iMyanmarHouse.com - Best Property Website for Myanmar
×

ေမာ္ဒယ္သရုပ္ေဆာင္ စမိုင္းလ္ကိုေတာ့ ျမန္မာပရိသတ္ေတြအေနနဲ႔ မစိမ္းဘူးလို႔ ထင္ပါတယ္။ အရင္ကတည္းကလည္း လူသိမ်ားေနတဲ့ ေမာ္ဒယ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္ျပီး ယခုေနာက္ပိုင္းမွာေတာ့ သူမရဲ့ စံျပအိမ္ေထာင္ေရးေၾကာင့္ လူပိုျပီးေတာ့ သိလာတဲ့ အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမရဲ့စံျပ အိမ္ေထာင္ေရးကိုေတာ့ အင္တာနက္ေပၚမွာ တင္ျပခဲ့ျပီး ပရိသတ္အမ်ားအျပားအားက်ခဲ့ၾကပါတယ္။ ယခုမွာလည္း ပရိသတ္ၾကီးအရမ္းကို စိတ္ဝင္စားတဲ့သူမရဲ့ အိမ္ေထာင္ေရးအေၾကာင္းကို ေျပာျပလာျပီး သူမလက္တေလာလႈပ္ရွားမႈေတြကို ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။

SJ နဲ႔အင္တာဗ်ဴးမွာေတာ့ ေဝဖန္ေနတဲ့သူေတြနဲ႔ ပတ္သက္ျပီး စမိုင္းလ္ကေတာ့ “ဒီကိစၥေတြကို ေခါင္းထဲမွာ မထည့္ျဖစ္ေတာ့ပါဘူး။ သည္းခံတတ္သြားပါျပီ။ ဘုရားတရားဘဲ ပိုလုပ္လာလို႔လားမသိပါဘူး။ ျပီးေတာ့ ဒီလိုမ်ိဳးအင္တာနက္ေပၚမွာ ေတြ႔ေနရတဲ့သူေတြ ေဝဖန္ေနတဲ့သူေတြက အျပင္မွာလည္း မျမင္ရပါဘူး။ ဒါေၾကာင့္ ဒီလိုမေကာင္းေျပာေနတဲ့သူေတြက အျမဲလူတိုင္းကိုမေကာင္းေျပာေနမွာပဲ။ ျပီးေတာ့ သူတို႔ဘဝမွာလည္း အဆင္မေျပတာေတြ မ်ားေနတာေၾကာင့္ လူတကာကို မေကာင္းျမင္ေနတာေပါ့ေနာ္။ ကိုယ့္ဘဝၾကီးမွာ အဆင္ေျပျပီး ေကာင္းေနတဲ့သူဆိုရင္ေတာ့ သူမ်ားကို မေကာင္းျမင္ဖို႔ဆိုတာ မျဖစ္နိုင္ပါဘူး။ စိတ္ခ်မ္းသာသလိုဘဲ ေနလိုက္ေတာ့တယ္။ သူတို႔ကုိ ဘာမွမေျပာေတာ့ဘူး”

ပရဟိတလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့အေပၚမွာ “အခုမွမဟုတ္ဘူးေပါ့ေနာ္။ အရင္ကတည္းကလည္း စမိုင္းလ္တို႔ လင္မယားက ပရဟိတ လုပ္ငန္းေတြ လုပ္ပါတယ္။ အခ်ိဳးက်ေလးလုပ္ျဖစ္ပါတယ္။ မရွိတဲ့အခ်ိန္လည္း လွဴစရာတစ္ခုကေတာ့ ရွိမယ္လို႔ ေတြးျပီးေတာ့ အျမဲတမ္းေတာ့ လွဴျဖစ္ပါတယ္။ ပိုက္ဆံမရွိတဲ့အခ်ိန္တုန္းက ေငြအားမတတ္နိုင္တဲ့အခ်ိန္မွာ လူအားနဲ႔ကူညီပါတယ္။ အခုခ်ိန္မွာေတာ့ ေငြအားအဆင္ေျပတဲ့အခ်ိန္မွာေတာ့ ေငြအားေလးနဲ႔လွဴျဖစ္ပါတယ္။”

