iMyanmarHouse.com - Best Property Website for Myanmar
×

အလြမ္းအေဆြးဇာတ္ကားေတြ အၾကည့္မ်ားသူေတြဟာ အင္ဒိုဖင္ေဟာ္မုန္း မ်ားလာၿပီး နာက်င္မႈနဲ႔ ေသာကေတြကို ခံနိုင္ရည္ရွိလာတယ္လို႔ စိတ္ပညာရွင္ေတြက ဆိုပါတယ္။

          ေအာက္စဖို႔တကၠသိုလ္မွ သုေတသနပညာရွင္ေတြက အလြမ္းအေဆြးဇာတ္ကားေတြဟာ ခ်စ္ျမတ္ႏိုးမႈ၊ အတူတည္ရွိမႈတို႔ကို ခံစားခ်က္ေကာင္းေစၿပီး နာက်င္မႈေတြကို ေလ်ာ့ပါးေစေၾကာင္း ရွာေဖြေတြ႕ရွိထားပါတယ္။

          လူ 169 ေယာကိကို ျပဳလုပ္ခဲ့တဲ့ သုေတသနမွာ ပါဝင္ခဲ့တဲ့ ပုဂၢိဳလ္ေတြကို ေမးျမန္းစစ္ေဆးၿပီး နာက်င္မႈ သုေတသန လုပ္ၾကည့္ၾကပါတယ္။ အဲဒီအခါ အလြမ္းဇာတ္ကားၾကည့္သူေတြဟာ နာက်င္မႈေတြ 13.1 ရာခိုင္ႏႈန္း ေလ်ာ့ပါးသြားပါသတဲ့။

          ဒါေပမဲ့ သုေတသနမွာ ေစာဒကတက္စရာဟာ လူေတြက တစ္ဦးနဲ႔တစ္ဦး ခံစားခ်က္ အေျခခံခ်င္း မတူညီေနတဲ့အခ်က္ ျဖစ္ပါတယ္။

          အလြမ္းဇာတ္ကားၾကည့္ၿပီး တၿဗဲၿဗဲ ငိုခ်င္ေနသူေတြရွိသလို၊ ဘာလဲဟလို႔ တခြီခြီ လုပ္ေနမယ့္ အုပ္စုကလည္း ရွိေနပါတယ္။ ႐ုပ္ရွင္ အတူၾကည့္ဖူးသူေတြဆို သိပါတယ္။ တခ်ိဴ႕ေတြက စိတ္မခိုင္ဘဲ တ႐ႈံ႕႐ႈံ႕ျဖစ္ေနသေလာက္ တခ်ိဳ႕ေတြက ေအးေဆးစြာ ဆက္ၾကည့္ႏိုင္ၾကပါတယ္။ ႐ံုထဲက ထြက္လာေတာ့လည္း ရင္ထဲမွာ ဘာမွမက်န္သလို ေအးေဆးပါပဲ။

          ဒါေပမဲ့ ေသခ်ာတာတစ္ခုက အလြမ္းဇာတ္ကားေတြ ၾကည့္တဲ့သူေတြဟာ ဇာတ္ကားအၿပီးမွာ မွ်ေဝခံစားမႈေတြ လူေတြအေပၚ အတူရွိေနခ်င္တဲ့  ခ်စ္ျခင္းေမတၱာေတြ ပိုမိုတိုးတက္လာတယ္လို႔ သုေတသနပညာရွင္မ်ားက ဆိုထားပါတယ္။

          ႐ုပ္ရွင္ေတြ၊ ပံုျပင္ေတြဆိုတာ ကိုယ့္ဘဝနဲ႔ ထိကပ္နီးစပ္ေနတဲ့အခါ ပိုမိုခံစား နားလည္ႏိုင္ၿပီး တျခားစီ ျဖစ္ေနတဲ့အခါ သိပ္အေရးမလုပ္ျဖစ္တဲ့ ခံစားခ်က္ကို ရရွိပါတယ္။ တကယ္ေတာ့ လူေတြရဲ႕ စိတ္ခံစားမႈေတြဆိုတာ သိပၸံပညာက လိုက္မွီႏိုင္တဲ့ အတိုင္းအတာ ေဝးေနပါေသးတယ္လို႔ပဲ ေျပာရမွာပါပဲ။

