iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးအမ်ားစုဟာ သူတုိ႕ရဲ႕ ရင္သားထိပ္ေခါင္းေတြ မာေက်ာၿပီး နာက်င္လာတယ္ဆုိရင္ ဒါဟာ ေရာဂါ ဆုိးဆုိးရြားရြားတစ္ခု ျဖစ္ေနၿပီဆုိၿပီး စုိးရိမ္တတ္ၾကပါတယ္။ ဒါေပမဲ့ သတင္းေကာင္းတစ္ခုကေတာ့ ဆုိးဆုိးရြားရြား ေရာဂါေတြ ေၾကာင့္ ရင္သားထိပ္ေခါင္းေတြနာက်င္တာက ရွားပါတယ္။ ရင္သားထိပ္ေခါင္းေတြဟာ အားကစားတစ္ခုခု လုပ္တဲ့အခါမ်ဳိး၊ ခႏၶာကိုယ္လုပ္ေဆာင္ခ်က္ေတြေျပာင္းလဲလာတဲ့အခါမ်ဳိး၊ ေဟာ္မုန္းေတြ ေျပာင္းလဲတဲ့အခါမ်ဳိးမွာ ေရာင္ရမ္း နာက်င္လာႏုိင္ပါတယ္။ ရင္သားထိပ္ေခါင္းေတြ နာက်င္လာတတ္တာ သဘာဝတစ္ရပ္ပါပဲ။ ဒီေဆာင္းပါးေလးထဲမွာေတာ့ Hello Sayarwon ပရိတ္သတ္ႀကီး အတြက္ ရင္သားထိပ္ေခါင္းေတြ နာက်င္ရတဲ့ အေၾကာင္းရင္း၊ လကၡဏာမ်ားနဲ႕ ဘယ္လုိ ကုသရမလဲဆုိတဲ့ နည္းလမ္းေတြကို ေဖာ္ျပေပးသြားမွာပါ။

၁။ အားကစားလုပ္ျခင္း။

ေလ့က်င့္ခန္းလုပ္တဲ့အခါမွာ အဝတ္နဲ႕ ရင္သားထိပ္ေခါင္းေတြ ပြတ္တုိက္မႈျဖစ္ၿပီး နာက်င္မႈ ျဖစ္လာႏုိင္ပါတယ္။ ဒီလုိ ရင္သားထိပ္ေခါင္းနာက်င္ျခင္းဟာ အားကစားဝတ္ ဘရာစီယာ မပါဘဲ အားကစားလုပ္တတ္တဲ့ အမ်ဳိးသမီးမ်ား၊ အရြယ္အစား မကုိက္ညီတဲ့ ဘရာစီယာ ဝတ္ၿပီး အားကစားလုပ္ၾကတဲ့ အမ်ဳိးသမီးေတြမွာ အျဖစ္မ်ားပါတယ္။ ဒီလုိ ပြတ္တုိက္မႈေတြဟာ ရင္သားထိပ္ေခါင္းကုိ နာက်င္ျခင္း၊ ေျခာက္ေသြ႕ျခင္း၊ ေရာင္ရမ္းျခင္းနဲ႕ ေသြးထြက္ျခင္း အထိ ျဖစ္ေစႏုိင္ပါတယ္။ ပြတ္တုိက္ျခင္းကုိ အကာအကြယ္ေပးတဲ့ အဝတ္အစားေတြ မဝတ္ဘဲ အျပင္းအထန္ အားကစား လုပ္တတ္ၾကတဲ့ တာေဝးအေျပးသမားေတြဟာလည္း ဒီလုိ ရင္သားထိပ္ေခါင္း မာေက်ာနာက်င္ျခင္းေတြကို ခံစားရႏုိင္ပါတယ္။

၂။ ဓာတ္မတည့္ျခင္းမ်ား။

ရင္သားထိပ္ေခါင္းေတြဟာ ခႏၶာကုိယ္ရဲ႕ အႏူးညံဆုံး အစိတ္အပုိင္းေတြ ျဖစ္ၿပီး လႈံ႕ေဆာ္မႈေတြကုိ ျမန္ဆန္စြာ တုံ႕ျပန္ႏုိင္ပါတယ္။ ဒါေၾကာင့္ ရာသီဥတု ေျပာင္းလဲမႈမ်ားနဲ႕ တစ္ခ်ဳိ႕ေသာ ခ်ည္သားမ်ား ဝတ္ဆင္ျခင္းကလည္း ရင္သားထိပ္ေခါင္းေတြကုိ ေရာင္ရမ္း နာက်င္ေစလာႏုိင္ပါတယ္။ ဆပ္ျပာ၊ Lotion ေတြနဲ႕ အဝတ္ေလွ်ာ္ ဆပ္ျပာေတြကလည္း ရင္သားထိပ္ေခါင္းေတြနဲ႕ ဓာတ္မတည့္တာမ်ဳိးေတြ ျဖစ္လာႏုိင္ၿပီး ေရာင္ရမ္း နီက်င္ျခင္းနဲ႕ အသားပပ္ျခင္း ကုိ ျဖစ္ေစႏုိင္ပါတယ္။

၃။ လိင္မႈ ကိစၥမ်ား။

လိင္ဆက္ဆံခ်ိန္မွာ ျပင္းထန္စြာ ပါးစပ္ျဖင့္ လႈံ႕ေဆာ္ျခင္းေတြကလည္း ရင္သားေတြကို နာက်င္ေစႏုိင္ပါတယ္။ ဒီလုိ နာက်င္ျခင္းေတြကေတာ့ တဒဂၤမွ်သာ ျဖစ္ၿပီး သိပ္မၾကာခင္မွာပဲ သူ႕ဘာသာေပ်ာက္ကင္းသြားတတ္ပါတယ္။

၄။ ႏုိ႕ခ်ဳိ႕တုိက္ေကၽြးရျခင္း။

ႏုိ႕ခ်ဳိတုိက္ေကၽြးျခင္းဟာ Mastitis လုိ႕ေခၚတဲ့ ႏုိ႕အုံ ေရာင္ရမ္းနာ ကုိ ျဖစ္ေစႏုိင္ပါတယ္။ Mastitis ဟာ ျဖစ္ေလ့ ျဖစ္ထရွိတဲ့ ေဝဒနာ တစ္ခု ျဖစ္ၿပီး ရင္သားထိပ္ေခါင္းေတြကို ပြန္းရွျခင္းနဲ႕ အက္ကြဲျခင္းေတြကုိ ျဖစ္ေစႏုိင္ပါတယ္။ ႏုိ႕အုံ ေရာင္ရမ္းနာ ဟာ ႏုိ႕ခ်ဳိတုိက္ေကၽြးခ်ိန္မွာ ေရာ၊ မတုိက္ေကၽြးရတဲ့ အခ်ိန္မွာေရာ ျဖစ္ႏုိင္ပါတယ္။ ႏုိ႕ခ်ဳိတုိက္ေကၽြးတဲ့ အမ်ဳိးသမီးေတြမွာ ျဖစ္ပြားတဲ့ ႏုိ႕အုံေရာင္ရမ္းနာကုိေတာ့ ကေလးေမြးဖြားျခင္းနဲ႕ ပတ္သတ္ေနတဲ့ ႏုိ႕အုံေရာင္ရမ္းနာ (puerperal mastitis) လုိ႕ေခၚၿပီး ႏုိ႕ခ်ဳိ႕မတုိက္ေကၽြးရတဲ့ အမ်ဳိးသမီးေတြက်ေတာ့ ႏုိ႕သယ္ျပြန္ေၾကာင့္ ျဖစ္ရတဲ့ ႏုိ႕အုံေရာင္ရမ္းနာ (periductal mastitis) လုိ႕ေခၚပါတယ္။ ႏုိ႕အုံေရာင္ရမ္းနာဟာ ႏုိ႕မ်ားက ႏုိ႕သယ္ျပြန္ထဲမွာ စုမိေနတဲ့အခါမွာ၊ ရင္သားထိပ္ေခါင္းေတြ ဒဏ္ရာရေနတဲ့အခါမွာ ဘတ္တီးရီးယား ပုိးကူးစက္ခံရၿပီး ျဖစ္ပြားတဲ့ ေဝဒနာပါ။

