iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာနိုင္ငံရဲ့ လူငယ္ရက္စ္ပါအဆိုေတာ္ နွစ္ေယာက္ျဖစ္တဲ့ လႊမ္းပိုင္နဲ႔ Bobby Soxer တို႔ကိုေတာ့ ပရိသတ္ၾကီးနဲ႔မစိမ္းဘူးထင္ပါတယ္။ ျမဴးျမဴးၾကြၾကြသီခ်င္းေလးေတြနဲ႔ ပရိသတ္အားေပးမႈ အခုိင္အမာရထားတဲ့ သူတို႔နွစ္ေယာက္ကေတာ့ အျပင္မွာလည္း လူတကာအားက်ေလာက္တဲ့ စံုတြဲေလးလည္း ျဖစ္ပါတယ္။ သူနွစ္ေယာက္ကေတာ့ ခ်စ္သူသက္တမ္းအေနနဲ႔ ၉ နွစ္ရွိေနျပီ ျဖစ္ျပီး bobby Soxer (ထက္ထက္) ကေတ့ာ သူတို႔နွစ္ေယာက္အေနနဲ႔ဒီလို ခ်စ္သူသက္တမ္းအၾကာၾကီး ျဖစ္ေနရတဲ့အေၾကာင္းရင္းကို ေျပာျပသြားခဲ့ပါတယ္။ ထို႔ေနာက္သူ႔ခ်စ္သူပါဝင္ သရုပ္ေဆာင္ထားတဲ့ ေၾကြဇာတ္ကားနဲ႔ ပတ္သက္ျပီးလည္း ေျပာၾကားသြားခဲ့ပါတယ္။

SJနဲ႔ အင္တာဗ်ဴးမွာေတာ့ Bobby Soxer (ထက္ထက္) က ေၾကြဇာတ္ကားန႔ဲ ပတ္သက္ျပီး “ဒီဇာတ္ကားေလးက တကၠသိုလ္ေက်ာင္းတက္ေနတဲ့ သူေတြရဲ့ အခ်စ္ကားေလးပါ။ လာၾကည့္တဲ့ ပရိသတ္ေတြအေနနဲ႔လည္း ၾကည္ႏူးတဲ့ရသကို ခံစားရမယ္လို႔ ထင္ပါတယ္။ ျပီးေတာ့ ကလိကလိေလးလည္း ျဖစ္မယ္လို႔ ထင္ပါတယ္။ ေပါ့ေပါ့ပါးပါးလူငယ္ဆန္တဲ့ ကားေလးျဖစ္ျပီး သြားၾကည့္သင့္တဲ့ ကားေလးတစ္ကားပါဘဲ။ အခ်စ္ကားေလးကို ၾကိဳက္တဲ့သူတိုင္းလာၾကည့္ၾကပါ”

လႊမ္းပိုင္နဲ႔ပတ္သက္ျပီး ဇာတ္ကားထဲမွာ Romantic ဆန္သလို အျပင္မွာလည္း Romantic ဆန္လားဆိုတဲ့ ေမးခြန္းမွာေတာ့ ထက္ထက္က “အျပင္မွာေတာ့ အဲ့လိုမ်ိဳးၾကီးေတာ့ မရွိပါဘူး။ သူကိုယ္တိုင္ကလည္း Romantic ဆန္တဲ့ပံုစံမ်ိဳးမဟုတ္ပါဘူး”

ေၾကြဇာတ္ကားနဲ႔ ပတ္သက္ျပီးလိုအပ္ခ်က္ေတြကို ထက္ထက္ကေတ့ာ “ညီမအေနနဲ႔ကေတာ့ ရုပ္ရွင္နဲ႔ ပတ္သက္ျပီးသိပ္မသိတာေၾကာင့္ ေျပာေတာ့မေျပာတတ္ပါဘူး။ ၾကည့္လိုက္တဲ့ ရုပ္ရွင္ေပၚမွာၾကည့္ျပီး ဒီကားကဘယ္လိုေလးျဖစ္တယ္။ ဒီေလာက္ဘဲ သိပါတယ္။ အခုဒီကားဆိုရင္ Entertainment ျဖစ္တယ္ေပါ့။ ၾကည့္လိုက္ရင္ ေျပာဖို႔ ေကာင္းတယ္ေပါ့”