အိမ္ေထာင္ေရးအဆင္ေျပဖို႔ နားလည္မႈယူရတာေတြနဲ႔ ပတ္သက္ျပီး “အထူးတလည္ေတာ့ နားလည္မႈယူစရာ မလိုပါဘူး။ သူကေတာ္ေတာ္ေလးကို နားလည္ေပးပါတယ္။ အဓိကကေတာ့ သူကေတာ္လို႔ပါ။ စမိုင္းလ္က်ေတာ့ စြာတဲ့သူဆိုေတာ့ တခုခုဆိုရင္ ေခါင္းကမစဥ္းစားဘူး။ ပါးစပ္ကေန လႊတ္ကနဲ ေျပာလိုက္တယ္ေပါ့ေနာ္။ သူနာသြားရင္ျပီးတာဘဲေပါ့။ အခုေနာက္ပိုင္းေတာ့ အဲ့လိုမဟုတ္ေတာ့ပါဘူး။ သူသင္ေပးခဲ့တာေတြအမ်ားၾကီးပါ။ နာေအာင္ ေျပာလိုက္ရင္လည္း သူ႔အေနနဲ႔ စိတ္တိုသြားတာဘဲ ရွိမွာေလ။ စမိုင္းလ္ကို ေဝဖန္တဲ့သူေတြကို ဆိုရင္ ခ်က္ခ်င္းကို ျပန္ေျပာခ်င္ပါတယ္။ ဒါေပမဲ့လည္း အမ်ိဳးသားက သင္ေပးတဲ့အတြက္ေၾကာင့္ နားလည္လာပါျပီ။ သူကေတာ့ ညီမစိတ္တိုလာရင္ မိန္းမမေခ်ာေတာ့ဘူး။ မိန္းမဘဲ အိုစာသြားမယ္လို႔ သူကေတာ့ ေျပာပါတယ္။ ရန္ျဖစ္ရင္လည္း သူကလိုက္ျပီးေတာ့ ေျပာတယ္။ အရမ္းခံစားရင္ ကိုယ္ဘဲ ခံစားရမယ္ဆိုျပီးေတာ့။ ျဖစ္တဲ့အေၾကာင္းကို ျပန္စဥ္းစားလိုက္ရင္ အရာရာျပန္ အဆင္ေျပသြားမွာပါ။ သူကကိုယ့္ထက္ ၂ နွစ္ခြဲေလာက္ဘဲ ၾကီးေပမဲ့လည္း ေတာ္ေတာ္ကို နားလည္မႈရွိတယ္။ နားမလည္တာေတြကို ေထာက္ျပနိုင္ပါတယ္။ သူသင္ေပးလို႔ဘဲ အခုခ်ိန္မွာ ေအးေအးခ်မ္းခ်မ္းေနနိုင္တာ။ အဓိကကေတာ့ ေမာင့္ေၾကာင့္ေပါ့” ဟု ေျဖၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
မော်ဒယ်သရုပ်ဆောင် စမိုင်းလ်ကိုတော့ မြန်မာပရိသတ်တွေအနေနဲ့ မစိမ်းဘူးလို့ ထင်ပါတယ်။ အရင်ကတည်းကလည်း လူသိများနေတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ယခုနောက်ပိုင်းမှာတော့ သူမရဲ့ စံပြအိမ်ထောင်ရေးကြောင့် လူပိုပြီးတော့ သိလာတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့စံပြ အိမ်ထောင်ရေးကိုတော့ အင်တာနက်ပေါ်မှာ တင်ပြခဲ့ပြီး ပရိသတ်အများအပြားအားကျခဲ့ကြပါတယ်။ ယခုမှာလည်း ပရိသတ်ကြီးအရမ်းကို စိတ်ဝင်စားတဲ့သူမရဲ့ အိမ်ထောင်ရေးအကြောင်းကို ပြောပြလာပြီး သူမလက်တလောလှုပ်ရှားမှုတွေကို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

