစ္ေအာင္ တားဆီးေပးပါတယ္။ ေထာပတ္ေပါက္ေပါက္မွာ ပါဝင္တဲ့ ဓါတ္တိုးဆန္႔က်င္မႈဟာ ကင္ဆာေရာဂါျဖစ္ေစႏိုင္တဲ့ ဆဲလ္ေသတြကို တိုက္ထုတ္ေပးႏိုင္ပါေသးတယ္။ ခႏၶာကိုယ္အတြက္ ေကာင္းက်ိဳးမေပးႏိုင္တဲ့ free radicals ေတြကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

ေထာပတ္ေပါက္ေပါက္ကို ကိုယ္အေလးခ်ိန္ တက္ေစတဲ့အစားအစာလို႔ ထင္ေနရင္ေတာ့ မွားေနပါၿပီ။ ေထာပတ္ေပါက္ေပါက္ တစ္ခြက္မွာ ကယ္လိုရီ (၃၀) ပဲ ပါဝင္ပါတယ္။ ဒါဟာ အာလူးေၾကာ္တစ္ထုတ္စာနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ ငါးဆေတာင္ ကယ္လိုရီနည္းပါတယ္။ ဒါ့အျပင္ ေထာပတ္ေပါက္ေပါက္ဟာ တျခားသြားေရစာ မုန္႔ေတြလိုမ်ိဳး ဆီေတြ ပါဝင္မႈ နည္းတာေၾကာင့္ ခႏၶာကိုယ္အေလးခ်ိန္ မတက္ေစပါဘူး။
ေထာပတ္ေပါက္ေပါက္က အရြယ္တင္ႏုပ်ိဳေစတဲ့ အစားအစာေတြထဲမွာလည္း ပါဝင္ပါတယ္။ အရြယ္မတိုင္ခင္ အသက္အရြယ္ႀကီးရင့္သေယာင္ ျဖစ္ေစတဲ့ အေရးအေၾကာင္းျဖစ္ျခင္း၊ အသားအေရတင္းရင္းမႈ နည္းျခင္း၊ အစက္အေျပာက္ျဖစ္ျခင္းေတြကို ေလွ်ာ့နည္းေစပါတယ္။ ေထာပတ္ေပါက္ေပါက္ စားေလေလ free radicals ေလ်ာ့နည္းေလ ျဖစ္ၿပီး ပိုမိုက်န္းမာ လွပလာမွာပါ။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ဟိုးအရင်တွေကတော့ ပေါက်ပေါက်ကို ဆားငန်ငန်လေးနဲ့ပဲ စားသုံးခဲ့ကြပေမယ့် ခုတော့ အရသာချိုဆိမ့်ဆိမ့် အနံ့မွှေးမွှေးလေးဖြစ်အောင် ထောပတ်လေးနဲ့ရောပြီး ထောပတ်ပေါက်ပေါက်အဖြစ် တွင်တွင်ကျယ်ကျယ် စားသုံးလာကြပါတယ်။ ထောပတ်ပေါက်ပေါက်က ရုပ်ရှင်ချစ်သူတွေအတွက် အကောင်းဆုံး အစားအစာတစ်မျိုးလည်း ဖြစ်မှာပါ။ တော်တော်များများက ထောပတ်ပေါက်ပေါက်ကို ရုပ်ရှင်ကြည့်ရင်း စားကြတာကြောင့်ပါ။ ထောပတ်ပေါက်ပေါက်ကို အပျင်းပြေ စားကြတယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ အာဟာရဓါတ်တွေကတော့ ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။

ထောပတ်ပေါက်ပေါက်ဟာ ကိုလက်စထရော ပမာဏကို လျှော့နည်းစေပါတယ်။ ထောပတ်ပေါက်ပေါက်မှာ အမျှင်ဓါတ်တွေ များများစားစားပါဝင်တာကြောင့် သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောမှာရှိတဲ့ ကိုလက်ထစရောတွေကို လျှော့ကျေစေပါတယ်။ ဒီအနေအထားဟာ နှလုံးရောဂါ ဖြစ်ပွားခြင်းနဲ့ လေဖြတ်ခြင်းတွေကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။

