iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႕ေခတ္ မင္းသားေတြ တစ္လက္ျပီးတစ္လက္ေပၚလာေပမဲ့ “မီကို ေကာ္ဖီမစ္” တီဗြီေၾကာ္ျငာထဲက မင္းသားကိုေတာ့ ဘယ္သူမွမီႏိုင္မယ္ မထင္ပါဘူး။ တစ္ေခတ္တစ္ခါတုန္းက ဇီးထုပ္ကို ေတာင္ ေဒြးနဲ႕ ထက္ထက္မိုးဦး ပံုပါမွ ဝယ္စားခဲ့တဲ့ လူေတြလည္းရွိဦးမယ္ထင္ပါတယ္။ “ဘယ္ေတာ့မွမေမ့ဘူး” သီခ်င္းကို သီဆိုျပီး အားလံုးကို ေက်ာခိုင္းႏႈတ္ဆက္သြားခဲ့တဲ့ ကိုသားၾကီးက ေမ့မရသူေတြရင္ထဲမွာေတာ့ ထာဝရရွင္သန္ေနဆဲျဖစ္ပါတယ္။

ပရိသတ္ေတြကေတာင္ မေမ့ႏိုင္ခဲ့ရင္ ကိုသားၾကီးနဲ႕ တြဲဖက္သရုပ္ေဆာင္ခဲ့တဲ့ အႏုပညာရွင္ေတြက ပိုျပီးေတာ့ေတာင္ လြမ္းဆြတ္ေနမွာပါ။ ထက္ထက္မိုးဦးကလည္း သူ႕ရင္ထဲမွာ အျမဲတမ္းရွိတဲ့ ကိုသားၾကီး အေၾကာင္း ခုလိုေျပာျပသြားပါတယ္။

“ အႏုပညာေမာင္ႏွမေတြသူမရွိတဲ့ ေနာက္ပိုင္းမွာ အလုပ္လုပ္ရတာ အရမ္းသိသာတယ္ေပါ့ေနာ္။ ထက္ထက္ဆိုပိုဆိုးတယ္။ မိုးလင္းတာနဲ႕ ကိုသားၾကီး နဲ႕ကိုလြင္မိုး ဒီႏွစ္ေယာက္နဲ႕ပဲ ႏွစ္ေတြ အၾကာၾကီး အခ်ိန္ကုန္ခဲ့ရတာဆိုေတာ့ ကိုလြင္မိုးတို႕ ကိုသားၾကီး တို႕ ကို သတိရတာေပါ့ေနာ္။ အမွတ္တရေတြက ေတာ့ အမ်ားၾကီးပါပဲ။တစ္ေယာက္နဲ႕တစ္ေယာက္စိတ္ေကာက္လိုက္ရယ္စရာေလးေတြေျပာလိုက္နဲ႕ ကိုယ့္မိသားစုလိုျဖစ္ေနတာေပါ့ေနာ္။

ခံစားခ်က္ကေတာ့ လူဆိုတာ ကိုယ့္ရဲ႕ ခ်စ္သူ ခင္သူ ၊ ရင္းႏွီးရသူ မိတ္ေဆြေမာင္ႏွမေတြ တစ္ေယာက္ေယာက္ ခ်က္ခ်င္း ရုတ္တရက္ ၾကီး ထြက္ခြာသြားတယ္ဆိုေတာ့ အခ်ိန္အၾကာၾကီးရင္နဲ႕ မဆံ့ေအာင္ခံစားရတာေပါ့ေလ။ မျဖစ္ေစခ်င္ဘူးေပါ့ေနာ္။ ဒါေပမဲ့ လူေတြအားလံုးဟာ မလြဲမေသြထြက္ခြာသြားရမွာပဲ သူ႕အလွည့္ကိုယ့္အလွည့္ဆိုတာ ဒီလိုပဲျပန္ျပီး ေျဖသိမ့္ရတာေပါ့။

ၾကားၾကားခ်င္းကေတာ့ အမတို႕က ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး မဟုတ္ဘူးေပါ့။ ဒီေန႕လိုမ်ိဳး ဧဒင္ျမိဳ႕သားမ်ားရိုက္တယ္ဆိုရင္ ေနာက္ေန႕ တစ္ရက္ပဲၾကားထဲမွာ ျခားလိုက္တယ္။ အမကလည္း ဦးညီထြန္းလြင္တို႕ကားကို ကူးျပီး သန္လ်င္မွာ သြားရိုက္တဲ့ အခ်ိန္ တစ္ေန႕က ပဲ ကိုသားၾကီးနဲ႕ရိုက္ခဲ့တာ။ အခုသူမရွိေတာ့ဘူး ဆို ဘယ္လုိမွစဥ္းစားလို႕မရဘူး ။ဒီေန႕ထိရင္ထဲမွာ ရွိေနပါတယ္ အကို႕ကိုေတာ့ ။ ဆုေတာင္းေပးေနပါတယ္” ဆိုျပီးေျပာသြားပါတယ္။

ပရိသတ္ေတြကေရာ ကိုသားၾကီးကို သတိမရဘူးလား?