SJ နဲ့အင်တာဗျူးမှာတော့ ဝေဖန်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး စမိုင်းလ်ကတော့ “ဒီကိစ္စတွေကို ခေါင်းထဲမှာ မထည့်ဖြစ်တော့ပါဘူး။ သည်းခံတတ်သွားပါပြီ။ ဘုရားတရားဘဲ ပိုလုပ်လာလို့လားမသိပါဘူး။ ပြီးတော့ ဒီလိုမျိုးအင်တာနက်ပေါ်မှာ တွေ့နေရတဲ့သူတွေ ဝေဖန်နေတဲ့သူတွေက အပြင်မှာလည်း မမြင်ရပါဘူး။ ဒါကြောင့် ဒီလိုမကောင်းပြောနေတဲ့သူတွေက အမြဲလူတိုင်းကိုမကောင်းပြောနေမှာပဲ။ ပြီးတော့ သူတို့ဘဝမှာလည်း အဆင်မပြေတာတွေ များနေတာကြောင့် လူတကာကို မကောင်းမြင်နေတာပေါ့နော်။ ကိုယ့်ဘဝကြီးမှာ အဆင်ပြေပြီး ကောင်းနေတဲ့သူဆိုရင်တော့ သူများကို မကောင်းမြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စိတ်ချမ်းသာသလိုဘဲ နေလိုက်တော့တယ်။ သူတို့ကို ဘာမှမပြောတော့ဘူး”

ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အပေါ်မှာ “အခုမှမဟုတ်ဘူးပေါ့နော်။ အရင်ကတည်းကလည်း စမိုင်းလ်တို့ လင်မယားက ပရဟိတ လုပ်ငန်းတွေ လုပ်ပါတယ်။ အချိုးကျလေးလုပ်ဖြစ်ပါတယ်။ မရှိတဲ့အချိန်လည်း လှူစရာတစ်ခုကတော့ ရှိမယ်လို့ တွေးပြီးတော့ အမြဲတမ်းတော့ လှူဖြစ်ပါတယ်။ ပိုက်ဆံမရှိတဲ့အချိန်တုန်းက ငွေအားမတတ်နိုင်တဲ့အချိန်မှာ လူအားနဲ့ကူညီပါတယ်။ အခုချိန်မှာတော့ ငွေအားအဆင်ပြေတဲ့အချိန်မှာတော့ ငွေအားလေးနဲ့လှူဖြစ်ပါတယ်။”

အိမ်ထောင်ရေးအဆင်ပြေဖို့ နားလည်မှုယူရတာတွေနဲ့ ပတ်သက်ပြီး “အထူးတလည်တော့ နားလည်မှုယူစရာ မလိုပါဘူး။ သူကတော်တော်လေးကို နားလည်ပေးပါတယ်။ အဓိကကတော့ သူကတော်လို့ပါ။ စမိုင်းလ်ကျတော့ စွာတဲ့သူဆိုတော့ တခုခုဆိုရင် ခေါင်းကမစဉ်းစားဘူး။ ပါးစပ်ကနေ လွှတ်ကနဲ ပြောလိုက်တယ်ပေါ့နော်။ သူနာသွားရင်ပြီးတာဘဲပေါ့။ အခုနောက်ပိုင်းတော့ အဲ့လိုမဟုတ်တော့ပါဘူး။ သူသင်ပေးခဲ့တာတွေအများကြီးပါ။ နာအောင် ပြောလိုက်ရင်လည်း သူ့အနေနဲ့ စိတ်တိုသွားတာဘဲ ရှိမှာလေ။ စမိုင်းလ်ကို ဝေဖန်တဲ့သူတွေကို ဆိုရင် ချက်ချင်းကို ပြန်ပြောချင်ပါတယ်။ ဒါပေမဲ့လည်း အမျိုးသားက သင်ပေးတဲ့အတွက်ကြောင့် နားလည်လာပါပြီ။ သူကတော့ ညီမစိတ်တိုလာရင် မိန်းမမချောတော့ဘူး။ မိန်းမဘဲ အိုစာသွားမယ်လို့ သူကတော့ ပြောပါတယ်။ ရန်ဖြစ်ရင်လည်း သူကလိုက်ပြီးတော့ ပြောတယ်။ အရမ်းခံစားရင် ကိုယ်ဘဲ ခံစားရမယ်ဆိုပြီးတော့။ ဖြစ်တဲ့အကြောင်းကို ပြန်စဉ်းစားလိုက်ရင် အရာရာပြန် အဆင်ပြေသွားမှာပါ။ သူကကိုယ့်ထက် ၂ နှစ်ခွဲလောက်ဘဲ ကြီးပေမဲ့လည်း တော်တော်ကို နားလည်မှုရှိတယ်။ နားမလည်တာတွေကို ထောက်ပြနိုင်ပါတယ်။ သူသင်ပေးလို့ဘဲ အခုချိန်မှာ အေးအေးချမ်းချမ်းနေနိုင်တာ။ အဓိကကတော့ မောင့်ကြောင့်ပေါ့” ဟု ဖြေကြားသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top