iMyanmarHouse.com - Best Property Website for Myanmar
×

ဖိုးေက်ာ္ဟာ ေဒြးရဲ႕ဇာတ္ကားေတြမွာ ပါ၀င္ခဲ႔ဖူးတဲ႔ ဇာတ္ပို႔သရုပ္ေဆာင္ေကာင္း တစ္ဦးျဖစ္သလို အကယ္ဒမီရၿပီးေနာက္ပိုင္း ကားရိုက္က်ဲသြားခဲ႔ၿပီး ယခုႏွစ္ေတြမွာ အြန္လိုင္းအင္တာဗ်ဴးေတြနဲ႔အတူ ဖိုးေက်ာ္ကိုလူေတြရဲ႕ အာရံုစိုက္မႈရခဲ႔ပါတယ္။ ေဒြးရဲ႕ ကြယ္လြန္ျခင္း ၁၁ ႏွစ္ျပည္႔ ျဖစ္ပါတယ္။ ဒီအတြက္ ဖိုးေက်ာ္ထံကို မိုမိုေလးကေန အင္တာဗ်ူးသြားေမးထားၿပီး သူေျပာစကားေတြထဲက အမွတ္တရတစ္ခုက ဒီလိုပါ…

ပိုက္ဆံထုတ္ႀကီးလႊင္႔ပစ္ခဲ႔တဲ႔ေဒြး

ဒီအျဖစ္အပ်က္က သူတို႔ျပင္ဦလြင္မွာ အတူတူရွိခဲ႔စဥ္က ျဖစ္ခဲ႔တဲ႔အေၾကာင္းအရာေလး တစ္ခုပါ…

“တစ္ရက္ေတာ႔ ကြ်န္ေတာ္က သံုးစရာ စြဲစရာပ်က္ၿပီ၊ အိမ္ျပန္ဦးမယ္ စိတ္ကူးတယ္၊ အဲ႔ကာလက ကြ်န္ေတာ္က ကားေတာ္ေတာ္မ်ားမ်ားမွာ မပါဘူး။ မပါပဲနဲ႔ သူ႔အတြက္ပဲ ကြ်န္ေတာ္လိုက္လုပ္ေပးေနတာ အဲ႔ေတာ႔ ကြ်န္ေတာ္႔မွာ ၀င္ေငြမရွိဘူး။ ၀င္ေငြမရွိတဲ႔အခါက်ေတာ႔ သံုးဖို႔စြဲဖို႔ အဆင္မေျပဘူး … အဲ႔ဒါနဲ႔ သူ႔ကိုေျပာတယ္ ကြ်န္ေတာ္ျပန္ဦးမယ္ ရန္ကုန္ကို ခဏျပန္ဦးမယ္ဆိုေတာ႔ ဘာျဖစ္လုိ႔လဲတဲ႔ ဘာအခက္အခဲရွိလို႔လဲတဲ႔ ကြ်န္ေတာ္သံုးစရာ စြဲစရာလည္း ပ်က္ေနၿပီ အိမ္ကိုလည္း ျပန္ခ်င္ေသးတယ္လို႔ ေျပာလိုက္ေတာ႔ … ပိုက္ဆံရွိတယ္ေလတဲ႔ သူပိုက္ဆံထည္႔ထားတဲ႔ အိတ္ကိုျပတယ္။ ဒီမွာေလတဲ႔ ပိုက္ဆံတဲ႔… အဲ႔ဒါနဲ႔ ကြ်န္ေတာ္က အဲ႔ဒါ အကို႔ပိုက္ဆံေလ ကြ်န္ေတာ္႔ပိုက္ဆံမွ မဟုတ္တာဆိုေတာ႔ သူအဲ႔ဒီအိတ္ႀကီးကို ယူၿပီးေတာ႔ ျပတင္းေပါက္ကေနလႊင္႔ပစ္လိုက္တယ္ဗ်ာ

“ဟာ… အကို ဘာလုပ္တာလဲဆိုေတာ႔… မင္းသံုးလို႔မရဘူးမွတ္လားတဲ႔ လႊတ္ပစ္လိုက္ေလ အဲ႔ဒါဆိုဆိုၿပီးေျပာတယ္… မင္းတို႔သံုးလို႔မရဘူးလားတဲ႔ ဒီမွာေလပိုက္ဆံေတြဆိုၿပီး ေျပာတာ သူက မသြားေစခ်င္ဘူးဗ်… ပိုက္ဆံက ေက်ာပိုးအိတ္ႀကီးနဲ႔ ထည္႔ထားတာ… ကြ်န္ေတာ္တို႔က ၂ လႊာမွာေနတာဆိုေတာ႔ ေဟာ္တယ္၀န္ထမ္းေလးေတြ ေခၚၿပီး အေျပးအလႊား သြားေကာက္ရတယ္” ဆိုၿပီး ေဒြးနဲ႔ ပတ္သက္တဲ႔ အမွတ္တရ တစ္ခုကို ေျပာျပပါတယ္။ ေဒြးရဲ႕ ညီေနာင္သားခ်င္းေတြအေပၚ မရွိအတူ၊ ရွိအတူ သေဘာထားတဲ႔ စိတ္ဓါတ္ကိုေတာ႔ ေလးစားရပါတယ္။