၅။ မွကၡရု။

ရင္သားထိပ္ေခါင္း နာက်င္ျခင္းဟာ ရင္သားထိပ္ေခါင္းမွာ ျဖစ္ပြားတဲ့ မွကၡရုေၾကာင့္ လည္း ျဖစ္ႏုိင္ပါတယ္။ မွကၡရုဟာ Candida albicans လုိ႕ေခၚတဲ့ မႈိတစ္မ်ဳိး ေၾကာင့္ ျဖစ္ရတဲ့ မႈိကူးစက္ေရာဂါ တစ္မ်ဳိး ျဖစ္ပါတယ္။ မွကၡရုဟာ ခႏၶာကုိယ္ရဲ႕ တစ္ျခားေသာ ခႏၶာကုိယ္မွာလည္း ေပါက္ႏုိင္ၿပီး ႏုိ႕ခ်ဳိတုိက္ေကၽြးတဲ့ အမ်ဳိးသမီးေတြက်ေတာ့ ရင္သားမွာ အျဖစ္မ်ားပါတယ္။ လကၡဏာေတြကေတာ့ ရင္သားထိပ္ေခါင္း ပူျခင္း၊ စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္ျခင္း၊ အသားအက္ကြဲျခင္းနဲ႕ နာက်င္ျခင္းကုိ ျဖစ္ေစႏုိင္ပါတယ္။ ရင္သား မွကၡရုေတြဟာ ေမြးလမ္းေၾကာင္း မွကၡရု ျဖစ္ျခင္းနဲ႕ ဆက္ႏြယ္ေနႏုိင္ၿပီး ပဋိဇီဝေဆးေတြနဲ႕ ရင္သားထိပ္ေခါင္း ဒဏ္ရာရျခင္းတုိ႕ကလည္း မွကၡရုကုိျဖစ္ေစႏုိင္ပါတယ္။ ႏုိ႕ခ်ဳိ႕တုိက္ေကၽြးေနတဲ့ အမ်ဳိးသမီးေတြမွာဆုိရင္ မွကၡရုဟာ ကေလးနဲ႕ မိခင္ၾကား အျပန္အလွန္ကူးစက္နုိင္ၿပီး ဒီလုိ ျဖစ္ေနမယ္ဆုိရင္ ႏွစ္ဦးလုံးကုိ ကုသသင့္ပါတယ္။

၆။ သေႏၶေဆာင္ရျခင္း။

သေႏၶလြယ္ထားရတဲ့အခ်ိန္မွာ ရင္သားနဲ႕ ရင္သားထိပ္ေခါင္းေတြ နာက်င္လာတတ္တာ သဘာဝပါပဲ။ အထူးသျဖင့္ ပထမဆုံး သုံးလပတ္ အပုိင္းအျခားကာလမွာ ရင္သားေတြ နာက်င္ႏုိင္ၿပီး တတိယ သုံးလပတ္ အပုိင္းအျခားကာလမွာလည္း နာက်င္ႏုိင္ပါတယ္။ ရင္သား အတုိင္းအတာနဲ႕ ကုိက္ညီတဲ့ ဘရာစီယာေတြက ဒီလုိ အခ်ိန္မွာ ပြတ္တုိက္ျခင္း၊ နာက်င္ျခင္းနဲ႕ ေရာင္ရမ္းျခင္းေတြကို ကာကြယ္ေပးႏုိင္ပါတယ္။

၇။ ဓမၼတာ စက္ဝန္း။

ပရုိဂ်က္စတီရုန္း ( progesterone) ေဟာ္မုန္း မ်ားလာတာနဲ႕ ရင္သားေတြ နာက်င္ပြန္းရွျခင္း ျဖစ္လာတတ္ပါတယ္။ ပရုိဂ်က္စတီရုန္း ပမာဏကလည္း ဓမၼတာ စက္ဝန္း မတုိင္မီ တစ္ပတ္ခန္႕အလုိမွာ ျမင့္တတ္လာတတ္ပါတယ္။ ဒီေဟာ္မုန္း ပမာဏ ပုံမွန္ ျပန္ျဖစ္သြားတာနဲ႕ ရင္သားေတြ နာက်င္ျခင္းေတြ ျပန္လည္ ေလ်ာ့က်သြားမွာ ျဖစ္ပါတယ္။

၈။ ေသြးမဆုံးမီကာလနဲ႕ ေသြးဆုံးခ်ိန္။

ေသြးမဆုံးမီနဲ႕ ေသြးဆုံးခ်ိန္မွာ အမ်ဳိးသမီးေတြရဲ႕ ခႏၶာကုိယ္မွာ ေျပာင္းလဲမႈ မ်ားစြာ ျဖစ္ေပၚလာပါတယ္။ ရင္သားမ်ား နာက်င္လာျခင္းကလည္း ေသြးမဆုံးမီကာလရဲ႕ ေဝဒနာ တစ္ခုလည္း ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေသြးဆုံးခ်ိန္နီးလာတာနဲ႕ တစ္ၿပဳိင္နက္ သင့္ရဲ႕ အီစရုိဂ်င္ ေဟာ္မုန္း ပမာဏက တစ္ျဖည္းျဖည္း နည္းပါးလာပါတယ္။ ေဟာ္မုန္းေတြ နည္းလာတာေၾကာင့္ အဲ့အခ်ိန္မွာ ရင္သားေတြ နာက်င္လာပါတယ္။ ဒီလုိ အခ်ိန္မွာ ရင္သားနာက်င္ျခင္း အျပင္ ျဖစ္ပြားလာႏုိင္တဲ့ တစ္ျခားေသာ ေဝဒနာေတြကေတာ့-

    ဓမၼတာ ပုံမမွန္ျခင္း၊
    အိပ္ေရးပ်က္ျခင္း၊
    ခႏၶာကုိယ္အတြင္ ရုတ္တရက္ အပူဓာတ္ကုိ ခံစားရျခင္း၊
    စိတ္ခံစားမႈ ေျပာင္းလဲျခင္း၊
    ေမြးလမ္းေၾကာင္း ေျခာက္ေသြ႕ျခင္း၊
    ဆီးသြားခ်ိန္ ဒုကၡေရာက္ျခင္း။
    လိင္စိတ္နည္းပါးျခင္းနဲ႕
    သေႏၶေအာင္ႏုိင္ေျခ နည္းပါးလာျခင္းတုိ႕ ျဖစ္ပါတယ္။

