iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Nanmalgyi
# Unicode Version ဖြင့် ဖတ်ပါ #
ဟာသသရုပ်ဆောင် ကစ်ကစ်ကိုတော့ မြန်မာနိုင်ငံကပရိသတ်တွေအနေနဲ့ မစိမ်းဘူးလို့ထင်ပါတယ်။ ရုပ်ရှင်ကားတွေထဲမှာတော့ ပျော်ပျော်နေတတ်ပြီး ဟာသတွေ အမြဲလုပ်နေတတ်တဲ့ ကစ်ကစ်တစ်ယောက်ကတော့ တကယ့်လက်တွေ့ဘဝမှာတော့ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သိပ်မကြာသေးခင်ကစ်ကစ်ဟာ နာမကျန်းဝေဒနာ ခံစားခဲ့ရပြီး ကာလရှည်ဆေးရုံတတ်နေရတာလည်း ဖြစ်ပါတယ်။ ယခုမှာတော့ ကစ်ကစ်ဟာ သူ့ဝေဒနာဟာ အနည်းတော့ သက်သာလာပြီး MC7 နဲ့ အင်တာဗျူးမှာတော့ ကစ်ကစ်က သူမရဲ့ကျန်းမာရေး အခြေအနေကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်
ဟာသသရုပ်ဆောင် ကစ်ကစ်က “လက်ရှိအခြေအနေကတော့ ကောင်းလာပါပြီ။ ပေါ့ပေါ့ပါးပါးပါဘဲ။ ကျန်းမာရေးအခြေအနေကတော့ လာမယ့်အပတ်ကျရင် ကုတင် ၅၀၀ ကိုပြန်ပြရမယ်။ ကျောက်ကပ်ကတော့ လိုအပ်ရင် စစ်ဆေးရပါမယ်။ မလိုအပ်ဘူးဆိုရင်တော့ ဆေးသောက်ဆေးထိုးနဲ့တင် ကောင်းသွားမှာပေါ့”
သရုပ်ဆောင် ကစ်ကစ်ရဲ့သမီး ဇွန်လရောင်ဖြူကလည်း “အမေ့ကို ဆေးပုံမှန်သောက်ဖို့အတွက်လည်း ပြောပါတယ်။ စာကလည်း တဖက်မှာ လုပ်နေရတော့ အရမ်းကြီးကြည့်ချိန်တော့မရပါဘူ။ အိမ်မှာတော့ နပ်စ်မ တစ်ယောက်ငှားထားတော့ အဆင်တော့ပြေနေပါတယ်။ အမေဆန်ပြုတ်စားချင်တယ်၊ အရွက်ကြော်တွေ စားချင်တယ်ဆိုရင်တော့ ကိုယ်တိုင်ချက်ပေးပါတယ်။ တတ်နိုင်သလောက်လေး လုပ်ပေးပါတယ်”
ဆက်လက်ပြီး ကစ်ကစ်က “ဆေးရုံဆင်းခါနီး အချိန်တုန်းကတော့ ဆီးဆိပ်တွေတတ်လို့ မျက်လုံးကတော့ ဝါးသွားတာပေါ့။ နောက်ပိုင်းကျတော့ ဆီးသွားလေ မျက်လုံးက ပြန်ပြီးမြင်ရလေ ဖြစ်လာပါတယ်။ အရမ်းကြီးတေ့ာ မကောင်းသေးပါဘူး။ ဒါပေမဲ့လည်း ဖောင်းတာတွေ ရောင်တာတွေ ကျသွားရင်တော့ မျက်လုံးကတော်တေ်ာလေးကို ပြန်ပြီးတော့ မြင်လာရမယ်လို့ ထင်ပါတယ်။ အခုကတော့ ပန်းကန်တွေ ခွက်တွေ ကားတွေကတော့ သဲသဲကွဲကွဲမြင်ရပါတယ်။ လူအရိပ်ကတော့ သဲသဲကွဲကွဲမမြင်ရသေးပါဘူး
ဆက်လက်ပြီး “အခုလက်ရှိရပ်တည်နေရတဲ့ အသက်နဲ့ ခန္ဓာကတော့ ကျွန်မကို ဝိုင်းဝန်းပြီး ချစ်ချင်နေကြတဲ့ ပရိသတ်တွေရဲ့ အသက်ဘဲ ရှိပါတယ်။ သူတို့တွေက ဆုတောင်းပေးကြတယ်။ ကိုယ့်ကို လှူပေးကြတယ်။ သူတို့ကြောင့်ဘဲ လက်ရှိမှာ ဒီလို ရပ်တည်နိုင်တာပါ။ ပြန်ပြီးနေကောင်းလာရင်လည်း ဒီလိုအနုပညာအလုပ်နဲ့ဘဲ သူတို့ကို ကျေးဇူးဆပ်ပြီး ပြန်ပြီးတော့ ရပ်တည်နိုင်အောင် အကောင်းဆုံး လုပ်သွားမှာပါ” ဟု ပြောကြားသွားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Nanmalgyi
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top