ေနာက္ထပ္လည္း ေဒြးအမွတ္တရ ဇာတ္လမ္းေတြ ထပ္မံတင္ဆက္ေပးပါဦးမယ္

Credit: hlataw
# Unicode Version ျဖင့္ ဖတ္ပါ #


ဖိုးကျော်ဟာ ဒွေးရဲ့ဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတဲ့ ဇာတ်ပို့သရုပ်ဆောင်ကောင်း တစ်ဦးဖြစ်သလို အကယ်ဒမီရပြီးနောက်ပိုင်း ကားရိုက်ကျဲသွားခဲ့ပြီး ယခုနှစ်တွေမှာ အွန်လိုင်းအင်တာဗျူးတွေနဲ့အတူ ဖိုးကျော်ကိုလူတွေရဲ့ အာရုံစိုက်မှုရခဲ့ပါတယ်။ ဒွေးရဲ့ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့် ဖြစ်ပါတယ်။ ဒီအတွက် ဖိုးကျော်ထံကို မိုမိုလေးကနေ အင်တာဗျူးသွားမေးထားပြီး သူပြောစကားတွေထဲက အမှတ်တရတစ်ခုက ဒီလိုပါ…

ပိုက်ဆံထုတ်ကြီးလွှင့်ပစ်ခဲ့တဲ့ဒွေး

ဒီအဖြစ်အပျက်က သူတို့ပြင်ဦလွင်မှာ အတူတူရှိခဲ့စဉ်က ဖြစ်ခဲ့တဲ့အကြောင်းအရာလေး တစ်ခုပါ…

“တစ်ရက်တော့ ကျွန်တော်က သုံးစရာ စွဲစရာပျက်ပြီ၊ အိမ်ပြန်ဦးမယ် စိတ်ကူးတယ်၊ အဲ့ကာလက ကျွန်တော်က ကားတော်တော်များများမှာ မပါဘူး။ မပါပဲနဲ့ သူ့အတွက်ပဲ ကျွန်တော်လိုက်လုပ်ပေးနေတာ အဲ့တော့ ကျွန်တော့်မှာ ဝင်ငွေမရှိဘူး။ ဝင်ငွေမရှိတဲ့အခါကျတော့ သုံးဖို့စွဲဖို့ အဆင်မပြေဘူး … အဲ့ဒါနဲ့ သူ့ကိုပြောတယ် ကျွန်တော်ပြန်ဦးမယ် ရန်ကုန်ကို ခဏပြန်ဦးမယ်ဆိုတော့ ဘာဖြစ်လို့လဲတဲ့ ဘာအခက်အခဲရှိလို့လဲတဲ့ ကျွန်တော်သုံးစရာ စွဲစရာလည်း ပျက်နေပြီ အိမ်ကိုလည်း ပြန်ချင်သေးတယ်လို့ ပြောလိုက်တော့ … ပိုက်ဆံရှိတယ်လေတဲ့ သူပိုက်ဆံထည့်ထားတဲ့ အိတ်ကိုပြတယ်။ ဒီမှာလေတဲ့ ပိုက်ဆံတဲ့… အဲ့ဒါနဲ့ ကျွန်တော်က အဲ့ဒါ အကို့ပိုက်ဆံလေ ကျွန်တော့်ပိုက်ဆံမှ မဟုတ်တာဆိုတော့ သူအဲ့ဒီအိတ်ကြီးကို ယူပြီးတော့ ပြတင်းပေါက်ကနေလွှင့်ပစ်လိုက်တယ်ဗျာ

“ဟာ… အကို ဘာလုပ်တာလဲဆိုတော့… မင်းသုံးလို့မရဘူးမှတ်လားတဲ့ လွှတ်ပစ်လိုက်လေ အဲ့ဒါဆိုဆိုပြီးပြောတယ်… မင်းတို့သုံးလို့မရဘူးလားတဲ့ ဒီမှာလေပိုက်ဆံတွေဆိုပြီး ပြောတာ သူက မသွားစေချင်ဘူးဗျ… ပိုက်ဆံက ကျောပိုးအိတ်ကြီးနဲ့ ထည့်ထားတာ… ကျွန်တော်တို့က ၂ လွှာမှာနေတာဆိုတော့ ဟော်တယ်ဝန်ထမ်းလေးတွေ ခေါ်ပြီး အပြေးအလွှား သွားကောက်ရတယ်” ဆိုပြီး ဒွေးနဲ့ ပတ်သက်တဲ့ အမှတ်တရ တစ်ခုကို ပြောပြပါတယ်။ ဒွေးရဲ့ ညီနောင်သားချင်းတွေအပေါ် မရှိအတူ၊ ရှိအတူ သဘောထားတဲ့ စိတ်ဓါတ်ကိုတော့ လေးစားရပါတယ်။

နောက်ထပ်လည်း ဒွေးအမှတ်တရ ဇာတ်လမ်းတွေ ထပ်မံတင်ဆက်ပေးပါဦးမယ်

Credit: hlataw
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top