iMyanmarHouse.com - Best Property Website for Myanmar
×

ေဆး၀ါးသံုးျပီး ကိုယ္ဝန္ဖ်က္ခ်ျပီးေနာက္ မိသားစု အထူးသျဖင့္ ကာယကံရွင္မိခင္ေလာင္းက စိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာထိခိုက္မႈေတြ ခံစားရစျမဲျဖစ္ပါတယ္။မိခင္ေလာင္းဟာ ဒီလိုဆံုးရံႈးမႈ ၾကံဳေတြ႔ရျပီးေနာက္ပိုင္းမွာ အထူးေစာင့္ေရွာက္ ကုသမႈခံယူဖို႔လိုအပ္တယ္လို႔ ေျပာၾကပါတယ္။ (ျမန္မာႏိုင္ငံတြင္ တရား၀င္ ကိုယ္၀န္ဖ်က္ခ်ခြင့္ မရွိပါ။)
ကိုယ္ဝန္ဖ်က္ခ်ျပီးေနာက္ ဘယ္လိုခံစားခ်က္မ်ိဳး ရွိလာနိုင္မလဲ

လူတိုင္းဟာ တျခားသူနဲ႔မတူတဲ့သီးျခားျဖစ္တည္မႈျဖစ္တာေၾကာင့့္ ရုပ္ရည္သြင္ျပင္နဲ႔ စိတ္ေနစိတ္ထားေတြလည္း မတူၾကတဲ့အတြက္ ေဆးပညာအရ ေဆးဝါးသံုးျပီး ကိုယ္ဝန္ဖ်က္ခ်မႈခံယူျပီး ေနာက္ ခံစားေနရတတ္ သူ၊ မခံစားရသူ ဆိုျပီးရွိပါတယ္။ သင့္မွာ ခံစားခ်က္ ျပင္းထန္တာလည္း ရွိနုိင္ပါတယ္။ကိုယ့္ပတ္ဝန္းက်င္ ကအရာဝတၳဳေတြကို ထိေတြ႔ခံစား မသိနုိင္ေတာ့တာ၊ အာရံု မရနိုင္တာေတြ ျဖစ္လာနိုင္ပါတယ္။ဒါ့အျပင္ အရာအားလံုးကိုခံစားလြယ္ျပီး ဟာတာတာလည္း ခံစားေနရနိုင္ပါတယ္။ ေဒါသစိတ္၊ ဆံုးရံႈးရတဲ့စိတ္၊ အျပစ္ရွိစိတ္၊ စိတ္သက္သာမႈ၊ဝမ္းနည္းစိတ္ စတာေတြကိုလည္း ခံစားရနိုင္ပါတယ္။
စိတ္ပိုင္းဆိုင္ရာအားေပးမႈေတြလိုအပ္လာရင္ ဘာလုပ္ရမလဲ

တခ်ိဳ႕လူေတြက ေနာက္ဆက္တြဲခံစားခ်က္ေတြဘာမွ မရွိဘဲ ဒီဆံုးရံႈးမႈကို ျမန္ျမန္ဆန္ဆန္ျဖတ္ေက်ာ္သြားနိုင္ ေပမယ့္တခ်ိဳ႕ကေတာ့ အားေပးမႈလိုအပ္ေနနိုင္ပါ တယ္။ဒီလိုျဖတ္ေက်ာ္နုိင္ဖို႔ စိတ္ထဲမွာ ဘဝင္မက်မႈ၊ စိုးရိမ္ပူပန္မႈေတြ ခံစားေနရတာ၊ ဒါမွမဟုတ္ ေန႔စဥ္လႈပ္ရွားလုပ္ေဆာင္မႈေတြ၊ အိပ္စက္ခ်ိန္ေတြမွာ အဆင္မေျပတာေတြျဖစ္ေနျပီိဆိုရင္ တစ္ေယာက္ေယာက္ ဝင္ကူညီေပးဖို႔လိုေနပါျပီ။ ကိုယ္ခ်စ္ခင္ရသူေတြ၊ ကိုယ္ယံုၾကည္ရသူေတြကို ကိုယ့္ခံစားခ်က္ေတြ ေျပာျပျပီး စကားေျပာဆိုနိုင္ပါ တယ္။ ေနာက္တစ္နည္းကေတာ့ ဆရာဝန္ေတြ၊ အထူးကုေတြ၊ဒါမွမဟုတ္ တျခားတရားဝင္က်န္းမာေရး ေစာင့္ေရွာက္မႈပညာရွင္ေတြနဲ႔ေတြ႔ဆံုျပီး စိတ္ပိုင္းဆိုင္ရာ အားေပးအၾကံေပးမႈခံယူနိုင္ပါတယ္။ ကိုယ့္အတြက္စိတ္သက္သာရာရေစမယ့္၊ ကိုယ့္ပူပန္မႈေတြကို ကူညီေျဖေဖ်ာက္ေပးနိုင္မယ့္ ဘယ္သူနဲ႔မဆို ေတြ႔ဆံုေျပာဆိုနုိင္ပါတယ္။ တစ္ဦးတည္းက်ိတ္ခံစားတာက အေျခအေနကိုပုိဆိုး ေစတာပဲရွိမွာျဖစ္ျပီး ပိုျပင္းထန္တဲ့ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြရွိလာေစနိုင္ပါလိမ့္္မယ္။
ကိုယ္ဝန္ဖ်က္ခ်ျပီးေနာက္

