iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ္ရွင္သရုပ္ေဆာင္ဆိုတာ ခံစားခ်က္အမွန္ကိုဖံုးကြယ္ျပီး အိုက္တင္မ်ိဳးစံုနဲ႕ ရွင္သန္ေနရသူေတြပါ။ အထူးသျဖင့္ ဟာသသရုပ္ေဆာင္ေတြရဲ႕ စိတ္က
ပိုျပီးထိုးေဖာက္ျမင္ႏိုင္ဖို႕ ခက္ခဲပါတယ္ လူေတြအျမင္မွာေပ်ာ္ရႊင္တယ္လို႕ ထင္ေနရတဲ့သူေတြဘဝမွာ ေျပာျပလို႕မရႏိုင္တဲ့ ဝမ္းနည္းနာက်င္မႈေတြ
ရွိေနတတ္ပါတယ္။

ဒီေနေျပာျပေပးခ်င္တာက ဟာသသရုပ္ေဆာင္ၾကဴၾကဴသင္း အေၾကာင္းျဖစ္ပါတယ္။ကိုယ္လံုးၾကီးၾကီးနဲ႕ တင္ပါးအၾကီးၾကီးကိုျမင္တိုင္း ပရိသတ္ေတြရဲ႕မ်က္ႏွာမွာ အျပံဳးတစ္ခုေရာက္လာေစဖို႕ ဖန္တီးေပးခဲ့သူ ဆိုလည္း မမွားပါဘူး။

အရင္ဆံုးၾကဴၾကဴသင္းဆိုတဲ့ နာမည္ေလးဘယ္လိုရလာလည္းဆိုတာ
ေျပာျပသြားပါတယ္။

“ အမငယ္ငယ္ကအရမ္းရုပ္ဆိုးတာ။ ဝတုတ္ျပီး ပါးေဖာင္းေဖာင္းၾကီးနဲ႕ ထိုင္ရင္လည္း ပံု႕ပံုၾကီး ၊ ရုပ္ကေလးကလည္း ဆူဆူေလး ဆိုေတာ့ တစ္အိမ္လံုးကအမကို‘ပံုဆိုး’လို႕ေခၚတာ။ေတာ္ေတာ္ေလးၾကီးတဲ့အထိ ‘ပံုပံု’၊‘ပံုဆိုး’လို႕ေခၚတယ္။ ေဖေဖကငါ့သမီးေလးကို ဒီလိုမ်ိဳးမေခၚပါနဲ႕ နာမည္ေတာ့ပ်က္ေတာ့မွာပဲဆိုျပီး ေျပာတယ္။ အဲ့ဒါနဲ႕ ေဖေဖက စႏၵရားတီးေတာ့သီခ်င္းနာမည္ေလး ‘ၾကဴၾကဴသင္း’ဆိုျပီး ေပးလိုက္တာ။အမကိုသူမ်ားေတြ အရင္သတိထားမိၾကတာက တင္ပါးပဲ။တင္ပါးၾကီးၾကီးနဲ႕ ဟာသသရုပ္ေဆာင္တစ္ေယာက္ဆိုျပီး ခ်စ္ၾကတာပါ” လို႕ ေျပာပါတယ္။

ကိုယ့္ဘဝအေၾကာင္းကိုသိျပီး ပရိသတ္ေတြမငိုေစခ်င္တဲ့အတြက္ အင္တာဗ်ဴးေတာင္မေျဖတဲ့ အေၾကာင္း ၾကဴၾကဴသင္းက ခုလိုေျပာပါတယ္။

“ အန္တီၾကဴသင္းတစ္ခါတုန္းက MRTV- 4 မွာအင္တာဗ်ဴးလုပ္ဖူးတယ္။ မိသားစုအေၾကာင္း ေကာက္ကာငင္ကာေမးလိုက္ေတာ့ အန္တီ မ်က္ရည္က်ခဲ့တယ္။အျပင္မွာၾကည့္လိုက္တဲ့ လူေတြကအန္တီအေၾကာင္းၾကားေတာ့မ်က္ရည္က်ျပီး ငိုၾကတယ္။ အဲ့လိုဆိုေတာ့ စိတ္မေကာင္းဘူး။ အဲ့ဒါေၾကာင့္အင္တာဗ်ဴးဆို ေရွာင္တယ္။ကိုယ့္ရဲ႕လမ္းေၾကာင္းမလွတဲ့အတြက္ ပရိသတ္ေတြကိုမငိုေစခ်င္ဘူး။ဟာသသရုပ္ေဆာင္တစ္ေယာက္ကို ဟာသအျမင္နဲ႕ပဲကိုယ့္ကို ေပ်ာ္ေပ်ာ္ေလးပဲျမင္ေစခ်င္တယ္။ အန္တီၾကဴသင္းအိမ္ေထာင္ပ်က္ထားပါတယ္။ အခုတစ္ေယာက္တည္းပါ။ ဘဝမွာ အၾကီးမားဆံုးအမည္းစက္ၾကီးတစ္ခုေပါ့။ဒါေပမဲ့ဒီဘဝေလးမွာ အခုလိုအခ်ိန္ေလး ေနရတာေပ်ာ္ပါတယ္။” လို႕ဝမ္းနည္းစြာေျပာပါတယ္။