၉။ သေႏၶတား နည္းလမ္းမ်ား။

သေႏၶတားေဆးေတြရဲ႕ တစ္ခ်ဳိ႕ေသာ ေဘးထြက္ဆုိးက်ဳိးေတြဟာ ကုိယ္ဝန္ေဆာင္ရျခင္းရဲ႕ လကၡဏာေတြနဲ႕ ဆင္ပါတယ္။ ဒါ့ေၾကာင့္ ဒီလုိ သေႏၶတားေဆးေတြ ေသာက္သုံးခ်ိန္မွာ ရင္သား ထိပ္ေခါင္းနာက်င္လာႏုိင္ပါတယ္။ လအနည္းငယ္အၾကာ ခႏၶာကုိယ္က ဒီေဆးဝါးေတြကုိ လုိက္ေလ်ာညီေထြ လက္ခံလာႏုိင္ၿပီဆုိတာနဲ႕ ဒီေဝဒနာေတြက ေပ်ာက္ကင္းသြားတတ္ပါတယ္။ ဒီလုိ အခ်ိန္အတြင္းမွာ မေပ်ာက္ကင္းသြားဘူးဆုိရင္ဆရာဝန္ထံ သြားေရာက္ျပသသင့္ပါတယ္။

၁၀။ ေဆးဝါးမ်ား။

စိတ္က်ေရာဂါအတြက္ ေသာက္သုံးရတဲ့ ေဆးေတြဟာ ရင္သားနဲ႕ ရင္သားထိပ္ေခါင္းေတြမွာ နာက်င္ျခင္းကုိ ျဖစ္ေစႏုိင္ပါတယ္။ ဒါ့အျပင္ ႏုိ႕ခ်ဳိပုိထြက္ေစရန္ ေသာက္သုံးရတဲ့ ေဆးၿမီးတုိေတြကလည္း ရင္သားေတြ နာက်င္ျခင္းကုိ ျဖစ္ေစႏုိင္ပါတယ္။

၁၁။ ႏုိ႕သယ္ျပြန္မ်ား က်ယ္လာၿပီး ပိတ္ဆုိ႕ျခင္း။ (Duct ectasia)

ရင္သားထိပ္ေခါင္းေအာက္က ႏုိ႕သယ္ျပြန္ေတြ က်ယ္ဝန္းလာၿပီး နံရံေတြက ထူထဲလာကာ ျပြန္ထဲမွာ ႏုိ႕ရည္ေတြ ပိတ္မိေနရင္ ျဖစ္ပြားတဲ့ ေဝဒနာ တစ္မ်ဳိး ျဖစ္ပါတယ္။ အဲ့အခ်ိန္မွာ ႏုိ႕သယ္ျပြန္ထဲတြင္ ထူထဲၿပီး ခၽြဲကပ္တဲ့ အရာေတြနဲ႕ ပိတ္မိေနၿပီး ပုံမွန္အားျဖင့္ ဘာလကၡဏာမွ မျပတတ္ေပမဲ့ အမ်ဳိးသမီး အခ်ဳိ႕မွာေတာ့ ရင္သားထိပ္ေခါင္းမွ စြန္႕ပစ္အရည္မ်ား ထြက္ျခင္း၊ ရင္သားနာက်င္နဲ႕ ေရာင္ရမ္းျခင္းကုိ ျဖစ္ေစႏုိင္ပါတယ္။ ဒီလုိ ႏုိ႕သယ္ျပြန္ေတြ က်ယ္လာၿပီး ပိတ္ဆုိ႕ျခင္းဟာ ေသြးဆုံးခ်ိန္ မတုိင္မီ အမ်ဳိးသမီးေတြ ( အသက္ ၄၅ ႏွစ္မွ ၅၅ ႏွစ္အတြင္း) မွာ ျဖစ္ပြားႏုိင္ၿပီး ေသြးဆုံးၿပီးခ်ိန္မွာလည္း ျဖစ္ပြားႏုိင္ပါတယ္။ တစ္ခါတစ္ရံမွာေတာ့ သူ႕ဘာသာေပ်ာက္ကင္းသြားတတ္ၿပီး အခ်ိန္ တစ္ခုၾကာတဲ့ အထိေဝဒနာ က မေပ်ာက္ကင္းဘူးဆုိရင္ ပဋိဇီဝေဆးေတြ မွီဝဲျခင္းနဲ႕ က်ယ္ၿပီး ပိတ္ဆုိ႕ေနတဲ့ ျပြန္ကို ခြဲထုတ္ျခင္းတုိ႕ကုိ ျပဳလုပ္ရႏုိင္ပါတယ္။ ဒီေဝဒနာဟာ ရင္သားကင္ဆာနဲ႕ မစပ္ဆုိင္သလုိ ရင္သားကင္ဆာကုိ ျဖစ္ပြားေစတဲ့ အေၾကာင္းရင္းတစ္ခု မဟုတ္ပါဘူး။

၁၂။ ရင္သားတြင္ ျပည္တည္ျခင္း။

ႏုိ႕ခ်ဳိ႕တုိက္ေကၽြးျခင္းနဲ႕ ႏုိ႕အုံေရာင္းရမ္းနာျဖစ္ပြားေနတဲ့ အခ်ိန္မွာ ရင္သားမွာ ျပည္တည္ျခင္းတုိ႕ ျဖစ္ပြားႏုိင္ပါတယ္။ ဒါ့အျပင္ ရင္သားျပည္တည္ျခင္းဟာ ရင္သားထိပ္ေခါင္းမွာ အလွဆင္ရန္အတြက္ အေပါက္ေဖာက္ျခင္းနဲ႕ ရင္သားမွာ ဒဏ္ရာရျခင္းတုိ႕ေၾကာင့္ ျဖစ္လာႏုိင္ၿပီး ဘတ္တီးရီးယားေတြကူးစက္ခံရကာ ရင္သား ေရာင္ရမ္းျခင္းနဲ႕ အဖ်ားေဝဒနာကုိ ျဖစ္ပြားေစႏုိင္ပါတယ္။ ျပည္တည္နာက ေသးေသးေလးဆုိရင္ေတာ့ အပ္ (သုိ႕မဟုတ္) ေဆးထုိးအပ္နဲ႕ စုပ္ထုတ္ႏုိင္ၿပီး ျပည္တည္နာႀကီးေနမယ္ဆုိရင္ေတာ့ ခြဲစိတ္ရမွာ ျဖစ္ပါတယ္။

၁၃။ ႏွင္းခူနာ။

ႏွင္းခူနာေတြကလည္း ရင္သားထိပ္ေခါင္းေတြမွာ ယားယံနာက်င္ေစႏုိင္ပါတယ္။ ႏွင္းခူနာ ေပါက္ေနတဲ့ ရင္သားေတြဟာ အလႊားအလႊားလုိက္ အေရျပားေတြ ကြာက်ႏုိင္ၿပီး ကၽြတ္ဆပ္နီရဲေနႏုိင္ပါတယ္။ ႏွင္းခူနာေတြကို ဟုိက္ဒရုိ ေကာ္တီဆုန္းလ္ (hydrocortisone) ေဟာ္မုနး္ပါဝင္တဲ့ လိမ္းေဆးေတြနဲ႕ ကုသႏုိင္ပါတယ္။ ဒါေပမဲ့ ေဆးဆုိင္က လိမ္းေဆးေတြ နဲ႕ မကုသခင္ ဒီလုိ ႏွင္းခူနာ ေပါက္ေနၿပီလုိ႕ထင္ရင္ ဆရာဝန္နဲ႕ ျပသႏုိင္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ရင္သားကင္ဆာဟာ ႏွင္းခူနာနဲ႕ ဆင္တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။

