iMyanmarHouse.com - Best Property Website for Myanmar
×
Ref;Japan Inside
# Unicode Version ဖြင့် ဖတ်ပါ #
ယခုခေတ်မှာ အနုပညာရှင်တွေဟာဆန်းသစ်မှု
ပုံစံအမျိုးမျိုးနဲ့ အနုပညာကိုပုံဖေါ်လာကြပါတယ်။
ပန်းချီ အမျိုးအစားတွေဟာလည်း များစွာ ထွက်ပေါ်
လာပါတယ်။ တစ်ချို့သော ပန်းချီဆရာများရဲ့ လက်ရာ
တွေဟာဆိုရင် ပန်းချီလို့တောင် မထင်ရဘဲ တကယ်ကို
အနုပညာမြောက်ကာအသက်ဝင်လှပါတယ်။ Hikaru Cho
ဆိုတာကတော့ ခန္ဓာကိုယ်ပေါ်ရေးဆွဲတဲ့ သူ့ရဲ့ ပီပြင်လှတဲ့
ပန်းချီလက်ရာတွေကြောင့် ဂျပန်နိုင်ငံမှာနာမည်
ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ယခုအခါမှာ သူရေးဆွဲထားတဲ့ မိန်းကလေးကိုယ်ပေါ်က
ပန်းချီတွေဟာလည်း အလွန်ပဲအသက်ဝင် လှပါတယ်။
မိန်းကလေးရဲ့ ကျောနဲ့လက်မောင်းပေါ် ဆွဲထားတဲ့
စက်ရုပ်ဆန်ဆန် ဒီပန်းချီဟာ မိန်းကလေးကိုစက်ရုပ်
တစ်ရုပ်လို ထင်မြင်စေပါတယ်။ ဆွဲထားတဲ့ဆေးချက်
တွေဟာ တစ်ကယ့်ကို စက်ရုပ်တစ်ရုပ်ရဲ့ အစိတ်အပိုင်း
တွေလိုပုံပေါ်ပြီး အနုပညာလက်ရာ မြောက်လှပါတယ်။
မိန်းကလေးရဲ့ ကျောကိုဖောက်ပြီး လက်ထွက်လာတဲ့ပုံ
စံဆွဲထားတဲ့ ဒီပန်းချီဟာ ဆိုရင်လဲ အနုပညာ မြောက်လှ
ပါတယ်။ မိန်းကလေးနှစ်ယောက်ဟာ တစ်ယောက်နှင့်
တစ်ယောက်ဖက်ထားပြီး နောက်ကျောအပေါက်ကြီး
ကနေ လက်ဖောက်ထွက်လာပုံဟာတကယ့်ကို
ပီပြင်လှပါတယ်။ နောက်ထပ် မိန်းကလေးရဲ့ခါးပေါ်က
လိပ်ပြာလေးတွေ နဲ့ မျက်နှာပေါ်က ဝံပုလွေပုံ ပန်းချီများ
ဟာလည်း ပီပြင်လှပါတယ်။ ဒါ့အပြင် မိန်းကလေးရဲ့
ကျောပေါ်က လက်တွေပုံစံပန်ချီနဲ့ ပင့်ကူ ပန်းချီတွေဟာ
လည်းအလွန်ပဲ အသက်ဝင်လက်ရာမြောက်တာ တွေ့ရမှာပါ။
Ref;Japan Inside
ဖိုးသူတော် (www.phothutaw.com)
Credit: Thu Rein (Daily Hot News)
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top