ထောပတ်ပေါက်ပေါက်မှာ အမျှင်ဓါတ်များများ ပါဝင်တာဟာ တခြားသစ်သီးဝလံတွေလိုပါပဲ။ အမျှင်ဓါတ်များများ ပါဝင်တာက အစာခြေစနစ်ကို ကောင်းမွန်စေတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ထောပတ်ပေါက်ပေါက်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာ ပေါင်မုန့်လိုပဲ ကျန်းမာရေးကောင်းစေပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီနဲ့ ဗီတာမင်အီးလည်း ပါဝင်တာမို့ အသားအရေလည်း စိုပြည်ကြည်လင်စေပါတယ်။

ထောပတ်ပေါက်ပေါက်ဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ထဲက သကြားဓါတ်နဲ့ အင်ဆူလင်ပမာဏဓါတ်ကို ထိန်းညှိပေးထားဖို့အတွက် အမျှင်ဓါတ် လိုပါတယ်။ ထောပတ်ပေါက်ပေါက်ဟာ သကြားဓါတ်များခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၂၀၁၂) ခုနှစ် Scranton တက္ကသိုလ်ရဲ့ လေ့လာချက်အရ ထောပတ်ပေါက်ပေါက်မှာ ဓါတ်တိုးဆန့်ကျင်မှုတွေ အများအပြား ပါဝင်တယ်လို့ ဆိုထားပါတယ်။ ဓါတ်တိုးဆန့်ကျင်မှု များခြင်းဟာ အရိုးရောင်ခြင်း၊ အရိုးပွခြင်းနဲ့ ဆီးချိုရောဂါတွေ မဖြစ်အောင် တားဆီးပေးပါတယ်။ ထောပတ်ပေါက်ပေါက်မှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုဟာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဆဲလ်သေတွကို တိုက်ထုတ်ပေးနိုင်ပါသေးတယ်။ ခန္ဓာကိုယ်အတွက် ကောင်းကျိုးမပေးနိုင်တဲ့ free radicals တွေကိုလည်း လျှော့ချပေးပါတယ်။

ထောပတ်ပေါက်ပေါက်ကို ကိုယ်အလေးချိန် တက်စေတဲ့အစားအစာလို့ ထင်နေရင်တော့ မှားနေပါပြီ။ ထောပတ်ပေါက်ပေါက် တစ်ခွက်မှာ ကယ်လိုရီ (၃၀) ပဲ ပါဝင်ပါတယ်။ ဒါဟာ အာလူးကြော်တစ်ထုတ်စာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ငါးဆတောင် ကယ်လိုရီနည်းပါတယ်။ ဒါ့အပြင် ထောပတ်ပေါက်ပေါက်ဟာ တခြားသွားရေစာ မုန့်တွေလိုမျိုး ဆီတွေ ပါဝင်မှု နည်းတာကြောင့် ခန္ဓာကိုယ်အလေးချိန် မတက်စေပါဘူး။
ထောပတ်ပေါက်ပေါက်က အရွယ်တင်နုပျိုစေတဲ့ အစားအစာတွေထဲမှာလည်း ပါဝင်ပါတယ်။ အရွယ်မတိုင်ခင် အသက်အရွယ်ကြီးရင့်သယောင် ဖြစ်စေတဲ့ အရေးအကြောင်းဖြစ်ခြင်း၊ အသားအရေတင်းရင်းမှု နည်းခြင်း၊ အစက်အပြောက်ဖြစ်ခြင်းတွေကို လျှော့နည်းစေပါတယ်။ ထောပတ်ပေါက်ပေါက် စားလေလေ free radicals လျော့နည်းလေ ဖြစ်ပြီး ပိုမိုကျန်းမာ လှပလာမှာပါ။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top