ကိုယ္ဝန္ဖ်က္ခ်ျပီးေနာက္ သင့္ရဲ႕ကိုယ္ဝန္ေဆာင္ လကၡဏာေတြက တစ္ပတ္ေလာက္အတြင္းမွာ ေပ်ာက္ကြယ္သြားနုိုင္ပါတယ္။ အဲဒီေနာက္ ပံုမွန္လႈပ္ရွားမႈအေျခအေနကိုျပန္ေရာက္သြားမွာပါ။ သင့္ခႏၶာကိုယ္နဲ႔လိုအပ္ခ်က္ေတြအတိုင္း ေနထိုင္ျပီး စိတ္ခ်မ္းသာသလို ျပန္လည္ေနထိုင္ပါ။

မိန္းမကိုယ္ကေန ေသြးဆင္းတာမ်ိဳး ျဖစ္ရင္ျဖစ္လာနိုင္ျပီး ၂ ပတ္-၃ပတ္ေလာက္အထိ ၾကာနိုင္ပါတယ္။ အရက္ေသာက္ျခင္း၊ ေဆးေျခာက္နဲ႔ မူးယစ္ေဆးဝါး သံုးစြဲျခင္း၊ ၊ ေဆးဝါးမ်ားေသာက္သံုးျခင္း၊ အေလးအပင္ မျခင္း၊ ၾကမ္းၾကမ္းလႈပ္ရွားရတဲ့ေလ့က်င့္ခန္းမ်ားလုပ္ ျခင္းတို႔က ေသြးဆင္းျခင္းကို ျဖစ္နုိင္ေျခပိုမ်ားေစပါ တယ္။ ေနာက္ဆက္တြဲဆိုးက်ိဳးေတြထပ္မျဖစ္လာေစဖို႔ အတြက္ ဒါမ်ိဳးေတြမလုပ္မိေအာင္ ေရွာင္ပါ။

တစ္နာရီအတြင္း ေသြးဆင္းတာမ်ားေနတာ ဒါမွမဟုတ္ တစ္နာရီကို pad တစ္ခုလဲေနရတာ သံုးနာရီၾကာလာျပီဆိုရင္ ေဆးရံု သို႔မဟုတ္ ေဆးခန္းကို ခ်က္ခ်င္းျပပါ။

ရင္သားေတြမွာလည္း  အထိမခံနုိင္ ျဖစ္လာတတ္တာေၾကာင့္ ရင္သားကို မပြတ္တိုက္သင့္၊ မႏွိပ္နယ္သင့္၊ မဖိသင့္ပါဘူး။ ဒါ့အျပင္ အားကစားဘရာလို သက္ေတာင့္သက္သာရွိ မယ့္ ဘရာစီယာေတြကိုပဲဝတ္ေပးျပီး တစ္ေန႔ကို ႏွစ္ၾကိမ္ေလာက္ ၁၀ မိနစ္-မိနစ္၂၀ ၾကာေအာင္ ေရခဲအိတ္ေလးကပ္ေပးပါ။