၁၄။ ေရးလ္ေနာ႔ ေဝဒနာ (Reynaud’s phenomenon)။

ဒီေဝဒနာကုိ ၁၈၆၂ ခုႏွစ္မွာ ပထမဆုံး စတင္ေတြ႕ရွိခဲ့တဲ့ ျပင္သစ္ ဆရာဝန္ Maurice Raynaud ကို အစြဲျပဳၿပီး ေခၚေဝၚထားတဲ့ ေရးလ္ေနာ့ ေဝဒနာ (Reynaud’s phenomenon) ဟာ ႏုိ႕ခ်ဳိ႕တုိက္ေကၽြးေနတဲ့ အမ်ဳိးသမီးေတြ မွာ ျဖစ္တတ္ၾကေပမဲ့ တစ္ျခားေသာ လူေတြမွာလည္း ဒီေဝဒနာ ျဖစ္ႏုိင္ပါတယ္။ ေရးလ္ေနာ့ ေဝဒနာ (Reynaud’s phenomenon) ျဖစ္တဲ့ လူေတြမွာဆုိရင္ ရင္သားထိပ္ေခါင္းသုိ႕ ေသြးေထာက္ပံ့ေပးေနတဲ့ ေသြးလႊတ္ေၾကာေတြ ဟာ ရုတ္တရက္ က်ဳံ႕သြားၿပီး ေသြးစီးဆင္းမႈ နည္းသြားေစကာ ထုံက်င္ျခင္း၊ ပူစပ္ျခင္း၊ နာက်င္ျခင္းနဲ႕ အျဖဴေရာင္နဲ႕ အျပာေရာင္ကဲ့သုိ႕ အေရျပားအေရာင္ ေျပာင္းလဲသြားျခင္းတုိ႕ ျဖစ္တာ ျဖစ္ပါတယ္။ ဒီေဝဒနာဟာ ရာသီဥတု ေအးတဲ့ ေဒသေတြမွာ ေနထုိင္ၾကတဲ့ လူေတြမွာ ပုိအျဖစ္မ်ားပါတယ္။

၁၅။ ပဲဂ်က္စ္ေရာဂါ (Paget’s disease)။

ရင္သားထိပ္ေခါင္းေတြ နာက်င္လာရျခင္းဟာ ပဲဂ်က္စ္ေရာဂါ (Paget’s disease) ေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ ဒီေဝဒနာဟာ ရွားပါးတဲ့ ရင္သားကင္ဆာ ပုံစံတစ္မ်ဳိးလည္း ျဖစ္ၿပီး ကင္ဆာဆဲလ္ေတြက ရင္သားထိပ္ေခါင္းတစ္ဝုိက္မွာ စုေနတဲ့အခါ ျဖစ္ပြားတဲ့ ေဝဒနာ ျဖစ္ပါတယ္။ ဒီကင္ဆာဟာ ပထမဆုံး ရင္သားထိပ္ေခါင္းရဲ႕ ႏုိ႕သယ္ျပြန္ေတြကုိ ပထမဆုံး ထိခုိက္ၿပီးမွ ရင္သားထိပ္ေခါင္း မ်က္ႏွာျပင္နဲ႕ ရင္သားထိပ္ေခါင္းအနားတစ္ဝုိက္က အမည္းေရာင္ အေရျပားထံပ်ံ႕ႏွံ႕သြားတာ ျဖစ္ပါတယ္။ အေမရိကန္ အမ်ဳိးသားကင္ဆာ အဖြဲ႕အစည္းရဲ႕ ေလ့လာခ်က္အရ ဒီ ပဲဂ်က္စ္ေရာဂါ (Paget’s disease) ေရာဂါဟာ ရင္သားကင္ဆာျဖစ္ပြားရတဲ့ အေၾကာင္းရင္းေတြထဲမွာ ၅ ရာခုိင္ႏႈန္းေအာက္သာ ရွိပါတယ္။ ပဲဂ်က္စ္ေရာဂါ (Paget’s disease) ေရာဂါျဖစ္ေနတဲ့ လူ ၉၇ ရာခုိင္ႏႈန္းမွာ ပ်ံ႕ပြားတတ္တဲ့ ကင္ဆာနဲ႕ မပ်ံ႕ပြားတတ္တဲ့ ကင္ဆာေတြပါ ျဖစ္တတ္ႏုိင္တာေၾကာင့္ စစခ်င္း ေရာဂါ လကၡဏာကုိ သတိထားဖုိ႕ကအရမ္း အေရးႀကီးပါတယ္။ ပဲဂ်က္စ္ေရာဂါ (Paget’s disease) ေရာဂါဟာ ရင္သားတစ္ျခားေနရာေတြကုိ မပ်ံ႕ပြားေသးဘူးဆုိရင္ ခြဲစိတ္ျခင္းနဲ႕ ဓာတ္ေရာင္ျခည္ ကုသမႈေတြနဲ႕ ကုသလုိ႕ရပါတယ္။

အစပုိင္း ေဝဒနာေတြေတာ့-

    ရင္သားေတြ နီရဲ ၾကြတ္ဆပ္လာျခင္း၊
    ယားယံလာျခင္း၊
    စပ္ဖ်ဥ္ဖ်ဥ္းခံစားရျခင္း၊
    အထိမခံႏိုင္ျခင္း၊
    နာက်င္လာျခင္း၊
    ပူစပ္လာျခင္း၊
    ရင္သားထိပ္ေခါင္းပုံစံေျပာင္းလာျခင္းနဲ႕
    ရင္သားမွ ေသြးေရာင္၊ အဝါေရာင္ စြန္႕ပစ္အရည္မ်ား ထြက္လာျခင္းတုိ႕ ျဖစ္ပါတယ္။

၁၆။ ရင္သားကင္ဆာ။

ရင္သားကင္ဆာ ျဖစ္ေနလုိ႕ ရင္သားထိပ္ေခါင္း နာက်င္တာမ်ဳိးက ေတာ္ေတာ္ရွားပါတယ္။ ဒါေပမဲ့ ဒီလုိ နာက်င္ျခင္းနဲ႕ တစ္ျခားေသာ ေဝဒနာေတြက ဒီေရာဂါ ျဖစ္ေနေၾကာင္းကုိ ညႊန္ျပေနႏုိင္ပါတယ္။ အေမရိကန္ ကင္ဆာ အဖြဲ႕အစည္းရဲ႕ အဆုိအရ ရင္သားထိပ္ခါင္းနာက်င္ နီရဲျခင္း၊ အေရျပားေတြ ထူထဲကၽြတ္ဆပ္လာျခင္းနဲ႕ ရင္သားမွ စြန္႕ပစ္အရည္ေတြ ထြက္ျခင္းဟာ ရင္သားကင္ဆာရဲ႕ လကၡဏာေတြ ျဖစ္တယ္လုိ႕ အေမရိကန္ ကင္ဆာအဖြဲ႕အစည္းက ဆုိပါတယ္။

အမ်ဳိးသားမ်ားတြင္ ရင္သားထိပ္ေခါင္း နာက်င္ျခင္း။

အမ်ဳိးသားေတြေရာ၊ အမ်ဳိးသမီးေတြပါ ရင္သားထိပ္ေခါင္း နာက်င္မႈကို ခံစားရႏုိင္ပါတယ္။ အမ်ဳိးသားေတြမွာက်ေတာ့ ထိခုိက္ဒဏ္ရာရၿပီးတဲ့အခါ၊ ျပင္းထန္တဲ့ အားကစားလုပ္ၿပီးတဲ့အခါမွာ ရင္သားထိပ္ေခါင္းနာက်င္ႏုိင္ပါတယ္။ ေလ့က်င့္ခန္းလုပ္တဲ့အခါ ပြတ္တုိက္မႈေၾကာင့္ ရင္သားေတြ ယားယံႏုိင္ၿပီး အမ်ဳိးသားေတြလည္း ႏို႕အုံေရာင္ရမ္းနာ ျဖစ္ပြားႏုိင္ပါတယ္။ အမ်ဳိးသားေတြရဲ႕ ဘဝတစ္ေလွ်ာက္ ရင္သား ကင္ဆာ ျဖစ္ပြားႏုိင္ေျခဟာ ၈၃၃ ႀကိမ္မွာ ၁ ႀကိမ္သာ ရွိေပမဲ့ ရင္သားကင္ဆာ ျဖစ္လာၿပီဆုိရင္ အမ်ဳိးသားေတြ အေနနဲ႕လည္း ဒီေဝဒနာေတြကုိ ခံစားရႏိုင္ပါတယ္။
အဲ့ဒါေတြကေတာ့-

