iMyanmarHouse.com - Best Property Website for Myanmar
×


အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့အချိန်ကတည်း နာမည်လေးနဲ့လိုက်အောင် ပြည့်ပြည့်ဖူးဖူးလေးနဲ့ ချစ်စရာကောင်းနေတဲ့ ပြည့်ဖူးခိုင်လေးကတော့ အခုအခါမှာ ထက်ထက်မိုးဦးရဲ့ ကိုယ်ပွားလေးလို့ ထင်မှတ်ရလောက်အောင် ထက်ထက်မိုးဦးနဲ့ တူလွန်းနေတာတွေ့ရပါတယ်





Credit: takhon.com
# Unicode Versionဖြင့် ဖတ်ပါ #


ဂီတအနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ ပြီးခဲ့တဲ့နှစ်တွေက လူငယ်အားပေးမှုတွေအခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်အဆိုတော်မလေး ပြည့်ဖူးခိုင်ကိုတော့ ပရိသတ်ကြီးမှတ်မိလောက်မယ်ထင်ပါတယ်..။

အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့အချိန်ကတည်း နာမည်လေးနဲ့လိုက်အောင် ပြည့်ပြည့်ဖူးဖူးလေးနဲ့ ချစ်စရာကောင်းနေတဲ့ ပြည့်ဖူးခိုင်လေးကတော့ အခုအခါမှာ ထက်ထက်မိုးဦးရဲ့ ကိုယ်ပွားလေးလို့ ထင်မှတ်ရလောက်အောင် ထက်ထက်မိုးဦးနဲ့ တူလွန်းနေတာေတွေ့ရပါတယ်

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ “L’Oréal Paris Red Carpet Show..” အခမ်းအနားပွဲတတ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကတော့ ထိပ်တန်းမင်းသမီး ထက်ထက်မိုးဦးနဲ့ တူလွန်းနေတာကိုလည်း ပရိသတ်ကြီး တွေ့မြင်ရမှာ ဖြစ်ပါတယ်..။

အမှတ်တမဲ့ကြည့်လိုက်ရင် ပြည်သူ့အချစ်တော်နာမည်ကျော် ဝါရင့်သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦးနဲ့ တူလွန်းတယ်ဆိုပြီး ပရိသတ်တွေကြား တကျော့ပြန်ရေပန်းစားနေတဲ့ ပြည့်ဖူးခိုင်လေးကတော့ အနုပညာအလုပ်တွေကို သူမရဲ့ပရိသတ်တွေအတွက် ပြန်လည်လုပ်ဆောင်တော့မှာသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

အနုပညာလုပ်ငန်းတွေနဲ့ (၇)နှစ်ကျော်လောက် ဝေးကွာနေတဲ့ ပြည့်ဖူးခိုင်လေးဟာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ လှုပ်ရှားမှုပုံရိပ်လေးတွေအမြဲမျှဝေလေ့ရှိပြီး ပရိသတ်တွေနဲ့ အဆက်သွားမပြတ်ရှိခဲ့ကာ ပရိသတ်တွေကလည်း ယနေ့အချိန်အထိ အားပေးချစ်ခင်နေကြတာ တွေ့ရပါတယ်..။

အဆိုတော်မင်းသမီးချောလေး ပြည့်ဖူးခိုင်ရဲ့ အခမ်းအနားပွဲတတ်အလှပုံရိပ်လေးတွေကို ချစ်ရတဲ့ပရိသတ်တွေကို တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်တာမို့ ဓာတ်ပုံလေးတွေကြည့်ပြီး မင်းသမီးထက်ထက်မိုးဦးနဲ့ တူ မတူဆိုတာလေးလည်း Comment လေးတွေမှာ ပြောပေးသွားပါဦးနော်..။

Credit: takhon.com
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top