ႏွစ္ေယာက္တြဲသီခ်င္းေတြ ထပ္ထြက္ဖို႔ရွိေသးလားဆုိတဲ့အေပၚ “အဲ့ဒါကေတာ့ ရွိပါတယ္။ အျမဲတမ္းၾကီးေတာ့လည္း လုပ္မယ္လုပ္မယ္လို႔ မစဥ္းစားထားေသးဘူးေပါ့ေနာ္။ လုပ္ထားတဲ့ သီခ်င္းေတြကလည္း မ်ားေနေတာ့ မတူေအာင္ လုပ္ရတာေပါ့။ အဲ့ေတာ့ စဥ္းစားရတာ မ်ားပါတယ္။ ညီမအေနန့ဲေတာ့ ဒီႏွစ္ထဲမွာ အေခြသစ္ထြက္ဖို႔ ရွိပါတယ္။ ထြက္ခါနီးၾကရင္ေတာ့ ညီမအေသးစိတ္ေျပာျပေပးပါမယ္။ ၾကားထဲမွာေတာ့ လုပ္စရာရွိတာေတြ လုပ္ေနရေတာ့ ၾကာေနတာပါ” ထို႔ေနာက္ကိုယ့္ခ်စ္သူနဲ႔ ပတ္သက္ျပီး သီခ်င္းေတြနဲ႔ဘဲ ေရွ႔ဆက္ေစခ်င္လား သရုပ္ေဆာင္အေနနဲ႔ ေရွ႔ဆက္ေစခ်င္လားဆိုတဲ့ ေမးခြန္းကိုေတာ့ ထက္ထက္က “နွစ္ခုလံုးပါဘဲ။ ပရိသတ္အားေပးရင္ အားေပးတဲ့ဟာကို ျဖစ္ေစခ်င္ပါတယ္”

ခ်စ္သူသက္တမ္းၾကာလာတာနဲ႔ပတ္သက္ျပီး “ညီမတို႔ ၾကိဳက္လာတာကေတာ့ ၉ နွစ္ရွိပါျပီ။ ယူေတာ့မယူျဖစ္ေသးပါဘူး။ ဘာလို႔လည္းဆိုေတာ့ ငယ္ေသးတယ္ေလ။ ညီမတို႔က ငယ္ငယ္ေလးထဲက ၾကိဳက္တာဆိုေတာ့။ အဓိကကေတာ့ တေယာက္နဲ႔ တေယာက္နားလည္ေနဖို႔ပါဘဲ။ ညီမကိုအားေပးေနတဲ့ ပရိသတ္ေတြအားလံုးကိုလည္း ေက်းဇူးတင္ပါတယ္” ဟုေျပာၾကားသြားခဲ့ပါတယ္။

Credit: nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာနိုင်ငံရဲ့ လူငယ်ရက်စ်ပါအဆိုတော် နှစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ကိုတော့ ပရိသတ်ကြီးနဲ့မစိမ်းဘူးထင်ပါတယ်။ မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ သူတို့နှစ်ယောက်ကတော့ အပြင်မှာလည်း လူတကာအားကျလောက်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ သူနှစ်ယောက်ကတော့ ချစ်သူသက်တမ်းအနေနဲ့ ၉ နှစ်ရှိနေပြီ ဖြစ်ပြီး bobby Soxer (ထက်ထက်) ကတေ့ာ သူတို့နှစ်ယောက်အနေနဲ့ဒီလို ချစ်သူသက်တမ်းအကြာကြီး ဖြစ်နေရတဲ့အကြောင်းရင်းကို ပြောပြသွားခဲ့ပါတယ်။ ထို့နောက်သူ့ချစ်သူပါဝင် သရုပ်ဆောင်ထားတဲ့ ကြွေဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း ပြောကြားသွားခဲ့ပါတယ်။