ပရိသတ္ေတြရဲ႕ မ်က္ႏွာမွာ အျပံဳးရိပ္ေတြထင္ေစခဲ့တဲ့ အန္တီၾကဴၾကဴသင္းရဲ႕ ရင္ထဲမွာေတာ့ ဝမ္းနည္းမိုးရိပ္ေတြ အျမဲရြာေနစျမဲပါ ပရိသတ္ၾကီးေရ

Credit: Nanmalagyi
# Unicode Version ျဖင့္ ဖတ္ပါ #
ရုပ်ရှင်သရုပ်ဆောင်ဆိုတာ ခံစားချက်အမှန်ကိုဖုံးကွယ်ပြီး အိုက်တင်မျိုးစုံနဲ့ ရှင်သန်နေရသူတွေပါ။ အထူးသဖြင့် ဟာသသရုပ်ဆောင်တွေရဲ့ စိတ်က
ပိုပြီးထိုးဖောက်မြင်နိုင်ဖို့ ခက်ခဲပါတယ် လူတွေအမြင်မှာပျော်ရွှင်တယ်လို့ ထင်နေရတဲ့သူတွေဘဝမှာ ပြောပြလို့မရနိုင်တဲ့ ဝမ်းနည်းနာကျင်မှုတွေ
ရှိနေတတ်ပါတယ်။

ဒီနေပြောပြပေးချင်တာက ဟာသသရုပ်ဆောင်ကြူကြူသင်း အကြောင်းဖြစ်ပါတယ်။ကိုယ်လုံးကြီးကြီးနဲ့ တင်ပါးအကြီးကြီးကိုမြင်တိုင်း ပရိသတ်တွေရဲ့မျက်နှာမှာ အပြုံးတစ်ခုရောက်လာစေဖို့ ဖန်တီးပေးခဲ့သူ ဆိုလည်း မမှားပါဘူး။

အရင်ဆုံးကြူကြူသင်းဆိုတဲ့ နာမည်လေးဘယ်လိုရလာလည်းဆိုတာ
ပြောပြသွားပါတယ်။

“ အမငယ်ငယ်ကအရမ်းရုပ်ဆိုးတာ။ ဝတုတ်ပြီး ပါးဖောင်းဖောင်းကြီးနဲ့ ထိုင်ရင်လည်း ပုံ့ပုံကြီး ၊ ရုပ်ကလေးကလည်း ဆူဆူလေး ဆိုတော့ တစ်အိမ်လုံးကအမကို‘ပုံဆိုး’လို့ခေါ်တာ။တော်တော်လေးကြီးတဲ့အထိ ‘ပုံပုံ’၊‘ပုံဆိုး’လို့ခေါ်တယ်။ ဖေဖေကငါ့သမီးလေးကို ဒီလိုမျိုးမခေါ်ပါနဲ့ နာမည်တော့ပျက်တော့မှာပဲဆိုပြီး ပြောတယ်။ အဲ့ဒါနဲ့ ဖေဖေက စန္ဒရားတီးတော့သီချင်းနာမည်လေး ‘ကြူကြူသင်း’ဆိုပြီး ပေးလိုက်တာ။အမကိုသူများတွေ အရင်သတိထားမိကြတာက တင်ပါးပဲ။တင်ပါးကြီးကြီးနဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဆိုပြီး ချစ်ကြတာပါ” လို့ ပြောပါတယ်။

ကိုယ့်ဘဝအကြောင်းကိုသိပြီး ပရိသတ်တွေမငိုစေချင်တဲ့အတွက် အင်တာဗျူးတောင်မဖြေတဲ့ အကြောင်း ကြူကြူသင်းက ခုလိုပြောပါတယ်။

“ အန်တီကြူသင်းတစ်ခါတုန်းက MRTV- 4 မှာအင်တာဗျူးလုပ်ဖူးတယ်။ မိသားစုအကြောင်း ကောက်ကာငင်ကာမေးလိုက်တော့ အန်တီ မျက်ရည်ကျခဲ့တယ်။အပြင်မှာကြည့်လိုက်တဲ့ လူတွေကအန်တီအကြောင်းကြားတော့မျက်ရည်ကျပြီး ငိုကြတယ်။ အဲ့လိုဆိုတော့ စိတ်မကောင်းဘူး။ အဲ့ဒါကြောင့်အင်တာဗျူးဆို ရှောင်တယ်။ကိုယ့်ရဲ့လမ်းကြောင်းမလှတဲ့အတွက် ပရိသတ်တွေကိုမငိုစေချင်ဘူး။ဟာသသရုပ်ဆောင်တစ်ယောက်ကို ဟာသအမြင်နဲ့ပဲကိုယ့်ကို ပျော်ပျော်လေးပဲမြင်စေချင်တယ်။ အန်တီကြူသင်းအိမ်ထောင်ပျက်ထားပါတယ်။ အခုတစ်ယောက်တည်းပါ။ ဘဝမှာ အကြီးမားဆုံးအမည်းစက်ကြီးတစ်ခုပေါ့။ဒါပေမဲ့ဒီဘဝလေးမှာ အခုလိုအချိန်လေး နေရတာပျော်ပါတယ်။” လို့ဝမ်းနည်းစွာပြောပါတယ်။

ပရိသတ်တွေရဲ့ မျက်နှာမှာ အပြုံးရိပ်တွေထင်စေခဲ့တဲ့ အန်တီကြူကြူသင်းရဲ့ ရင်ထဲမှာတော့ ဝမ်းနည်းမိုးရိပ်တွေ အမြဲရွာနေစမြဲပါ ပရိသတ်ကြီးရေ

Credit: Nanmalagyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top