iMyanmarHouse.com - Best Property Website for Myanmar
×

ဗမာက တစ္မ်ိဳး ၊ ကရင္က တစ္ဖံု ၊ ရွမ္း ၊ ကခ်င္ ၊ ခ်င္းတို႔က တစ္ျခား အကြဲကြဲ အျပားျပား လုပ္ေနၾကရင္ အက်ိဳးရွိမွာ မဟုတ္ဘူး ။ စုေပါင္း လုပ္မွသာ အက်ိဳး ရွိႏိုင္မယ္။

(၁၉၄၇ ၊ ေဖေဖာ္ဝါရီ ၁၁ ရက္ ၊ ပင္လံုမိန္႔ခြန္း)

လူႀကီးဆုိတာ အသက္ႀကီးတာကို ဆိုလိုတာလား ။ မဟုတ္ဘူး ။ အသက္မႀကီးေပးမယ့္ လုပ္တဲ့ အလုပ္ႀကီးရင္ လူႀကီးပဲ။

(၁၉၄၄ ၊ မတ္ ၁၄ ၊ ဗိုလ္သင္တန္း ေက်ာင္းဆင္းမိန္႔ခြန္း)

ေဟ့ … ေသလဲ ဗမာပီပီ ဇာတိမာန္ႏွင့္ ေသႀကပါ .. ရန္သူကို မိမိလက္အားေနရင္ လက္ႏွင့္ထိုး၊ ေၿခအားေနရင္ ေၿခနဲ႔ကန္ပါ ..။ ေနာက္ဆံုး ပါးစပ္အားေနလွ်င္ ပါးစပ္ႏွင့္ ကိုက္ၿပီးမွ ရဲရဲေသၿပလိုက္ႀကတာေပါ့ …။

(ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ရဲေဘာ္သံုးက်ိပ္တို႔ ေဟနန္ကြၽန္းတြင္ ဂ်ပန္မ်ားက စစ္ပညာသင္ေပးေနႀကစဥ္ ဂ်ပန္တို႔က ၄င္းတို႔အား အားလံုးေဖ်ာက္ဖ်က္မည့္ အေၿခအေနမ်ိဳးကို ႀကံဳေတြ႔ေနႀကရစဥ္)

ရဲေဘာသံုးက်ိပ္ဟာ ႏိုင္ငံေရးအဖြဲ႔ တဖြဲ႔တည္း မဟုတ္ပဲ သခင္ဂိုဏ္းႀကီးႏွစ္ခုၿဖစ္တယ္၊ အနာဂါတ္ လြတ္လပ္ေရးတိုက္ပြဲမွာ ဒီသံုးက်ိပ္ ညီညြတ္ဖို႔ လိုတယ္။ ဒါမွ လူငယ္မ်ားၿဖစ္တဲ့ သခင္ဂိုဏ္း ႏွစ္ဂိုဏ္းလံုး ညီညြတ္မယ္။ ဒါမွ လူမ်ားစုကို ကိုယ္စားၿပဳမဲ့လူေတြ တကယ္လဲ အလုပ္လုပ္ႀကမဲ့ လူငယ္ေတြ ညီညြတ္မယ္။ ဒါမွ လြတ္လပ္ေရးတိုက္ပြဲဟာ ခုိင္မာေတာင့္တင္းမယ္။

စစ္ထြက္ႀကတာေပါ့၊ ေရွးေရွးတုန္းက ဗမာ့တပ္ေတြ စစ္ထြက္ႀကတာ တနသာၤရီကို ေလွႀကီးေတြနဲ႔ ေရေႀကာင္းလႊင့္ႀကေတာ့ တခ်ိဳ႕က ေရေႀကာင္းမွားၿပီး ရခိုင္ၿပည္ဘက္ ေရာက္လိုေရာက္ၿဖစ္ႀကတာပဲ၊ ဒါေပမဲ့ ေရာက္တဲ့ေနရာက ဆက္ၿပီး ၿဖစ္သလို လုပ္ႀကတာေပါ့ … ။

(ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ ယိုးဒယားတြင္ တပ္မ်ားစုႀကၿပီး တပ္စစ္ေႀကာင္း အသီးသီးထြက္ရန္ စီစဥ္ႀကစဥ္ ဖာပြန္စစ္ေႀကာင္း ခ်ီတက္ရန္ တာ၀န္က်သူ ဗိုလ္ေက်ာ္ေဇာက ဗိုလ္ခ်ဳပ္ေအာင္ဆန္းအား ကန္ေတာ့ေသာအခါ)

ခင္ဗ်ားတို႔ရႊာကို ေရွးယခင္တုန္းက ယံုမိတယ္၊ ဘာ့ေႀကာင့္လဲဆိုေတာ့ ဆရာစံထတုန္းကလဲ ထထႀကြႀကြရိွတဲ့ ရြာတရြာလို႔ အသိအမွတ္ၿပဳခဲ့တယ္၊ မွင္နီ အ၀ိုင္းခံခဲ့ရတယ္၊ ခုေတာ့ က်ဳပ္အထင္ႀကီးသေလာက္ မဟုတ္တာ ေတြ႔ရတယ္ …။

(ပဲခူးခရိုင္ ေ၀ါအပိုင္ အညာစုရြာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေရာက္၍၊ ရဲေဘာ္ ၃၇ ေယာက္စုရန္ေၿပာရာ ရပ္ရြာထဲက တုတ္တုတ္မလွဳပ္ႀက၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကေျပာခဲ့ျခင္းျဖစ္သည္။)

Credit: Wikipedia Myanmar
# Unicode Version ျဖင့္ ဖတ္ပါ #
ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။

(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)

လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။

(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)

ဟေ့ … သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ …။

(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၎င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)

ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။

စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာၤရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ … ။

(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)

ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အဝိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် …။

(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့ခြင်းဖြစ်သည်။)


Credit: Wikipedia Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top