    ရင္သားထိပ္ေခါင္း နီရဲျခင္း၊
    အေရျပား ကၽြတ္ဆပ္ျခင္း၊
    ရင္သားထိပ္ေခါင္း ေနာက္သုိ႕ ျပန္ဝင္ျခင္းတုိ႕ ျဖစ္ပါတယ္။

ရင္သားထိပ္ေခါင္း မာေက်ာ နာက်င္လာရင္ ဘယ္လုိ ကုသရမလဲ။

ႏွိပ္နယ္ေပးျခင္း၊ လက္ဖက္အိတ္ အေအးမ်ားနဲ႕ ဖိေပးျခင္း၊ ေရခဲျဖင့္ ကပ္ေပးျခင္းနဲ႕ လိမ္းေဆးေတြကလည္း ရင္သားထိပ္ေခါင္း နာက်င္ျခင္းကုိ သက္သာေစႏုိင္ပါတယ္။ ဒီလုိ ကုသနည္းေတြဟာ အၿမဲ မေပ်ာက္ကင္းေစႏုိင္ေပမဲ့ ျဖစ္ပြားရတဲ့ အေၾကာင္းရင္းေပၚမူတည္ၿပီး ရင္သားထိပ္ေခါင္း နာက်င္ျခင္းကုိ သက္သာေစႏုိင္ပါတယ္။ တကယ္လုိ႕ ေဝဒနာက မေပ်ာက္ကင္းဘဲ ပုိဆုိးလာမယ္ဆုိရင္ေတာ့ ဆရာဝန္ထံ အျမန္ဆုံးသြားေရာက္သင့္ပါတယ္။ အားကစားလုပ္လုိ႕ နာက်င္တဲ့ လူေတြအေနနဲ႕ အားကစားလုပ္ဖုိ႕ အတြက္ထုတ္လုပ္ေပးတဲ့ ထားတဲ့ ဘရာစီယာ ကုိ ဝတ္ဆင္သင့္ပါတယ္။ ရင္သားထိပ္ေခါင္းနာက်င္ျခင္းဟာ ေနရထုိင္ရ ခက္ေစႏုိင္ေပမဲ့ ကင္ဆာျဖစ္ေနေၾကာင္းကုိ ျပေနတဲ့ လကၡဏာေတာ့ မဟုတ္ပါဘူး။ မၾကာခင္မွာ သူ႕ဘာသာေပ်ာက္ကင္းသြားတတ္ပါတယ္။ ဒါေပမဲ့ အထူး သျဖင့္ ရင္သားထိပ္ေခါင္း နာက်င္ျခင္းနဲ႕ အတူ စြန္႕ပစ္အရည္ေတြပါ ထြက္လာၿပီဆုိရင္ေတာ့ ရင္သားကင္ဆာ လကၡဏာ ျဖစ္ေနႏုိင္တဲ့အတြက္ ဆရာဝန္နဲ႕ အျမန္ဆုံး ျပသေလ အေကာင္းဆုံး ကုသႏုိင္ေလ ျဖစ္ပါတယ္။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးအများစုဟာ သူတို့ရဲ့ ရင်သားထိပ်ခေါင်းတွေ မာကျောပြီး နာကျင်လာတယ်ဆိုရင် ဒါဟာ ရောဂါ ဆိုးဆိုးရွားရွားတစ်ခု ဖြစ်နေပြီဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ သတင်းကောင်းတစ်ခုကတော့ ဆိုးဆိုးရွားရွား ရောဂါတွေ ကြောင့် ရင်သားထိပ်ခေါင်းတွေနာကျင်တာက ရှားပါတယ်။ ရင်သားထိပ်ခေါင်းတွေဟာ အားကစားတစ်ခုခု လုပ်တဲ့အခါမျိုး၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေပြောင်းလဲလာတဲ့အခါမျိုး၊ ဟော်မုန်းတွေ ပြောင်းလဲတဲ့အခါမျိုးမှာ ရောင်ရမ်း နာကျင်လာနိုင်ပါတယ်။ ရင်သားထိပ်ခေါင်းတွေ နာကျင်လာတတ်တာ သဘာဝတစ်ရပ်ပါပဲ။ ဒီဆောင်းပါးလေးထဲမှာတော့ Hello Sayarwon ပရိတ်သတ်ကြီး အတွက် ရင်သားထိပ်ခေါင်းတွေ နာကျင်ရတဲ့ အကြောင်းရင်း၊ လက္ခဏာများနဲ့ ဘယ်လို ကုသရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။

၁။ အားကစားလုပ်ခြင်း။

လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အဝတ်နဲ့ ရင်သားထိပ်ခေါင်းတွေ ပွတ်တိုက်မှုဖြစ်ပြီး နာကျင်မှု ဖြစ်လာနိုင်ပါတယ်။ ဒီလို ရင်သားထိပ်ခေါင်းနာကျင်ခြင်းဟာ အားကစားဝတ် ဘရာစီယာ မပါဘဲ အားကစားလုပ်တတ်တဲ့ အမျိုးသမီးများ၊ အရွယ်အစား မကိုက်ညီတဲ့ ဘရာစီယာ ဝတ်ပြီး အားကစားလုပ်ကြတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီလို ပွတ်တိုက်မှုတွေဟာ ရင်သားထိပ်ခေါင်းကို နာကျင်ခြင်း၊ ခြောက်သွေ့ခြင်း၊ ရောင်ရမ်းခြင်းနဲ့ သွေးထွက်ခြင်း အထိ ဖြစ်စေနိုင်ပါတယ်။ ပွတ်တိုက်ခြင်းကို အကာအကွယ်ပေးတဲ့ အဝတ်အစားတွေ မဝတ်ဘဲ အပြင်းအထန် အားကစား လုပ်တတ်ကြတဲ့ တာဝေးအပြေးသမားတွေဟာလည်း ဒီလို ရင်သားထိပ်ခေါင်း မာကျောနာကျင်ခြင်းတွေကို ခံစားရနိုင်ပါတယ်။

၂။ ဓာတ်မတည့်ခြင်းများ။

ရင်သားထိပ်ခေါင်းတွေဟာ ခန္ဓာကိုယ်ရဲ့ အနူးညံဆုံး အစိတ်အပိုင်းတွေ ဖြစ်ပြီး လှုံ့ဆော်မှုတွေကို မြန်ဆန်စွာ တုံ့ပြန်နိုင်ပါတယ်။ ဒါကြောင့် ရာသီဥတု ပြောင်းလဲမှုများနဲ့ တစ်ချို့သော ချည်သားများ ဝတ်ဆင်ခြင်းကလည်း ရင်သားထိပ်ခေါင်းတွေကို ရောင်ရမ်း နာကျင်စေလာနိုင်ပါတယ်။ ဆပ်ပြာ၊ Lotion တွေနဲ့ အဝတ်လျှော် ဆပ်ပြာတွေကလည်း ရင်သားထိပ်ခေါင်းတွေနဲ့ ဓာတ်မတည့်တာမျိုးတွေ ဖြစ်လာနိုင်ပြီး ရောင်ရမ်း နီကျင်ခြင်းနဲ့ အသားပပ်ခြင်း ကို ဖြစ်စေနိုင်ပါတယ်။