ေဆးဝါးသံုး ကိုယ္ဝန္ဖ်က္ခ်မႈကိုျဖတ္ေက်ာ္ရတဲ့အခါ အမ်ိဳးသမီးေတြဟာ တခါမွမေတြးမိခဲ့ဖူးတဲ့ နာက်င္ခံစားမႈကို ရင္ဆိုင္ရနိုင္ပါတယ္။ သင့္မွာ ေမးျမန္းစရာ၊ စိတ္ပူပန္စရာေတြရွိေနတယ္ဆိုရင္ ဒါမွမဟုတ္ အထီးက်န္သလိုခံစားေနရျပီး နားလည္အားေပးမႈကိုလိုအပ္ေနတယ္ဆိုရင္ ဆရာဝန္၊ အထူးကု ဒါမွမဟုတ္ က်န္းမာေရးေစာင့္ေရွာက္သူ တစ္ဦးဦးနဲ႔ေတြ႔ဆံုျပီး အကူအညီ၊ အၾကံဥာဏ္နဲ႔ လမ္းညႊန္ခ်က္ ေတာင္းခံဖို႔ ေတြေဝမေနပါနဲ႔။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချပြီးနောက် မိသားစု အထူးသဖြင့် ကာယကံရှင်မိခင်လောင်းက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားရစမြဲဖြစ်ပါတယ်။မိခင်လောင်းဟာ ဒီလိုဆုံးရှုံးမှု ကြုံတွေ့ရပြီးနောက်ပိုင်းမှာ အထူးစောင့်ရှောက် ကုသမှုခံယူဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။ (မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် မရှိပါ။)
ကိုယ်ဝန်ဖျက်ချပြီးနောက် ဘယ်လိုခံစားချက်မျိုး ရှိလာနိုင်မလဲ

လူတိုင်းဟာ တခြားသူနဲ့မတူတဲ့သီးခြားဖြစ်တည်မှုဖြစ်တာကြောင့် ရုပ်ရည်သွင်ပြင်နဲ့ စိတ်နေစိတ်ထားတွေလည်း မတူကြတဲ့အတွက် ဆေးပညာအရ ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချမှုခံယူပြီး နောက် ခံစားနေရတတ် သူ၊ မခံစားရသူ ဆိုပြီးရှိပါတယ်။ သင့်မှာ ခံစားချက် ပြင်းထန်တာလည်း ရှိနိုင်ပါတယ်။ကိုယ့်ပတ်ဝန်းကျင် ကအရာဝတ္ထုတွေကို ထိတွေ့ခံစား မသိနိုင်တော့တာ၊ အာရုံ မရနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ဒါ့အပြင် အရာအားလုံးကိုခံစားလွယ်ပြီး ဟာတာတာလည်း ခံစားနေရနိုင်ပါတယ်။ ဒေါသစိတ်၊ ဆုံးရှုံးရတဲ့စိတ်၊ အပြစ်ရှိစိတ်၊ စိတ်သက်သာမှု၊ဝမ်းနည်းစိတ် စတာတွေကိုလည်း ခံစားရနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေလိုအပ်လာရင် ဘာလုပ်ရမလဲ

တချို့လူတွေက နောက်ဆက်တွဲခံစားချက်တွေဘာမှ မရှိဘဲ ဒီဆုံးရှုံးမှုကို မြန်မြန်ဆန်ဆန်ဖြတ်ကျော်သွားနိုင် ပေမယ့်တချို့ကတော့ အားပေးမှုလိုအပ်နေနိုင်ပါ တယ်။ဒီလိုဖြတ်ကျော်နိုင်ဖို့ စိတ်ထဲမှာ ဘဝင်မကျမှု၊ စိုးရိမ်ပူပန်မှုတွေ ခံစားနေရတာ၊ ဒါမှမဟုတ် နေ့စဉ်လှုပ်ရှားလုပ်ဆောင်မှုတွေ၊ အိပ်စက်ချိန်တွေမှာ အဆင်မပြေတာတွေဖြစ်နေပြီဆိုရင် တစ်ယောက်ယောက် ဝင်ကူညီပေးဖို့လိုနေပါပြီ။ ကိုယ်ချစ်ခင်ရသူတွေ၊ ကိုယ်ယုံကြည်ရသူတွေကို ကိုယ့်ခံစားချက်တွေ ပြောပြပြီး စကားပြောဆိုနိုင်ပါ တယ်။ နောက်တစ်နည်းကတော့ ဆရာဝန်တွေ၊ အထူးကုတွေ၊ဒါမှမဟုတ် တခြားတရားဝင်ကျန်းမာရေး စောင့်ရှောက်မှုပညာရှင်တွေနဲ့တွေ့ဆုံပြီး စိတ်ပိုင်းဆိုင်ရာ အားပေးအကြံပေးမှုခံယူနိုင်ပါတယ်။ ကိုယ့်အတွက်စိတ်သက်သာရာရစေမယ့်၊ ကိုယ့်ပူပန်မှုတွေကို ကူညီဖြေဖျောက်ပေးနိုင်မယ့် ဘယ်သူနဲ့မဆို တွေ့ဆုံပြောဆိုနိုင်ပါတယ်။ တစ်ဦးတည်းကျိတ်ခံစားတာက အခြေအနေကိုပိုဆိုး စေတာပဲရှိမှာဖြစ်ပြီး ပိုပြင်းထန်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလာစေနိုင်ပါလိမ့်မယ်။
ကိုယ်ဝန်ဖျက်ချပြီးနောက်