Credit: ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)
# Unicode Version ျဖင့္ ဖတ္ပါ #
အလွမ်းအဆွေးဇာတ်ကားတွေ အကြည့်များသူတွေဟာ အင်ဒိုဖင်ဟော်မုန်း များလာပြီး နာကျင်မှုနဲ့ သောကတွေကို ခံနိုင်ရည်ရှိလာတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

          အောက်စဖို့တက္ကသိုလ်မှ သုတေသနပညာရှင်တွေက အလွမ်းအဆွေးဇာတ်ကားတွေဟာ ချစ်မြတ်နိုးမှု၊ အတူတည်ရှိမှုတို့ကို ခံစားချက်ကောင်းစေပြီး နာကျင်မှုတွေကို လျော့ပါးစေကြောင်း ရှာဖွေတွေ့ရှိထားပါတယ်။

          လူ 169 ယောကိကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို မေးမြန်းစစ်ဆေးပြီး နာကျင်မှု သုတေသန လုပ်ကြည့်ကြပါတယ်။ အဲဒီအခါ အလွမ်းဇာတ်ကားကြည့်သူတွေဟာ နာကျင်မှုတွေ 13.1 ရာခိုင်နှုန်း လျော့ပါးသွားပါသတဲ့။

          ဒါပေမဲ့ သုတေသနမှာ စောဒကတက်စရာဟာ လူတွေက တစ်ဦးနဲ့တစ်ဦး ခံစားချက် အခြေခံချင်း မတူညီနေတဲ့အချက် ဖြစ်ပါတယ်။

          အလွမ်းဇာတ်ကားကြည့်ပြီး တဗြဲဗြဲ ငိုချင်နေသူတွေရှိသလို၊ ဘာလဲဟလို့ တခွီခွီ လုပ်နေမယ့် အုပ်စုကလည်း ရှိနေပါတယ်။ ရုပ်ရှင် အတူကြည့်ဖူးသူတွေဆို သိပါတယ်။ တချိူ့တွေက စိတ်မခိုင်ဘဲ တရှုံ့ရှုံ့ဖြစ်နေသလောက် တချို့တွေက အေးဆေးစွာ ဆက်ကြည့်နိုင်ကြပါတယ်။ ရုံထဲက ထွက်လာတော့လည်း ရင်ထဲမှာ ဘာမှမကျန်သလို အေးဆေးပါပဲ။

          ဒါပေမဲ့ သေချာတာတစ်ခုက အလွမ်းဇာတ်ကားတွေ ကြည့်တဲ့သူတွေဟာ ဇာတ်ကားအပြီးမှာ မျှဝေခံစားမှုတွေ လူတွေအပေါ် အတူရှိနေချင်တဲ့  ချစ်ခြင်းမေတ္တာတွေ ပိုမိုတိုးတက်လာတယ်လို့ သုတေသနပညာရှင်များက ဆိုထားပါတယ်။

          ရုပ်ရှင်တွေ၊ ပုံပြင်တွေဆိုတာ ကိုယ့်ဘဝနဲ့ ထိကပ်နီးစပ်နေတဲ့အခါ ပိုမိုခံစား နားလည်နိုင်ပြီး တခြားစီ ဖြစ်နေတဲ့အခါ သိပ်အရေးမလုပ်ဖြစ်တဲ့ ခံစားချက်ကို ရရှိပါတယ်။ တကယ်တော့ လူတွေရဲ့ စိတ်ခံစားမှုတွေဆိုတာ သိပ္ပံပညာက လိုက်မှီနိုင်တဲ့ အတိုင်းအတာ ဝေးနေပါသေးတယ်လို့ပဲ ပြောရမှာပါပဲ။

Credit: ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top