Credit: nanmalgyi

#Unicode Version#
ဒီနေ့ခေတ် မင်းသားတွေ တစ်လက်ပြီးတစ်လက်ပေါ်လာပေမဲ့ “မီကို ကော်ဖီမစ်” တီဗွီကြော်ငြာထဲက မင်းသားကိုတော့ ဘယ်သူမှမီနိုင်မယ် မထင်ပါဘူး။ တစ်ခေတ်တစ်ခါတုန်းက ဇီးထုပ်ကို တောင် ဒွေးနဲ့ ထက်ထက်မိုးဦး ပုံပါမှ ဝယ်စားခဲ့တဲ့ လူတွေလည်းရှိဦးမယ်ထင်ပါတယ်။ “ဘယ်တော့မှမမေ့ဘူး” သီချင်းကို သီဆိုပြီး အားလုံးကို ကျောခိုင်းနှုတ်ဆက်သွားခဲ့တဲ့ ကိုသားကြီးက မေ့မရသူတွေရင်ထဲမှာတော့ ထာဝရရှင်သန်နေဆဲဖြစ်ပါတယ်။

ပရိသတ်တွေကတောင် မမေ့နိုင်ခဲ့ရင် ကိုသားကြီးနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တွေက ပိုပြီးတော့တောင် လွမ်းဆွတ်နေမှာပါ။ ထက်ထက်မိုးဦးကလည်း သူ့ရင်ထဲမှာ အမြဲတမ်းရှိတဲ့ ကိုသားကြီး အကြောင်း ခုလိုပြောပြသွားပါတယ်။

“ အနုပညာမောင်နှမတွေသူမရှိတဲ့ နောက်ပိုင်းမှာ အလုပ်လုပ်ရတာ အရမ်းသိသာတယ်ပေါ့နော်။ ထက်ထက်ဆိုပိုဆိုးတယ်။ မိုးလင်းတာနဲ့ ကိုသားကြီး နဲ့ကိုလွင်မိုး ဒီနှစ်ယောက်နဲ့ပဲ နှစ်တွေ အကြာကြီး အချိန်ကုန်ခဲ့ရတာဆိုတော့ ကိုလွင်မိုးတို့ ကိုသားကြီး တို့ ကို သတိရတာပေါ့နော်။ အမှတ်တရတွေက တော့ အများကြီးပါပဲ။တစ်ယောက်နဲ့တစ်ယောက်စိတ်ကောက်လိုက်ရယ်စရာလေးတွေပြောလိုက်နဲ့ ကိုယ့်မိသားစုလိုဖြစ်နေတာပေါ့နော်။

ခံစားချက်ကတော့ လူဆိုတာ ကိုယ့်ရဲ့ ချစ်သူ ခင်သူ ၊ ရင်းနှီးရသူ မိတ်ဆွေမောင်နှမတွေ တစ်ယောက်ယောက် ချက်ချင်း ရုတ်တရက် ကြီး ထွက်ခွာသွားတယ်ဆိုတော့ အချိန်အကြာကြီးရင်နဲ့ မဆံ့အောင်ခံစားရတာပေါ့လေ။ မဖြစ်စေချင်ဘူးပေါ့နော်။ ဒါပေမဲ့ လူတွေအားလုံးဟာ မလွဲမသွေထွက်ခွာသွားရမှာပဲ သူ့အလှည့်ကိုယ့်အလှည့်ဆိုတာ ဒီလိုပဲပြန်ပြီး ဖြေသိမ့်ရတာပေါ့။

ကြားကြားချင်းကတော့ အမတို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး မဟုတ်ဘူးပေါ့။ ဒီနေ့လိုမျိုး ဧဒင်မြို့သားများရိုက်တယ်ဆိုရင် နောက်နေ့ တစ်ရက်ပဲကြားထဲမှာ ခြားလိုက်တယ်။ အမကလည်း ဦးညီထွန်းလွင်တို့ကားကို ကူးပြီး သန်လျင်မှာ သွားရိုက်တဲ့ အချိန် တစ်နေ့က ပဲ ကိုသားကြီးနဲ့ရိုက်ခဲ့တာ။ အခုသူမရှိတော့ဘူး ဆို ဘယ်လိုမှစဉ်းစားလို့မရဘူး ။ဒီနေ့ထိရင်ထဲမှာ ရှိနေပါတယ် အကို့ကိုတော့ ။ ဆုတောင်းပေးနေပါတယ်” ဆိုပြီးပြောသွားပါတယ်။

ပရိသတ်တွေကရော ကိုသားကြီးကို သတိမရဘူးလား?

Credit: nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top