SJနဲ့ အင်တာဗျူးမှာတော့ Bobby Soxer (ထက်ထက်) က ကြွေဇာတ်ကားနဲ့ ပတ်သက်ပြီး “ဒီဇာတ်ကားလေးက တက္ကသိုလ်ကျောင်းတက်နေတဲ့ သူတွေရဲ့ အချစ်ကားလေးပါ။ လာကြည့်တဲ့ ပရိသတ်တွေအနေနဲ့လည်း ကြည်နူးတဲ့ရသကို ခံစားရမယ်လို့ ထင်ပါတယ်။ ပြီးတော့ ကလိကလိလေးလည်း ဖြစ်မယ်လို့ ထင်ပါတယ်။ ပေါ့ပေါ့ပါးပါးလူငယ်ဆန်တဲ့ ကားလေးဖြစ်ပြီး သွားကြည့်သင့်တဲ့ ကားလေးတစ်ကားပါဘဲ။ အချစ်ကားလေးကို ကြိုက်တဲ့သူတိုင်းလာကြည့်ကြပါ”

လွှမ်းပိုင်နဲ့ပတ်သက်ပြီး ဇာတ်ကားထဲမှာ Romantic ဆန်သလို အပြင်မှာလည်း Romantic ဆန်လားဆိုတဲ့ မေးခွန်းမှာတော့ ထက်ထက်က “အပြင်မှာတော့ အဲ့လိုမျိုးကြီးတော့ မရှိပါဘူး။ သူကိုယ်တိုင်ကလည်း Romantic ဆန်တဲ့ပုံစံမျိုးမဟုတ်ပါဘူး”

ကြွေဇာတ်ကားနဲ့ ပတ်သက်ပြီးလိုအပ်ချက်တွေကို ထက်ထက်ကတေ့ာ “ညီမအနေနဲ့ကတော့ ရုပ်ရှင်နဲ့ ပတ်သက်ပြီးသိပ်မသိတာကြောင့် ပြောတော့မပြောတတ်ပါဘူး။ ကြည့်လိုက်တဲ့ ရုပ်ရှင်ပေါ်မှာကြည့်ပြီး ဒီကားကဘယ်လိုလေးဖြစ်တယ်။ ဒီလောက်ဘဲ သိပါတယ်။ အခုဒီကားဆိုရင် Entertainment ဖြစ်တယ်ပေါ့။ ကြည့်လိုက်ရင် ပြောဖို့ ကောင်းတယ်ပေါ့”

နှစ်ယောက်တွဲသီချင်းတွေ ထပ်ထွက်ဖို့ရှိသေးလားဆိုတဲ့အပေါ် “အဲ့ဒါကတော့ ရှိပါတယ်။ အမြဲတမ်းကြီးတော့လည်း လုပ်မယ်လုပ်မယ်လို့ မစဉ်းစားထားသေးဘူးပေါ့နော်။ လုပ်ထားတဲ့ သီချင်းတွေကလည်း များနေတော့ မတူအောင် လုပ်ရတာပေါ့။ အဲ့တော့ စဉ်းစားရတာ များပါတယ်။ ညီမအနေနဲ့တော့ ဒီနှစ်ထဲမှာ အခွေသစ်ထွက်ဖို့ ရှိပါတယ်။ ထွက်ခါနီးကြရင်တော့ ညီမအသေးစိတ်ပြောပြပေးပါမယ်။ ကြားထဲမှာတော့ လုပ်စရာရှိတာတွေ လုပ်နေရတော့ ကြာနေတာပါ” ထို့နောက်ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး သီချင်းတွေနဲ့ဘဲ ရှေ့ဆက်စေချင်လား သရုပ်ဆောင်အနေနဲ့ ရှေ့ဆက်စေချင်လားဆိုတဲ့ မေးခွန်းကိုတော့ ထက်ထက်က “နှစ်ခုလုံးပါဘဲ။ ပရိသတ်အားပေးရင် အားပေးတဲ့ဟာကို ဖြစ်စေချင်ပါတယ်”

ချစ်သူသက်တမ်းကြာလာတာနဲ့ပတ်သက်ပြီး “ညီမတို့ ကြိုက်လာတာကတော့ ၉ နှစ်ရှိပါပြီ။ ယူတော့မယူဖြစ်သေးပါဘူး။ ဘာလို့လည်းဆိုတော့ ငယ်သေးတယ်လေ။ ညီမတို့က ငယ်ငယ်လေးထဲက ကြိုက်တာဆိုတော့။ အဓိကကတော့ တယောက်နဲ့ တယောက်နားလည်နေဖို့ပါဘဲ။ ညီမကိုအားပေးနေတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောကြားသွားခဲ့ပါတယ်။

Credit: nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top