ကိုယ်ဝန်ဖျက်ချပြီးနောက် သင့်ရဲ့ကိုယ်ဝန်ဆောင် လက္ခဏာတွေက တစ်ပတ်လောက်အတွင်းမှာ ပျောက်ကွယ်သွားနိုင်ပါတယ်။ အဲဒီနောက် ပုံမှန်လှုပ်ရှားမှုအခြေအနေကိုပြန်ရောက်သွားမှာပါ။ သင့်ခန္ဓာကိုယ်နဲ့လိုအပ်ချက်တွေအတိုင်း နေထိုင်ပြီး စိတ်ချမ်းသာသလို ပြန်လည်နေထိုင်ပါ။

မိန်းမကိုယ်ကနေ သွေးဆင်းတာမျိုး ဖြစ်ရင်ဖြစ်လာနိုင်ပြီး ၂ ပတ်-၃ပတ်လောက်အထိ ကြာနိုင်ပါတယ်။ အရက်သောက်ခြင်း၊ ဆေးခြောက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ၊ ဆေးဝါးများသောက်သုံးခြင်း၊ အလေးအပင် မခြင်း၊ ကြမ်းကြမ်းလှုပ်ရှားရတဲ့လေ့ကျင့်ခန်းများလုပ် ခြင်းတို့က သွေးဆင်းခြင်းကို ဖြစ်နိုင်ခြေပိုများစေပါ တယ်။ နောက်ဆက်တွဲဆိုးကျိုးတွေထပ်မဖြစ်လာစေဖို့ အတွက် ဒါမျိုးတွေမလုပ်မိအောင် ရှောင်ပါ။

တစ်နာရီအတွင်း သွေးဆင်းတာများနေတာ ဒါမှမဟုတ် တစ်နာရီကို pad တစ်ခုလဲနေရတာ သုံးနာရီကြာလာပြီဆိုရင် ဆေးရုံ သို့မဟုတ် ဆေးခန်းကို ချက်ချင်းပြပါ။

ရင်သားတွေမှာလည်း  အထိမခံနိုင် ဖြစ်လာတတ်တာကြောင့် ရင်သားကို မပွတ်တိုက်သင့်၊ မနှိပ်နယ်သင့်၊ မဖိသင့်ပါဘူး။ ဒါ့အပြင် အားကစားဘရာလို သက်တောင့်သက်သာရှိ မယ့် ဘရာစီယာတွေကိုပဲဝတ်ပေးပြီး တစ်နေ့ကို နှစ်ကြိမ်လောက် ၁၀ မိနစ်-မိနစ်၂၀ ကြာအောင် ရေခဲအိတ်လေးကပ်ပေးပါ။

ဆေးဝါးသုံး ကိုယ်ဝန်ဖျက်ချမှုကိုဖြတ်ကျော်ရတဲ့အခါ အမျိုးသမီးတွေဟာ တခါမှမတွေးမိခဲ့ဖူးတဲ့ နာကျင်ခံစားမှုကို ရင်ဆိုင်ရနိုင်ပါတယ်။ သင့်မှာ မေးမြန်းစရာ၊ စိတ်ပူပန်စရာတွေရှိနေတယ်ဆိုရင် ဒါမှမဟုတ် အထီးကျန်သလိုခံစားနေရပြီး နားလည်အားပေးမှုကိုလိုအပ်နေတယ်ဆိုရင် ဆရာဝန်၊ အထူးကု ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်သူ တစ်ဦးဦးနဲ့တွေ့ဆုံပြီး အကူအညီ၊ အကြံဉာဏ်နဲ့ လမ်းညွှန်ချက် တောင်းခံဖို့ တွေဝေမနေပါနဲ့။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top