၃။ လိင်မှု ကိစ္စများ။

လိင်ဆက်ဆံချိန်မှာ ပြင်းထန်စွာ ပါးစပ်ဖြင့် လှုံ့ဆော်ခြင်းတွေကလည်း ရင်သားတွေကို နာကျင်စေနိုင်ပါတယ်။ ဒီလို နာကျင်ခြင်းတွေကတော့ တဒင်္ဂမျှသာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ သူ့ဘာသာပျောက်ကင်းသွားတတ်ပါတယ်။

၄။ နို့ချို့တိုက်ကျွေးရခြင်း။

နို့ချိုတိုက်ကျွေးခြင်းဟာ Mastitis လို့ခေါ်တဲ့ နို့အုံ ရောင်ရမ်းနာ ကို ဖြစ်စေနိုင်ပါတယ်။ Mastitis ဟာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ဝေဒနာ တစ်ခု ဖြစ်ပြီး ရင်သားထိပ်ခေါင်းတွေကို ပွန်းရှခြင်းနဲ့ အက်ကွဲခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ နို့အုံ ရောင်ရမ်းနာ ဟာ နို့ချိုတိုက်ကျွေးချိန်မှာ ရော၊ မတိုက်ကျွေးရတဲ့ အချိန်မှာရော ဖြစ်နိုင်ပါတယ်။ နို့ချိုတိုက်ကျွေးတဲ့ အမျိုးသမီးတွေမှာ ဖြစ်ပွားတဲ့ နို့အုံရောင်ရမ်းနာကိုတော့ ကလေးမွေးဖွားခြင်းနဲ့ ပတ်သတ်နေတဲ့ နို့အုံရောင်ရမ်းနာ (puerperal mastitis) လို့ခေါ်ပြီး နို့ချို့မတိုက်ကျွေးရတဲ့ အမျိုးသမီးတွေကျတော့ နို့သယ်ပြွန်ကြောင့် ဖြစ်ရတဲ့ နို့အုံရောင်ရမ်းနာ (periductal mastitis) လို့ခေါ်ပါတယ်။ နို့အုံရောင်ရမ်းနာဟာ နို့များက နို့သယ်ပြွန်ထဲမှာ စုမိနေတဲ့အခါမှာ၊ ရင်သားထိပ်ခေါင်းတွေ ဒဏ်ရာရနေတဲ့အခါမှာ ဘတ်တီးရီးယား ပိုးကူးစက်ခံရပြီး ဖြစ်ပွားတဲ့ ဝေဒနာပါ။

၅။ မှက္ခရု။

ရင်သားထိပ်ခေါင်း နာကျင်ခြင်းဟာ ရင်သားထိပ်ခေါင်းမှာ ဖြစ်ပွားတဲ့ မှက္ခရုကြောင့် လည်း ဖြစ်နိုင်ပါတယ်။ မှက္ခရုဟာ Candida albicans လို့ခေါ်တဲ့ မှိုတစ်မျိုး ကြောင့် ဖြစ်ရတဲ့ မှိုကူးစက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ မှက္ခရုဟာ ခန္ဓာကိုယ်ရဲ့ တစ်ခြားသော ခန္ဓာကိုယ်မှာလည်း ပေါက်နိုင်ပြီး နို့ချိုတိုက်ကျွေးတဲ့ အမျိုးသမီးတွေကျတော့ ရင်သားမှာ အဖြစ်များပါတယ်။ လက္ခဏာတွေကတော့ ရင်သားထိပ်ခေါင်း ပူခြင်း၊ စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်း၊ အသားအက်ကွဲခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ရင်သား မှက္ခရုတွေဟာ မွေးလမ်းကြောင်း မှက္ခရု ဖြစ်ခြင်းနဲ့ ဆက်နွယ်နေနိုင်ပြီး ပဋိဇီဝဆေးတွေနဲ့ ရင်သားထိပ်ခေါင်း ဒဏ်ရာရခြင်းတို့ကလည်း မှက္ခရုကိုဖြစ်စေနိုင်ပါတယ်။ နို့ချို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေမှာဆိုရင် မှက္ခရုဟာ ကလေးနဲ့ မိခင်ကြား အပြန်အလှန်ကူးစက်နိုင်ပြီး ဒီလို ဖြစ်နေမယ်ဆိုရင် နှစ်ဦးလုံးကို ကုသသင့်ပါတယ်။

၆။ သန္ဓေဆောင်ရခြင်း။

သန္ဓေလွယ်ထားရတဲ့အချိန်မှာ ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေ နာကျင်လာတတ်တာ သဘာဝပါပဲ။ အထူးသဖြင့် ပထမဆုံး သုံးလပတ် အပိုင်းအခြားကာလမှာ ရင်သားတွေ နာကျင်နိုင်ပြီး တတိယ သုံးလပတ် အပိုင်းအခြားကာလမှာလည်း နာကျင်နိုင်ပါတယ်။ ရင်သား အတိုင်းအတာနဲ့ ကိုက်ညီတဲ့ ဘရာစီယာတွေက ဒီလို အချိန်မှာ ပွတ်တိုက်ခြင်း၊ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၇။ ဓမ္မတာ စက်ဝန်း။

ပရိုဂျက်စတီရုန်း ( progesterone) ဟော်မုန်း များလာတာနဲ့ ရင်သားတွေ နာကျင်ပွန်းရှခြင်း ဖြစ်လာတတ်ပါတယ်။ ပရိုဂျက်စတီရုန်း ပမာဏကလည်း ဓမ္မတာ စက်ဝန်း မတိုင်မီ တစ်ပတ်ခန့်အလိုမှာ မြင့်တတ်လာတတ်ပါတယ်။ ဒီဟော်မုန်း ပမာဏ ပုံမှန် ပြန်ဖြစ်သွားတာနဲ့ ရင်သားတွေ နာကျင်ခြင်းတွေ ပြန်လည် လျော့ကျသွားမှာ ဖြစ်ပါတယ်။

၈။ သွေးမဆုံးမီကာလနဲ့ သွေးဆုံးချိန်။

သွေးမဆုံးမီနဲ့ သွေးဆုံးချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှု များစွာ ဖြစ်ပေါ်လာပါတယ်။ ရင်သားများ နာကျင်လာခြင်းကလည်း သွေးမဆုံးမီကာလရဲ့ ဝေဒနာ တစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးဆုံးချိန်နီးလာတာနဲ့ တစ်ပြိုင်နက် သင့်ရဲ့ အီစရိုဂျင် ဟော်မုန်း ပမာဏက တစ်ဖြည်းဖြည်း နည်းပါးလာပါတယ်။ ဟော်မုန်းတွေ နည်းလာတာကြောင့် အဲ့အချိန်မှာ ရင်သားတွေ နာကျင်လာပါတယ်။ ဒီလို အချိန်မှာ ရင်သားနာကျင်ခြင်း အပြင် ဖြစ်ပွားလာနိုင်တဲ့ တစ်ခြားသော ဝေဒနာတွေကတော့-

    ဓမ္မတာ ပုံမမှန်ခြင်း၊
    အိပ်ရေးပျက်ခြင်း၊
    ခန္ဓာကိုယ်အတွင် ရုတ်တရက် အပူဓာတ်ကို ခံစားရခြင်း၊
    စိတ်ခံစားမှု ပြောင်းလဲခြင်း၊
    မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း၊
    ဆီးသွားချိန် ဒုက္ခရောက်ခြင်း။
    လိင်စိတ်နည်းပါးခြင်းနဲ့
    သန္ဓေအောင်နိုင်ခြေ နည်းပါးလာခြင်းတို့ ဖြစ်ပါတယ်။

၉။ သန္ဓေတား နည်းလမ်းများ။

သန္ဓေတားဆေးတွေရဲ့ တစ်ချို့သော ဘေးထွက်ဆိုးကျိုးတွေဟာ ကိုယ်ဝန်ဆောင်ရခြင်းရဲ့ လက္ခဏာတွေနဲ့ ဆင်ပါတယ်။ ဒါ့ကြောင့် ဒီလို သန္ဓေတားဆေးတွေ သောက်သုံးချိန်မှာ ရင်သား ထိပ်ခေါင်းနာကျင်လာနိုင်ပါတယ်။ လအနည်းငယ်အကြာ ခန္ဓာကိုယ်က ဒီဆေးဝါးတွေကို လိုက်လျောညီထွေ လက်ခံလာနိုင်ပြီဆိုတာနဲ့ ဒီဝေဒနာတွေက ပျောက်ကင်းသွားတတ်ပါတယ်။ ဒီလို အချိန်အတွင်းမှာ မပျောက်ကင်းသွားဘူးဆိုရင်ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။

၁၀။ ဆေးဝါးများ။

စိတ်ကျရောဂါအတွက် သောက်သုံးရတဲ့ ဆေးတွေဟာ ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေမှာ နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နို့ချိုပိုထွက်စေရန် သောက်သုံးရတဲ့ ဆေးမြီးတိုတွေကလည်း ရင်သားတွေ နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၁၁။ နို့သယ်ပြွန်များ ကျယ်လာပြီး ပိတ်ဆို့ခြင်း။ (Duct ectasia)

ရင်သားထိပ်ခေါင်းအောက်က နို့သယ်ပြွန်တွေ ကျယ်ဝန်းလာပြီး နံရံတွေက ထူထဲလာကာ ပြွန်ထဲမှာ နို့ရည်တွေ ပိတ်မိနေရင် ဖြစ်ပွားတဲ့ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ အဲ့အချိန်မှာ နို့သယ်ပြွန်ထဲတွင် ထူထဲပြီး ချွဲကပ်တဲ့ အရာတွေနဲ့ ပိတ်မိနေပြီး ပုံမှန်အားဖြင့် ဘာလက္ခဏာမှ မပြတတ်ပေမဲ့ အမျိုးသမီး အချို့မှာတော့ ရင်သားထိပ်ခေါင်းမှ စွန့်ပစ်အရည်များ ထွက်ခြင်း၊ ရင်သားနာကျင်နဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို နို့သယ်ပြွန်တွေ ကျယ်လာပြီး ပိတ်ဆို့ခြင်းဟာ သွေးဆုံးချိန် မတိုင်မီ အမျိုးသမီးတွေ ( အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်း) မှာ ဖြစ်ပွားနိုင်ပြီး သွေးဆုံးပြီးချိန်မှာလည်း ဖြစ်ပွားနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ သူ့ဘာသာပျောက်ကင်းသွားတတ်ပြီး အချိန် တစ်ခုကြာတဲ့ အထိဝေဒနာ က မပျောက်ကင်းဘူးဆိုရင် ပဋိဇီဝဆေးတွေ မှီဝဲခြင်းနဲ့ ကျယ်ပြီး ပိတ်ဆို့နေတဲ့ ပြွန်ကို ခွဲထုတ်ခြင်းတို့ကို ပြုလုပ်ရနိုင်ပါတယ်။ ဒီဝေဒနာဟာ ရင်သားကင်ဆာနဲ့ မစပ်ဆိုင်သလို ရင်သားကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတစ်ခု မဟုတ်ပါဘူး။

၁၂။ ရင်သားတွင် ပြည်တည်ခြင်း။

နို့ချို့တိုက်ကျွေးခြင်းနဲ့ နို့အုံရောင်းရမ်းနာဖြစ်ပွားနေတဲ့ အချိန်မှာ ရင်သားမှာ ပြည်တည်ခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် ရင်သားပြည်တည်ခြင်းဟာ ရင်သားထိပ်ခေါင်းမှာ အလှဆင်ရန်အတွက် အပေါက်ဖောက်ခြင်းနဲ့ ရင်သားမှာ ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်လာနိုင်ပြီး ဘတ်တီးရီးယားတွေကူးစက်ခံရကာ ရင်သား ရောင်ရမ်းခြင်းနဲ့ အဖျားဝေဒနာကို ဖြစ်ပွားစေနိုင်ပါတယ်။ ပြည်တည်နာက သေးသေးလေးဆိုရင်တော့ အပ် (သို့မဟုတ်) ဆေးထိုးအပ်နဲ့ စုပ်ထုတ်နိုင်ပြီး ပြည်တည်နာကြီးနေမယ်ဆိုရင်တော့ ခွဲစိတ်ရမှာ ဖြစ်ပါတယ်။

၁၃။ နှင်းခူနာ။

နှင်းခူနာတွေကလည်း ရင်သားထိပ်ခေါင်းတွေမှာ ယားယံနာကျင်စေနိုင်ပါတယ်။ နှင်းခူနာ ပေါက်နေတဲ့ ရင်သားတွေဟာ အလွှားအလွှားလိုက် အရေပြားတွေ ကွာကျနိုင်ပြီး ကျွတ်ဆပ်နီရဲနေနိုင်ပါတယ်။ နှင်းခူနာတွေကို ဟိုက်ဒရို ကော်တီဆုန်းလ် (hydrocortisone) ဟော်မုန်းပါဝင်တဲ့ လိမ်းဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဒါပေမဲ့ ဆေးဆိုင်က လိမ်းဆေးတွေ နဲ့ မကုသခင် ဒီလို နှင်းခူနာ ပေါက်နေပြီလို့ထင်ရင် ဆရာဝန်နဲ့ ပြသနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်သားကင်ဆာဟာ နှင်းခူနာနဲ့ ဆင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

၁၄။ ရေးလ်နော့ ဝေဒနာ (Reynaud’s phenomenon)။

ဒီဝေဒနာကို ၁၈၆၂ ခုနှစ်မှာ ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ ပြင်သစ် ဆရာဝန် Maurice Raynaud ကို အစွဲပြုပြီး ခေါ်ဝေါ်ထားတဲ့ ရေးလ်နော့ ဝေဒနာ (Reynaud’s phenomenon) ဟာ နို့ချို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေ မှာ ဖြစ်တတ်ကြပေမဲ့ တစ်ခြားသော လူတွေမှာလည်း ဒီဝေဒနာ ဖြစ်နိုင်ပါတယ်။ ရေးလ်နော့ ဝေဒနာ (Reynaud’s phenomenon) ဖြစ်တဲ့ လူတွေမှာဆိုရင် ရင်သားထိပ်ခေါင်းသို့ သွေးထောက်ပံ့ပေးနေတဲ့ သွေးလွှတ်ကြောတွေ ဟာ ရုတ်တရက် ကျုံ့သွားပြီး သွေးစီးဆင်းမှု နည်းသွားစေကာ ထုံကျင်ခြင်း၊ ပူစပ်ခြင်း၊ နာကျင်ခြင်းနဲ့ အဖြူရောင်နဲ့ အပြာရောင်ကဲ့သို့ အရေပြားအရောင် ပြောင်းလဲသွားခြင်းတို့ ဖြစ်တာ ဖြစ်ပါတယ်။ ဒီဝေဒနာဟာ ရာသီဥတု အေးတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ လူတွေမှာ ပိုအဖြစ်များပါတယ်။

၁၅။ ပဲဂျက်စ်ရောဂါ (Paget’s disease)။

ရင်သားထိပ်ခေါင်းတွေ နာကျင်လာရခြင်းဟာ ပဲဂျက်စ်ရောဂါ (Paget’s disease) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဝေဒနာဟာ ရှားပါးတဲ့ ရင်သားကင်ဆာ ပုံစံတစ်မျိုးလည်း ဖြစ်ပြီး ကင်ဆာဆဲလ်တွေက ရင်သားထိပ်ခေါင်းတစ်ဝိုက်မှာ စုနေတဲ့အခါ ဖြစ်ပွားတဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဒီကင်ဆာဟာ ပထမဆုံး ရင်သားထိပ်ခေါင်းရဲ့ နို့သယ်ပြွန်တွေကို ပထမဆုံး ထိခိုက်ပြီးမှ ရင်သားထိပ်ခေါင်း မျက်နှာပြင်နဲ့ ရင်သားထိပ်ခေါင်းအနားတစ်ဝိုက်က အမည်းရောင် အရေပြားထံပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသားကင်ဆာ အဖွဲ့အစည်းရဲ့ လေ့လာချက်အရ ဒီ ပဲဂျက်စ်ရောဂါ (Paget’s disease) ရောဂါဟာ ရင်သားကင်ဆာဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ ၅ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။ ပဲဂျက်စ်ရောဂါ (Paget’s disease) ရောဂါဖြစ်နေတဲ့ လူ ၉၇ ရာခိုင်နှုန်းမှာ ပျံ့ပွားတတ်တဲ့ ကင်ဆာနဲ့ မပျံ့ပွားတတ်တဲ့ ကင်ဆာတွေပါ ဖြစ်တတ်နိုင်တာကြောင့် စစချင်း ရောဂါ လက္ခဏာကို သတိထားဖို့ကအရမ်း အရေးကြီးပါတယ်။ ပဲဂျက်စ်ရောဂါ (Paget’s disease) ရောဂါဟာ ရင်သားတစ်ခြားနေရာတွေကို မပျံ့ပွားသေးဘူးဆိုရင် ခွဲစိတ်ခြင်းနဲ့ ဓာတ်ရောင်ခြည် ကုသမှုတွေနဲ့ ကုသလို့ရပါတယ်။

အစပိုင်း ဝေဒနာတွေတော့-

    ရင်သားတွေ နီရဲ ကြွတ်ဆပ်လာခြင်း၊
    ယားယံလာခြင်း၊
    စပ်ဖျဉ်ဖျဉ်းခံစားရခြင်း၊
    အထိမခံနိုင်ခြင်း၊
    နာကျင်လာခြင်း၊
    ပူစပ်လာခြင်း၊
    ရင်သားထိပ်ခေါင်းပုံစံပြောင်းလာခြင်းနဲ့
    ရင်သားမှ သွေးရောင်၊ အဝါရောင် စွန့်ပစ်အရည်များ ထွက်လာခြင်းတို့ ဖြစ်ပါတယ်။

၁၆။ ရင်သားကင်ဆာ။

ရင်သားကင်ဆာ ဖြစ်နေလို့ ရင်သားထိပ်ခေါင်း နာကျင်တာမျိုးက တော်တော်ရှားပါတယ်။ ဒါပေမဲ့ ဒီလို နာကျင်ခြင်းနဲ့ တစ်ခြားသော ဝေဒနာတွေက ဒီရောဂါ ဖြစ်နေကြောင်းကို ညွှန်ပြနေနိုင်ပါတယ်။ အမေရိကန် ကင်ဆာ အဖွဲ့အစည်းရဲ့ အဆိုအရ ရင်သားထိပ်ခါင်းနာကျင် နီရဲခြင်း၊ အရေပြားတွေ ထူထဲကျွတ်ဆပ်လာခြင်းနဲ့ ရင်သားမှ စွန့်ပစ်အရည်တွေ ထွက်ခြင်းဟာ ရင်သားကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။

အမျိုးသားများတွင် ရင်သားထိပ်ခေါင်း နာကျင်ခြင်း။

အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ရင်သားထိပ်ခေါင်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာကျတော့ ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ၊ ပြင်းထန်တဲ့ အားကစားလုပ်ပြီးတဲ့အခါမှာ ရင်သားထိပ်ခေါင်းနာကျင်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပွတ်တိုက်မှုကြောင့် ရင်သားတွေ ယားယံနိုင်ပြီး အမျိုးသားတွေလည်း နို့အုံရောင်ရမ်းနာ ဖြစ်ပွားနိုင်ပါတယ်။ အမျိုးသားတွေရဲ့ ဘဝတစ်လျှောက် ရင်သား ကင်ဆာ ဖြစ်ပွားနိုင်ခြေဟာ ၈၃၃ ကြိမ်မှာ ၁ ကြိမ်သာ ရှိပေမဲ့ ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် အမျိုးသားတွေ အနေနဲ့လည်း ဒီဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အဲ့ဒါတွေကတော့-

    ရင်သားထိပ်ခေါင်း နီရဲခြင်း၊
    အရေပြား ကျွတ်ဆပ်ခြင်း၊
    ရင်သားထိပ်ခေါင်း နောက်သို့ ပြန်ဝင်ခြင်းတို့ ဖြစ်ပါတယ်။

ရင်သားထိပ်ခေါင်း မာကျော နာကျင်လာရင် ဘယ်လို ကုသရမလဲ။

နှိပ်နယ်ပေးခြင်း၊ လက်ဖက်အိတ် အအေးများနဲ့ ဖိပေးခြင်း၊ ရေခဲဖြင့် ကပ်ပေးခြင်းနဲ့ လိမ်းဆေးတွေကလည်း ရင်သားထိပ်ခေါင်း နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒီလို ကုသနည်းတွေဟာ အမြဲ မပျောက်ကင်းစေနိုင်ပေမဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ရင်သားထိပ်ခေါင်း နာကျင်ခြင်းကို သက်သာစေနိုင်ပါတယ်။ တကယ်လို့ ဝေဒနာက မပျောက်ကင်းဘဲ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်သင့်ပါတယ်။ အားကစားလုပ်လို့ နာကျင်တဲ့ လူတွေအနေနဲ့ အားကစားလုပ်ဖို့ အတွက်ထုတ်လုပ်ပေးတဲ့ ထားတဲ့ ဘရာစီယာ ကို ဝတ်ဆင်သင့်ပါတယ်။ ရင်သားထိပ်ခေါင်းနာကျင်ခြင်းဟာ နေရထိုင်ရ ခက်စေနိုင်ပေမဲ့ ကင်ဆာဖြစ်နေကြောင်းကို ပြနေတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ မကြာခင်မှာ သူ့ဘာသာပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ အထူး သဖြင့် ရင်သားထိပ်ခေါင်း နာကျင်ခြင်းနဲ့ အတူ စွန့်ပစ်အရည်တွေပါ ထွက်လာပြီဆိုရင်တော့ ရင်သားကင်ဆာ လက္ခဏာ ဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံး ပြသလေ အကောင်းဆုံး ကုသနိုင်လေ ဖြစ်ပါတယ်။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top